Chef Diary

Chef Diary NO ONE IS BORN A GREAT COOK, ONE LEARNS BY DOING 👨‍🍳
🚨For advertisement Please contact to
📲Viber or Whatsapp
+95 9421048328
+971 50 721 9805

18/12/2025

ဒူဘိုင်း မိုးကောင်းချက် ☔ဒီနေ့တော့ မိုးလေဝသ သတင်းကြိုဖတ်ပြီး မိုးကာလေးယူလာတယ် တနှစ်လုံးသိမ်းထားတာလေး ဆောင်းရချည်သေးရဲ့
ဒီနေ့ ကမ်းခြေလဲပိတ်တယ် ဧည်သည်လဲမဝင်ဘူး အေးဆေးဖဲ😅😍😀☔


ဒီနေ့ နေ့လည်စာကိုတော့ ဒူဘိုင်း JLT cluster X မှာဖွင့်ထားတဲ့ မြန်မာလူမျိုးပိုင်Mangoon ဆိုင်မှာ ကြိတ်ခဲ့ပါတယ် South East ...
16/12/2025

ဒီနေ့ နေ့လည်စာကိုတော့ ဒူဘိုင်း JLT cluster X မှာဖွင့်ထားတဲ့ မြန်မာလူမျိုးပိုင်
Mangoon ဆိုင်မှာ ကြိတ်ခဲ့ပါတယ်

South East Asian Flavor တွေနဲ့ မြန်မာအစားအစာတွေကို Fusion လုပ်ထားတာဆိုတော့ အသစ်အဆန်းတမျိုးရတာပေါ့လေ 🍗🍄‍🟫🫛🫚🧄🧅
🇲🇲မြန်မာ အစားအသောက်အရသာတွေကို Expecting လုပ်ထားမယ်ဆိုရင်တော့ မထိမိသလို ထင်ရပေမယ့် အရသာတခုကို ခံစားပြီးစားမယ်ဆိုရင်တော့ ကောင်းတယ်ဆိုတဲ့ဖက်မှာ ရှိနေပါတယ်

Fusion အစားအသောက်တွေလုပ်တဲ့အခါ အရမ်းကို စိန်ခေါ်မူများပါတယ် ဒီဆိုင်လေးရဲ့ အရသာတွေပဲ့ကိုင်ရှင် Chef ကြီးကိုတော့ လေးစားချီးကျူး ရပါတယ် သတ္တိရှိတယ်ပြောရမှာပဲ

နောက်ပိုင်းမှာလဲ မြန်မာအစားအသောက် သီးသန့် မီးနူးထည့်ပေးဦးမှာဆိုတော့ မြန်မာစာ အစစ်အရသာလေးတွေလဲ ခံစားလို့ရဦးမှာပါ
အခုလဲ CD တို့အဖွဲ့တွေ မြည်းစမ်းခဲ့တာလေးတွေအားလုံးနီးပါး ကောင်းပါတယ် တပွဲတလေတော့ လိုအပ်ချက်လေးတွေရှိနေတာ Chef ကြီးက ပြန်ပြင်ဆင်နေပါတယ်

အရသာအသစ်အဆန်းလေးတွေ မြည်းစမ်းကြည့်ချင်တယ်ဆိုတဲ့ ချစ်သူငယ်ချင်းတွေအတွက်
သတင်းကောင်းလေးပါးလိုက်ပါတယ် 📣
စားဖြစ်ခဲ့တာလေးတွေ ပုံလေးတွေမှာ စာနဲ့တင်ပေးလိုက်ပါတယ်
အကုန်နီးပါး စားကောင်းခဲ့ပါတယ်
Great Job Mangoon Team💪
Well Done ပါ Chef ကြီး 👨‍🍳 👏👏




16/12/2025

ဒီတခါမှာတော့ ရိုးရှင်းပြီး ထမင်းမြိန်စေမယ့်
ဟင်းတွဲလေး ချက်ပါတယ်
ပင်စိမ်းနံ့မွှေးမွှေးလေးနဲ့ ကြက်ဥငါးခြောက်ဟင်းကို
အမေကြော်ကျွေးဖူးတဲ့ ပလောင်တောင်ဝှေးအစားထိုးလေး
ကညွှတ်ကြော်လေးနဲ့တွဲပေးထားပါတယ်
ချစ်သူငယ်ချင်းတို့လဲ လိုက်ချက်စားကြည့်တော့နော်
အားလုံးအဆင်ပြေကြပါစေ 🙏🍀


▶️YouTube Channel လေးမှာ ကြက်ဥငါးခြောက် ခရုဆီကညွှတ်video 📷အသစ်တင်ထားပြီးပါပြီ📣📣📣အောက်ကကွန်မန့်မှာ လင့်ခ်လေးနှိပ်ပြီး အား...
15/12/2025

▶️YouTube Channel လေးမှာ ကြက်ဥငါးခြောက် ခရုဆီကညွှတ်
video 📷အသစ်တင်ထားပြီးပါပြီ📣📣📣
အောက်ကကွန်မန့်မှာ လင့်ခ်လေးနှိပ်ပြီး အားပေးကြပါဦး 🙏🙏

🚨 CD ရဲ့ YouTube Channel မှာ တင်မှ ကြည့်ရသူများအတွက်လဲ Facebook နဲ့ တပြေးညီ ကြိုးစားပြီးတင်ပေးသွားပါမယ်

🍀ကျေးဇူးအထူးပါ ချစ်သောကြီးများ ❤️



နောက်ချက်မယ့်ဟင်းတွဲလေးကတော့ ရိုးရှင်းပြီးစားမြိန်စေတဲ့ခရုဆီကညွှတ်နဲ့ 🧆ကြက်ဥငါးခြောက် 🥚🥘🌱🍃 ဟင်းတွဲလေးဖြစ်ပါတယ်အကြိုလေးဂလ...
15/12/2025

နောက်ချက်မယ့်ဟင်းတွဲလေးကတော့
ရိုးရှင်းပြီးစားမြိန်စေတဲ့
ခရုဆီကညွှတ်နဲ့ 🧆
ကြက်ဥငါးခြောက် 🥚🥘🌱🍃
ဟင်းတွဲလေးဖြစ်ပါတယ်
အကြိုလေးဂလုကြပါဦး🤩


14/12/2025

ကန္တရထဲအနေကြာလာတော့ မိုးနဲ့တောင်အသားမကျတော့ဘူး မိုးရွာထဲကားမောင်းရတာကိုက ဘာကိုကြောက်နေမှန်းမသိ🤷‍♀️ ကိုယ်တင်ကြောက်တာမဟုတ်ဘူး ကားပါကြောက်နေတာ 😅ကားသစ်လေးပြောင်းစီးတာတပတ်မပြည့်သေး မိုးကရုတ်တရက်အသည်းအမဲရွာ ခလုတ်တွေဟိုစမ်း ဒီစမ်းနဲ့ အလုပ်တော့ ရောက်သွားတာပဲ 😂😂 ကားပါကင်ကနေ မိုးရွာထဲပြေးလိုက်ရတာကတော့ အမှတ်တရ
ဒီချိန်မှာ ထီးဆောင်းနိုင်ရင် အကောင်ပဲ 😅😅 ဒူဘိုင်းက ချစ်သူငယ်ချင်းတွေလဲ နောက်တပတ်လောက်ထိ ထီး မိုးကာလေး ဆောင်ထားကြဦးနော် ထပ်ရွာဦးမယ်ပြောတာပဲ 😅☔ မိုးနဲ့အတူ ခဏတဖြုတ် အေးချမ်းကြပါစေ 🙏🍀

ဒါလေးကတော့ Shan Village Asian Restaurant Dubai ကထုတ်တဲ့ အသားလုံးအိအိ လတ်လတ်ဆတ်ဆတ် လေးတွေ စားစေချင်လို့ ဆိုပြီး အိမ်တိုင်...
11/12/2025

ဒါလေးကတော့ Shan Village Asian Restaurant Dubai ကထုတ်တဲ့ အသားလုံးအိအိ လတ်လတ်ဆတ်ဆတ် လေးတွေ စားစေချင်လို့ ဆိုပြီး အိမ်တိုင်ရာရောက် လာပို့သွားပါတယ် ဒါနလေးမြောက်သွားအောင် စားပေးရမှာပေါ့လေ😅😋
(ဆွဲပြီပေါ့လေ)

ဒူဘိုင်းက ချစ်သူငယ်ချင်းတွေ အသားလုံးကောင်းကောင်းလေးစားချင်ရင်
Shan Village မှာရှိတယ်ဆိုတာလေး သတင်းကောင်းပါးလိုက်ပါတယ်ဗျို့📣

အော် .....ပြောဖို့မေ့သွားတယ်😅
ကြက်သားလုံး 🍗/ ပုဇွန်လုံး 🍤/ အမဲသားလုံး🥩 ၃မျိုးရပါတယ်😋

အားလုံးအဆင်ပြေကြပါစေ 🍀🙏

ဒီတခါမှာတော့ ကြေးအိုးနဲ့ကြေးအိုးဆီချက် အဓိကကောင်းကောင်းလေးရှိတဲ့ 🫕🍳🥘🍲မြန်မာလူမျိုးပိုင် WeWok ဆိုင်လေး JLT မှာဖွင့်ထားပါ...
09/12/2025

ဒီတခါမှာတော့ ကြေးအိုးနဲ့ကြေးအိုးဆီချက် အဓိကကောင်းကောင်းလေးရှိတဲ့ 🫕🍳🥘🍲
မြန်မာလူမျိုးပိုင် WeWok ဆိုင်လေး
JLT မှာဖွင့်ထားပါပြီ 📣 ကောင်းဆို ရန်ကုန် Tea House, Radio Bar ဒီလိုရန်ကုန်က နာမည်ကြီး ဆိုင်တွေမှာ ချက်ခဲ့တဲ့ စားဖိုမူးချက်တာကိုး 🤩
ကျန်တဲ့အစားအသောက်လေးတွေလဲဈေးနူန်းသင့်ပြီး လူမျိုးဘာသာမရွေးစားနိုင်တယ်

အရသာလဲ ကောင်းတယ် မြည်းကြည့်ချင်တဲ့
ချစ်သူငယ်ချင်းတွေအတွက်
📣📣သတင်းကောင်းလေးပါးလိုက်ပါတယ်
Soft Opening ဆိုတော့ လူလဲ သိပ်မရူပ်သေးဘူး
CD ကတော့ Menu အကုန်နီးပါးမြည်းပြီးပါပြီ 👌😍 📍လိပ်စာနဲ့ တည်နေရာလေးသိချင်ရင်တော့
မူရင်းပေ့ချ်လေးမှာ ဝင်ကြည့်လို့ရပါတယ်

အားလုံးအဆင်ပြေကြပါစေ 🍀🙏



07/12/2025

Stir fry Veg and Chicken

05/12/2025

ဒီတခါမှာတော့ အလုပ်က India Chef👨‍🍳 တွေချက်နေကျ
ဒန့်သလွန်ရွက်ချဥ်စပ်နဲ့ 🌿🌿 ငါးမကြိုက်သူတွေတောင်🐟 ကြိုက်သွားစေမယ့်
ပျဥ်းတော်သိမ် 🌿အနံ့မွှေးမွှေးလေးနဲ့ ငါးကြော်နှပ်ရယ် 🐟
တွဲထားပေးပါတယ်
ရိုးရှင်းပြီးစားကောင်းလို့ ချစ်သူငယ်ချင်းတို့လဲ
လိုက်ချက်ကြည့်လိုက်ပါတော့ 😋❤️

အားလုံးအဆင်ပြေကြပါစေ 🙏🍀

နောက်တင်မယ့်ဟင်းပွဲလေးကတော့ 🐟ငါးဆိုမကြိုက်ဘူး  ညှီနံ့ နံ လို့မစားချင်ဘူး 🐠ဆိုတဲ့သူတွေတောင်ခိုက်သွားစေရမယ့် ငါးကြော်မွှေး...
04/12/2025

နောက်တင်မယ့်ဟင်းပွဲလေးကတော့
🐟ငါးဆိုမကြိုက်ဘူး ညှီနံ့ နံ လို့မစားချင်ဘူး 🐠ဆိုတဲ့သူတွေတောင်
ခိုက်သွားစေရမယ့် ငါးကြော်မွှေးမွှေးလေးနဲ့🍲

အလုပ်က India Chef တွေချက်နေကျ 👨‍🍳
ဒန့်သလွန်ရွက်🌿🌿ချဥ်စပ်လေးနဲ့တွဲထားပါတယ်
အကြိုလေး ဂလုကြပါဦး ချစ်သူငယ်ချင်းတို့ 😅🍛🥘
🍀🙏

Address

Al Barsha
Dubai
971

Alerts

Be the first to know and let us send you an email when Chef Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share