Koboo Yahooyeeha

Koboo Yahooyeeha I play some games for fun.

Burnley vs Chelsea  ဘန်လေတို့တန်းဆင်းဇုံနားကပ်နေပြီး အဝေးကွင်းမကောင်းတာမှန်ပေမယ့် အိမ်ကွင်းမှာတော့မခေပါ...ချယ်ဆီးတို့ကလည...
22/11/2025

Burnley vs Chelsea

ဘန်လေတို့တန်းဆင်းဇုံနားကပ်နေပြီး အဝေးကွင်းမကောင်းတာမှန်ပေမယ့် အိမ်ကွင်းမှာတော့မခေပါ...ချယ်ဆီးတို့ကလည်း အိမ်ကွင်းထပ်အဝေးကွင်းနိုင်ပွဲပိုများနေတယ်ဒီရာသီ...အဲ့တော့ ဘော်ဒီမှာ အာကြီးကိုတောင် အိမ်ကွင်းမှာ ၀-၂ နဲ့ပဲကပ်ရှုံးထားတဲ့ ဘန်လေတို့ ချယ်ဆီးကို အလွန်ဆုံးရှုံးတောင် ၁ဂိုးနဲ့ပဲကပ်ရှုံးမယ်လို့ကျနော်ယူဆချင်တယ်...ချယ်ဆီး အဝေးကွင်းနိုင်ပွဲများနေတယ်ဆိုတာကလည်းပြိုင်ဘက်ကောင်းမတွေ့သေးလို့ပါ...ဘန်လေလောက်ကိုအိမ်ကွင်းမာရင်ကို ချယ်ဆီးတို့နိုင်ဖို့မနည်းကန်ရမှာပါ...ဒါပေမယ့် ဘန်လေကွင်းမှာကန်တိုင်း ၃ဂိုး၊ ၄ဂိုးအမြဲသွင်းနိုင်တဲ့ချယ်ဆီးတို့ရဲ့ history ကို ထည့်စဉ်းစားရပါမယ်... ဂိုး မှာတော့ အိမ်ကွင်း ၅ပွဲမှာ ၄ဂိုးပဲပေးထားရသေးတဲ့ဘန်လေတို့ ချယ်ဆီးကို အလွန်ဆုံးပေးရတောင် ၂ဂိုးပဲလို့ကျနော်တွက်ပြီး Fleming, Anthony တို့ရဲ့ဂိုးသွင်းခြေတွေ့နေတဲ့ ဘန်လေတိုက်စစ်ကလည်း ၁ဂိုးတော့သေချာပေါက်ပြန်ရမယ်ထင်လို့ ၁-၁၊ ၁-၂ လောက်ပဲထင်ပြီး ၁-၂ ဖြစ်ဖို့ရာခိုင်နှုန်းပိုများပေမယ့်ဒီ၂သင်းဘန်လေကွင်းမှာတွေ့တိုင်း ဂိုးများနေပြီမလို့ ဒီတစ်ပွဲတော့ ဂိုးနည်းမယ်လို့ ထင်ပါတယ်။

Bournemouth vs West Ham
အိမ်ကွင်းကောင်းနေတဲ့ ဘုန်းမောက်တို့နဲ့ အဝေးကွင်းညံ့နေတဲ့ ဝက်ဟမ်းဆိုပြီး ကျန်တာဘာမှမစဉ်းစားပဲ ကြည့်မယ်ဆို ဘယ်လိုနေနေ ဘုန်းမောက်ပဲနေရမှာပါ အနိုင်သေချာနေလို့...ဒါပေမယ့် အဲ့လောက်ရိုးရှင်းပါ့မလား? ဘုန်းမောက်တို့ ဝက်ဟမ်းနဲ့တွေ့တိုင်း အိမ်အဝေးမရွေးမနိုင်တာ ၁၁ပွဲဆက်ရှိပါပြီ...ဒါ့အပြင် ခြေစွမ်းပြနေတဲ့ Semenyo ဒဏ်ရာကြောင့်ပါနိုင်ဖို့မသေချာပါဘူး...ဒါပေမယ့်လည်း အိမ်ကွင်းမှာတော့တအားသိသာမယ်မထင်ပါဘူး...ဝက်ဟမ်းဘက်မှလည်း အဓိကကွင်းလည်လူ Paqueta ၅ဝါပြည့်ထားလို့သေချာပေါက်မပါနိုင်ပါဘူး...ဒါဆို နောက်ဆုံး ၂ပွဲဆက်ရှုံးထားတဲ့ ဘုန်းမောက် form နဲ့ ၂ပွဲဆက်နိုင်ထားတဲ့ ဝက်ဟမ်း form ကိုခဏမေ့ထားပြီး ၁၁ပွဲဆက်မနိုင်သေးတဲ့စံချိန်ကိုအိမ်ကွင်းမှာ ချိုးဖျက်ဖို့အားစိုက်ကန်လာနိုင်တဲ့ ဘုန်းမောက်ဘက်ကို ကျနော်အလေးပိုပေးမိချင်နေပါတယ်...ဒီတော့ဘော်ဒီလက်ရှောင်ချင်တဲ့သူတွေအတွက် ဂိုး စဉ်းစားမယ်ဆို ၅ပွဲ ၂ဂိုးပဲပေးထားရသေးတဲ့ ဘုန်းမောက်အိမ်ကွင်းခံစစ်ကို တိုက်စစ်လူမစုံပဲ ဝက်ဟမ်းတို့ အလွန်ဆုံး ၁ဂိုးအပြင်ပိုသွင်းနိုင်ပါ့မလား? သေချာပါတယ် ကျနော်ကတေ့ာသွင်းနိုင်မယ်မထင်ပါဘူး...

Brighton vs Brentford
အိမ်ကွင်း ၃ပွဲနိုင် ၂ပွဲသရေဘရိုက်တန်နဲ့ အဝေးကွင်းမှာ ဝက်ဟမ်းတစ်သင်းပဲနိုင်ထားသေးတဲ့ ဘရန့်ဖို့တို့တွေ့တာ ကျနော်အများကြီးစဉ်းစားစရာမလိုပါဘူး...သရေကျကာမှကျစေကော အိမ်ရှင် အသာပဲနေမှာပါ...ဘရန့်ဖို့ရဲ့ ဒီရာသီအဝေးကွင်းခြေစွမ်းကိုအယုံအကြည်မရှိပါဘူး...ဒီတော့ဂိုး အနည်းအများ ပဲစဉ်းစားရအောင်...ဘရန့်ဖို့တို့တိုက်စစ်ကအဝေးကွင်းဆို ၁ပွဲ၁ဂိုးတောင်နပ်မမှန်ပါဘူး...ဘရိုက်တန်တို့ကတော့အိမ်ကွင်းမှာ ၁ပွဲ ၂ဂိုးနှုန်းသွင်းနိုင်တဲ့အသင်းပါ...၂-၀၊ ၂-၁ လောက်ပဲပြီးနိုင်တဲ့ဒီပွဲမှာလည်း ဂိုးနည်းမယ်ထင်ပါတယ်။ ၃ပွဲမှာသေချာပေါက် တစ်ပွဲပဲ ဂိုးများပါမယ်။ .ပြောရရင်ဒီပွဲတော့ ကျွန်တော်ပြောသလို ဂိုးအနည်းဖြစ်ဖို့များပါတယ်။

Fulham vs Sunderland
အဝေးကွင်းခံစစ်ကောင်းတိုက်စစ်ညံ့တဲ့ ဆန်းဒါးလန်းတို့နဲ့အိမ်ကွင်း ခံစစ်ကောင်းတဲ့ဖူဟမ်တို့တွေ့တာ ၁-၀၊ ၁-၁ အလွန်ဆုံးပါပဲ။ ဒီပွဲမှာ...ဆန်းဒါးလန်းကအဝေးကွင်းမှာဆို အိမ်ကွင်းခြာနေတဲ့ချယ်ဆီး၊ ဖောရက်တို့လို၂သင်းကိုပဲဂိုးသွင်းနိုင်ပြီး မန်ယူလိုပွဲတိုင်းနီးပါးဂိုးပေးနေရတဲ့အသင်းကိုတောင်မသွင်းနိုင်ပါဘူး...ဖူဟမ်တို့အိမ်ကွင်းမှာ ပေးထားရတဲ့ ၃ဂိုးထဲက ၂ဂိုးက အာကြီး၊မန်ယူပါ...ဒါဆိုဆန်းဒါးလန်းဂိုးမရဘူးတွက်ပြီး ကျနော်တော့အရင်တစ်ပတ်က အာကြီးကို သရေကန်ပြီးတက်ကြွနေတဲ့ ဆန်းဒါးလန်းတို့ ဒီပွဲတော့ ပြန်ပြီး ရှုံးပွဲမတွေ့တောင် အလွန်ဆုံးသရေပဲမို့လို့ ဒီပွဲ အိမ်ရှင်ဘက်ကို ပိုသဘောကျပါတယ်...

Liverpool vs Nottingham Forest
စီးတီးကိုရှုံးပြီးနောက် အဆင့် ၈ထိရောက်သွားပြီး လီဗာပူးတို့ အာနေးစလော့တို့ဖိအာများနေပါပြီ...ပြီးတော့မနှစ်က ဖောရက်ကို ၂ကျော့စလုံးမနိုင်ထားတဲ့ စလော့ ဒီတစ်ပွဲတော့ ရှေ့ကဖိအားတွေကောပေါင်းပြီး ကြားရက်မှာကန်ရမယ့် UCL ကို ခဏမေ့ထားပြီး PL အာရုံစိုက်ဖို့လိုလာနေပါပြီ...ဒါကြောင့်မလို့ ဒီပွဲကိုနိုင်ဖို့ဂရုစိုက်ကန်လာမယ့်လီဗာပူးတို့ကို ရှောင်ဒိုက်ရောက်လာပြီးနောက်ပိုင်းပြန်ကောင်းလာနေတဲ့ ဖောရက်တို့ခံကန်နိုင်မယ်မထင်ပါဘူး ဒီပွဲတော့...ဒါကြောင့်မလို့ဘော်ဒီမှာတော့ တစ်ဝက်ရင်းပြီးကို လီဗာပူးကို သဘောကျပါတယ်..အိမ်ကွင်းမှာဆို မန်ယူတစ်ပွဲကလွဲပြီး ကျန်တဲ့ပွဲတိုင်းနိုင်ထားတဲ့လီဗာပူးတို့ ဖောရက်ကနောက်ထပ်ခြေချော်မယ့်ပွဲထဲမပါပါဘူး...ဂိုးပေါင်းမှာတော့ ၅ပွဲ ၂ဂိုးပဲရထားတဲ့ ဖောရက်တိုက်စစ်နဲ့ ရီးရဲ၊ ဗီလာတို့ကိုတောင်ဂိုးမပေးရတဲ့လီဗာပူးခံစစ်ကြောင့် ဖောရက်ဂိုးမရနိုင်ဘူးတွက်ပြီး လီဗာပူးပေါက်ကွဲအားက လီဗာပူးတစ်သင်းတည်း ဂိုးသွင်းအားနဲ့ ၄ဂိုးရောက်ပါ့မလားမေးရင်လဲမရောက်လောက်ပါဘူး...နိုင်အောင်ပဲကန်ပြီး အလွန်ဆုံး ၃ဂိုးရခဲ့ရင် ကြားရက် UCL ရှိတဲ့အတွက်ထိမ်းကန်သွားမှာပါ...ဒါကြောင့်မလို့ ၂-၀၊ ၃-၀လောက်ပဲထင်ပါတယ်။

Wolves vs Crystal Palace
ပုံမှန်ဆိုဒီရာသီ ဝုဗ်နဲ့ဘာနဲ့တွေ့တွေ့ ဘက်သာကန်ဆိုပေမယ့် ဒီပွဲကိုသေချာပြန်ကြည့်ကြည့်ရအောင်...ပဲလေ့စ်တို့ ရာသီအစအထနှေးနေတဲ့ ဝက်ဟမ်း၊ ဗီလာ ၂သင်းပဲအဝေးကွင်းနိုင်ထားသေးတာပါ...ဝုဗ်တို့ကလည်း အိမ်ကွင်း၁ပွဲမှမနိုင်သေးပေမယ့် သတိထားရမှာက လက်ရှိ မစ်ဒယ်ဘရော့ကို အဆင့်(၂)ပို့ထားပေးတဲ့ နည်းပြအသစ် Rob Edwards ပါ...ဆိုတော့နည်းပြသစ် အိမ်ကွင်းပါကင်အဖွင့်ပွဲ formula မှာ ဝုဗ်တို့ပဲလေ့စ်ကိုမနိုင်လောက်ပေမယ့် မရှုံးအောင်တော့မျှော်လင့်လို့ရတဲ့အတွက် အိမ်ရှင်ဝုဗ်နဲ့နေကြည့်ချင်ပါတယ်...ဂိုးမှာတော့ ပဲလေ့စ်ကအဝေးကွင်းဆို ထိမ်းဆော့တာနဲ့ နည်းပြသစ်ကလည်း ပထမဆုံးအဖွင့်ပွဲမှာ ရှုံးအောင်တော့မကန်လောက်လို့ ဖွင့်မတိုက်ပဲသေချာထိမ်းဆော့နိုင်လို့ ၁-၁ လောက်ပဲတွက်ပါတယ်။

Newcastle vs Man City
တွေ့ပြီတွေ့ပြီ...ဂိုး ၃လုံး အထက် သွင်းကြမယ့် ပွဲ...နယူးအိမ်ကွင်းပေးဂိုးနည်းတာမှန်တယ်...စီးတီး အဝေးကွင်းရဂိုးကော ပေးဂိုးကောနည်းတာမှန်တယ်...ဒါပေမယ့်...ဒါပေမယ့် နယူးမှာ Dan Burn အနီကဒ်ထိထားတဲ့အပြင် စီးတီးတို့ကလည်း အေဗီလာနဲ့တုန်းလို ၁-၀ လိုမျိုး အဝေးကွင်း ၂ပွဲဆက်ဂိုးမရဘူးဆိုတာမဖြစ်နိုင်ပါဘူး...ဒါ့အပြင်အိမ်ကွင်းဆို အာကြီးကိုတောင်ဂိုးသွင်းနိုင်တဲ့နယူးတိုက်စစ်ကလည်း စီးတီးကို ၁ဂိုးတော့သွင်းမှာပါ...ဒါဆို ၁-၁ ကစနေတဲ့ဒီပွဲမှာ ၁-၂၊ ၂-၂ ဖြစ်သွားနိုင်လို့ ကျနော်ဒီတစ်ပွဲတေ့ာ ရှားရှားပါးပါးဂိုးအများလို့ ယူဆပါတယ်... စီးတီးဒီရာသီအဝေးကွင်းခြေစွမ်းကမဟန်တဲ့အတွက် သရေဆို အပြည့်စားရနိုင်တဲ့နယူးဘက်မှာ နေပါမယ်။

=====================
1xယူနစ်ရပါသည်။ 👈👌
အားလုံးကို အမြဲနိုင်စေချင်တဲ့ KoBoo ပါ။
=====================

အားလုံးပဲ Best of Luck ပါဗျို့ ။

Let's Go!
City - Yangon
Street - KoBoo ( 24/7 )


အပိုင်း (၃) ဇာတ်သိမ်း :3တော်သေးပြီ ...
15/11/2025

အပိုင်း (၃) ဇာတ်သိမ်း :3
တော်သေးပြီ ...

ဒီပုံထဲက လူကို ကြည့်လိုက်ရင် အိုမင်းမစွမ်း အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ လူကြီးတစ်ဦးလို့ ထင်ကောင်းထင်ရပါလိမ့်မယ်။ ဒါပေမယ...
15/11/2025

ဒီပုံထဲက လူကို ကြည့်လိုက်ရင် အိုမင်းမစွမ်း အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ လူကြီးတစ်ဦးလို့ ထင်ကောင်းထင်ရပါလိမ့်မယ်။ ဒါပေမယ့် သူဟာ Nice အသက် 69 years old အရွယ် မွေထိုင်း ပါရမီရှင် Mr. Phonekinlite ဖြစ်ပါတယ်။ အမှန်တိုင်းပြောရရင် ဒီပုံဟာ မုန်တိုင်းမလာခင် လေပြေတိုက်ခတ်နေချိန်မှာ အမှတ်မထင် ရိုက်ယူထားမိတဲ့ပုံဖြစ်နေခဲ့တာပါ။

တကယ်တော့ ပုံမှာပါတဲ့ အနီရောင် အင်္ကျီကို ဝတ်ဆင်ထားတဲ့သူဟာ အင်္ကျီအဖြူဝတ်ထားတဲ့ သူဆီက စောင်ကြွေးတောင်းဖို့ ဒေါသတကြီး လာနေတာဖြစ်ပါတယ်။ (ချမ်းချမ်းစီးစီး ဆောင်းရာသီကြီးမှာ စောင်ဖိုးကို ပိုက်ဆံလက်ငင်းမပေးဘဲ အကြွေးဝယ်သွားလို့ ပြဿနာတက်တာလို့ သိရပါတယ် ) သူတို့ နှစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး Mr. Phonekinlite ကို မတော်တဆ တိုက်မိသွားချိန်မှာတော့ ဆရာကြီးဟာ တစ်သက်လုံး ကွယ်ဝှက်ထားခဲ့တဲ့ သိုင်းပြောင်းပြန်၊ မွေထိုင်း၊ လက်ဝှေ့၊ ရမ်ဒန်ဘူး၈ သိုင်းကွက်ပေါင်းစုံထုတ်ပြီး အဖြူရောင် သူငယ်ချင်းလေး နှစ်ယောက်စလုံးကို မြေပေါ် ပြားနေအောင် အမှောက်သိပ်ပေးလိုက်ပါတော့တယ်။

အဖြစ်အပျက်တွေဟာ အရမ်းကို မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားတဲ့အတွက် အခြား ဓါတ်ပုံတွေကိုတော့ မှတ်တမ်းတင်ထားလိုက်နိုင်ခြင်း မရှိခဲ့ပါဘူး။ သို့ပေသည့် Mr.Phonekinlite ဟာ အဆိုပါ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ခွာမသွားခင် တည်ကြည်လေးနက်သော အသံနေ၊ အသံထားဖြင့် မှတ်သားဖွယ်ရာ စကားတစ်ခွန်းကို မိန့်ကြားသွားခဲ့လေသတည်း။

"ပုံပေါ်စာရေး၊ မင်းနှမပေး၊ ပုံနဲ့စာတွဲရေးထားတာမြင်တိုင်း အတင်းကာရော ပညာယူခိုင်းနေတဲ့ ‌ေSာင်‌ေTာသားတွေအကုန် Lီးပဲ" ဟူ သတက်။

ဒီပုံလေးကတော့ ဖခင်တစ်ဦးရဲ့ မေတ္တာကို အခြား ရှုထောင့်တစ်ခုကနေ ရိုက်ယူထားတဲ့ ဓါတ်ပုံလေးဖြစ်ပါတယ်။မွေးရာပါ ဉာဏ်ရည်ဖွံ့ဖြိုး...
15/11/2025

ဒီပုံလေးကတော့ ဖခင်တစ်ဦးရဲ့ မေတ္တာကို အခြား ရှုထောင့်တစ်ခုကနေ ရိုက်ယူထားတဲ့ ဓါတ်ပုံလေးဖြစ်ပါတယ်။

မွေးရာပါ ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းပါးသည့်ရောဂါ ခံစားနေရတဲ့ "Ksum Nole" လို့ အမည်ရတဲ့ သူ့ရဲ့ သားလေးဟာ ဒီ Restaurant မှာ အချိန်ပိုင်း အလုပ်ရခဲ့တာကြောင့် သူ့ရဲ့ ပထမဆုံး အလုပ်ဆင်းရတဲ့နေ့မှာပဲ သားငယ်ကို Surprise လုပ်ဖို့အတွက် ဆိုင်ရှေ့မှာ ရပ်စောင့်နေတဲ့ပုံလေးပါ။ ည မိုးချုပ်တဲ့အထိ တိုင်အောင် သားငယ်လေး "Ksum Nole" ကို ကြိုဖို့အတွက် အဓိပ္ပါယ် ပြည့်ဝတဲ့ ဖခင်တစ်ယောက်ရဲ့ အပြုံးတွေနဲ့ အတူ ဘောင်းဘီအိတ်ထဲ လက်ထည့်ရင်း ရပ်စောင့်နေရှာတဲ့ ဒီလူကြီးရဲ့ ပုံဟာ အင်တာနက် အသုံးပြုသူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်ခဲ့နိုင်ပါတယ်။

"ကျွန်တော်ဆို ဒေါင်းစင်ဒရုန်းမဖြစ်နေပါဘူး။ မိဘကိုလည်း လစဉ် ပိုက်ဆံထောက်ပံ့ပေးပါတယ်။ ကျွန်တော့်မှာ ဒီလို အဖေမျိုးရှိရင် သိပ်ကောင်းမှာပဲဗျာ" ဟု အသက် ၃ဝ အရွယ် "Pmurt" ဆိုတဲ့ အင်တာနက်အသုံးပြုသူ တစ်ဦးက မှတ်ချက်ပေးထားပြီး အဆိုပါ မှတ်ချက်ကို ကြိုက်နှစ်သက်သူ စုစုပေါင်း 420,376 ဦးအထိတောင် ရှိခဲ့ပါတယ်။

စာဖတ်သူ အဖြူရောင် သူငယ်ချင်းလေးများ မိဘမေတ္တာကြီးမားပုံကို မမေ့လျော့စေဖို့ ဒီပုံလေးနဲ့အတူ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ❤☺

မိုက်ရိုင်းလိုက်တာ။ ... ကြည့်ကြပါဦး ... ။ 😔ဒီပုံဟာ ပြင်သစ်နိုင်ငံက အိမ်ခြေရာမဲ့တွေကို ကြည့်ရှုစောင့်ရှောက်ပေးထားတဲ့ Shel...
15/11/2025

မိုက်ရိုင်းလိုက်တာ။ ... ကြည့်ကြပါဦး ... ။ 😔

ဒီပုံဟာ ပြင်သစ်နိုင်ငံက အိမ်ခြေရာမဲ့တွေကို ကြည့်ရှုစောင့်ရှောက်ပေးထားတဲ့ Shelter တစ်ခုရှေ့မှာ ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ သုည ဒီဂရီအောက် ရေခဲလု နီးပါး အေးခဲနေတဲ့ ရာသီဥတုမှာ အိမ်ခြေမဲ့ စောင့်ရှောက်ရေးစင်တာက ဝေပေးတဲ့ အခမဲ့ ညစာလေးတစ်ထုတ် စားရဖို့အတွက် အသက်ကြီးကြီး အဖိုးကြီးတစ်ယောက်က စကားတစ်လုံးမှ မပြောနိုင်ဘဲ တန်းစီစောင့်ဆိုင်းနေတဲ့အချိန် ရိုက်ထားတဲ့ ဓါတ်ပုံပါ။ အရှေ့က အင်္ကျီအဖြူနဲ့လူကလည်း လူကြီးကို နေရာပေးရကောင်းမှန်း မသိဘဲ အတ္တကြီးစွာနဲ့ ပိတ်ရပ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ လူတွေရဲ့ အတ္တဟာ ကြောက်ဖို့ တကယ်ကောင်းပါတယ်။ တစ်ဦးနဲ့တစ်ဦး မျှဝေရမှန်းလည်း မသိဘဲ လူကြီးကို လူကြီးမှန်း မသိတော့တဲ့ ခေတ်ကြီးကို ကျွန်တော်တို့ ဖြတ်သန်းနေရပါပြီ။ 😔😔😔

ဝမ်းနည်းလွန်းလို့ အသားတွေတောင် တဆက်ဆက် တုန်မိတဲ့အထိပါပဲ။ ကိုယ့်အလှည့် ဒါမျိုး ကြုံခဲ့ရင်လည်း လူကြီးတွေကို နေရာ ပေးမိဖို့အတွက် ကိုယ့်ကိုယ်ကို ကတိပေးမိနေပါတော့တယ်။ 😭 ကျွန်တော့်လို ရင်ထဲမကောင်း ဖြစ်သွားရင် တစ်ခုခု ပြန်လည် မျှဝေပေးခဲ့ကြပါဦး။ 😪🤕😓😖

ဒီပုံလေးက ၂ဝ၁၉ မှာတုန်းက ရိုက်ထားတဲ့ပုံလေး တစ်ပုံဖြစ်ပါတယ် ...အမေရိကန်ဒေါ်လာ 106 billion အထိ ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်း...
15/11/2025

ဒီပုံလေးက ၂ဝ၁၉ မှာတုန်းက ရိုက်ထားတဲ့ပုံလေး တစ်ပုံဖြစ်ပါတယ် ...

အမေရိကန်ဒေါ်လာ 106 billion အထိ ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေထဲက တစ်ဦးဖြစ်တဲ့ Bill Gate ဟာ အမေရိကန်နိုင်ငံ၊ Seattle မြို့ပေါ်က Burger ဆိုင်တစ်ခုမှာ စနစ်တကျ တန်းစီပြီး Burger စောင့်ဝယ်နေတဲ့အချိန်ကို အမိအရ ရိုက်ယူထားတဲ့ ဓါတ်ပုံလေးဖြစ်ပါတယ်။ သူဌေးကြီး ဘီလ်ဂိတ်ဟာ အလွန်ကြွယ်ဝ ချမ်းသာလာပြီးနောက်ပိုင်း ကမ္ဘာကြီးပေါ်က ဘာပစ္စည်းကို လိုချင်ချင် ချက်ချင်းဝယ်နိုင်စွမ်း ရှိသည့်တိုင်အောင် စျေးသက်သာတဲ့ ပစ္စည်းလေးတွေကို ဝယ်ယူရတာကို ကြိုက်နှစ်သက်တဲ့ သူတစ်ဦးအဖြစ်လည်း လူသိများပါတယ်။ ‌Seattle မြို့မှာ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ Microsoft ရုံးခန်းဟာ Burgermaster ဆိုတဲ့ ဟမ်ဘာဂါ ဆိုင်နားမှာ ဖွင့်ခဲ့တာပါ။ ဒါကြောင့် ဘီလ်ဂိတ် နဲ့ သူ့ရဲ့ အဖွဲ့သားတွေကို Burgermaster ဆိုင်မှာ မြင်တွေ့ရလေ့ရှိခဲ့တဲ့အတွက် သူဟာ ဟမ်ဘာဂါကို ချစ်မြတ်နိုးသူတစ်ယောက်မှန်း သိသာစေပါတယ်။ ဒီ ဓါတ်ပုံကတော့ Dick's Drive-in ဆိုတဲ့ Burger ဆိုင်မှာ တွေ့ရတာဖြစ်တဲ့အတွက် ဘီလ်ဂိတ်ကို Burgermaster မဟုတ်တဲ့ အခြားဆိုင်တစ်ခုမှာ တွေ့ရတာမို့ ပိုမိုထူးဆန်းတဲ့အချက် ဖြစ်သွားစေတာပါ။

ပုံမှာ မြင်ရတဲ့အတိုင်း ဒီသူဌေးကြီးဟာ စည်းကမ်းရှိရှိနဲ့ အလှည့်ကျ စောင့်ဆိုင်းနေတဲ့အပြင် အခွင့်ထူးခံလူတန်းစား တစ်ယောက်လို မခံယူထားပါဘူး။ ဝတ်စားဆင်ယဉ်ပုံဟာ သာမန် လူကြီးတစ်ယောက်လို ရိုးရှင်းတဲ့ အဝတ်အထည်များကို ရွေးချယ်ထားတာ ကြည့်ခြင်းအားဖြင့် အမှန်တကယ် ပိုက်ဆံရှိသွားတဲ့သူတွေဟာ ဟိတ်ဟန် မာန်မန မရှိဘူးဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုတွေ ရယူထားတဲ့ သူဌေးကြီးတွေတောင် ငယ်စဉ်အခါကတည်းက အကြိုက်ဆုံး အစားအစာ တစ်ခုဖြစ်ခဲ့တဲ့ ဟမ်ဘာဂါလို Fast Food ကို အသက်ကြီးလာတဲ့အထိ စွဲစွဲမြဲမြဲ စားသုံးတာကို ကြည့်ခြင်းအားဖြင့် သူဟာ ဘဝ မမေ့တတ်တဲ့ သူတစ်ယောက်ဖြစ်ကြောင်းကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ မှတ်မှတ်သားသား ဘီလ်ဂိတ်ရဲ့ ပြောစကားတွေထဲက အထင်ရှားဆုံး တစ်ခုကတော့ "ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာတာ မင်းအပြစ်မဟုတ်ဘူး၊ ဆင်းဆင်းရဲရဲနဲ့ သေသွားရင်တော့ မင်းအပြစ်ဖြစ်သွားပြီ" ပဲဖြစ်ပါတယ်။ ☺✅🌸☺✅🌸☺✅☺☺☺☺☺

အပိုင်း (၂) 🙃
14/11/2025

အပိုင်း (၂) 🙃

:3
14/11/2025

:3

🤷🏻‍♂️ (ဓီကေါင်ဒေါ့ ဗလော့ခန်ယဒေါ့မဲ)
12/11/2025

🤷🏻‍♂️
(ဓီကေါင်ဒေါ့ ဗလော့ခန်ယဒေါ့မဲ)

11/11/2025

ဟိုးအရင်ကတည်းက Dota 2 မှာ Event တွေ တစ်ခုခု ထွက်လာပြီး Valve ကနေ တစ်ခုခု ရောင်းပြီဆိုတိုင်း "ဝယ်သင့်၊ မဝယ်သင့်" ဆိုတဲ့ Content တွေ လုပ်ခဲ့ဖူးပါတယ်။ ဒီနောက်ပိုင်းတော့ Valve က ရောင်းတာတွေ သိပ်မရှိတော့လို့ မလုပ်ဖြစ်တော့ပေမယ့် ဒီ Video ကတော့ ကျွန်တော့် တစ်ကိုယ်စာကိုပဲ အခြေခံပြီး ဝယ်သင့်၊ မဝယ်သင့် သုံးသပ်ထားပါတယ်။

$15 တန် Expedition Pack ကို ဝယ်သင့်၊ မဝယ်သင့် အကြောင်းပါ။




Patch update ကြတော့ မပေးဘဲနဲ့ဒီဘဲတွေ မဟုတ်တော့ဘူးကွ
11/11/2025

Patch update ကြတော့ မပေးဘဲနဲ့
ဒီဘဲတွေ မဟုတ်တော့ဘူးကွ

10/11/2025

"မလုပ်ပါနဲ့ မလုပ်ပါနဲ့ Hoes တော့ မလုပ်ပါနဲ့" ဆိုတာ ဘာပွဲလဲဟ 🥲
သူက ဘယ်သူ့ကို မကျေနပ်လို့ မလုပ်ခိုင်းတာလဲ

Address

37, Al Rigga Road
Dubai

Alerts

Be the first to know and let us send you an email when Koboo Yahooyeeha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share