L L B Channel

L L B Channel 🆓✍️🗣️ Wellcome to L L B Channel

Website :llbchannel.com
Youtube : www.youtube.com/l l b channel

CNDF  ရဲဘော်တွေက  ချင်းအမျိုးသားတပ်မတော်     CNA ရဲ့ စစ် Uniform ကို ဝတ်စင်ပြီး ခရီးထွက်ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ရည...
10/07/2025

CNDF ရဲဘော်တွေက ချင်းအမျိုးသားတပ်မတော် CNA ရဲ့ စစ် Uniform ကို ဝတ်စင်ပြီး ခရီးထွက်ကြတယ်လို့ သိရပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်က စကစက တွေလိုဘဲ ရွာတွေကိုဖျက်ဆီး၊ ရွာသားတွေကို နှိုပ်စက်ပါလိမ့်မည်။ လူတွေကို တော့မသတ်မိပါစေနဲ့လို့ ဆုတောင်းပါတယ် 🙏။ ပြီးရင် စကစ အကျင့်အတိုင်း video တွေရိုက်ပြီး Online မှာ ချင်းအမျိုးသားတပ်မတော် CNA ကို အမျိုးမျိုးနာမည် ပြက်အောင် လုပ်ပါလိမ့်မည်။

ပြီးတော့ သူတို့ရဲ့ CNDF လော်ဘီတွေကလည်း ပုံမှန်အတိုင်းဘဲ Online ကနေ မဟုတ်မဟုတ်တာတွေကို ပြောကြပါလိမ့်မည်။ ဒါတွေဟာ စကစတွေ လုပ်လေ့လုပ်ထဖြစ်ပါတယ်။

သူတို့ CNDF လော်ဘီတွေအတွက် လိမ်ညာတယ်ဆိုတာ ထမင်းစားရေသောက်လောက် မရှိဘူး။ ကြားထဲမှာ သူတို့ရဲ့ မဟာမိတ် ZRA လော်ဘီတွေကလည်း သူတို့နည်းတူ CNA နာမည်ပျက်အောင် တိုက်ခိုက်နေကြသေးတယ်။

ချင်းပြည်သူတွေဖြစ်ဖြစ် နေရာအရပ်ရပ်က စာဖက်သူတွေအနေနဲ့ Online ပေါ်က စာတွေဟာ သေချာလေ့လာစေချင်ပါတယ်။ CNDF /ZRA တို့ရဲ့ လော်ဘီ‌တွေ ရေးတဲ့စာဆို မဖတ်သင့်ပါ။ သူတို့ရေးတဲ့ စာတွေထက် စကစ လော်ဘီတွေပြောတာကမှ မှန်တာပိုရှိနိုင်တယ်။

ချင်းတွေ သိတင်းအတုနဲ့ အစစ် ခွဲနိုင်တဲ့ အမြင် ဘုရားပေးပါစေ 🙏 ချင်းပြည်နယ် အမြန်ငြိမ်းချမ်းပါစေ 🙏 God bless Chin National Army 🙏

09/07/2025

ပြောခွင့်ပြူပါ
**************
CNAနဲ့CNDF lai အချင်းချင်းပြသနာကို ဘယ်သူမှဝင်မပါနဲ့
သူတို့အချင်းချင်းချပါစေ
နိုင်တဲ့သူက မြောက်ပိုင်းအုပ်ချူပ်ချင်အုပ်ချူပ်ပါစေ တကယ်ပြောရမည်ဆိုရင် ဟာခါးနဲ့ ဖလမ်းက ခုမှပြသနာမဟုတ်ပါ နစ်ပေါင်းများစွာကြာခဲ့ပါပြီ အများဖြစ်ပြောချင်တာကတောင်ပိုင်းသားတွေဝင်မပါနဲ့ ဒါပဲပြောချင်တယ်

မီဇိုရမ်ဝန်ကြီးချုပ် ဖျန်ဖြေသည့်တိုင် ချင်းလက်နက်ကိုင်နှစ်ဖွဲ့ မပြေလည်၊ ဇူလိုင် ၇၊ ၂၀၂၅အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၀န...
08/07/2025

မီဇိုရမ်ဝန်ကြီးချုပ် ဖျန်ဖြေသည့်တိုင် ချင်းလက်နက်ကိုင်နှစ်ဖွဲ့ မပြေလည်

၊ ဇူလိုင် ၇၊ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (Advocacy Group for peace)သည် ယမန်နေ့တွင် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့သို့ ရောက်လာပြီး ပဋိပက္ခဖြစ်ပွားနေသော ချင်းလက်နက်ကိုင်နှစ်ဖွဲ့အား တွေ့ဆုံညှိနှိုင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ကြားဝင်ပေးမှုဖြင့် နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် ချင်းအမျိုးသားကာ ကွယ်ရေးတပ် (CNDF)နှင့် ချင်းကာကွယ်ရေးတပ်-CDF ဟွာလ်ငိုးရမ်တို့၏ တာ၀န်ရှိသူများ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အိုက်ဇောမြို့မှ မီဇီုရမ်ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ် ပြည်နယ်လွှတ်တော်အမတ် Pu Lalmuanpuia Punte ဦးဆောင်သည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွင် မီဇိုရမ်၌ ‌ဩဇာညောင်းသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးကျောင်းသားသမဂ္ဂ (MZP) ဥက္ကဋ္ဌ Pu H. Lalthianghlima နှင့် တွဲဖက်အတွင်းရေးမှူး Lalhmingsanga တို့လည်း ပါဝင်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် ချင်းညီအစ်ကိုအချင်းချင်း ပြန်ချေဖျက်မရသည့်အမှားမျိုး မကျူးလွန်ရန်နှင့် အပစ်ရပ်စဲရေးဦးတည်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် တိုက်တွန်းခဲ့သလို ပဋိပက္ခများအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပြန်လည်ရရှိစေရေး တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

သို့သော် ချင်းအမျိုးသားတပ်မတော် (CNA)သည် အိန္ဒိယ-မြန်မာနယ်စပ်အနီး ဖလမ်းမြို့နယ်အတွင်းရှိ CNDF ဌာနချုပ်ကို ဇူလိုင် ၆ ရက်တွင် ၀င်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ဆွေးနွေးပွဲပျက်ပြယ်ခဲ့ရကြောင်း CNDF ဘက်က ပြောသည်။

CNDF ပြောခွင့်ရ ဆလိုင်းတင်မီထွဋ်က "မီဇိုရမ် ငြိမ်းချမ်းရေးအဖွဲ့ကနေ ဟွာလ်ငိုးနဲ့ဆွေးနွေးပြီး အဆင်ပြေအောင် လုပ်ပေး နေတဲ့အချိန်မှာ CNA က ကျနော်တို့ဌာနချုပ်ဘက်ကို ပစ်ခတ်ပြီး သိမ်းတဲ့အချိန် ဆွေးနွေးမှုက ပျက်သွားတဲ့အခြေအနေ ရှိပါတယ်။ တကယ်တမ်း ငြိမ်းချမ်းရေး အဖြေရှာနေတဲ့အချိန်မှာ အဲဒီလိုလုပ်လာတော့ ဆွေးနွေးမှုတွေက အကုန်ပျက်သွား တယ်။ အဓိက တရားခံက CNA ပေါ့လေ။ သူ၀င်မပါဘဲနေရင် ဟွာလ်ငိုးနဲ့ သေချာဆွေးနွေးနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တယ်။ CNA က ဒီလိုလုပ်တဲ့အခါမှာ စားပွဲကဆွေးနွေးမှုတွေက အကုန်ပျက်သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါဖြစ်စဥ်များနှင့် ပတ်သက်၍ CNA တာဝန်ရှိသူအား မေးမြန်းရန် ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း လက်ရှိအချိန် ထိ ပြန်လည်ဖြေကြားပေးခြင်း မရှိသေးပေ။

ဇူလိုင် ၅ ရက်ကလည်း မီဇိုရမ်ပြည်နယ်တွင် အာဏာရှိသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဗဟိုမီဇိုးလူငယ်များအသင်း (CYMA) ခေါင်းဆောင်များသည် CNDF နှင့် CDF ဟွာလ်ငိုးရမ်တို့၏ တာ၀န်ရှိသူများအား အပစ်ရပ်‌ရေး ခေါ်ယူဆွေးနွေးခဲ့ သေးသည်။

လက်ရှိ ရိခေါ်ဒါရ်မြို့ကို CDF ဟွာလ်ငိုးရမ်ထံမှ CNDF က သိမ်းပိုက်ထားပြီး ဒေသခံ ၃,၀၀၀ ခန့် တဖက်ကမ်းရှိ ဇိုခေါ်ထာရ် ရွာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

သတင်း - မေရီခိုင် “CJ”

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

ဒေသကာကွယ်ရေးမှူးအသီးသီး ဤကဲ့သို့သော အရာတွေကို တပြိုင်နက်ဆိုသလို မိမိတို့ရဲ့ ဖေ့ဘွတ် စာမျက်နှာ၌ အသီးသီးရေးတင်ကြလေရာ။ ပြည်...
08/07/2025

ဒေသကာကွယ်ရေးမှူးအသီးသီး ဤကဲ့သို့သော အရာတွေကို တပြိုင်နက်ဆိုသလို မိမိတို့ရဲ့ ဖေ့ဘွတ် စာမျက်နှာ၌ အသီးသီးရေးတင်ကြလေရာ။
ပြည်သူလူထုမှ အဓိပ္ပါ်အမျိုးစုံကောက်ယူ ထင်ကြေးပေးကြလေသည်။ လွန်စွာလည်း စိုးရိမ်ကြလေသည်။

က ကြမယ်။
ချင်းလို့ Kah ဆိုတာ = ပစ်တာ

✍️
Ⓛ Ⓛ Ⓑ 𝒞𝒽𝒶𝓃𝓃𝑒𝓁

လုပ်ကြံဖန်တီးမှုသတင်းအောက်ဖော်ပြပါ The Rihli Voice ခေါ်  Junk media တွင် ဖော်ပြထားသော သတင်းသည် ရည်ရွယ်ချက်ရှိရှိ မဟုတ်မမ...
07/07/2025

လုပ်ကြံဖန်တီးမှုသတင်း

အောက်ဖော်ပြပါ The Rihli Voice ခေါ် Junk media တွင် ဖော်ပြထားသော သတင်းသည် ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သတင်းဖြစ်သည်။

Professional media များအနေဖြင့် ကူးကားဖော်ပြခြင်းမပြုပါရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း ထပ်ဆင့်မျှဝေခြင်းမပြုရန် တိုက်တွန်းအပ်ပါသည်။

Copy Paste ❗️CNDF စတင်တည်ထောင်တဲ့ အချိန်မှာ သူတို့တပ်မှူးတစ်ချို့တွေ CNA ဆီမှာ တစ်ပတ်ကျော်ကျော် စစ်သင်တန်းလာတက်ပြီးတော့ ...
07/07/2025

Copy Paste ❗️

CNDF စတင်တည်ထောင်တဲ့ အချိန်မှာ သူတို့တပ်မှူးတစ်ချို့တွေ CNA ဆီမှာ တစ်ပတ်ကျော်ကျော် စစ်သင်တန်းလာတက်ပြီးတော့ ပြန်သွားကြတယ်။ CNDF သမိုင်းအစမှာ ပါဝင်တဲ့အခန်းကဏ္ဏပေါ့။ ထို့နောက်ပိုင်း CNA နဲ့ CNDF အတူစစ်တိုက်ကြတယ်၊ အတူနေကြတယ်။ ၂၀၂၂ အထိ ချင်းလုံမှာ CNDF တို့နေထိုင်ကြပါတယ်။ CNDF ခေါင်းဆောင်ပိုင်းတွေက CNF ကို လုံးဝအမြင်မကြည်ပေမဲ့ ၂၀၂၂ နှစ်ကုန်အထိတော့ အတူ နေထိုင်ကြတယ်။ ၂၀၂၃ နောက်ပိုင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတယ်။ ပြိုင်ဆိုင်မှု ဆိုပေမဲ့ CNDF က တဖက်သတ် CNF ကို ပြိုင်တာဖြစ်တယ်။ ၂၀၂၄ ဆိုရင် CNDFဘက်က အကြောင်းတခုခု ရှာပြီး လိုင်းပေါ်ကနေ သတိပေးခဲ့တာတွေများတယ်။ ဒါပေမဲ့ အဲဒီအထိ အောက်ခြေရဲဘော်တွေ ဘာမှမဖြစ်ကြဘူး။ နောက်ပိုင်းမှာဆိုရင် CB အနေနဲ့ ကလေးဆန်ဆန် လိုင်းပေါ်ကနေ ခြိမ်းခြောက်သတိပေးခဲ့တာအများကြီး။ CNF/A ဘက်က ချင်းလူမျိုးတွေမို့ လူကြီးတွေပီပီ ဘယ်သောအခါမှ တုန့်ပြန်ချက် မလုပ်ခဲ့ကြဘူး။

Falam မြို့နယ်ထဲမှာ CNA တွေကော၊ CNDF တွေကော ခရီးသွားလာနေကြတယ်၊ ဘာပြသနာမှမရှိဘူး။ CNA ဘက်မှ CNDF ရဲ့ ဂိတ်တခုလေးကိုတောင် သွားပြီးတော့ ရန်သွားစတယ်ဆိုတာမရှိခဲ့ဘူး၊ CNDF ဘက်ကလည်းအဲလိုပဲ။

အခု ဘာတွေ ဖြစ်နေပြီလဲ၊ အကြောင်းရင်းကဘာလဲ

Falam မြို့ကို ပြန်သိမ်းဖို့ အင်အား ၇၀၀ ကျော်နဲ့ တက်လာတဲ့ စကစ ကို CNA ဘက်မှ အင်အားအလုံးအရင်းနဲ့ တားဆီးတိုက်ခိုက်နေတဲ့ အချိန်မှာ CNDF က အခွင့်ကောင်းယူပြီး CNA တပ်မဟာ ၄ ရဲ့ ဌာနချုပ် Rihkhawdarကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ၂၀၂၃ နှစ်ကုန်မှာ Rih & Tio စစ်ခွေးတွေကို အသက်နဲ့ ခန္ဓကိုယ်များစွာရင်း တိုက်ခိုက်သိမ်းပိုက်ပြီးတော့၊ ၂၀၂၃ Chinland Constitution အရ အစစအရာရာ ချောချောမွေ့မွေ့ သွားနေပြီဖြစ်တဲ့ Hualngoram ဒေသအားလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်။ ဒီဟာ ကို CNDF လုပ်သင့်သလား။

ဒီအမှားကြီးကို CNDF မလုပ်မိရင် အချင်းချင်းပစ်ခတ်ဖို့ ရှိမှာမဟုတ်ဘူး၊ ပြည်သူအားလုံးသိတယ်။ ဒီ CNDF ရဲ့ အမှားကြီးကို သိသိကြီးနဲ့ သူတို့မှားကြောင်းထောက်ပြပြီးတော့ ငြိမ်းချမ်းရေးလုပ်ဖို့ မတိုက်တွန်းဘဲ အားပေးတဲ့သူတွေက ရှိသေးတယ်။ CNA & CDF-Hualngoram ဘက်မှ စတင်တိုက်ခိုက်ရင်လည်း ပြည်သူအားလုံးက ရှုံ့ချရမှာဖြစ်တယ်။

CB ခေါင်းဆောင် ဆိုသူတွေကလည်း CNDF ရဲ့ဦးနှောက်ကို မမှီကြတော့ သူတို့အမှားကို ထောက်ခံ ပြီး " သတိပေးပြီးသား"၊ အဆုံးထိကမယ်၊ ဝိုင်းလုပ်ကြမယ်၊ Do or Die " စသဖြင့် ခြိမ်းခြောက်စာ တင်နေကြတယ်။ အော်....တော်တော် အားကိုးရမယ့် အနာဂတ် ချင်းခေါင်းဆောင်တွေ😁။

သိဖို့က အခုပြသနာဟာ မတရားစတင်ကျူးကျော်သူ CNDF၊ အကြောင်းမဲ့ စော်ကားသိမ်းပိုက်ခံတဲ့ CNA နဲ့ မတရားနစ်နာ နယ်မြေအားလုံး ဆုံးရှံးခဲ့သူ CDF-Hualngoram တို့ တွေ့ဆုံဆွေးနွေး အဖြေရှာလို့ရတဲ့ ပြသနာဖြစ်တယ်။ CC နဲ့ CB နဲ့ မဆိုင်ဘူး။ တခြား CC အဖွဲ့ဝင်တွေက ပညာရှိလူငယ်ပီသကြလို့ အချင်းချင်း လုသတ်ပွဲကို ဝင်ပါချင်မှာမဟုတ်ဘူး။ CB ခေါင်းဆောင်တွေက အင်အားပြချင်ရော နဲ့ ခြိမ်းခြောက်စာတွေတင်လာတယ်၊ CC တွေ ကြောက်အောင်ပေါ့😁CC လူငယ်တွေက တုန့်ပြန်မှာတော့မဟုတ်ဘူး၊ ကြောက်လို့တော့မဟုတ်၊ ခေါင်းဆောင်ကောင်းပီသကြလို့။ ကြောက်စရာ ထက် ရီစရာပိုကောင်းတာကို။

ငါဒီစာ ရေးရတဲ့ အကြောင်းရင်းက အမြန်ဆုံး တွေ့ဆုံပြီး အောက်ခြေ ရဲဘော်တွေ မသေရအာင် အပစ်ရပ်ဖို့ တိုက်တွန်းချင်လို့ပါ။ CNDF မှားတာကို သိသိကြီးနဲ့ အားပေးဖို့ထက် သူတို့အမှားကို ထောက်ပြပြီးတော့ အမြန်ဆုံးပြန် ပြေလည်ဖို့ အားပေးကြပါ။ ချင်းပြည်သူတွေ မခံနိုင်တော့တဲ့ တနေ့ ချင်းလက်နက်ကိုင် အားလုံး လုံးဝရပ်တန့်သွားလိမ့်မယ်။

Credit- မူရင်းရေးသားသူ

ဒီ CB မီဒီယာ ကဘာမှထွေထွေထူးထူးမတင်ဘူးပါ၊ CNA/CC မကောင်းကြောင်း၊CC ကဘာမှလည်းမဟုတ်၊ကြာက်စရာမရှိ​ေကြာင်း ဒါတွေဘဲနေ့ညမပြတ်တင...
07/07/2025

ဒီ CB မီဒီယာ ကဘာမှထွေထွေထူးထူးမတင်ဘူးပါ၊ CNA/CC မကောင်းကြောင်း၊CC ကဘာမှလည်းမဟုတ်၊ကြာက်စရာမရှိ​ေကြာင်း ဒါတွေဘဲနေ့ညမပြတ်တင်နေတာပါ၊
ဒီထက်ဆိုးတာရှိ​သေးတယ်၊ ဘာလဲဆို​တော့ သူတင်တားတာ​တွေCB အဟုတ်ကြီးမှတ်​နေတာ၊ CB ကမှ​ဘောစီကြီးလို့ သူတို့ကိုသူတို့ထင်ကြကုန်​တာ​ပေါ့​လေ 😝 တကယ်​လည်း ၁၅ မီနစ်​လောက် ဆော်​တော့ ခွေးလိုဝက်လို ပြေးကုန်ပြန်တယ်
ပြသနာက ဒီ​သောက်မီဒီယာကို CB ရဲ​ဘော်​တွေ ဟုတ်ကြီးမှတ်ပြီး ယုံ​နေတာကိုး ကိုကကိုယ့်ကိုလိမ်တာပေါ့ ဟီဟီး

သေချာသွားပြီတဲ့ဗျာ 😔😔🙏🙏🇲🇲🇲🇲အရင်လတွေမှာတော့ ကိုအောင်လရဲ့ မန်နေဂျာဘက်က နောက်ဆုံးတစ်ပွဲထိုးဦးမှာဖြစ်တဲ့အကြောင်းဖွင့်ပြောခဲ့...
02/07/2025

သေချာသွားပြီတဲ့ဗျာ 😔😔🙏🙏🇲🇲🇲🇲

အရင်လတွေမှာတော့ ကိုအောင်လရဲ့ မန်နေဂျာဘက်က နောက်ဆုံးတစ်ပွဲထိုးဦးမှာဖြစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကိုအောင်လဘက်ကတော့ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး၊ သူ့ဘော်ဒါကြီး မာတင်ငုယင်ကိုတောင် သူဘယ်‌တော့မှ အနားယူမှာမဟုတ်တဲ့အကြောင်း ဟာသလုပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ ကိုအောင်လဘက်က အားလုံးကို စတင်အသိပေးလာပြီဖြစ်ပါတယ်။😔🙏🇲🇲

"နောက်ဆုံးပွဲထိုးဖို့ အဆင်သင့်ဖြစ်‌‌အောင်ပြင်ဆင်နေပါပြီ၊ One Championship ဘက်က ဖုန်းခေါ်လာမယ့်အချိန်ကိုပဲစောင့်နေပါတော့တယ်" ဆိုပြီး ရေးသားဖော်ပြလိုက်တာဖြစ်ပါတယ်။

အဲတော့ သူ့အတွက် နောက်ဆုံးပွဲဆိုတာ သေချာနေပြီဖြစ်ပါတယ်။😔🙏 ကိုအောင်လက (၂၀၀၅)ခုနှစ်မှာ Professional MMA ကစားသမားဘ၀ကိုစတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း (၂၀) ပြည့်သွားပြီဖြစ်ပါတယ်။ နောက်လ မေလ(၂၁)ရက်နေ့မှာလည်း သူ့အသက်က (၄၀)နှစ် ပြည့်တော့မှာဖြစ်ပါတယ်။

ဒီတစ်ပွဲပြီးရင်တော့ ပရိသတ်တွေ ကိုအောင်လရဲ့ Professional ပွဲ ထပ်ကြည့်ရဖို့ မရှိတော့ပါဘူး။ ဒါပေမဲ့ အခြားဘာတွေချပြသွားဦးမလဲဆို‌တာတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ နည်းပြဘ၀မှာလည်း အောင်မြင်ဦးမှာသေချာပါတယ်။ ပြီးတော့သရုပ်ပြပွဲတွေလည်း ဖြစ်လာနိုင်သေးတာပဲ၊ အရမ်းလည်း စိတ်ဓါတ်ကျမသွားကြပါနဲ့☺️🙏🇲🇲🇲🇲

MMA လောကမှာ မြန်မာပရိသတ်တွေကိုဆွဲခေါ်လာခဲ့သူ၊ ဂုဏ်တက်စေသူ မြန်မာ့စပါးအုံး ကိုအောင်လအင်ဆန် ကျေးဇူးတင်ပါတယ်ဗျာ။ 🙏🙏🇲🇲🇲🇲နောက်ဆုံးပွဲကိုလည်း မြန်မာပရိသတ်တွေများတဲ့နေရာမှာပဲ ထိုးသတ်စေချင်ပါတယ်ဗျာ။

ညီအစ်ကိုတို့ကော ဘယ်လိုသဘောရကြလဲဗျ?

# #အောင်လအင်ဆန်

ဦးနေဝင်းသစ်ခိုးတုန်းက ပုံလာမသိ?
01/07/2025

ဦးနေဝင်းသစ်ခိုးတုန်းက ပုံလာမသိ?

09/06/2025

🗣 Brandon Moreno နဲ့ထိုးချင်တဲ့ Joshua Van ရဲ့ ပွဲပြီး Interview

 #လူတချို့....😏လူအချို့ ကိုယ်ပြောလိုက်တဲ့စကားလွယ်လွယ်ပြောပြီး မေ့သွားကြတဲ့သူကများတယ်နားထောင်ခဲ့တဲ့သူဖက်ကလက်ခံရတဲ့စကားမို...
31/05/2025

#လူတချို့....😏
လူအချို့
ကိုယ်ပြောလိုက်တဲ့စကား
လွယ်လွယ်ပြောပြီး မေ့သွားကြတဲ့သူက
များတယ်

နားထောင်ခဲ့တဲ့သူဖက်က
လက်ခံရတဲ့စကားမို့
တစ်ခါတရံ
ဘဝနဲ့ချီ ခံစားနားထောင်လိုက်တဲ့
စကားမျိုးဆိုရင်တော့
ခံစားမဆုံးဖြစ်တတ်ကြတာ သဘာဝပါပဲ

ဒါဟာ
ပြောလိုက်တဲ့သူနဲ့
လက်ခံနားထောင်လိုက်တဲ့သူရဲ့
မတူတာကတော့ စိတ်ခံစားချက်တွေပါပဲ

ဒါကြောင့်
ကိုယ်ပြောလိုက်တဲနှုတ်ထွက်စကား
ကိုယ်တာဝန်ယူနိုင်မှ ပြောတာ
အကောင်းဆုံးပါ

စကားတစ်ခွန်းကြောင့်
ချစ်ခြင်း မုန်းခြင်း နာကျည်းခြင်းတွေ အပြင်
တစ်ခါတရံမှာ
ဘဝနဲ့ချီပြီး နစ်နာဆုံးရှုံး
သွားတတ်တဲ့သူတွေ ရှိနေပါတယ်

#ဘဝအတွတ်စာဖတ်ပါ

Ⓛ Ⓛ Ⓑ 𝒞𝒽𝒶𝓃𝓃𝑒𝓁

^^^^ဝဋ်ဆိုတာနောင်ဘဝမကူးဘူးတဲ့^^^အမှန်တွေပါလား.......😜😜
27/05/2025

^^^^ဝဋ်ဆိုတာ
နောင်ဘဝမကူးဘူးတဲ့^^^

အမှန်တွေပါလား.......😜😜

Address

Mooroolbark, VIC
3138

Alerts

Be the first to know and let us send you an email when L L B Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Our Story

L L B Channel in kan in don hna. a tanglei hna hin pehtleihnak tuah khawh si lai. Email :[email protected] Youtube : www.youtube.com/llbchannel