𝐒𝐚𝐥𝐚𝐢 𝐌𝐮𝐤𝐨

𝐒𝐚𝐥𝐚𝐢 𝐌𝐮𝐤𝐨 Mi vialte ca țhathnemmi le theih awktlak le hngalh awktlak postnak a si caah na hawile share ve hna.
(1)

22/12/2025

Uar um tuk

Salai Fellowship Cup - ဖူဆယ်ပွဲ ပါဝင်ပေးကြပါရန် ဖိတ်ကြားခြင်းDate  2 February 2026 (Monday)ချစ်ရတဲ့ ညီအကို မိတ်ဆွေ သူငယ်...
20/12/2025

Salai Fellowship Cup - ဖူဆယ်ပွဲ ပါဝင်ပေးကြပါရန် ဖိတ်ကြားခြင်း

Date 2 February 2026 (Monday)

ချစ်ရတဲ့ ညီအကို မိတ်ဆွေ သူငယ်ချင်းများ အားလုံး မဂ်လာပါ။ လာမည့် ဖေဖော်ဝါရီလ ၂ရက် ၂၀၂၆ (Thaipusam Holiday)ကျရင် SFC ဖူဆယ်ပွဲ ပြုလုပ် ကျင်းပမည်ဖြစ်ပါတယ်။ သို့ဖြစ်၍ မိတ်ဆွေ သူငယ်ချင်းများ အားလုံး ပါဝင်ပေးကြဖို့ ဖိတ်ကြားအပ်ပါတယ်။

မှတ်ချက် ။ အသင်း ၂၀​ ပြည့်မှသာလျှင် ပွဲကျင်းပမှာ ဖြစ်ပြီး ၃၂ သင်းထိ လက်ခံမှာ ဖြစ်ပါတယ်။ဇန်နဝါရီလ ၁၀ ရက် ၂၀၂၆ နောက်ဆုံးထားပြီး ဆက်သွယ်လိုက်ပါ။

# လူဝယ်လို့လည်း ရမှာဖြစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဝင်ကြေး = RM 500

Champion = RM 2500,
(Trophy, Medal)
1st Runner Up = RM 1500,(Medal)

Individual 1) Best Goalkeeper
2) Top Scorer
3) Best Player

Contact WhatApp
0182827545
01163664976

20/12/2025

A chim mi a fiang kho tuk

20/12/2025

Laipa uar a um bak

20/12/2025

Joshua Van Laipa bia halnak

16/12/2025

NUG a chuahtaknak a ruang

16/12/2025

Dr Sa Sa cu pa men lo bak a si.
A kong lam rak ngai ve.

သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုအဖြစ် ကုလညီလာခံ ထပ်မံအတည်ပြုသည်။
16/12/2025

သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုအဖြစ် ကုလညီလာခံ ထပ်မံအတည်ပြုသည်။

The Vietnam War (ဗီယက်နမ်စစ်ပွဲ)The Vietnam War was a long and difficult conflict in Southeast Asia. It lasted from the ...
15/12/2025

The Vietnam War (ဗီယက်နမ်စစ်ပွဲ)
The Vietnam War was a long and difficult conflict in Southeast Asia. It lasted from the mid-1950s until 1975 and changed the history of many nations.

ဗီယက်နမ်စစ်ပွဲဟာ အရှေ့တောင်အာရှမှာဖြစ်ပွါးခဲ့တဲ့ ရှည်လျားပြီး ခက်ခဲတဲ့ ပဋိပက္ခတစ်ခုဖြစ်ခဲ့တယ်။ ဗီယက်နမ်စစ်ပွဲဟာ ၁,၉၅၀ ခုနှစ်အလယ်ပိုင်းလောက်ကနေ ၁,၉၇၅ နှစ်ခုအထိ ၂၅ နှစ်တာ ကြာမြင့်ခဲ့ပြီး ဒီဗီယက်နမ်စစ်ပွဲက များစွာသော နိုင်ငံတွေရဲ့ သမိုင်းကို ပြောင်းလဲစေခဲ့တယ်။

The Roots of the Conflict (ပဋပက္ခ၏ အစပျိုးမှုများ)
1. Vietnam was once a colony ruled by France for many years. After World War II, many Vietnamese people wanted their independence from foreign rule. A leader named Ho Chi Minh led the fight against the French military. Eventually, the French were defeated at the famous Battle of Dien Bien Phu.

၁။ ကိုလိုနီခေတ်မှာ ဗီယက်နမ်နိုင်ငံကို ပြင်သစ်အင်ပါယာက နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်ခဲ့တယ်။ ဒုတိယ,ကမ္ဘာစစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ဗီယက်နမ်လူမျိုး,အများအပြားဟာ ပြင်သစ်ဆီက လွတ်လပ်ရေးကို လိုချင်ခဲ့ကြတယ်။ "ဟိုချီမင်း" (Ho Chi Minh) လို့ခေါ်တဲ့ ခေါင်းဆောင်တစ်ဦးက ဗီယက်နမ်လူမျိုးတွေကို ဦးဆောင်ပြီး ပြင်သစ်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးမှာတော့ နာမည်ကြီးတိုက်ပွဲတစ်ခုဖြစ်တဲ့ "ဒျန်ဗျန်ဖူး" (Dien Bien Phu) တိုက်ပွဲမှာ ပြင်သစ်တို့ စစ်ရှုံးသွားခဲ့တယ်။

2. In 1954, an international agreement divided Vietnam into two separate parts. North Vietnam became a communist state led by Ho Chi Minh's government. South Vietnam was democratic and received support from the United States. This division was intended to be temporary until national elections could be held.

၂။ ၁,၉၅၄ ခုနှစ်မှာတော့ နိုင်ငံတကာသဘောတူညီချက်,စာချုပ်တစ်ခုအရ ဗီယက်နမ်ကို သီးခြားနှစ်ခြမ်း ပိုင်းခြားခဲ့တယ်။ မြောက်ဗီယက်နမ်ကတော့ "ဟိုချီမင်း" ဦးဆောင်တဲ့အစိုးရရဲ့ အုပ်ချုပ်မှုအောက်က ကွန်မြူနစ်အခြမ်းတစ်ခု ဖြစ်လာခဲ့တယ်။ တောင်ဗီယက်နမ်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ကျောထောက်နောက်ခံပြုခြင်းခံရပြီး ဒီမိုကရေစီအခြမ်းဖြစ်လာခဲ့တယ်။ ဒီလို ဗီယက်နမ်ကို နှစ်ခြမ်း,ပိုင်းခြားလိုက်ခြင်းဟာ တစ်နိုင်ငံလုံးအဆင့် အမျိုးသားရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့အထိပဲ ယာယီသဘော ရည်ရွယ်ပြီး,ပိုင်းခြားခဲ့ကြတာဖြစ်တယ်။

3. The United States feared the spread of communism throughout all of Asia. They believed in the Domino Theory, which suggested that if one country became communist, its neighbors would follow. To prevent this, the US sent military advisors to assist South Vietnam. They wanted to help the southern government stay in power and remain independent.

၃။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှတစ်ခွင်မှာ ကွန်မြူနစ်ဝါဒ ပြန့်ပွါးလာမှာကို စိုးရိမ်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အစိုးရအနေနဲ့ ဒိုမီနို,သီအိုရီ (Domino Theory) ကို ယုံကြည်ခဲ့တယ်၊ ဆိုလိုတာကတော့ တကယ်လို့သာ နိုင်ငံတစ်နိုင်ငံဟာ ကွန်မြူနစ်နိုင်ငံဖြစ်သွားခဲ့ရင် သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေကလည်း ကွန်မြူနစ်နိုင်ငံတွေ ဖြစ်လာကြလိမ့်မယ်ဆိုတဲ့ သီအိုရီပေါ့။ ကွန်မြူနစ်ဝါဒကို တားဆီးဖို့အတွက် အမေရိကန်က တောင်ဗီယက်နမ်သို့ အမေရိကန်စစ်ဖက်အကြံပေးတွေကို စေလွှတ်ခဲ့တယ်။ အမေရိကန်အနေနဲ့ တောင်ဗီယက်နမ်အစိုးရကို အာဏာဆက်လက်ရစေဖို့နဲ့ လွတ်လပ်စွာဆက်လက်ရပ်တည်နိုင်စေဖို့ ကူညီပေးချင်ခဲ့တယ်။

4. Many people living in the South actually opposed their own government's leaders. These southern rebels were known as the Viet Cong, and they supported the North. They used clever tactics and hidden traps to fight against the South Vietnamese forces. This internal conflict made the situation in the country very complicated and dangerous.

၄။ တောင်ဗီယက်နမ်မှာ နေထိုင်နေခဲ့ကြသူ ဗီယက်နမ်အများအပြားကလည်း သူတို့ရဲ့ တောင်ဗီယက်နမ်အစိုးရ ခေါင်းဆောင်တွေကို ဆန့်ကျင်ခဲ့ကြတယ်။ တောင်ဗီယက်နမ်ထဲက အစိုးရကို ပုန်ကန်သူတွေကို "ဗီယက်ကွန်" (Viet Cong) လို့ သိကြပြီး အဲ့ဒီပုန်ကန်သူတွေဟာ မြောက်ဗီယက်နမ် (ဟိုချီမင်းအစိုးရ) ကို ထောက်ခံခဲ့ကြတယ်။ အဲ့ဒီဗီယက်ကွန်တွေဟာ တောင်ဗီယက်နမ်အစိုးရတပ်တွေကို တိုက်ခိုက်ဖို့အတွက် လိမ္မာပါးနပ်တဲ့ နည်းဗျူဟာတွေနဲ့ ဖုံးကွယ်ထားတဲ့ ထောင်ချောက်တွေကို အသုံးပြုခဲ့ကြတယ်။ ဒီအတွင်းပဋိပက္ခက တောင်ဗီယက်နမ်က အခြေအနေကို လွန်စွာရှုပ်ထွေးပြီး အန္တရာယ်များစေခဲ့တယ်။

America Enters the War (အမေရိကန် စစ်ပွဲထဲသို့ ဝင်ရောက်လာခြင်း)
5. In 1964, a major naval event happened in the Gulf of Tonkin. The US claimed that North Vietnamese boats attacked their ships in the ocean. This led to a resolution that gave the US president more military power. Consequently, American combat troops began arriving in Vietnam in very large numbers.

၅။ ၁,၉၆၄ ခုနှစ်မှာတော့ "တုံကင်ပင်လယ်ကွေ့" (the Gulf of Tonkin) မှာ ကြီးမားတဲ့ ရေတပ်လှုပ်ရှားမှုတစ်ခု ဖြစ်ပွါးခဲ့တယ်။ မြောက်ဗီယက်နမ်လှေတွေက "တုံကင်ပင်လယ်ကွေ့" မှာ အမေရိကန်ရဲ့သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ပြောခဲ့တယ်။ ဒီအဖြစ်အပျက်က အမေရိကန်သမ္မတအား စစ်ရေးအာဏာကို ပိုမိုပေးအပ်အသုံးပြုဖို့ ဆုံးဖြတ်ချက်ဆီကို ဦးတည်စေခဲ့တယ်။ ဒါကြောင့်ပဲ အမေရိကန် တိုက်ခိုက်ရေးတပ်ဖွဲ့ အများအပြားဟာ ဗီယက်နမ်သို့ စတင်ရောက်လာခဲ့ကြတယ်။

6. The war was very different from previous global conflicts like World War II. The Viet Cong used guerrilla warfare, which involves surprise attacks and then hiding. They built complex underground tunnels to move around without being seen by airplanes. US soldiers found it very difficult to find and fight these hidden enemies.

၆။ ဒီဗီယက်နမ်စစ်ပွဲဟာ ဒုတိယ,ကမ္ဘာစစ်လို ကမ္ဘာလုံးဆိုင်ရာစစ်ပွဲတွေနဲ့ လုံးဝမတူပဲ ခြားနားနေခဲ့တယ်။ ဗီယက်ကွန်တွေက ရုတ်တရက်,အလစ်ငိုက်တိုက်ပြီးပုန်းကွယ်သွားတဲ့ စစ်တိုက်နည်းဗျူဟာဖြစ်တဲ့ ပြောက်ကျားစနစ် (guerrilla warfare) ကို အသုံးပြုခဲ့ကြတယ်။ လေယဥ်တွေပေါ်က မမြင်ရလေအောင် ဗီယက်ကွန်တွေဟာ တစ်နေရာမှ တစ်နေရာသို့ သွားလာဖို့ ရှုပ်ထွေးတဲ့ မြေအောက်လှိုဏ်ဂူတွေကို တည်ဆောက်ခဲ့ကြတယ်။ အမေရိကန်စစ်သားတွေအနေနဲ့ ဒီပုန်းကွယ်နေတဲ့ ဗီယက်ကွန်တွေကို ရှာဖွေပြီး တိုက်ခိုက်ဖို့ကို လွန်စွာအခက်အခဲတွေ့ခဲ့ကြတယ်။

7. The geography of Vietnam was a huge challenge for the visiting soldiers. The country is covered in thick jungles, wet swamps, and tall mountains. The hot and humid weather caused many health problems for the American troops. This difficult environment often protected the North Vietnamese forces from heavy air attacks.

၇။ ဗီယက်နမ်ရဲ့ ပထဝီဝင်အနေအထားကလည်း နယ်မြေမကျွမ်းကျင်တဲ့ အမေရိကန်စစ်သားတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တယ်။ ဗီယက်နမ်နိုင်ငံကို ထူထပ်တဲ့ တောတောင်တွေ၊ စိုစွတ်တဲ့ ရွှံ့နွံတွေနဲ့ မြင့်မားလှတဲ့ တောင်တန်းတွေက ဖုံးလွှမ်းထားတယ်။ ပူအိုက်တဲ့ ဗီယက်နမ်,ရာသီဥတုကလည်း အမေရိကန်စစ်သားတွေအတွက် ကျန်းမာရေးပြဿနာများစွာကို ဖြစ်ပွါးစေခဲ့တယ်။ ဒီခက်ခဲတဲ့ သဘာဝပတ်ဝန်းကျင်က မြောက်ဗီယက်နမ်တပ်ဖွဲ့တွေကို ပြင်းထန်တဲ့ အမေရိကန်လေကြောင်းရန်မှ မကြာခဏ ကာကွယ်ပေးခဲ့တယ်။

8. To clear the thick forests, the US military used powerful chemical sprays. They used a chemical called Agent Orange to kill the plants and trees. They also used na**lm, which is a sticky, flammable jelly that burns everything it touches. These weapons caused long-term damage to the land and the health of the people.

၈။ ထူထပ်တဲ့ တောအုပ်တွေကို ရှင်းလင်းဖို့အတွက် အမေရိကန်စစ်တပ်အနေနဲ့ ပြင်းထန်တဲ့ ဓာတုဗေဒဖျန်းဆေးတွေကို အသုံးပြုခဲ့တယ်။ အပင်တွေနဲ့ သစ်ပင်တွေကို သေစေဖို့အတွက် အမေရိကန်စစ်တပ်က အေးဂျန့်ထ်အောရိန့်ချ် (Agent Orange) လို့ခေါ်တဲ့ ဓာတုပစ္စည်းကိုလည်း အသုံးပြုခဲ့တယ်။ အမေရိကန်စစ်တပ်ဟာ ထိတွေ့သမျှကို လောင်ကျွမ်းစေတဲ့ စေးကပ်ပြီး မီးလောင်လွယ်တဲ့ နေဖာမ်း (Na**lm) ဗုံးကိုလည်း အသုံးပြုခဲ့တယ်။ အမေရိကန်စစ်တပ်က အသုံးပြုခဲ့တဲ့ ဒီလက်နက်တွေဟာ ဗီယက်နမ် မြေယာနဲ့ လူတွေရဲ့ ကျန်းမာရေးကို ရေရှည်ထိခိုက်စေခဲ့တယ်။

မှတ်ချက်။ ဒီဗီယက်နမ်စစ်ပွဲပို့စ်ရဲ့ ပုံမှာ အဝတ်အစားဗလာနဲ့ ပြေးလွှားနေခဲ့တဲ့ မိန်းကလေးဟာ သူမရဲ့အိမ်ပေါ်သို့ အမေရိကန်လေတပ်က နေဖာမ်း (Na**lm) ဗုံးကြဲချခဲ့လို့ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး စေးကပ်လောင်ကျွမ်းခဲ့ရတာကြောင့် အဝတ်အစားတွေကိုချွတ်ပြီး လမ်းမပေါ်မှာ ပြေးလွှားနေခဲ့တာပါ။ သူမရဲ့နာမည်ကတော့ “ဖမ်း သီ ခင် ဖုခ်" (Pham Thi Kim P**c) ဖြစ်ပါတယ်။ ဒါက ကမ္ဘာကျော် ဓာတ်ပုံ,တစ်ပုံပါ။ ခင် (Kim) ကို Na**lm Girl လို့လည်း ကမ္ဘာတစ်ဝှမ်းက သိကြပါတယ်။ အခုချိန်မှာ ခင် (Kim) ဟာ ကနေဒါနိုင်ငံမှာ နေ,နေပြီး၊ သူမနဲ့ ကျွန်တော် အပြင်မှာ ဆုံဖူးပါတယ်။ ဒီပို့စ်ရဲ့ Comment box မှာ Kim နဲ့ ကျွန်တော့်ပုံကို Pin လုပ်ပေးထားပါမယ်။

A Turning Point and Protest (အလှည့်အပြောင်းနှင့် ကန့်ကွက်ဆန္ဒပြမှုများ)
9. As the years passed, the United States sent more and more soldiers. By 1968, there were over half a million American troops stationed in Vietnam. The cost of the war was rising significantly every single day. Despite the high number of soldiers, the war was not ending as quickly as expected.

၉။ တိုက်ပွဲကာလ,နှစ်တွေကြာလာတာနဲ့အမျှ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပိုမိုများပြားတဲ့ စစ်သားတွေကို စေလွှတ်ခဲ့တယ်။ ၁,၉၆၈ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံအတွင်းမှာ အခြေစိုက်တဲ့ အမေရိကန်တပ်သား အရေအတွက်ဟာ ငါးသိန်းကျော်အထိ ရှိလာခဲ့တယ်။ စစ်ပွဲရဲ့ ကုန်ကျစရိတ်ကလည်း နေ့စဥ်နဲ့အမျှ သိသိသာသာ မြင့်တက်လာခဲ့တယ်။ စစ်သားအရေအတွက် များပြားနေခဲ့ပေမယ့်လည်း စစ်ပွဲဟာ မျှော်လင့်ထားသလို လျင်လျင်မြန်မြန် ပြီးဆုံး,မသွားခဲ့ဘူး။

10. In 1968, the North launched a massive surprise attack called the Tet Offensive. They attacked many major cities in South Vietnam at the same time. While the Allies pushed them back, the attack shocked the American public. It proved that the North was still very strong and highly organized.

၁၀။ ၁,၉၆၈ ခုနှစ်မှာ မြောက်ဗီယက်နမ်ဖက်က တက်ထိုးစစ် (Tet Offensive) လို့အမည်ပေးထားတဲ့ ရုတ်တရက်,အလစ်ငိုက် ထိုးစစ်ဆင်,တိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့တယ်။ မြောက်ဗီယက်နမ်တပ်တွေက တောင်ဗီယက်နမ်မှာရှိတဲ့ အဓိက,မြို့ကြီးတွေကို တစ်ပြိုင်တည်း,တစ်ချိန်တည်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ တောင်ဗီယက်နမ်တပ်တွေနဲ့ မဟာမိတ်တပ်တွေက မြောက်ဗီယက်နမ်ရဲ့ ထိုးစစ်ကို ပြန်လည်တွန်းလှန်နိုင်ခဲ့ပေမဲ့ အဲ့ဒီတက်ထိုးစစ်က အမေရိကန်တွေကို အံ့သြသင့်,တုန်လှုပ်စေခဲ့တယ်။ အဲ့ဒီတက်ထိုးစစ်က မြောက်ဗီယက်နမ်ဟာ အင်အားတောင့်တင်းဆဲဖြစ်ပြီး စနစ်တကျရှိနေဆဲဖြစ်ကြောင်းကို သက်သေပြခဲ့တယ်။

11. Back in the United States, many people began to strongly oppose the war. They held large protests in big cities and on many university campuses. They believed the war was unfair and was causing too much unnecessary death. Television news showed the harsh reality of the war to families watching at home.

၁၁။ အမေရိကန်ပြည်ထောင်စုထဲမှာ လူတွေက ဗီယက်နမ်စစ်ပွဲကို အလိုမရှိကြောင်း ပြင်းပြင်းထန်ထန် စတင်ကန့်ကွက်လာခဲ့ကြတယ်။ အမေရိကန်ပြည်သူတွေက အမေရိကန် မြို့ကြီးတွေနဲ့ တက္ကသိုလ်နယ်မြေတွေမှာ ကြီးမားတဲ့ ဆန္ဒပြပွဲ (Protests) တွေကို ကျင်းပခဲ့ကြတယ်။ အမေရိကန်စစ်တပ်ရဲ့ မြောက်ဗီယက်နမ်အပေါ် ထိုးစစ်ဟာ မတရားကြောင်းနဲ့ မလိုအပ်ဘဲ သေဆုံးမှုများစွာကို ဖြစ်ပေါ်နေစေကြောင်း အမေရိကန်ပြည်သူတွေက ယုံကြည်ခဲ့ကြတယ်။ ရုပ်မြင်သံကြားသတင်း (Television news) တွေက စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုပ်တဲ့ အမှန်တရားတွေကို အမေရိကန်ပြည်ထောင်စုထဲက အိမ်တွေမှာ စောင့်ကြည့်နေကြတဲ့ မိသားစုတွေကို ပြသခဲ့ကြတယ်။

The End of the War (ဗီယက်နမ်စစ်ပွဲ၏ အဆုံးသတ်)
12. President Richard Nixon introduced a new policy called Vietnamization. This plan aimed to train South Vietnamese soldiers to fight the war on their own. The United States began to slowly bring its troops back home to America. However, the fighting on the ground continued to be very intense and bloody.

၁၂။ ၁,၉၆၉ ကနေ ၁,၉၇၄ အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ ၃၇ ယောက်မြောက် သမ္မတ "ရစ်ချက် နစ်ဆင်" (Richard Nixon) က ဗီယက်နမ်အသွင်ကူးပြောင်းရေး (Vietnamization) လို့ခေါ်တဲ့ မူဝါဒအသစ်တစ်ခုကို မိတ်ဆက်ခဲ့တယ်။ ဒီအစီအစဥ်က တောင်ဗီယက်နမ်စစ်သားတွေကို သူတို့ဘာသာသူတို့ မြောက်ဗီယက်နမ်တပ်ဖွဲ့တွေအား စစ်တိုက်နိုင်ဖို့ လေ့ကျင့်ပေးရန်အတွက် ရည်ရွယ်ခဲ့တယ်။ အမေရိကန်အစိုးရအနေနဲ့ သူ့ရဲ့ အမေရိကန်စစ်သားတွေကို အမေရိကန်ပြည်ထောင်စုသို့ ဖြည်းဖြည်းချင်း ပြန်လည်ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ ဗီယက်နမ်စစ်မြေပြင်မှာတော့ တိုက်ပွဲက ဆက်လက်ပြီး သွေးထွက်သံယို ပြင်းထန်နေခဲ့သေးတယ်။

13. In 1973, the US and North Vietnam finally signed a peace agreement in Paris. The United States agreed to withdraw all of its remaining military forces from the country. In exchange, the North agreed to release all American prisoners of war. This brought an end to direct American involvement in the long conflict.

၁၃။ ၁,၉၇၃ ခုနှစ်မှာတော့ အမေရိကန်နဲ့ မြောက်ဗီယက်နမ်တို့ဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို နောက်ဆုံးမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ ကျန်ရှိနေသေးတဲ့ အမေရိကန်တပ်သားအားလုံးကို ဗီယက်နမ်မှ ဆုတ်ခွါပေးဖို့ သဘောတူခဲ့တယ်။ အပြန်အလှန်အားဖြင့် မြောက်ဗီယက်နမ်ကလည်း အမေရိကန် စစ်သုံ့ပန်းအားလုံးကို လွှတ်ပေးဖို့ သဘောတူခဲ့တယ်။ ဒီအပြန်အလှန်သဘောတူညီချက်က အမေရိကန်နိုင်ငံရဲ့ ရှည်လျားလှတဲ့ ဗီယက်နမ်ပဋိပက္ခမှာ ပါဝင်ပတ်သတ်မှုကို အဆုံးသတ်စေခဲ့တယ်။

14. Without American help, South Vietnam became much weaker than the North. In April 1975, the North launched a final attack on the southern capital. The city of Saigon fell to the communist forces very quickly. Vietnam was finally reunited into one single communist country after decades of fighting.

အမေရိကန်ရဲ့ အကူအညီမပါတာကြောင့် တောင်ဗီယက်နမ်ဟာ မြောက်ဗီယက်နမ်ထက် များစွာအင်အားနည်းလာခဲ့တယ်။ ၁,၉၇၅ ခုနှစ်၊ ဧပြီလမှာ မြောက်ဗီယက်နမ်က တောင်ဗီယက်နမ်ရဲ့မြို့တော်ကို နောက်ဆုံးအကြိမ် ထိုးစစ်တစ်ခုကို ဆင်နွှဲခဲ့တယ်။ "ဆိုင်းဂုံ" (Saigon) မြို့ဟာ "ဟိုချီမင်း" ဦးဆောင်တဲ့ ကွန်မြူနစ်တပ်ဖွဲ့တွေရဲ့လက်ထဲသို့ မြန်မြန်ဆန်ဆန်ပဲ ကျရောက်သွားခဲ့တယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဗီယက်နမ်ဟာ နောက်ဆုံးမှာ တစ်ခုတည်းသော ကွန်မြူနစ်နိုင်ငံအဖြစ် ပြန်လည်ပေါင်းစည်းသွားခဲ့တယ်။

15. The Vietnam War had a lasting and painful impact on the entire world. Millions of people lost their lives, including soldiers and many innocent civilians. It changed how people viewed their governments and the use of military power. Today, Vietnam is a developing nation that focuses on peace, tourism, and international trade.

၁၅။ ဗီယက်နမ်စစ်ပွဲဟာ တစ်ကမ္ဘာလုံးအပေါ် ကြာရှည်ပြီး နာကျင်စရာကောင်းတဲ့ သက်ရောက်မှုတွေ ရှိခဲ့တယ်။ စစ်သားတွေနဲ့ အပြစ်မဲ့ အရပ်သားတွေအပါအဝင် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရတယ်။ ဗီယက်နမ်စစ်ပွဲဟာ လူတွေအနေနဲ့ သူတို့ရဲ့ အစိုးရနဲ့ စစ်အင်အားအသုံးပြုမှုတို့အပေါ် ရှုမြင်ပုံကို ပြောင်းလဲစေခဲ့တယ်။ ဒီနေ့အချိန်မှာတော့ ဗီယက်နမ်နိုင်ငံဟာ ငြိမ်းချမ်းရေး၊ ခရီးသွားလာရေးလုပ်ငန်းနဲ့ နိုင်ငံတကာကုန်သွယ်ရေး စတာတွေကိုအာရုံစိုက်ပြီး ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတစ်ခု ဖြစ်နေပြီဖြစ်တယ်။

Source - Britannica
With love,
Aung Kyaw Lai 🤎



(ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာတောင်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ - Wetlet informati...
14/12/2025

(ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာတောင်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ - Wetlet information Network)

12/12/2025

Even le Pastor Rian an tuanti kho lonak
A ruang

11/12/2025

Nawl ngainak kong
A fiang taktak

Address

Hayden Street, Hoppers Crossing
Melbourne, VIC
3029

Alerts

Be the first to know and let us send you an email when 𝐒𝐚𝐥𝐚𝐢 𝐌𝐮𝐤𝐨 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐒𝐚𝐥𝐚𝐢 𝐌𝐮𝐤𝐨:

Share