Audrey Thu's Story

Audrey Thu's Story Find Joy in the Journey...

Edit - ဆိုင်နာမည်က Shwe Lat Yar ပါ။ Al Rigga က Mall အရှေ့မဟုတ်ပဲ ဘေးက ညစျေးတန်းထဲကလေ ထောင့်စွန်းက တုတ်ထိုးရောင်းတဲ့ဆိုင်...
22/11/2025

Edit - ဆိုင်နာမည်က Shwe Lat Yar ပါ။

Al Rigga က Mall အရှေ့မဟုတ်ပဲ ဘေးက ညစျေးတန်းထဲကလေ ထောင့်စွန်းက တုတ်ထိုးရောင်းတဲ့ဆိုင်

အစားအသောက်ငမ်းတာ လက်လွန်ကြက်သွန်ပြီး ဆိုင်နာမည်မကြည့်ခဲ့ရလို့ရှင်။
တစ်ချောင်း 1ကျပ်ပဲ ပေးရတယ်!
ကောင်းလို့ရှင်!
အချဉ်လည်း ပြောစရာမရှိ။ ကြက်အချင်းတိုင်က မညှီပဲ သေချာဆေးကြောထားလို့ တော်တော်ကျေနပ်တယ်။
Service လည်း အိုကေတယ် ရောင်းပေးတဲ့သူအကုန် တက်ကြွနေတာ သဘောကျတယ်ရှင်။

မနေ့က မြန်မာဆိုင် ၃ဆိုင် စားခဲ့တယ်။ အဲ့တစ်ဆိုင်ပဲ နာမည်မကြည့်လာမိဘူးရှင်။ 🥲

Good Review ပေးတာ ဆိုင်နာမည်မပါနေတာလေးတော့ ဘီရားနဲ!🙏🏽

#တုတ်ထိုးဆိုင်

21/11/2025

My Fungal Acne Safe Skincare Products…💕

နဖူးစပ်နားနဲ့ မျက်ခုံးနားမှာ immune weak ဖြစ်ချိန်တို့ နေပူထဲသွားပြီး အဆီပြန်ချိန်တို့ trigger ဖြစ်စေတဲ့ product မျိုး သုံးမိလိုက်တာနဲ့ ပြန်ပြန်ပေါက်လာတဲ့ fungal acne နဲ့ နပန်းလုံးနေတာ နှစ်တော်တော်ကြာပြီ။

အခုတော့ မရှိတော့ဘူးဆိုပေမယ့် skin က safe ဖြစ်တဲ့ products တွေပဲလက်ခံသေးတယ်။ ဒါက မနက်နဲ့ည ပုံမှန် အမြန်အဆန်လိမ်းဖြစ်နေကြ ပစ္စည်းလေးတွေ သက်သက်ဖယ်ထားတာ။

Lamise က Online ကဝယ်လည်း လတ်ဆောင်ရတယ်။ Bioderma ကတော့ Binsina Pharmacy မှာ buy1get1 ရတယ်။ Skin 1004 sunscreen အပြာဗူးလေးဆို သူ့စီမှာ ပိုတန်တယ်။

ခုချိန်ဝယ်ရင်တော့ ကပြီးကို တန်တယ်။ Anua ကတော့ Lamise sales ထဲမပါပေမယ့် code သုံးတတ်ရင်တော့ discount ရတယ်။

Website - https://www.lamisebeauty.com
Website - https://www.binsina.ae

16/11/2025

Expo City က ဝင်ကြေးအခမဲ့ Dubai Light Art Exhibition

Nov 18 က နောက်ဆုံးမို့ မသွားရသေးရင် သွားကြည့်နော်။ တအားမိုက်စ်!

Music used in this video is for entertainment purposes only. All rights remain with the respective owners.

28/10/2025

လိုင်းပေါ်ကနေ စမ်းဝယ်ကြည့်တာ 10% discount အပြင် Watson UAE မှာ 75 aed ပေးရတဲ့ lip gloss တစ်ဗူးရယ် sample တွေရယ်ပါ လတ်ဆောင်ရ။ ဒီဟာက Al Rigga က Mall အထဲက 1004 Gourmet မှာ တွဲဖွင့်ထားတဲ့ဆိုင်ပဲ။ presents တွေကလည်း နောက်နှစ်မှ expire ဖြစ်မှာ။ နောက်ဆို သူ့စီကပဲ ဝယ်တော့မယ်ရှင်။🥹

Easy Accessလူဆိုတာ မရခင် မပိုင်ဆိုင်ရခင် မရှိခင် အရာရာ လိုချင်တပ်မက်တတ်ကြပေမယ့် ရနိုင်တဲ့အခါ လိုချင်ရင် အလွယ်တကူ ရဖို့အတ...
15/09/2025

Easy Access

လူဆိုတာ မရခင် မပိုင်ဆိုင်ရခင် မရှိခင် အရာရာ လိုချင်တပ်မက်တတ်ကြပေမယ့် ရနိုင်တဲ့အခါ လိုချင်ရင် အလွယ်တကူ ရဖို့အတွက် easy access ရှိနေတဲ့အခါ အရင်က တအားလိုချင်ခဲ့သမျှ အခုတော့ ဘာမှ မဟုတ်တော့တဲ့အတိုင်း…

အရင်ကဆို adidas ဖိနပ်ဆို sales ကို အပြေးစောင့်ရတယ်။ Online ကနေ ကြည့်ရတယ်။ ရောက်ဖို့ကို စောင့်ရတယ်။ အခုကျတော့ converse က ခြေထောက်နာလို့ adidas ကို မုန့်စားရင်း လမ်းမှာ ဆိုင်ထဲဝင် ကြိုက်တာရွေးဝယ်နိုင်လာတယ်။

Iph ဆို အသစ်ထွက်ရင် Woww အဆင့်ကနေ မဝယ်ဖြစ် ဝယ်ထားတဲ့သူတွေ mirror selfie ရိုက်ပြီး ကြွားတာကို ထိုင်ကြည့်။ ခုကျ ဝယ်ထားတဲ့ ဖုန်းပျက်သွားလို့ ပက်ခနဲ full payment နဲ့ ကိုယ်လိုချင်တာကို လိုနေလို့ဝယ်လိုက်ရတယ်ဆိုရုံပဲ။

အရင်ကဆို cosmetics brand ဆိုတာကို တခုတ်တယကို ဝယ်ခဲ့ရတာ။ ခုကျ easy access ရှိနေတော့ Sephora မှာ သွားကြည့်ရုံ ကြိုက်ရင်ဝယ် မကြိုက်ရင် မဝယ်ရုံပဲ။ ဝယ်ဖို့ကို အခါ တစ်ရာလောက် စဉ်းစားနေစရာလည်း မလိုဘူး။

သူများတွေအတွက် မခက်ခဲနေတဲ့ basic needsလေးတွေတောင် ဘာလို့ခက်ခဲနေရလဲဆိုတာ တွေးကြည့်လေ စိတ်မကောင်းဖြစ်ရလေပဲ။ Easy access ရှိနေမှ လူတွေဟာ အမြင်ပွင့်လာမယ်။ Materials တွေထက် meaningful ဖြစ်မှာတွေကို အာရုံစိုက်လာနိုင်မယ်။ ဘဝတွေ မြင့်လာမယ်။

လူတစ်ဦးချင်းစီရဲ့ ဘဝကနေမှ တစ်ဆင့်ချင်း တိုးတက်အောင် သွားနိုင်ဖို့ ဘာတွေ အဲ့လောက် ခက်ခဲနေရတာလဲ…


Manifestation အားအရမ်းကောင်းလို့ ဘယ်လို manifest လဲမေးကြလို့။😅Manifest တယ်ဆိုတာ ကိုယ့်အတွက်တော့ ဘုရားစာတွေ ရွတ်နေရုံ ဘုရ...
27/07/2025

Manifestation အားအရမ်းကောင်းလို့ ဘယ်လို manifest လဲမေးကြလို့။😅

Manifest တယ်ဆိုတာ ကိုယ့်အတွက်တော့ ဘုရားစာတွေ ရွတ်နေရုံ ဘုရားရှိခိုးနဲ့မရဘူး။
ရောက်လေရာနေရာက အစောင့်အရှောက်တွေကို မေတ္တာပို့ပြီး manifest တာက အထိရောက်ဆုံးလို့ ပြောရမယ်။

ကိုယ့်ရဲ့ Secret way ကတော့ စိမ်းစိုနေတဲ့တောင်တွေရှိတဲ့အရပ်စီမှာ တောင်တက်ရင်း တောင်ထိပ်ပေါ်မှာ manifest တာပါပဲ။ တောင်တွေစီကို တစ်နှစ်တစ်ခါ မသွားရရင် burnout တော်တော်ဖြစ်တယ်။

တောင်ကြီးလေ powerful ဖြစ်လေပဲလို့ ခံစားရတယ်။ တောင်တွေမှာ frequency ရှိတယ်။ အဲ့တာကြောင့် ကိုယ်က နှစ်တိုင်း တောင်ရှိရာအရပ်စီပဲ ခရီးထွက်ဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူး။ ကိုယ့်အတွက်ကတော့ mountain energy က recharge လုပ်ဖို့ရယ် manifest လုပ်ဖို့ရယ် အကောင်းဆုံးနေရာပဲ။

တောင်ထိပ်ပေါ်ရောက်တာနဲ့ ငြိမ်ငြိမ်လေးထိုင် တောင်ထိပ်ကနေ မြင်နေရတဲ့ လကို ငေးရင်း ကော်ဖီပူပူတစ်ခွက်နဲ့ manifest တော့တာပဲ။ ပါးစပ်ကရွတ်နေတာမဟုတ်ပဲ စိတ်ထဲကနေ manifest တာ။ ဘယ်လိုရှင်းပြရမလဲတောင် မသိဘူး။😅

စိမ်းစိုနေတဲ့ တောင်တွေကို ကြည့်ရင်း ကိုယ်လိုချင်တာကို ရအောင်ယူနိုင်တဲ့ mountain လို powerful ဖြစ်တဲ့ ခံနိုင်ရည်တွေ လုပ်နိုင်စွမ်းတွေ အခက်အခဲတိုင်း ဖြတ်ကျော်နိုင်ဖို့ ခွန်အားတွေကို manifest လုပ်တယ်။

တောင်တွေစီမှာ manifest လုပ်ခဲ့သမျှ တစ်ခုမှမပြည့်တာ မရှိခဲ့ဖူး။ ဒါမယ့် တောင်တွေစီ သွားရင် တောင်စောင့်နတ်ကို အရင်မေတ္တာပို့ရတယ်။

မယုံကြည်တဲ့သူတွေ အရာရာကို သိပ္ပံနည်းကျပဲ တွေးချင်တောချင်ရင်လည်း ကိုယ့်သဘောနဲ့ကိုယ်ပေါ့နော်။
မလေးမစားသွားလုပ်တာမျိုး တောင်တွေရှိတဲ့ အရပ်မှာ စည်းမဲ့ကမ်းမဲ့ ပြုမူရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ခံပေါ့နော်။

ကိုယ်ကတော့ မမြင်ရတဲ့အရာတွေပေါ် ယုံကြည်မှုရှိလို့ manifestation မလုပ်ခင် အမြဲမေတ္တာပို့တယ်။ လေးစားသမှုအမြဲပြတယ်။

Maybe, that’s one of the reasons why my manifestation always works!🤭

ပထမဆုံးပုံက ဘဝကြီးကို တအားစိတ်ကုန်ပြီး suicidal attempts တွေလုပ်မိနေချိန် နောက်ဆုံးတောင်တွေစီမှာ ခွန်အားတွေ ပြန်သွားယူ manifest တွေပြန်လုပ်ခဲ့ချိန်ပေါ့။ အဲ့တည်းက ကျွန်မက လွတ်မြောက်သွားတဲ့ ငှက်ကလေးလိုပဲ။ အရာရာအဆင်ပြေသွားခဲ့တယ်။

Scrapper or Silver Spoon?Scrapper ဆိုတာ ဘဝကို ​ကိုယ့်ဒူးကိုယ်ချွန်သမား​တွေ​ပေါ့။Silver Spoon က​တော့ ​ရွှေလင်ပန်းနဲ့အချင်...
10/03/2025

Scrapper or Silver Spoon?

Scrapper ဆိုတာ ဘဝကို ​ကိုယ့်ဒူးကိုယ်ချွန်သမား​တွေ​ပေါ့။
Silver Spoon က​တော့ ​ရွှေလင်ပန်းနဲ့အချင်း​ဆေးခံရသူ​တွေ​ပေါ့။

Scrapper ​တွေနဲ့ Silver Spoon သမား​​တွေမှာ ဘယ်သူက survival instinct(ရှင်သန်လိုစိတ်) ပို​ပြင်းထန်သလဲ။
ဒီနှစ်​ယောက်မှာ အခွင့်အ​ရေးတစ်ခုရရင် ထိုး​ဖောက်သွားနိုင်တဲ့ grit(မဆုတ်မနစ်ကြိုးစားလိုတဲ့သတ္တိ) ရှိတဲ့သူဟာ ဘယ်သူ​တွေ ဖြစ်နိုင်​ချေ ပိုများမလဲ။

ကျွန်မက​တော့ Scrapper အ​ကြောင်းပဲ ပြောချင်တယ်။ မြင်သာ​အောင် ​ပြောရရင် Steve Jobs (Apple ရဲ့ Former CEO) ဟာ Scrapper ပါ။

မြန်မာလူမျိုး​တွေဟာ အ​ခြေအ​နေဆိုး​တွေ ​ကျော်ဖြတ်ရတာမို့ survival instinct အား​ကောင်းကြပါတယ်။ အခု​နောက်ပိုင်း စိတ်ဓါတ်ပိုပြင်းထန်ပြီး အရှုံးမ​ပေးဘူး ဆက်ကြိုးစားမယ်ဆိုတဲ့ လူငယ်​တွေလည်း ​တွေ့ရတယ်။ ဘယ်​လောက် အားတက်စရာ​ကောင်းလဲ။

ကျွန်မစာဟာ ဆီးယူအက်သယ်​တော့စာမျိုး မဟုတ်ဘူး။
ကျွန်မစာဟာ စိတ်ဓါတ်ကျရင် ​ပြန်ကောက်ယူဖို့ သတ္တိရှိတဲ့ Scrapper​တွေ
အစက​နေပြန်စ​​နေရပြီး အ​ကောင်းဆုံး ကြိုးစား​နေတဲ့ Scrapper ​တွေကို ရည်ရွယ်တယ်။

ကိုယ့်ကိုကိုယ် scrapper လို့ ခံစားရလား။
အဲ့တာဆို ရ​အောင် လမ်း​ဖောက်ထွက်။
ရောက်တဲ့​နေရာက​နေ ဆက်ကြိုးစား​နေ။
ဘဝ​ပေး​ကြောင့် လမ်း​တွေမ​ချော​မွေ့ရင်​တောင် အမှန်တရားကို လက်ခံလိုက်။
ဒါမယ့် Just keep going!

To all the scrappers out there, cheers!

ဘဝကို humble ဖြစ်တတ်ဖို့ ကိုယ်ရ​နေတဲ့ အရာ​တွေ​ပေါ် appreciate လုပ်တတ်ဖို့...💟(Dubai မှာ networking တည်​ဆောက်ထားတာ​လေးကို...
06/03/2025

ဘဝကို humble ဖြစ်တတ်ဖို့ ကိုယ်ရ​နေတဲ့ အရာ​တွေ​ပေါ် appreciate လုပ်တတ်ဖို့...💟
(Dubai မှာ networking တည်​ဆောက်ထားတာ​လေးကို စာမှာ ထည့်​ပြောထားပါတယ် အဆုံးထိ ဖတ်ကြည့်​​နော်။)

တစ်ကြိမ်တစ်ခါ​လောက်​တော့ ဘဝမှာ blue collar အလုပ်မျိုးကို လုပ်ကြည့်သင့်တယ်လို့ ကျွန်မ​​တော့ မြင်တယ်။
အပိုးကျိုးသွားမယ် ​ခေါ်မလား?
ပိုက်ဆံဆိုတာ ဘယ်​လောက်အ​ရေးကြီးလဲဆိုတာ သိသွား​စေမလား?
ကိုယ့်ထက် status နိမ့်တဲ့သူ​တွေအ​ပေါ် ပိုစာနာတတ်သွားမလား?
တစ်ခုခု​တော့ အကျိုးရှိမှာပါပဲ။

ကျွန်မဆို လမ်းမှာ လက်ကမ်း​ဝေတဲ့စာ​စောင်ဆို အရင်က မယူဘူး။ လက်ရှုပ်တယ်လို့ ထင်တဲ့အပြင် သဘာဝပတ်ဝန်းကျင်အ​ကြောင်းအရာ​လေး​တွေ​ကြောင့်​ရော လက်ကမ်းစာ​စောင်ဆို မယူဘူး။
ဒါမယ့် ဒူဘိုင်းမှာ အဲ့လက်ကမ်းစာ​စောင်ကို တစ်​နေကုန်ဖြစ်​စေ နာရီပိုင်းခြားဖြစ်​​စေ ထိုင်စရာ​နေရာမ​ပေးထားပဲ ​မတ်တပ်ရပ်ပြီး "Hello Madam" ဆိုပြီး ဝေ​ပေးနိုင်တဲ့နှုန်း အ​​ပေါ်မူတည်ပြီးမှ ပိုက်ဆံရတာကို သိတဲ့အချိန်မှာ လိုလိုမလိုလို ယူ​တတ်လာတယ်။

ကျွန်မက မြန်မာပြည်က ဘွဲ့၄ဘွဲ့ရထားသူပါ။ မဟာဘွဲ့ပါ ရထားတာမို့ မာန်​လေး​တော့ အနည်းငယ်ရှိခဲ့ဖူးတယ်။ white collar worker အ​နေနဲ့ Dubai မှာ အလုပ်မရ​သေးခင်မှာ part-time အ​နေနဲ့ white collar သမား​တွေအတွက် wellness program လုပ်​ပေးတဲ့အလုပ်တစ်ခုမှာ customer service ပိုင်းကို part-time လုပ်ဖူးတယ်။ ​

ပြောရရင် blue မ​ရောက် white မ​ရောက်အလုပ်​ပေါ့။ အချိန်ပိုင်းဆို​ပေမယ့် သူတို့ ​ယောဂ​ဆော့ဖို့ ဖျာခင်းဖျာသိမ်းပါ လုပ်ရတာ​ပေါ့။ အလုပ်ဟူသမျှ ဂုဏ်ရှိစွမို့ မရှက်ပါဘူး။ တစ်နာရီပဲ လုပ်ရတယ်။ တစ်နာရီကို aed 100 ရတယ်။ ဒါဒူဘိုင်းမှာ အဖြူ​တွေကြားမှာမှ ရနိုင်တဲ့ part-time လုပ်အားခပါ။

၁နာရီ​လောက် မထိုင်ပဲ မတ်တပ်ရပ်ကြည့်ပါ။ နည်းနည်း​တော့ ကတုန်ကယင်ဖြစ်တာပဲ။ ဒါမယ့် aed 100 ဆိုတာ မြန်မာ​ငွေ ၁၅၀၀၀၀​လောက် အဲ့တုန်းကရှိမယ်။ ဘာမှမရတာထက်စာရင် တစ်ခုခုရ​နေတာက အမြတ်ပဲမှတ်လား။ အဲ့အလုပ်က​နေ network ရ​အောင်ရှာတယ်။ ဒိတ်ဒိတ်ကျဲ company ​တွေမှာ ရာထူးကြီးပိုင်း​တွေ ယူထားသူ​တွေနဲ့ network ရခဲ့လို့ ကျွန်မအတွက် အမြတ်ပါပဲ။ ဖျာ​လေးသိမ်းရင်း မျက်ရည်တစမ်းစမ်းနဲ့ မာန်​တွေချိုးချခဲ့တာ​လေး​တွေ​တော့ ရှိတာ​ပေါ့။

အဲ့လူ​တွေရဲ့ linkedin ကို​တောင်းတယ်။ Connect သွားလုပ်တယ်။ စကား​ပြောကြည့်တယ် interview ရပြီး ပြန်မ​ခေါ်ရင် feedback သွား​တောင်းတယ် "ငါဘာ​တွေလိုအပ်ချက်ရှိလဲ ငါဘာ​တွေပြင်ရမလဲ" ​ပေါ့။ အဲ့အလုပ်က​နေမှ ကျွန်မရဲ့ professionalism ကို သ​ဘောကျတဲ့အတွက် analyst အလုပ် interview ကျွန်မရခဲ့တယ်။ အခွင့်အ​ရေးဆိုတာ ရှာတတ်ရသလို ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။ ကိုယ့်လက်ရှိအလုပ်ကို အ​ကောင်းဆုံး လုပ်​နေဖို့ပဲ လိုတာပါ။

ကျွန်မ ဖျာခင်းဖျာသိမ်း လုပ်ခဲ့တဲ့ office tower မှာပဲ ကျွန်မအခု analyst အ​နေနဲ့ ရုံးဆင်းရုံးတက်တယ်။ Dubai မှာ status တအားစကား​ပြောပါတယ်။ part-time သမားဘဝတုန်းက လုံခြုံ​ရေး​တွေကအစ respect ရယ်လို့ သိပ်မရှိလှဘူး။ သူတို့ကကျွန်မကို သိ​​နေပြီး ခု​တော့ ဝန်ထမ်းကတ်နဲ့ဆို​တော့ Madam ဆိုပြီး​ ​​ပြောင်းခေါ်ခံ​​တော့ထိ​တော့ ဘဝဆိုတာကို ရယ်ချင်မိသား။

အဲ့တာ​ကြောင့် humble ဖြစ်ဖို့ ​ပြောချင်တယ်။ ဘဝ​တွေတိုင်းကို respect ထားတတ်ရင် ကမ္ဘာကြီးက အကြင်နာတရား​တွေနဲ့ ပိုသိက္ခာရှိသွားလိမ့်မယ်လို့လည်း ထင်တယ်။ ကျွန်မကိုယ်တိုင်လည်း ဂုဏ်မဆာဖို့ မာန်ကိုချိုးချထားဖို့ ​နေ့တိုင်း ကိုယ့်ကိုကိုယ် နားချ​နေပါတယ် မှန်လိုပြန်ဆက်ဆံတာ​လေးကလွဲရင်​ပေါ့။

ဘဝဆိုတာ အတက်ရှိရင် အကျလည်း ရှိပါတယ်။ ​
ခွေးကျမကျဖို့ humble ​လေး​တော့ ဖြစ်​စေလို...

Address

Dubai

Website

Alerts

Be the first to know and let us send you an email when Audrey Thu's Story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share