L L B Channel

L L B Channel 🆓✍️🗣️ Wellcome to L L B Channel

Website :llbchannel.com
Youtube : www.youtube.com/l l b channel

13/03/2026
08/03/2026

အပြောအဆိုလေးလည်းချစ်စရာကောင်းတယ်
ရုပ်လေးလည်း အရမ်းလှတဲ့
(Chin)ချင်းမလေး
အားပေးကြပါအုံးနော်

Share
Like
Esther Stpp

26/02/2026

A ṭha hnem hnga ma tiah-:)

ချင်းပြည်နယ်၊ဟားခါးတွင် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်၍  ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားလုပ်စဉ် CDF ဒရုန်းဖြင...
21/02/2026

ချင်းပြည်နယ်၊ဟားခါးတွင် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်၍ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားလုပ်စဉ် CDF ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ရာပြည့် ခွေးပြေးဝက်ပြေးထွက်ပြေးဟုဆို

စစ်တပ်ကမူ ဒရုန်းကို ပစ်ချနိုင်ခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိဟု သတင်းထုတ်ပြန်ပြီး ရာပြည့် ချက်ချင်း ဟားခါးမြို့မှ ကလေးမြို့သို့ ထွက်ခွာသွား

ဖေဖော်ဝါရီ ၂၁

ချင်းပြည်နယ်၊ဟားခါးမြို့တွင် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်၍ ၇၈ နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားလုပ်စဉ် CDF ဟားခါးက ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ခွေး ပြေး ဝက်ပြေးထွက်ပြေးတိမ်းရှောင်သွားကြောင်း CDF ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးနှင့် ခရိုင်စုပေါင်းရုံးရှေ့တွင် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်း အနားပြုလုပ်နေစဉ် CDF ဟားခါး၏ ဒရုန်းတပ်ဖွဲ့က အသေခံရုန်းဖြင့် တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စက်မှုဝန်ကြီးချာလီသန်း၊ ဝန် ကြီး မောင်မောင်တင့်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ၀ုန်ဆွန်းထန်တို့တက်ရောက်ခဲ့ကြကြောင်း၊ CDF-Hakha ၏ ဒရုန်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် မရှုမလှပွဲပျက်သွားခဲ့ပြီး ချင်းပြည်နယ်၊ ဟားခါးတွင် ၃ ရက်ခန့်နေရန် ပြင်ဆင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှာ ခွေးပြေးဝက်ပြေး ထွက်ပြေး တိမ်းရှောင်ကာ ချက်ချင်းပြန်လှည့် သွားခဲ့ရကြောင်း သိရှိရသည်။

CDF ဟားခါး၏ ပြောရေးဆိုခွင့်ရှိသူကမူ "လူထိခိုက်သေဆုံးမှု ရှိတယ်လို့တော့ သိရှိထားပါတယ်ဗျ။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ စီးပွားရေးအကျိုးဆောင်လုပ်ငန်းတွေ အဖွဲ့အစည်းလည်ပတ်မှုတွေမှာ ကျော ထောက်နောက်ခံပြုနေတဲ့ မည်သူမဆိုကို စစ်ရေးအရ ထိရောက်စွာ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဗျ" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆို သည်။

အကြမ်းဖက်စစ်တပ်၏ ထုတ်ပြန်ချက်တွင်မူ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်နေသည့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံးကို CDF (ဟားခါး)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များက FPV Su***de Drone များအသုံးပြု၍ တိုက်ခိုက်ခြင်းဆောင်ရွက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် စစ်တပ်က လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက် လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များကို လက်ဦးမှုရယူဟန့် တားနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အခမ်းအနားကျင်းပနေသည့်နေရာသို့ ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ အနီး ဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျပျက်စီးခဲ့ကြောငး သတင်းထုတ်ပြန်ထား သည်။

ယင်းကဲ့သို့ ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားနောက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်မှာ ဟားခါးမြို့မှ နေ့ လယ် ပိုင်းတွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

17/02/2026
15/01/2026

သက်သက်ခိုင်ဘာကြောင့်ဖမ်းခံရလဲ။ 👈

#သက်သက်ခိုင် #စစ်တပ် #မင်းအောင်လှိုင် #ပြည်ခိုင်ဖြိုး #ကြံ့ဖွတ်

မရောက်ဖူးတဲ့နိုင်ငံရောက်လို့ night out ထွက်ပီးမှလာတာ  အပြစ်လား 😂
14/01/2026

မရောက်ဖူးတဲ့နိုင်ငံရောက်လို့
night out ထွက်ပီးမှလာတာ
အပြစ်လား 😂

18/12/2025

ဖခင်ဖြစ်သူရဲ့ အုတ်ဂူကို UFC ချန်ပီယံ ခါးပတ်ကြီးနဲ့ သွားရောက်ဂါရ၀ပြုခဲ့တဲ့🙏🙏🙏🏆🏆..
ဂျော့ရှုဝါဗန်တို့ မိသာ၊းစု၊🙏😌🇲🇲🇲🇲..

13/12/2025

အဒေါ်ရဲ့စကားတစ်ခွန်းကြောင့် UFC ချန်ပီယံကြီးဖြစ်လာခဲ့သူ ဂျိုရှူအာဗန် 🏆

ဖလမ်းမြို့ကို လာသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ၁၄ ဦး သေဆုံးပါခွီး ။         ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့သို့ စစ်က...
12/12/2025

ဖလမ်းမြို့ကို လာသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ၁၄ ဦး သေဆုံး

ပါခွီး

။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး တပ် သား ၁၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းများနှင့် အတူ သုံ့ပန်းတဦး ဖမ်းမိထားကြောင်း ချင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို သိမ်းယူထားသည့် စစ်ကော်မရှင်တပ်သည် မဏိပူရမြစ်တစ်လျှောက် ချီတက်လာစဥ် သီဖျီးနှင့် မန်းခဲန်းရွာအကြား ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်)က တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လေကြောင်းပစ်ကူတွေနဲ့တက်လာတဲ့ စစ်ကြောင်းကို ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် ခဲ့တာပါ။ စစ်ကော်မရှင်တပ်က အလောင်းတွေအပြင် လက်နက်ခဲယမ်းနဲ့ တယောက် အရှင်မိထား ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ယင်းတိုက်ပွဲကို ချင်းပြည်ကောင်စီလက်အောက်ခံတပ်များနှင့် ချင်းညီနောင်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး RPG အပါအဝင် လက်နက်၂၉လက် သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးရင်းမြစ်က ဆိုသည်။

ချင်းပြည်နယ် ၊ ဖလမ်းမြို့ကို စစ်ကော်မရှင်တပ်က ကလေးမြို့ - သိုင်းငင်းလမ်း နှင့် ကလေး - ဝေဘူလ လမ်းမှ စစ်ကြောင်းနှစ်ကြောင်းထိုး၍ ချီတက်လာနေကြောင်း သိရသည်။ ချင်းတပ်ဖွဲ့များက ကလေး- ဝေဘူလ လမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကလေး - သိုင်းငင်းလမ်းမှ အင်အား၃၀၀ခန့်ဖြင့်တက်လာသည့် စစ်ကြောင်းသည် ဖလမ်းမြို့နှင့် မိုင် ၅၀ခန့်အကွာရှိ ဘွာလ်ခွားကျေးရွာရှိ ဒေသခံ ၁၂ ဦးကို ဒီဇင်ဘာလ ၇ ရက်က ဖမ်းဆီးခဲ့ပြီး ဆက်လက် စစ်ကြောင်းထိုးလာလျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ကြောင်းဖြင့် ချီတက်လာနေသော်လည်း ရာသီဥတု ၊ ရိက္ခာပြတ်လပ်မှုများကြောင့် စိတ်ဓါတ်ကျဆင်းပြီး တိုက်ခိုက်လိုစိတ်ရှိပုံမရကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

တီးတိန်မြို့နယ်၊ သိုင်းငင်းရွာတွင် တာဝန်ကျနေသည့်(ခလရ၂၆၉) တပ်ရင်းမှ ပြည်သူစစ်သားနှစ်ဦး ဖြစ်သော လားအဲန်ပွီးယာနှင့် မင်းကျော်သိမ်း တို့သည် ဒီဇင်ဘာလ ၁၀ရက်နေ့ တွင် လက်နက် ခဲယမ်းများနှင့်အတူ ဒေသခံချင်းတပ်ဖွဲ့ဖြစ်သည့် PDF – Zoland ထံ အလင်းဝင်ရောက်ခဲ့ သေးသည်။

လက်ရှိ စစ်ကြောင်းအတွင်းရှိ တပ်သားများနှင့် အထိုင်စခန်းများတွင် တာဝန်ထမ်းဆောင်နေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအားလုံး အလင်းဝင်ကြရန် ချင်းတပ်ဖွဲ့များက အသိပေးထားသည်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာသဖြင့် ချင်းပြည်နယ်မှ ဒေသခံ ၂၀,၀၀၀ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများလိုအပ်နေကြောင်း အကူအညီပေးသူများထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ဓါတ်ပုံ - ချင်းတော်လှန်ရေး တပ်များ ဖမ်းဆီးရမိသည့် သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်နှင့် ဒီဇင်ဘာ ၁၁ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သား ၁၄ ဦး သေဆုံးကာ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း တဦးဖမ်းဆီးရမိထားကြောင်း ချင်းတပ်ဖွဲ့များကပြောသည်။ (CJ)

#ပြည်တွင်းသတင်း
#ချင်းပြည်နယ်
#ဖလမ်းမြို့
#သုံ့ပန်း
#တိုက်ပွဲ

----------------------------------------------

လူ.ဆို.းလေးဖြစ်နေတဲ့ ဗ.န်ကိုလမ်းကြော.င်းမှ.န်ပေါ်ရောက်အောင် တ.င်ပေးခဲ့တဲ့သူက ဒီအမျိုးသမီးပါပဲတ.က္ကဆ.က်မှာ ရ.န်ပေါလွ.န်းလ...
12/12/2025

လူ.ဆို.းလေးဖြစ်နေတဲ့ ဗ.န်ကိုလမ်းကြော.င်းမှ.န်ပေါ်ရောက်အောင် တ.င်ပေးခဲ့တဲ့သူက ဒီအမျိုးသမီးပါပဲ

တ.က္ကဆ.က်မှာ ရ.န်ပေါလွ.န်းလို့ ဗ.န်ရဲ့မိဘတွေကဗ.န်ကို သူ့အဒေါ်ရှိရာ ဝို.င်ယို.းမင်းပြည်နယ်ကို လွ.န်ခဲ့တဲ့ 8 နှ.စ်ကပို့ခဲ့တယ်

အဲ့ဒီမှာပဲ အဒေါ်ကနေပြီး " ယောကျ်ားဆိုတာ လမ်းပေါ်ရ.န်.မဖြစ်ရဘူး၊ ကိုယ့်မိသားစုအတွက် ကိုယ့်နို.င်ငံအတွက် ကြ.ိုး.ဝို.င်းထဲဝင်ပြီး တို.က်ခို.က်ရတယ်၊ မ.န်နီပ.က်ကွီအိုလိုပေါ့ " ဆိုပြီး ပြောခဲ့တာပါ...

အဲ့ဒီညမှာတ.င် ​ဗ.န်ကအိပ်မရတွေဖြစ်ပြီး သူ့ဘဝအတွက်အကြီးမားဆုံ.းအပြော.င်းအလဲဖြစ်လာမယ့် ဆုံ.းဖြ.တ်ချ.က်တစ်ခုကိုချခဲ့တာဖြစ်ပါတယ်..

အကယ်၍သာ အဒေါ်ဆီကအဲ့ဒီစကားတွေ မကြားခဲ့ရဘူးဆိုရင် ဗ.န်တစ်ယောက်အခုလိုဖြစ်လာမှာမဟုတ်ပါဘူး
အခုတော့ သူတူလေးနဲ့ ကတိအတိုင်းဆုံခဲ့ကြပါပြီ

သူတို့ရင်ထဲ ဘ.ယ်လော.က်တော.င် ဝမ်းသာပီတိဖြစ်နေမလဲ မှ.န်းဆလို့မရနိုင်ပါ...🥺

Credit: Tial Nawn MyoMyo

27/11/2025

ဆာဆာ
NUG ကနေ နုတ်ထွက်သွားတာ
ဘာကြောင့်လည်း?
Who will answer?

Address

Mooroolbark, VIC
3138

Alerts

Be the first to know and let us send you an email when L L B Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share