May Myo Public Voice

May Myo Public Voice Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Myo Public Voice, Media/News Company, Dubai.

01/11/2025
15/10/2025
05/10/2025

သီတင်းကျွတ်ဆီမီးသပိတ် - လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု
===============

မြန်မာတို့၏ သီတင်းကျွတ်အချိန်အခါသယမသည် ရိုးရာဓလေ့အရ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဆီမီးတို့ဖြင့် ပူဇော်ကန်တော့ခြင်း၊ ကျေးဇူးဆပ်ခြင်းနှင့် အမှောင်ကို အလင်းဖြင့် အောင်ပွဲခံခြင်း အခါသမယဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့၏ ဆီမီးများ သည် ဗုဒ္ဓဘုရားရှင်ကို ပူဇော်ရုံသာမက၊ အာဏာရှင်စနစ် အောက်မှ လွတ်မြောက်လိုသော လူထုဆန္ဒသစ္စာ သုံးရပ်ကိုပါ ထွန်းညှိ၍ ဆီမီးသပိတ် ပြုလုပ်ကြရမှာဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့တွင် အိမ်တိုင်း၏ ပြတင်းပေါက်၊ အိမ်ရှေ့ဝင်းများ၊ အလေးအမြတ်ထားရသည့် ရင်ပြင်နေရာများတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် - လူထုဆန္ဒ ၃ ရပ်ကို ဖော်ထုတ်လှုပ်ရှားကြမည်။ ဤဆီမီးသည် -

* ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်မည့်လမ်းကို ဖော်ဆောင်သည်။
* အဓမ္မစစ်မှုထမ်းဥပဒေကို လောင်ကျွမ်းဖျက်ဆီးမည်။
* တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ချွင်းချက်မရှိ သပိတ်မှောက် ဆန့်ကျင်သည်။

________________________________________
ဆီမီးတိုင်းက ထွန်းညှိသော ရည်မှန်းချက် ၃ ရပ်

အိမ်တိုင်း၏ ပြတင်းပေါက်နှင့် အိမ်ရှေ့ဝင်းများစသည့် နေရာစုံတွင် စည်းလုံးစွာ ထွန်းညှိလိုက်သော ဆီမီးအလင်းရောင် တစ်ပွင့်စီတိုင်းသည် အောက်ပါ တော်လှန်ရေး ရည်မှန်းချက် ၃ ရပ် အတွက် ကျယ်လောင်သော ကြွေးကြော်သံဖြစ်ပါသည်။

၁။ လွတ်မြောက်ခြင်းမီးလျှံ
ကျွန်ုပ်တို့၏ ဆီမီးများသည် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံး အတွက် လွတ်မြောက်ခြင်းလမ်းကို ပြသမည့် ဆီမီးများဖြစ်ကြပါတယ်။ အချုပ်အနှောင် မှ အလင်းရောင် သို့ ပြန်လည်ရောက်ရှိရန် တောင်းဆုပြုသောအားဖြင့် ဤဆီမီးများကို ထွန်းညှိကြမည်။
• အကျဉ်းထောင်နံရံ ထိုးဖောက်၊ လူထုမီးတောက်!

၂။ အဓမ္မကို ဆန့်ကျင်သော ဆီမီးအလင်းရောင်
ဤသီတင်းကျွတ်ညသည် လူငယ်လူရွယ်များကို အတင်းအကျပ်ပေါ်တာဆွဲ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အတင်းအကျပ်စေခိုင်း တွန်းပို့သော မတရားအဓမ္မစစ်မှုထမ်းဥပဒေ ကို အင်အားအပြည့်ဖြင့် ငြင်းဆန်ကြောင်း ပြသသည့် ညဖြစ်သည်။ ဆီမီးတစ်ပွင့်စီတိုင်းသည် လူငယ်မျိုးဆက်များ အတွက် ဘေးကင်းရာ၊ တရားမျှတသော အနာဂတ်ကို တောင်းဆိုခြင်းသဘောဆောင်ပါသည်။ ဆီမီးအလင်း ဖြင့် အဓမ္မဥပဒေ ဖျက်သိမ်းရေး ကို ပူဇော်သပိတ်မှောက်ကြစို့။
• တော်လှန်မီးညွန့်အစပြု၍ အဓမ္မဥပဒေ လောင်ကျွမ်းစေ!

၃။ တရားမျှတမှုကို ဖော်ဆောင်သော အလင်းသပိတ်

လူထုဆန္ဒမပါသော၊ တရားမဝင်သော မင်းအောင်လှိုင်အာဏာတည်မြဲရေးအတွက် ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျွန်ုပ်တို့လူထုတစ်ရပ်လုံးမှ လုံးဝ လက်မခံနိုင်ပါ။ ထို့ကြောင့် ဆီမီးထွန်း၍ ပြုလုပ်သော ဤသပိတ်သည် လူထုတစ်ရပ်လုံး၏ ဆန္ဒနှင့် အမှန်တရားကို ကိုယ်စားပြုသည်။ အမှောင်ကို ဖုံးကွယ်၍ မရနိုင်သကဲ့သို့ အတုအယောင် များသည်လည်း ပြည်သူ့အလင်းရောင် အောက်တွင် မတည်မြဲနိုင်ပါ။ လူမမယ် ကလေးကစလို့ အသက်ကြီးဆုံး အမေအိုကြီးထိ နိုင်ငံရေးအကျဉ်းသား သောင်းချီကို ထောင်ထဲထည့်ပြီး လုပ်တဲ့ တရားမဝင် ရွေးကောက်ပွဲကို ကျွန်ုပ်တို့ ဆီမီးရောင်ဖြင့် သပိတ်မှောက်ဆန့်ကျင်ကြရပါမယ်။
• အတုအယောင်ရွေးကောက် ခွေးထွက်ပေါက်၊ တော်လှန်အလင်းနဲ့ သပိတ်မှောက်!
________________________________________

လူထုကို ဖိနှိပ်မှုမျိုးစုံဖြင့် ဒုက္ခကြုံစေပြီး အတုအယောင်ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာနေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုအားလုံး ပူလောင်ကျရှုံးဖို့ရန် ဆုတောင်းကြွေးကြော် အာခံဖီဆန်ကြပါစို့…..

#ဓမ္မကိုပူဇော်_အဓမ္မကိုလောင်ကျွမ်း

#တော်လှန်သီတင်းကျွတ်



#ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက်_မဲမပေးဘဲသပိတ်မှောက်



02/10/2025

လူထုတိုက်ပွဲရဲ့ အဓိက ဦးတည်လှုပ်ရှားမှု ၃ ရပ်
===================

“တရုတ်က စပွန်ဆာလုပ်တဲ့ ရွေးကောက်ပွဲ အတုကြီး” နဲ့ ထွက်ပေါက်ရှာနေတဲ့ စစ်အုပ်စုကို လူထုအားနဲ့ ဆန့်ကျင်တိုက်ဖျက်ကြရပါ့မယ်။

လူမမယ် ကလေးကစလို့ အသက်ကြီးဆုံး အမေအိုကြီးထိ နိုင်ငံရေးအကျဉ်းသား သောင်းချီကို ထောင်ထဲထည့်ပြီး လုပ်တဲ့ တရားမဝင် ရွေးကောက်ပွဲ ၊
လူငယ်၊ လူရွယ်မှန်သမျှကို အဓမ္မဖမ်းဆီး အသေခံခိုင်းပြီး မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲ ကို အားနည်းချိနဲ့အောင် လူထုအားနဲ့ တိုက်ပွဲဝင်ကြရပါ့မယ်။

ဒါကြောင့် ဒီကာလအတွက် လူထုတိုက်ပွဲရဲ့ အဓိက ဦးတည်ချက် ၃ ရပ်ကို လူထုထံ​တင်ပြ လိုက်ရပါတယ်။ ဒီ ဦးတည်ချက် ၃ ရပ်ကို ပြည်သူလူထုကြီးတရပ်လုံးနှင့် တကွ တော်လှန်ရေးအင်အားစုများ စုပေါင်းညီညွတ်စွာနဲ့ တိုက်ပွဲဝင်ကြပါစို့ခင်ဗျာ..

- ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး ​…ဒို့အရေး
- အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး ….ဒို့အရေး
- တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေး ..ဒို့အရေး




13/09/2025

Address

Dubai

Website

Alerts

Be the first to know and let us send you an email when May Myo Public Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share