Chin Khit Thit Media

Chin Khit Thit Media Like & Share Followers ဖြစ်ကူညီပါ။
ကျေးဇူးတင်ပါတယ်။

29/05/2026

ဒီကောင်မအရမ်းရိုင်းတယ် Respect မရှိဘူး 😡😡
လူဆိုတာကြီးကြီးငယ်ငယ်တစ်ယောက်နဲ့တစ်ယောက်လေးစားတန်ဖိုးထားရတယ်
တော်တော်မိုက်ရိုင်းလွန်းတယ် ဘယ်သူကအလုပ်ခန့်တာလဲ သူ့ကြောင့်ချင်းလူမျိုးနာမည်ပျက်တယ်🤣

06/05/2026

မလေးရှားနိုင်ငံမှာ ကိုယ့်ရဲ့ ဇနီးမယားတော်ခဲ့ဖူးသူကို လူမြင်ကွင်းမှာ သတ်ဖြတ်ခဲ့သူ တရားဥပဒေရဲ့ စီရင်ခြင်းကို ခံနေရပြီ။

အလုပ်လက်မဲ့ဖြစ်နေတဲ့ အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်ထွန်းငွါ (Aung Tun Ngwa) ကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က တာမန်စီတာပတ်အင်ဒါဂျာ (Taman Setapak Indah Jaya) မှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတွဲတစ်ခုရှေ့မှာ သူ့ရဲ့ဇနီးဟောင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် မေရီယက်ငွါ (Merry Yet Ngwa) ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကွာလာလမ်ပူတရားရုံး (Kuala Lumpur Magistrate's Court) မှာ မေလ ၅ ရက် အင်္ဂါနေ့က တရားစွဲဆိုလိုက်ပါတယ်။

ဒီအမှုဟာ အထက်တရားရုံး (High Court) ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိနေတဲ့အတွက် တရားခံဆီကနေ အပြစ်ရှိမရှိ ဝန်ခံချက်ကိုတော့ တစ်စုံတစ်ရာ မှတ်တမ်းတင်ယူတာမျိုး မလုပ်ဆောင်ခဲ့ပါဘူး။

06/05/2026

အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ သတင်းဖြစ်ပါတယ်။

အသက် (၁၁) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ ကြိုးစားခဲ့တဲ့ ရိုဟင်ဂျာတစ်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

United States 🇺🇸
Rohingya SIAL Ini Mengaku Dari Malaysia 🤬 Sebab Itu Kerajaan Patut Tutup UNCHR Yang Haram Itu Kat Malaysia
Rohingya Ini Ditangkap Cuba Ajak Budak Perempuan 11 Tahun Untuk Buat Hubungan S3ks
Updateinfo 🌍

04/05/2026

ဇော်မေးလုံး နောင်သရသွားပြီ။
AI မဟုတ်ဘူးနော်။

29/04/2026

ခွင့်ပြန်တွေကို
အမျိုးမျိုး သတင်းတွေကတက်နေတယ်ဗျာ
သူဌေးမတူလို့ခွင့်စာမကျတာ
တစ်လကျော်လို့ခွင့်စာမကျတာတွေ
စိတ်ညစ်လို့တောင်မပြီးသေးဘူး
အခုကလာပြန်ပြီ ဗျားးးးး😔

29/04/2026

Setan an biak ning hi a mak ngai vailam tah an hmang ve ko nain a ning telet in an tar. Setam biak in zawng an sak ve reng reng ko.

28/04/2026

ကွယ်လွန်သူ ညီမ ဖြစ်သူရဲ့ ရုပ်အလောင်းကို ယူဆောင်လာပြီး ဘဏ်မှာ ငွေလာထုတ်တဲ့ အစ်ကို
++++++++++++++++++++

အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်မှာ အသက် ၅၀ ဝန်းကျင်ရှိတဲ့ မျိုးသားတစ်ဦးဟာ သေဆုံးပြီးဖြစ်တဲ့ ညီမ ဘဏ်အကောင့်ကနေ ငွေထုတ်ယူဖို့ ကြိုးပမ်းစဉ် အခက်အခဲများကြုံတွေ့ခဲ့ပြီးနောက်ဆုံး ညီမဖြစ်သူ အရိုးစုကို ပြန်လည်တူးဖော်ကာ ဘဏ်သို့ ယူဆောင်လာခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အဲဒီအမျိုးသားရဲ့ ညီမဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်ခဲ့ပြီး ဘဏ်အကောင့်အတွင်း ရူပီး ၂၀,၀၀၀ ခန့် ကျန်ရှိနေခဲ့တာကြောင့် အစ်ကိုဖြစ်သူက ထုတ်ယူဖို့ အကြိမ်ကြိမ် ဘဏ်သို့ သွားရောက်ခဲ့ပေမယ့်လည်း ဘဏ်ဝန်ထမ်းများက “အကောင့်ပိုင်ရှင်ကို ကိုယ်တိုင် လာရောက်ရန်” သို့မဟုတ် တရားဝင် အမွေဆက်ခံသူ အထောက်အထားများ တင်ပြရန် တောင်းဆိုခဲ့ပါတယ်။

အဲဒီအမျိုုးသားဟာ ပညာမတတ်တာကြောင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်နိုင်ခြင်း မရှိသဖြင့် လိုအပ်တဲ့ စာရွက်စာတမ်းများကို မတင်ပြနိုင်ခဲ့ပါဘူး။

ဒါကြောင့် သင်္ချိုင်းမှာ မြုပ်နှံထားတဲ့ သူရဲ့ ညီမ ဖြစ်သူအလောင်းကို ပြန်လည်တူးဖော်ကာ အရိုးစုကို ယူလာပြီး ဘဏ်တွင် ပြသခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဘဏ်တွင် အတုန်လှုပ်ဖွယ်ရာ ဖြစ်ပေါ်ခဲ့ပြီး လူအများ၏ အာရုံစိုက်မှု ရရှိခဲ့ပါတယ်။

Refer - NDTV, Indiatimes, Indiatoday

အိမ်ဖြူတော်သတင်းထောက်များညစာစားပွဲ ပစ်ခတ်ခံရမှုမှာ သံသယရှိသူ ကိုးလ်အယ်လန်ဆိုတာ ဘယ်လိုလူစားလဲ======Chin khit thit media  ...
26/04/2026

အိမ်ဖြူတော်သတင်းထောက်များညစာစားပွဲ ပစ်ခတ်ခံရမှုမှာ သံသယရှိသူ ကိုးလ်အယ်လန်ဆိုတာ ဘယ်လိုလူစားလဲ
======
Chin khit thit media :April 26,2026

အိမ်ဖြူတော်သတင်းထောက်များညစာစားပွဲအတွင်း သေနတ်နဲ့ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှ ကျောင်းဆရာတစ်ဦးဖြစ်သလို ဗီဒီယိုဂိမ်းရေးဆွဲသူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းမိထားတဲ့သံသယရှိသူဟာ အသက် ၃၁ နှစ်အရွယ် ကိုးလ်သောမတ်စ်အယ်လန် (Cole Tomas Allen) ဆိုသူဖြစ်ကြောင်း၊ သူ့ကို လော့စ်အင်ဂျလိစ်မြို့ဆင်ခြေဖုံးက တောရန့်စ် (Torrance) အရပ်မှာနေထိုင်သူအဖြစ် လုံခြုံရေးအဖွဲ့တွေက အတည်ပြုထားကြောင်း စီအင်န်အင်န်သတင်းမှာ ဖော်ပြပါတယ်။

သူ့ရဲ့နောက်ကြောင်းရာဇဝင်တွေကို လေ့လာကြည့်ရာမှာတော့ အယ်လန်ဟာ C2 Education လို့ခေါ်တဲ့ ကျူရှင်နဲ့ စာမေးပွဲပြင်ဆင်ရေးသင်တန်းကျောင်းမှာ အချိန်ပိုင်းကျောင်းဆရာအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းကတောင် "လအလိုက်အကောင်းဆုံးဆရာ" အဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ပညာအရည်အချင်းပိုင်းမှာလည်း အယ်လန်ဟာ ၂၀၁၇ ခုနှစ်က Caltech တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ ရရှိထားသူဖြစ်သလို ပြီးခဲ့တဲ့နှစ်ကလည်း ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ မဟာဘွဲ့ ရရှိထားတဲ့ ပညာတတ်တစ်ဦး ဖြစ်နေပါတယ်။ သူ ကျောင်းသားဘဝတုန်းကဆိုရင် ဘီးတပ်ကုလားထိုင်တွေအတွက် အရေးပေါ်ဘရိတ်စနစ်တစ်ခု တီထွင်ဖန်တီးခဲ့တာကြောင့် ပြည်တွင်းသတင်းတွေမှာတောင် ပါဝင်ခဲ့ဖူးသူပါ။

ဒါ့အပြင် အယ်လန်ဟာ 'Bohrdom' လို့အမည်ရတဲ့ ဗီဒီယိုဂိမ်းတစ်ခုကို ကိုယ်တိုင်ရေးဆွဲပြီး Steam platform မှာ ရောင်းချနေသူဖြစ်သလို၊ 'First Law' လို့ အမည်ပေးထားတဲ့ ဒုတိယမြောက်ဂိမ်းတစ်ခုကိုလည်း လက်ရှိမှာ ရေးဆွဲနေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအရ လှုပ်ရှားမှုအနေနဲ့ကတော့ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက ကယ်မလာဟဲရစ် (Kamala Harris) ရဲ့ သမ္မတရွေးကောက်ပွဲမဲဆွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ လှူဒါန်းခဲ့ဖူးကြောင်း ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွေအရ သိရှိရပါတယ်။

လတ်တလောမှာတော့ အခုလိုအဆင့်မြင့်ပညာတတ်ကျောင်းဆရာတစ်ဦးက ဘာကြောင့် ဒါမျိုးပစ်ခတ်မှု ကျူးလွန်ခဲ့ရသလဲဆိုတာကိုတော့ အာဏာပိုင်တွေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

James Bawi Thang Bik: မှန်ပါတယ်! ကျွန်တော်ရှင်းပြပါ့မယ်CNA - ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်ဟား! ကျွန်တော်ရှင်းပြပါ့မယ်။ ဒီနေ့...
24/04/2026

James Bawi Thang Bik: မှန်ပါတယ်! ကျွန်တော်ရှင်းပြပါ့မယ်

CNA - ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်

ဟား! ကျွန်တော်ရှင်းပြပါ့မယ်။ ဒီနေ့ ကျွန်တော်ရုံးခန်းမှာထိုင်နေတုန်း Satapak မှာ ချင်းမီးလူမျိုးတစ်ယောက်က လီဆူးအမျိုးသမီးတစ်ယောက်ကို သတ်လိုက်တယ်။

ကျွန်တော်အရမ်းစိတ်ဆိုးသွားလို့ ဆရာကိုချက်ချင်းဖုန်းဆက်ပြီး လီဆူးကိုခေါ်သွားပြီး ဘာဖြစ်တာလဲမေးတယ်။ သူက ဗီဒီယိုခေါ်ဆိုမှုနဲ့ကြည့်ခိုင်းတယ်။ ပြီးတော့ သူက 'ဆရာ၊ ဒါက ခင်ဗျားရဲ့ ACRCcard ပါ' လို့ပြောတယ်။ ကျွန်တော်ကတ်တောင်းပြီးကြည့်လိုက်တယ်။

သူတို့က သူ့နာမည်ကိုပို့ပြီး သူက ချင်းလူမျိုးပါ။ ပြီးတော့ ကျွန်တော့်ရဲ့ချင်းမီးသူငယ်ချင်း Saya Ai ကိုဖုန်းဆက်ပြီး ကျွန်တော်တို့သွားတွေ့တယ်။ ရဲအတွက် ဘာသာပြန်ပေးနေတုန်း Saya Ai ဆီသွားပြီး သူနဲ့စကားပြောခဲ့တယ်။

ACR အရ သူက Asho Chin ပါ။ ဒါပေမယ့် ကျွန်တော်သူနဲ့စကားပြောခဲ့ပြီး ကျွန်တော်သိသလောက်တော့ သူက ချင်းစကားမပြောတတ်ဘူး။ တခြားတိုင်းရင်းသားဘာသာစကားတွေနဲ့ ဗမာစကားပဲပြောတတ်တယ်။

သူ့ရဲ့ ACR ကတ်သက်တမ်းကလည်း ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာပါ။ သံသယရှိသူကို ဖမ်းဆီးထားပြီး ရဲတွေက သင့်တော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ။

အိမ်နီးချင်းတွေက လူသတ်သမားဟာ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်ပြီး သူတို့ ခွဲခွာသွားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဖခင်က သူမကို တကယ်ခွဲထားလို့ မရတာကြောင့် သူမနောက်ကို လိုက်နေပြီး ခြိမ်းခြောက်နေတာကြောင့် လီဆူးအသိုင်းအဝိုင်းက သူတို့ရဲ့ညီမကို ကာကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

သူတို့လည်း ရဲကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် သူ မဖမ်းခင်မှာ သူ ဒေါသထွက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကျွန်တော် အများကြီး မပြောတော့ပါဘူး။ မဟုတ်မမှန် သတင်းရေးပြီး ငွေရှာနေတဲ့ တချို့လူတွေလို ကျွန်တော် မပြောချင်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် မှားသွားမှာစိုးလို့ပါ။

NGO တွေ၊ လီဆူးခေါင်းဆောင်တွေနဲ့ ကျွန်တော် ရဲစခန်းကို သက်သေတွေအတွက် ဘာသာပြန်ပေးခဲ့ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့က NGO တွေနဲ့အတူ အပြင်မှာ စောင့်နေပါတယ်။

ဒီအမှုမှာ ကူညီပေးခဲ့တဲ့ လီဆူးခေါင်းဆောင်တွေနဲ့ အိမ်နီးချင်းအားလုံးကို ကျေးဇူးတင်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ကလေးတွေအတွက် အကောင်းဆုံး ကြိုးစားပေးမယ်လို့ ပြောချင်ပါတယ်။ လေးစားစွာဖြင့်၊ James BTB

#မှတ်ချက်- မီဒီယာတချို့က Lainawngtu ဟားခါးကလို့ ပြောကြပါတယ်။

23/04/2026

Malaysia မှာအိမ်ထောင်ရေးပြသနာကြောင့် ချင်းအမျိုးသားတစ်ဦးမှ သူ့အမျိူးသမီးအား ဓားဖြင့်ထိုးပြီး အမျိူးသမီးမှာ ပွဲချင်းပြီးသေဆုံး ဗီဒီယိုဖိုင်။

Address

Melbourne, VIC
3136

Website

Alerts

Be the first to know and let us send you an email when Chin Khit Thit Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share