03/02/2025
ထူးခြားဆန်းကြယ်မှုတွေနဲ့ ယနေ့တိုင်ပဟေဠိအဖြစ်ထင်ကျန်နေဆဲ Al Madam Ghost Village
ဒီကနေ့မှာတော့ Dubai ကနေ ၁နာရီလောက်သွားရတဲ့ Sharjah,UAE မှာရှိတဲ့ Al Madam Ghost Village ကိုသွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်…..
Ghost Village လို့ကြားလိုက်တာနဲ့ အင်တာနက်မှာစာတွေရှာဖတ်ကြည့်တာ စိတ်ဝင်စားစရာကောင်းတာလေးတွေ တွေ့ခဲ့ရပါတယ်…. ဒီ Al Madam ရွာလေးကို 1970ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီးတော့ ကန္တာရအလယ်မှာ သဲတွေဖုံးလွှမ်းသွားခဲ့လို့ လူတွေဆက်မနေထိုင်ဖြစ်ကြတော့တာဆိုတာတမျိုး၊ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ရွာသားတွေကြုံတွေ့ခဲ့ရလို့ သဲတွေဖုံးလွှမ်းသွားခဲ့ပြီး ရွာလေးကိုစွန့်ပစ်သွားခဲ့ကြတယ်ဆိုတာတဖုံ ယုံတမ်းစကားတွေရှိခဲ့ကြတာပါ…ဒါပေမဲ့ ယနေ့ထက်တိုင်ကတော့ ဘာအကြောင်းကြောင့်ရယ်လို့ တိကျတဲ့အဖြေကိုရှာမတွေ့ကြသေးပါဘူးတဲ့….
ဒီရွာလေးမှာ သဲတွေအပြည့်မဖုံးလွှမ်းသေးပဲကျန်ရှိနေတဲ့ အိမ်လေးတွေတောင်မှ အခုချိန်မှာ 80% လောက်သဲတွေအပြည့်အိမ်တွေထဲမှာရှိနေတာကို video ထဲမှာမြင်တွေ့ရပါလိမ့်မယ်နော်…လာရောက်လည်ပတ်သူတွေအများစုကတော့ Adventure လုပ်ရတာကြိုက်သူတွေနဲ့ ဓါတ်ပုံဆရာတွေ အများစု (ဓါတ်ပုံ video ရိုက်လို့တော်တော်အဆင်ပြေပါတယ်) ဖြစ်ပါတယ်… Sunday တရက်ပိတ်ပြီး နေ့စဉ် 9am-5pm ထိ ဝင်ကြေးအခမဲ့နဲ့ အများပြည်သူအတွက်ဖွင့်လှစ်ပေးနေပါတယ်… အခြား Tips တွေ အနေနဲ့ကတော့ သက်ဆောင့်သက်သာရှိတဲ့ဖိနပ်စီးသွားပါ၊ နေကာမျက်မှန် ဦးထုပ် သောက်စရာရေ ယူသွားဖို့ရယ် Sunscreen လိမ်းဖို့ရယ်မမေ့ပါနဲ့နော်….
အဓိကအရေးအကြီးဆုံးသတိပေးချင်တာကတော့ 4x4 wheels ကားတွေနဲ့သွားမယ်ဆိုရင် Google Maps မှာပြထားတဲ့ location အတိုင်းသွားနိုင်ပြီး အခြားကားအသေးနဲ့ဆိုရင်တော့ ဒီ video လေးရဲ့ အောက်မှာပြထားတဲ့ Maps အတိုင်းသွားဖို့လိုပါလိမ့်မယ