May Thwe Sharing

May Thwe Sharing interested

Relationship တစ်ခုမှာ အရေးကြီးဆုံးက ယုံကြည်မှုပဲ။ စိတ်ကောက်တာကို ချော့လို့ရတယ် သဝန်တိုတာ၊ အူတိုတာကို ဖျောင်းဖျလို့ရတယ်။ ...
28/06/2025

Relationship တစ်ခုမှာ
အရေးကြီးဆုံးက ယုံကြည်မှုပဲ။
စိတ်ကောက်တာကို ချော့လို့ရတယ်
သဝန်တိုတာ၊ အူတိုတာကို ဖျောင်းဖျလို့ရတယ်။
ယုံကြည်မှုမရှိတာကျ
ချော့လို့လဲမရသလို ဖျောင်းဖျလို့လဲမရဘူး။

တစ်ယောက်ဆိုတစ်ယောက်ပဲ ချစ်ချင်ရင်
ယုံကြည်ရမယ့်လူကိုပဲ ရွေးချယ်။
တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုရှိရင်
အဲ့ဒီ Relationship ထာဝရ တည်မြဲတယ်။ 👫♥
M.T Sharing

LDRS ကနေ married life ကိုရောက်နိုင်လား မေးရင် ရောက်နိုင်ပါတယ် ။ ဟိုးတုန်းထဲက ကျွန်တော်ကိုယ်တိုင်လည်း မကြာခဏ မေးဖြစ်တဲ့ မ...
27/06/2025

LDRS ကနေ married life ကိုရောက်နိုင်လား မေးရင် ရောက်နိုင်ပါတယ် ။

ဟိုးတုန်းထဲက
ကျွန်တော်ကိုယ်တိုင်လည်း မကြာခဏ မေးဖြစ်တဲ့ မေးခွန်းပါ ။
ကိုယ်တိုင်ကလည်း အချစ်ရေးနဲ့ပတ်သက်ရင် အနီးမှုန် ။ အဝေးကလူကိုပဲ မြင်တာ ။ ကံကောင်းချင်တော့ ကျွန်​ေတာ်ရဲ့ LDRS က မြဲခဲ့ပါတယ် ။

အနီးမှာ ရှိတဲ့လူတွေတောင် ဖောက်ပြန်နေကြတာမို့ အဝေးကလူကိုယုံဖို့ ခပ်ခက်ခက်ပဲနော် ။ တကယ်တော့လေ နီးနီးဝေးဝေး အဲ့ဒီလူရဲ့ သိက္ခာနဲ့ပဲ ဆိုင်တာ ။ သိက္ခာရှိတဲ့သူဟာ ဘယ်လောက်ပဲဝေးနေပါစေ ၊ သစ္စာရှိတယ် ယုံကြည်အောင်နေပေးတယ် ။ သိက္ခာမရှိ ၊ အကျင့်သီလ မကောင်းတဲ့သူကျ ဘေးနားမှာရှိနေလည်း ဟိုးမမြင်ရတဲ့ အဝေးကလူတွေ online ရည်းစား ဘာညာ ၊ ရှုပ်ရှုပ် ယှက်ယှက်တွေ ထားတတ်ကြတာပဲ ။

Long Distance Relationship တွေပိုမြဲအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ အချက်ကို ရေးရရင်

၁) FB မှာ relationship ချိတ်ပါ ။ official တွဲပါ ။

[လိုကို လိုပါတယ်နော် ၊ အနေဝေးနေတာမို့ သံသယဝင်စေ
မယ့် အကြောင်းအရာထဲမှာ silent တွဲခံရတာလည်းပါ လို့ပါ ]

၂) ကိုယ်ရဲ့ နေ့စဉ် အချိန်ဇယား ၊ လုပ်ရမယ့် အလုပ်ကို ပြောပြပါ။

[အပန်းမကြီးပါဘူး ။ အလေ့အကျင့်ရသွားလိမ့်မယ် ။ ဥပမာ - မနက်ဖန် အစည်းအဝေးရှိလို့ မနက်စောစော ဖုန်းဆက်နှိုးပေးပါ ဆိုတာမျိုးလေးပေါ့]

၃) အဆင်အသွယ် မပြတ်ပါစေနဲ့ ။

[ LDRS တွေက အရင်ခေတ်က စာတိုက်ကို အားကိုးခဲ့ကြရပေမယ့် ခုခေတ်က ဖုန်း ဒါမှမဟုတ် message , messenger , Viber, telegram , စတဲ့ အရာတွေရှိမှ ဆက်သွယ်လို့ရတာလေ ။ ကိုယ့်ဖုန်းအပြင် ကိုယ့်ဖုန်းမရရခဲ့ရင်ဆိုပြီး အခြားဆက်သွယ်လို့ရမယ့် နံပါတ်တွေ ပေးထားပါ ။ အဆက်အသွယ်ပြတ်ရင် ဘာမှလုပ်မရတော့ သိပ်စိတ်ပူရတာနော်]

၄) သူယုံကြည်အောင်နေပေးပါ ။ မိဘ ၊ ဆွေမျိုး အသိုင်းအဝိုင်း ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါ ။

[ မင်းကို အပျော်တွဲနေတာ မဟုတ်ဘူး ။ မင်းကို အပြင်မှာ လာတွေ့ပြီး သေချာပေါက် လက်ထပ်ယူမှာဆိုတဲ့ စကားကို ထောက်ခံပေးနိုင်တဲ့အရာတွေပေါ့ ]

၅) အတူဆုံနိုင်ဖို့ ကြိုးစားနေတယ် ဆိုတာ သူသိအောင် ၊ သူမြင်သာအောင် လုပ်ဆောင်ပြပါ ။

[ လာတွေ့ဖို့ ပိုက်ဆံစုနေတာတို့ ၊ တနေ့ကျ အတူတူ ခရီးသွားဖို့ အခု‌ဆို အသုံးစရိတ်ထဲက ဘယ်လောက်လျှော့သုံးနေပြီတို့ ၊ စုထားတာ ဘယ်လောက်ရပြီတို့ သူသိအောင် ပြပါ ၊ ကြိုးစားပါ ]

၆) သစ္စာရှိကြောင်း ပြပြီး ယုံကြည်မှုကို တည်ဆောက်ပါ ။

[ များသောအားဖြင့် LDRS တွေ ဘာကြောင့် မမြဲကြသလဲ ဆိုရင် မယုံကြည်ကြလို့ပဲ ။ ဖုန်းမအားတာ ၊ active now ပြပြီး စကားမပြောတာ အဲဒါတွေက ငါ့ကိုအလေးနက်မထားတာလား ၊ အခြားသူတွေနဲ့ပြောနေတာလားဆိုပြီး အတွေးနဲ့သိပ်ပင်ပန်းတယ် ။ သူ့ကို‌မေးမိရင် သူက စိတ်ရှည်ရင်တော်ရဲ့ စိတ်မရှည်ဘဲ ပြန်အော်ရင် အဲ့ဒီမှာ ရန်ဖြစ်ပြီး ပြတ်ကြ စဲကြကော ]

၇) အသံလေးနဲ့ သူအေးချမ်းပါစေ ။ စာတစ်ကြောင်းနဲ့ သူနွေးထွေးပါစေ ။

[ ဖုန်းမချဘဲ အလုပ်လုပ်နေကြတဲ့ အတွဲလေးတွေ တွေ့ဖူးတယ် ။ video call ခေါ်ထားပြီး အလုပ်လုပ်နေတဲ့ အတွဲလေးတွေလည်း တွေ့ဖူးတယ် ။ တဖက်က အိပ်ပျော် ၊ တဖက်က အလုပ်လုပ် ကြည်နူးစရာလေးပေါ့ ။ မိုးလင်းလာတိုင်း ၊ အိပ်ရာဝင်တိုင်း တစ်ယောက်မျက်နှာ ကြည့်ရင်း အချစ်တွေ တိုးလာစေတဲ့ အကြောင်းက နွေးထွေးကြင်နာစွာ စကားပြောခြင်းပဲ ]

၈) ဂရုစိုက်မှုကို မပျက်ကွက်ပါစေနဲ့ ။

[ မနက်လင်းလို့ morning စာပို့ ၊ မဟုတ်ရင် ဖုန်းခေါ် ။ ညအိပ်ခါနီး good night စာပို့ မဟုတ်ရင် ဖုန်းခေါ် ။ ဖုန်းချခါနီးတိုင်း ချစ်တယ် မွမွ တို့ ၊ ချစ်တယ် အာဘွား တို့ အဲ့လိုလေးတွေ အကျင့်ပါအောင် လုပ်ထားနော် ]

LDRS ကနေ married life ရောက်သွားတဲ့သူတွေဟာ တကယ်ချစ်လို့ ၊ အဆုံးအရှုံးမခံနိုင်လို့ပဲနော် ။ ဂရုစိုက်မှုတွေဟာ ချစ်ခြင်းမေတ္တာ အပြည့်ပါလို့ အသံကအစပြုနဲ့ကိုယ်သူ့ကို သံယောဇဉ်တွေဟာ ပြတ်ဖို့မလွယ်ဘူး ။

နောက်ဆုံးမှာချင်တာက ချစ်တာ သူသိပါစေ ။ ကိုယ်သူ့ကို လိုအပ်တာ သူခံစားမိပါစေ ။ ကိုယ်သူ့ကို လက်မလွှတ်နိုင်တာ သူနားလည်ပါစေ ။ ကိုယ်သူမရှိဘဲ မနေနိုင်တာ သူ သဘောပေါက်ပါစေ ။ ကိုယ်သူ့အတွက်ကြိုးစားနေတယ် ဆိုတာ သူ ယုံ‌ကြည်အောင် နေပေးနိုင်လေလေ LDRS က မြဲလေလေပါပဲ ။

ချစ်ခြင်းတရားကို အခြေခံပြီး အဝေးကြီးကို လှမ်းချစ်နေရတဲ့ဘဝတိုင်း အမြန်ဆုံး နီးစပ် ၊ ရွှေလက်တွဲနိုင်ကြပါစေ။🖤💙❤️




M.T Sharing
I

▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန...
26/02/2025

▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."crd_to_writer❤️💯

Address

Abu Dhabi

Website

Alerts

Be the first to know and let us send you an email when May Thwe Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share