22/12/2025
https://www.facebook.com/share/14PpsJgDRxn/
“True Choice Myanmar စစ်တမ်းရဲ့ နောက်ကွယ်က မဟာဗျူဟာမြောက် ရည်ရွယ်ချက်”
True Choice Myanmar စစ်တမ်းကို ဘာကြောင့် ကောက်ယူတာလဲ၊ ဖြေဆိုခြင်းအားဖြင့် ဘာတွေပြောင်းလဲသွားမှာလဲဆိုတဲ့ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို လိုလားနေတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို အငြင်းပွားဖွယ်မရှိအောင် ခိုင်မာသော အချက်အလက် (Data) များဖြင့် နိုင်ငံတကာသို့တင်ပြခြင်း။
၂။စစ်တမ်းမှ ရရှိလာတဲ့ ရလဒ်တွေကို မဟာဗျူဟာမြောက် အကျဉ်းချုပ် အစီရင်ခံစာများ (Briefing Papers)အဖြစ် ပြုစုပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံတမန်များနဲ့ ပေါ်လစီရေးဆွဲသူများထံ တိုက်ရိုက် ပေးပို့ပြီး မြန်မာ့အရေး မူဝါဒများကို သတ်မှတ်ရာမှာ ပြည်သူ့အသံကို မလွဲမသွေ ထည့်သွင်းစဉ်းစားလာစေရန် တွန်းအားပေးခြင်း။
True Choice Myanmar စစ်တမ်းက ရိုးရိုးစစ်တမ်းတစ်ခု မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မြန်မာပြည်သူလူထုက စုပေါင်းထုတ်ဖော်လိုက်တဲ့ ပြည်သူ့အသံ၊ ပြည်သူ့ရွေးချယ်မှု၊ ပြည်သူ့အနာဂတ်ဖြစ်ပါတယ်။
စစ်တမ်းဖြေဆိုရန် ➡️ https://www.truechoicemyanmar.org
#ပြည်သူ့ဆန္ဒသဘောထား
#သင့်အသံသင့်ရွေးချယ်မှုသင့်အနာဂတ်
#မြန်မာ့အသံကမ္ဘာကကြားစေဖို့
#ဖက်ဒရယ်ဒီမိုကရေစီ