26/12/2025
ဟားခါး ရုန်းတောင်ဗျူဟာကုန်းကို CDF-Hakha စတင်တိုက်ခိုက်
========
CBN Daily News December 26,2025
ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့ အပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အကြီးဆုံးဗျူဟာကုန်းကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Hakha မှ ဒီကနေ့မနက်ပိုင်းမှာစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
“တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်။ ဟားခါးမြို့အနီးတစ်ဝိုက် သုံးနေရာခန့်မှာတိုက်ပွဲတွေဆက်ဖြစ်နေ တယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများတယ်။ ပွိုင့်ဖိုက် သေနတ်အပြင် လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ အခုက တိုက်ပွဲဆက်လက်ပြင်းထန်နေတာမို့ အသေးစိတ်ပြောလို့မရသေးဘူး။” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက Lungmili Post ကိုပြောပါတယ်။
ဒေသခံတစ်ချို့မှလည်း “ နှစ်ဖက်တိုက်ပွဲအတွင်း စကစ ဘက်ကအသေအပျောက်များတယ်။ ရုန်းတောင်ပေါ်က မီးခိုးတွေအများကြီးတွေ့နေရတယ်။” လို့ပြောပါတယ်။
တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်အသုံးပြုပြီးဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက် လုပ်နေတယ်လို့သိရပါတယ်။