Funwithus MM

Funwithus MM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Funwithus MM, News & Media Website, Maddington.

25/12/2024

၂၀၂၃ ခုနှစ်၊ မတ်လ နိုင်ဂျီးရီးယား၊ ဒယ်တာမြို့မှာ Ifuma Osai လို့ခေါ်တဲ့အမျိုးသမီးဟာ အိမ်ရှင်က မီတာခလာတောင်းတာမှာ အငြင်းပွားခဲ့ပြီးတော့ ဒေါသတော်တော်ထွက်သွားခဲ့တာကြောင့်ပဲ။ အိမ်ရှင်ရဲ့ မွေးရာပါကို လက်နဲ့လှမ်းကိုင်ပြီးအားပါပါညှစ်လိုက်တာကြောင့်ပဲ အိမ်ရှင်ဟာ အခင်းဖြစ်တဲ့ နေရာမှာပဲသေသွားခဲ့ပါတယ်။ သူမအဲ့လိုလုပ်ခဲ့တာကြောင့်နောက်ပိုင်းသတင်းတွေမှာ ဘာဖြစ်သွားလဲဆိုတာတော့မသိရပေမဲ့ အိမ်ရှင်ကတော့ဆေးရုံးမရောက်ခင်မှာပဲတကယ်ပဲသေသွားခဲ့ပါတယ်။ ကျွန်တော်တောင်စာရေးရင်းကြက်သိမ်းမွှေးထမိပါတယ်ဗျာ။😢

15/12/2024
14/12/2024
13/12/2024

ထူးထူးဆန်းဆန်းသေခဲ့တဲ့လူတွေဖြစ်ရပ် အပိုင်း၂
၁၆၀၁ခုနှစ် အောက်တိုဘာ ၂၄မှာနာမည်ကြီး တိုင်ခိုဘရာဟီဆိုတဲ့ နာမည်ကြီးဒိန်းမတ် နက္ခတ္တဗေဒပညာရှင်ဟာ ဘုရင်တွေနဲ့ တွေ့ဆုံတဲ့ ပါတီမှာ အရက်နဲ့ဝိုင်အများကြီးသုံးဆောင်ခဲ့ပြီးတော့ ဆီးသွားဖို့ကိုရှောင်ခဲ့တယ်။ ဘာလို့လဲဆိုရင်တော့ အလွယ်တကူ အပြင်ထွက်ပြီးဆီးသွားမယ်ဆိုရင် ကျင့်ဝတ်နဲ့မညီပဲရိုင်းသွားမှာစိုးတဲ့ အတွက်ကြောင့် ပါတီပြီးတဲ့ အထိစောင့်ပြီးအိမ်ရောက်မှသွားမယ်လို့သူဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ သူအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ ဆီးအိမ်ကဆီးတွေကိုလုံးဝမထိန်းနိုင်တော့ပဲ ဆီးအိမ်ဟာဆုပ်ပြဲပြီးပေါက်ထွက်သွားပြီးတော့ ရောဂါပိုးကူးရင်းသေသွားခဲ့ပါတယ်။ ဆီးအောင့်ခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးယိုစိမ့်ခြင်း၊ ဆီးအိမ်နံရံ အားနည်းခြင်းတွေဖြစ်နိုင်တာကြောင့်ပဲ ဆီးကိုကြာကြာထိန်းထားတာမကောင်းဘူးဆိုတာ သတိရပါနော်။

12/12/2024

ထူးထူးဆန်းဆန်းသေခဲ့တဲ့လူတွေဖြစ်ရပ် အပိုင်း၁
ဒီဖြစ်ရပ်ကတော့သူများသေတာရယ်ရမလားဝမ်းနည်းရမလားဖြစ်စေမဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ သူ့နာမည်ကတော့ Godfrey the Hunchback ပါ။ အာဒန်နတ်စ်ဗာဒန် အိမ်တော်ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးလည်းဖြစ်ပါတယ်။ ရှေးတုန်းဆိုရင်တော့အိမ်သာတွေဟာဆိုရင် လသာဆောင်တစ်ခုလို ရဲတိုက်ရဲ့ဒေါင့်နာလေးမှာဆောက်ထားတာပဲဖြစ်ပါတယ်။ စွန့်လိုက်တဲ့အလေးတွေကိုတော့ရဲတိုက်ရဲ့အောက်ကိုပြုတ်ကျပြီးတော့ သန့်ရှင်းရေးသမားက အောက်ဘက်ကိုနေ့တိုင်းသန့်ရှင်းပေးရတာပါ။ တစ်ရက်မှာတော့ညအချိန်မှာ Hunchback ဟာ အိမ်သာထိုင်တက်နေတုန်း ကြေးစားလူသတ်သမားဟာခြံထဲကိုခိုးဝင်လာပြီးတော့အိမ်သာအောက်ဘက်ကိုကြိုးနဲ့တွယ်တက်ခဲ့ပါတယ်။ နောက်တော့အိမ်သာအောက်ကနေ ခိုးဝင်လာတဲ့ လူသတ်သမားဟာ Hunchback အိမ်သာတက်နေတဲ့အပေါက်တည့်တည့်ကို လှံ့နဲ့ဇာတ်တိုက်ထိုးခဲ့တာပဲဖြစ်ပါတယ်။ အထိုးခံရတဲ့ hunchback လည်းရက်အနည်းငယ်လောက် လှံ့အထိုးခံရလို့ဝေဒနာခံစားရပြီး နောက်ဆုံးမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ သမိုင်းမှာအိမ်သာတက်ရင်းထူးထူးဆန်းဆန်းအသတ်ခံရတဲ့အမှုအဖြစ်နဲ့ အခုအချိန်အထိနာမည်တွင်သွားခဲ့ပါတယ်။ ဒါကြောင့်အိမ်သာမသုံးခင်မှာ အိမ်သာထဲမှာမြွေတွေရှိလား စစ်ဆေးရုံသာမကပဲ လူပါရှိနေလား စစ်ဖို့မမေ့နဲ့တော့နော်။

11/12/2024
09/12/2024

Florida မှ ဆာရာလိုနဲ ဟာ သူရဲ့ရည်းစားကောင်လေးကို ဂိမ်းတစ်ခုဆော့ရအောင်လို့လုပ်ပြီး ခရီးဆောင်အိတ်ထဲကိုထည့်ကာ ဇစ်ပိတ်ပြီးတော့နာရီပေါင်းများစွာကြာအောင် ဗီဒီယိုရိုက်ကာရယ်မောနေခဲ့တယ်။ သူရဲ့ ရည်းစားကတော့ အကူအညီတောင်းပြီးတော့ အသက်မရှုနိုင်တော့လို့ နာရီပေါင်းများစွာကြာအောင် တောင်းပန်ခဲ့ပေမဲ့ ဆာရာကတော့ အရက်သောက်ပြီး ရယ်မောနေရင်းနဲ့ ဝေသနာခံစားနေရတာ ကြည့်နေခဲ့တယ်။ နောက်တော့ ဆာရာဟာ အိတ်ထဲက သူ့ရည်းစားကို သူ့ဘာသူထွက်လာနိုင်မယ်ဆိုပြီး တစ်ညလုံးထားခဲ့ပြီးတော့ ဝင်အိပ်ခဲ့တယ်။ ဒါပေမဲ့ မနက်ရောက်တဲ့အခါမှာတော့ အိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ သူ့ကောင်လေးက သေနေတာကိုတွေ့လိုက်ရတယ်။ နောက်ဆုံးမှာတော့ ဆာရာကို ဒုတိယအဆင့် လူသတ်မှုဖြင့်(ကြိုတင်မတွေးဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း) တရားစွဲဆိုခံခဲ့ရပြီး ထောင်းဒဏ်တစ်သက် တစ်ကျွန်းချခဲ့ပါတယ်။
သက်သေ ဗီဒီယိုကိုတော့ကျွန်တော် commentမှာလင့်ခ် ချပေးထားပါမယ်သွားကြည့်နိုင်ပါတယ်။

အဲ့ page လေးကို follow လေးလုပ်သွားကြပါအုန်းနော်။
08/12/2024

အဲ့ page လေးကို follow လေးလုပ်သွားကြပါအုန်းနော်။

05/12/2024

ဆရာဝန်တစ်ယောက်အဖြစ်နဲ့ ကွင်းဆက်လူသတ်သမားရှိခဲ့တယ်ဆိုတာကိုသင်သိပါသလား?
သူ့ရဲ့ နာမည်ကတော့ Harold Shipman ပါ သက်ကြီးပိုင်းတွေကိုဦးတည်ပြီးတော့ လူအယောက် ၂၀၀ ကျော်သတ်ခဲ့တဲ့ဆရာဝန်ပဲဖြစ်ပါတယ်။
သူပုံစံကတော့ လူနာတွေကိုယုံကြည့်အောင်ပထမဆုံးလုပ်ပြီးတော့ အိမ်အထိဆေးလိုက်ကုသပေးပြီး သက်ကြီးရွယ်အိုတွေကို morphine ဆေးပမာဏအများကြီးထိုးသွင်းပြီးသတ်ခဲ့တာပါ။
သူ့ရဲ့လူသတ်မှုအစကတော့ ၁၉၇၀ ခုနှစ်မှာ ဆရာဝန်ဘွဲ့စတင်ရရှိခဲ့ပြီးတော့ အငယ်တန်းဆရာဝန်အဖြစ်လုပ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အထွေထွေဆရာဝန်အဖြစ် ဆေးရုံတစ်ခုမှာ လုပ်ပြီးတော့ လူအများရဲ့အလုပ်ကြိုးစားပြီးယုံကြည့်ရတဲ့ဆရာဝန်အဖြစ်နဲ့ ယုံကြည်ခံနေရတုန်းမှာပဲ ပထမဆုံးလူစသတ်ခဲ့တယ်။
၁၉၇၅ မှ ၁၉၉၂ ခုနှစ်အတွင်း ဆေးရုံးမှာ အထွေထွေကုဆရာဝန် အလုပ်လုပ်ရင်းနဲ့ပဲ Harold shipman ဟာ လူ ၇၄ ယောက်တောင်သတ်ပြီးနေပါပြီ။ ဒါပေမဲ့ လူဖော်ကိုင်ဖက်နဲ့ အဆင်မပြေမှုဖြစ်တာကြောင့်ပဲ မကြာခင်မှာပဲအလုပ်ထွက်လိုက်ရတယ်။ ၁၉၉၃ ကနေပြီး ၁၉၉၈ အတွင်း Harold shipman ဟာ ကိုယ်ပိုင်ဆေးခန်းတခုထောင်ခဲ့ပြီးတော့ လူလွတ်လတ်စွာသတ်ပါတော့တယ်။ သူရဲ့လူသတ်တဲ့ ပုံစံကတော့ ပထမဦးစွာ ရိုးသားဖော်ရွေပြီး၊ ဂရုစိုက်တတ်တဲ့ပုံစံဖြစ်အောင် လူနာတွေကိုယုံကြည်လာအောင်လုပ်တယ်။ နောက်တော့ လိုအပ်ရင်အိမ်အထိလိုက်ကုသပေးပြီးတော့ morphine ဆေးပမာဏအများကြီးကိုထိုးသွင်းပြီးတော့ သတ်တာပါ။ Harold ကအမြင်ကတ်တဲ့သူ သို့မဟုတ် သူနဲ့ အဆင်မပြေတဲ့လူ သတ်ချင်တဲ့လူကိုတွေ့တာနဲ့တင်ကိုသတ်တာပါ။
ဒါဆိုအလောင်းခွဲစိတ်မှု ဖြစ်တဲ့ Autopsy ကော မလုပ်ကြဘူး? တစ်ယောက်ယောက်ကတော့ သူလုပ်တယ်ဆိုတာသိကိုသိရမယ်လေ?ဆို ပြီးတော့ မေးစရာ ရှိလာပါမယ်။
ဒီလို အလောင်းကိုခွဲစိတ်ပြီးတော့ ဘာကြောင့်သေသွားလဲဆိုတာလေ့လာမှုမလုပ်ဖြစ်ကြတာကတော့ Harold shipman ကိုယ်တိုင်ကိုက ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို အဲ့လိုလုပ်ဖို့ဆိုတာမလိုကြောင်းနဲ့ သူကိုယ်တိုင်ဘာကြောင့်သေသွားလဲဆိုတာသိတယ်၊ ပြီးတော့ လဲ အဲ့လိုခွဲစိတ်မယ်ဆိုရင်ငွေကုန်ကြေးကျထက်မံကျသင့်တာကြောင့်ပဲမလုပ်ဖြစ်ခဲ့တာပဲများပါတယ်။
အကယ်လို့ အလောင်းခွဲစိတ်မှုကိုပြုလုပ်မယ်ဆိုရင်လည်း သူကိုယ်တိုင်လိမ်ပြီးတော့ မှားယွင်းတဲ့အချက်အလက်တွေရေးသားခဲ့လို့ပါပဲ။
၁၉၉၈ မှာတော့ ဒေသခံတွေက တဖြည်းဖြည်းပဲ shipman ကုသပေးတဲ့လူတွေသေစာရင်းမြင့်မားလာတာတဖြည်းဖြည်းနဲ့သတိထားမိလာကြတယ် ။ သူနေထိုင်ရာဒေသမှ အခြားသော ဆရာဝန်တွေဆေးကုသလို့သေတာ ထက်shipman ကုသပေးလို့သေတဲ့လူနာအရေအတွက်က အဆမတန်များပြားခဲ့တာပါတယ်။ အဲ့အကြောင်းကြောင့်ပဲ Harold shipman ကို တခြားသောဆရာဝန်တွေကရဲကိုတိုင်ကြားလိုက်ကြတယ်။ ဒါပေမဲ့ ရဲတွေကတော့ စစ်ဆေးမှုဘာမှကိုမလုပ်ခဲ့ပါဘူး။ ဒါကြောင့်ပဲ shipman ဟာ ထက်ပြီးလွတ်ခဲ့ပါတယ်။ အဲ့အချိန်မှာဆိုရင်တော့ shipman ဟာ ၁၉၇ ယောက်သတ်ပြီးနေပါပြီ။ နောက်ထက် ၃ လအတွင်းမှာလည်း လူသုံးယောက်ထက်မံသတ်ပြီးတော့ နောက်ဆုံး shipman လူမိဖို့စတင်ဖြစ်လာပါတော့တယ်။ အဲ့တာကတော့ shipman ဟာ သူသတ်မဲ့ လူနာတစ်ယောက်ရဲ့အမွေဆက်ခံမဲ့သူနာမည်ကို သူ့နာမည်ထည့်သွင်းရေးသားခဲ့လို့ပါ။ ကံဆိုးစွာဖြင့် သေဆုံးသွားတဲ့လူနာဖြစ်သူရဲ့ သမီးဟာ ရှေ့နေဖြစ်နေတာကြောင့်ပဲ မယုံသင်ကာဖြစ်ပြီး Harold shipman ကို စစစ်ဆေးမှုတွေလုပ်တာမှာနောက်ကြောင်းတွေအကုန်ပေါ်သွားခဲ့တာပဲဖြစ်ပါတယ်။
Harold shipman ကတော့သူအပြစ်မရှိကြောင်း နဲ့ ဘာကြောင့်သတ်လဲမပြောကြားခဲ့ပါဘူး။ တရားရုံးကတော့ သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခဲ့ပြီးတော့ အသက် ၅၈ နှစ် ရောက်တဲ့ အခါမှာတော့ Harold shipman ဟာ ကိုယ့်ကိုကိုယ်လည်ကြိုးဆွဲချအဆုံးစီရင်ခဲ့ပါတယ်။
ဒီ အကြောင်းအရာကတော့ ဆရာအဝန်အဖြစ်နဲ့ ကွင်းဆက်လူသတ်သမားရှိခဲ့တဲ့အကြောင်းအရာလေးပါ အခုအချိန်ထိလဲ google မှာ DR DEATH အဖြစ်နဲ့ရှာလိုက်မယ်ဆိုရင်သူ့အကြောင်းအရာဟာပေါ်လာမှာပဲဖြစ်ပါတယ်။

04/12/2024

ဒီနေ့ပြောသွားမှာကတော့ ၁၉၄၇ခုနှစ် မှာ နာမည်ကြီးတဲ့သတင်းခေါင်းစဥ်တွေအဖြစ်နဲ့တက်ခဲ့တဲ့ The Ourang Medan ဆိုတဲ့သင်္ဘောအကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်။ 1947 ခုနှစ် Indianသမုဒ္ဒရာပင်လယ်ပြင်အတွင်းကုန်တင်သင်္ဘောတခုကနေပြီးတော့ သတင်းစကား တစ်ခုရောက်လာခဲ့ပါတယ် အဲ့တာကတော့ "အရာရှိအပါအဝင် အဖွဲ့သားတစ်ဦး မရှင်ပဲ ခန်းမနှင့် တံခါးဝမှာ သေကုန်ကြပြီ” နောက်ထက်ခဏအကြာမှာတော့" ငါလဲသေပြီ" ဆိုပြီးသတင်းရောက်လာတယ်။
ဒီ ရေဒီအချက်ပြတာကို American, Dutch နဲ့ England တစ်ခွင်ရေဒီယိုလှိုင်းဖမ်းတဲ့ရုံးတွေကနေပြီးတော့ဖမ်းယူရရှိခဲ့ကြပြီး ထိုသင်္ဘောမှာကျန်ရစ်နေသောလူတွေကိုကယ်ဆယ်ဖို့အတွက် ကယ်ဆင်ရေးအဖွဲ့တွေကရောက်လာခဲ့ကြတယ်။ ကယ်ဆယ်ရေးအသင်းသားတွေ ourang ဆိုတဲ့ သင်္ဘောပေါ်ရောက်သွားတဲ့အခါမှာ မြင်တွေ့ရတာကတော့ရှိသမျှလူတွေအကုန်လုံး သေနေကြတာတွေ့လိုက်ရတာပါ။ ဒါပေမဲ့ အလွန်ထူးဆန်းတာကတော့ သူတို့သေနေတဲ့ ပုံစံအနေအထားတွေက တခုခုကိုလန့်ဖြန့်ပြီးကြက်သေသေနေသလိုမျက်လုံးတွေဖွင့်ပြီးသေနေကြတာပါ။ လူတွေအကုန်လုံးက အပေါ်ကိုမော့ကြည့်နေကြပြီးတော့ တစ်ခုခုကို ကာကွယ်နေသလိုပုံစံမျိူးနဲ့ သေနေကြတာပါ။ အကူအညီတောင်းတဲ့ ရေဒီအချက်ပြသူဟာလဲ သင်္ဘောခေါင်းပိုင်းမှာ ရေဒီယိုအချက်ပြခလုပ်ကိုကိုင်နေတုန်းသေနေတာကိုတွေ့ခဲ့တယ်။ အဲ့ထက်ထူးဆန်းတာကတော့ မကြာသေးခင်ကမှ ရေဒီယိုအချက်ပြတဲ့သူရဲ့ခနွာကိုယ်က တော်တော်ကိုမြန်ဆန်စွာပုတ်ပွလာတာကိုပါပဲ။
ကယ်ဆယ်ရေးအဖွဲ့လည်း သင်္ဘောကိုတက်ရောက်ပြီးနောက် ချင်ချင်းဆိုသလို ဘာဖြစ်တာလဲဆိုတာစတင်စစ်ဆေးဖို့လုပ်မဲ့ အခါမှာတော့
မီးလောင်မှုဖြစ်ပွားခဲ့ပြီး Ourang ဆိုတဲ့သင်္ဘောကိုချက်ချင်းစွန့်ခွာဖို့လုပ်ရပါတော့တယ်။ ကယ်ဆယ်ရေးအဖွဲ့သင်္ဘောကဆင်းဆင်းချင်းမှာပဲ ourang သင်္ဘောကြီးဟာလဲပေါက်ကွဲမှုပြင်းပြင်းထန်ထန်ဖြစ်သွားခဲ့ပြီးတော့ သက်သေမရှိတဲ့ဖြစ်ရပ်တစ်ခုလိုသွားခဲ့ပါတော့တယ်။
ဒီအတွက်အဖြစ်အဖျက်ကတော်တော်ကိုထူးဆန်းလွန်းတဲ့ဖြစ်ရပ်ဖြစ်တာကြောင့်ပဲအခုအချိန်ထိကိုလူတော်တော်များများမယုံနိုင်တဲ့ဖြစ်ရပ်တခုလိုဖြစ်နေကြပါတယ်။ဒါပေမဲ့ နိုင်ငံတကာတိုင်းမှာရှိတဲ့ ရေဒီယိုသံရုံးတွေကနေပြီးတော့ အချက်ပြမှုတွေကတကယ်ပဲ ရရှိခဲ့တယ်ဆိုတာ သက်သေအနေနဲ့ ကျန်ရှိခဲ့တယ်။ ၅နှစ်အကြာမှာတော့ အမေရိကန်ကမ်းခြေစောင့်တပ်ကနေပြီးတော့လည်းဒီဖြစ်ရပ်ကို ပြန်လည်ပြီးတော့ ပြည်သူတွေကိုပြန်ချပြခဲ့တာပဲဖြစ်ပါတယ်။

ဆန်းကျယ်တဲ့ကံတရားနဲ့ပဲ လက်သမားကြီး Jerry Hicks(ဂျယ်ရီဟစ်)ဟာ နေ့ချင်းညချင်းလူချမ်းသာကြီးဖြစ်သွားခဲ့ပါတယ်။အမေရိကန်နိုင်ငံမ...
02/11/2024

ဆန်းကျယ်တဲ့ကံတရားနဲ့ပဲ လက်သမားကြီး Jerry Hicks(ဂျယ်ရီဟစ်)ဟာ နေ့ချင်းညချင်းလူချမ်းသာကြီးဖြစ်သွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံမြောက်ကရိုလိုင်းနားပြည်နယ်၊ ဘန်နာအက်မြို့မှာ နေထိုင်တဲ့ Jerry Hicks ဟာ အမှတ် ၁၀၅ ပြည်နယ်လမ်မကြီးပေါ်က စတိုးဆိုင်မှာ ဈေးဝင်ဝယ်ဖို့လုပ်ရင် ဒေါ်လာ ၂၀ တန်တစ်ရွက်ကားပါကင်မှာ ကောက်ရခဲ့ပါတယ်။
သူက ကောက်ရတဲ့ပိုက်ဆံနဲ ခဲခြစ်ထီလက်မှတ်တစ်စောင် ဝယ်ယူခဲ့တာပါ။ တကယ်တော့ သူထိုးချင်တဲ့ ထီလက်မှတ် အမျိုးအစားမရှိလို့ တခြားထီလက်မှတ် ဝယ်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၁ သန်း ထီဆု ဆွတ်ခူးခဲ့တာပါ။
သူဟာ တစ်နှစ် ဒေါ်လာ ၅၀၀၀၀ နဲ့ နှစ် ၂၀ ကြာအရစ်ချယူခွင့်အစားတစ်လုံးတစ်ခဲတည်း ဒေါ်လာ ၆၀၀၀၀၀ယူဖို့ဆုံးဖြတ်ခဲ့ပြီးအခွန်ဆောင်ပြီးဒေါ်လာ ၄၂၉၀၀၇ ရရှိသွားခဲ့ပါတယ်။ လက်သမားအဖြစ် ၅၆နှစ်ကြာအသက်မွေးဝမ်းကျောင်းခဲ့တဲ့ ဂျယ်ရီဟစ်ဟာ ထီပေါက်ပြီးနောက်မှာတော့ အလုပ်ကနေအနားယူတော့မှာဖြစ်ပြီး ထီဆုကြေးငွေကို သူ့သားသမီးတွေရှေ့ရေးအတွက် သုံးစွဲသွားမယ်လိုဆိုပါတယ်။

အချစ်အတွက်အရာရာရင်ဆိုင်မယ် 💓🤣
31/10/2024

အချစ်အတွက်အရာရာရင်ဆိုင်မယ် 💓🤣

ငါ့အကြောင်းအတင်းတုပ်တာမင်းလား?
31/10/2024

ငါ့အကြောင်းအတင်းတုပ်တာမင်းလား?

Address

Maddington, WA

Website

Alerts

Be the first to know and let us send you an email when Funwithus MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share