Aussie Myanmar Mate

Aussie Myanmar Mate This page shares useful knowledge and information about Australia.🇦🇺
(1)

17/06/2026

ကမ္ဘာ့ဖလား ပွဲတော်တော်များများက ဩဇီ အချိန် မနက်ပိုင်းနဲ့ နေ့လည် ကန်ကျတော့ အလုပ်ထဲမှာ အဆင်ပြေသလိုလေး အားပေးရတာ။ ၄ နှစ်မှ တခါဆိုတော့ မကြည့်ဘဲနှင့်လဲ မနေနိုင်။

FIFA 2026 ကမ္ဘာဖလား ဘောလုံးပွဲကို ဖုန်း နဲ့ Free ဘယ်ကနေ ကြည့်ကြသလဲ။Australia 🇦🇺 အတွက်ဆိုရင်တော့ SBS (Special Broadcastin...
15/06/2026

FIFA 2026 ကမ္ဘာဖလား ဘောလုံးပွဲကို ဖုန်း နဲ့ Free ဘယ်ကနေ ကြည့်ကြသလဲ။

Australia 🇦🇺 အတွက်ဆိုရင်တော့ SBS (Special Broadcasting Service – Australia TV channel) ကနေ ကြည့်လို့ရပါတယ်။ ဖုန်း application နဲ့လဲရပါတယ်။ အကောင့်တော့ဆောက်ရပါတယ်။

တခြားနိုင်ငံကနေ ကြည့်ချင်ရင်တော့ VPN ကို Australia server လိုက်ရွေးပြီး
SBS On Demand website/app ဝင်နိုင်ပါတယ်�👉 SBS On Demand: https://www.sbs.com.au/ondemand

ကျွန်တော် ဩဇီကို အလုပ်ရှာခဲ့တုန်းကပေါ့။ Aussie Myanmar Mate Page စထောင်ခါစက ရေးခဲ့သော Post ပါ။မြန်မာကနေ အလုပ်ရှာပြီး ဩဇီ...
14/06/2026

ကျွန်တော် ဩဇီကို အလုပ်ရှာခဲ့တုန်းကပေါ့။ Aussie Myanmar Mate Page စထောင်ခါစက ရေးခဲ့သော Post ပါ။

မြန်မာကနေ အလုပ်ရှာပြီး ဩဇီမှာ အလုပ်ဗီဇာ စပွန်ဆာရခဲ့ပုံလေးပါ။

ကျွန်တော်က နိုင်ငံခြားမှာ တခါမှ အလုပ်မလုပ်ဖူးပါဘူး။
အလုပ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေတော့ Overseas မှာတက်ဖူးတယ်။ စက်သွားပြင်တယ် ပြန်လာတယ်။ Base ကတော့ မြန်မာမှာဘဲ နေပြီးတော့ လုပ်ရတယ်။
အခု ဩဇီမှာက ပထမဦးဆုံး Overseas Working Experience လို့ပြောရင်လဲရပါတယ်။

ဘာလိုလဲဆိုရင် ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ရှာတက်ဖို့ လိုပါတယ်။ တွေ့သမျှ အလုပ်လျှောက်မယ် ။ ရရာအလုပ်လုပ်မယ့်ဆိုရင်တော့ ဩဇီက အဲ့လို လူတွေ အတွက် မဟုတ်ပါဘူး။ Skill occupation lists ထဲက experience ရှိတဲ့ လူတွေ ဘဲ အလုပ်ဗီဇာ စပွန်ဆာ မျှော်မှန်းလို့ ရပါမယ်။ Limited ဖြစ်ပါတယ်။ IELTS 5.5 လောက်မရဘူးဆိုရင် အဆင်ပြေမည်မဟုတ်ပါ။

ကျွန်တော်က နိုင်ငံခြားကို အလုပ်ရှာတာ Schedule တခုချပြီးတော့ကို ရှာတာပါ။

- 1 ပတ်ကို အလုပ် 3 ခု လျှောက်နိုင်ရမယ်ဆိုတဲ့ Plan ချပါတယ်။ တွေ့သမျှ အလုပ်တိုင်းကို မလျှောက်ပါဘူး။ ကိုယ့်ရဲ့ Experience နဲ့ 80% & above ကိုက်ညီမှ လျှောက်ပါတယ်။ Company အကြီးကြီးတွေ ရွေးပြီး မလျှောက်ပါဘူး (ဘာလို့လဲ ဆိုတော့ Company ကြီးလေ လူရွေးစရာများလေဘဲ ၊ လျှောက်လဲ ရနိုင်ခြေနည်းတယ်၊) ။ ကိုယ့်ကို Visa Sponsor ပေးနိုင်လောက်တဲ့ Company တွေ ကို Focus ထားပြီး လျှောက်တယ်။ CV form ကတော့ ပုံသေထားပြီး လျှောက်တယ်။ ပြင်ပြီးလျှောက်တာက cover letter ပါ။ ကိုယ့်လျှောက်မယ့် အလုပ်နှင့် လိုက်လျောညီထွေစွာ ပြန်ပြင်ရေးပါတယ်။

- 1 လပြည့်လို့မှ ကိုယ်လျှောက်ခဲ့တဲ့ အလုပ်တွေက ဘာမှ မထူးခြားလာဘူး ဆိုရင် CV Form ကို ပြန်ပြင်ပါတယ်။
လျှောက်ခဲ့တဲ့ အလုပ်တိုင်းရဲ့ JD တွေကို Excel File ထဲမှာ Save ထားပါတယ်။ အဲ့ဒါတွေနဲ့ ကိုက်ညီလောက်မယ့် JD တွေကို ကိုယ့်ရဲ့ CV form ထဲ ကို Copy ယူပါတယ်။

- ကျွန်တော် အဓိက ရှာတဲ့ နိုင်ငံက ပထမ က Australia ပါ၊ ဒုတိယ က New Zealand ပါ။
တတိယ က Canada ပါ။ 4th က USA ပါ (အခုဆိုရင်တော့ US က မရတော့ဘူးပေါ့)
နောက်ဆုံး ဘယ်မှ မရရင် စလုံး ဘဲသွားမယ်ဆိုပြီးတော့ လဲ ရှာပါတယ်။ 😁
တချို့ကလဲ ဘာလို့ UK မရှာတာလဲမေးတယ်။ မရနိုင်ဘူးလို့ အဲ့တုန်းက ထင်ခဲ့လိုပါ။ 😜။

- ဘယ်ကတည်းက အလုပ်စရှာတာလဲ ဆိုရင် June 2021 လောက်ပေါ့။
အလုပ်ရတာက July 2022 လောက်မှာ ရတယ်။
Visa ကိစ္စ စာချုပ်ကိစ္စ တွေနဲ့ ပြင်ဆင်တာ တွေစောင့်ရတယ်။ 4 th Jan 2023 မှာ အော်စီကို ရောက်တယ်။ ကျွန်တော် လွတ်လပ်ရေး ရခဲ့တဲ့ နေ့ပေါ့ဗျာ။
ဒီ period က အလုပ်ရှာတာကို ဇောက်ချပြီး ရှာတဲ့ ဟာပါ။
ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ရှာခဲ့တာကတော့ ကြာပါပြီ။
ဩဇီကဘဲ Interview 4 ခု ရခဲ့ပါတယ်။ စလုံးက ၂ ခုရတယ်။ လစာ အဆင်မပြေလို့ မလုပ်ဖြစ်။ ဩဇီကတော့ နောက်ဆုံးတစ်ခုမှ ဗီဇာ စပွန်ဆာပေးတာပါ။

အဲ့တော့ အလုပ်ရှာတာကအချိန်အတိုင်းအတာတခုတော့ပေးရပါတယ်။
မရသေးလို့လဲ စိတ်ဓာတ်ကျစရာမရှိဘူး။ မရသေးရင် ကိုယ့်ဆီမှာ လိုအပ်ချက်ရှိနေသေးလို ဆိုပြီး ပိုကြိုးစားပါ။
နောက်တစ်ခုက Agent ငှါးပြီး လျှောက်တာ လဲ မဟုတ်သလို လက်ရှိလုပ်နေတဲ့ အလုပ်ကိုလဲ ထိခိုက်တာ တစ်ခုမှ မရှိတဲ့ အတွက် အလုပ်မရခဲ့ရင်လဲ ကိုယ့်အတွက် ဆုံးရှုံး မှု တစ်ခုမှ မရှိပါဘူး။ ဘာမြတ်သလဲဆိုရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ပြင်နိုင်တာ အမြတ်ဘဲလို့ ကျွန်တော်ကတော့ အလုပ်ရှာတဲ့ အချိန်မှာ အဲ့စိတ်ကို ထည့်ထားတယ်။

ကျွန်တော်ရဲ့ Experience က 10 yrs +
Role က Supervisor & manager role နဲ့ မြန်မာမှာ လုပ်ခဲ့တာပါ။
Engineering Background ပါ။

နောက်ဆုံး အနေဖြင့် ပြောချင်တာကတော့ အလုပ်ရှာရတာ ခက်ပါသည်။
မရနိုင်ဘူးလားဆိုတော့ ရနိုင်ပါတယ်။
မြန်မာတွေ အလုပ်ရတာ ရှိလား ? ရှိတာမှ အများကြီးပါ။ မြန်မာကနေ ရပြီးလာတဲ့ သူရှိတယ်။ စလုံးကနေ ကူးလာတဲ့ သူရှိတယ်။ အမျိုးမျိူးပေါ့။
ဗီဇာ မြန်မာဆိုမပေးဘူး ဘာညာ စဉ်းစားမနေနဲ့အုံး။ ကိုယ့်ဘာသာ အလုပ်ရအောင် အရင်ရှာပါ။ အလုပ်ရပြီဆိုတာနှင့် ဗီဇာ ဆို ပီဇာ လားမေးယူရမယ်။ English စာမရဘဲနဲ့တော့ ဩဇီကို အလုပ်နဲ့ လာဖို့ မဖြစ်နိုင်ပါဘူး။ ဖိလစ်ပင်းတွေ ဘာလို့ အလုပ်ရလွယ်တာလဲ ဆိုတော့ E ကောင်းလို့ပါ။

ဆရာ/ ဆရာမ တွေ အတွက် Australia 🇦🇺 မှ အလုပ်ခေါ်စာPrimary & Secondary Teachers – Northern Territory Full-time | Permanent &...
13/06/2026

ဆရာ/ ဆရာမ တွေ အတွက် Australia 🇦🇺 မှ အလုပ်ခေါ်စာ

Primary & Secondary Teachers – Northern Territory Full-time | Permanent & Contract Opportunities
| Term 3 2026 and 2027 Starts
Salary: $96,000 – $160,000+ Super
Visa Sponsorship Available for Eligible Candidates

👩‍🏫 What's On Offer?

Primary and Secondary teaching opportunities across all learning areas
Permanent, contract and leadership positions
Immediate, Term 3 and 2027 commencement dates
Salaries up to $160,000+ super
Visa sponsorship opportunities for eligible international candidates
Relocation assistance and personalised support
Opportunities in Darwin, Palmerston, regional and remote communities
Supportive leadership teams and collaborative school cultures
Professional development and leadership pathways
Government, Catholic and Independent school opportunities

👩‍🏫 Who We're Looking For

Qualified Primary or Secondary Teachers
Current or eligible for Northern Territory teacher registration
Passionate educators committed to student growth and achievement
Strong classroom management and communication skills
Adaptable professionals who enjoy new experiences and challenges
Australian and international candidates welcome

အဓိက Requirement က Current or eligible for Northern Territory teacher registration

Teacher Registration အတွက် လိုအပ်ချက်က

✅ 1. Basic Requirement (အရေးကြီးဆုံး 4 ခု)
NT (Teacher Registration Board – TRB NT) အရ👇
🎓 (1) Teaching Qualification
👉 လိုအပ်တာ
4-year degree (Bachelor of Education)�OR
Degree + Graduate Diploma / Master of Teaching
👉 AND
Minimum 45 days teaching practicum (school experience)

🧠 (2) Competency (teach ability)
Australian Professional Standards for Teachers ကို meet ဖြစ်ရမယ်
👉 Basically�➡️ “teach properly / safely / professionally”

---

📝 (3) English Requirement
👉 Overseas qualification ဆိုရင် အရေးကြီး
Option 1
Australia / UK / NZ / USA / Canada / Ireland မှာ study လုပ်ထား → OK
Option 2
IELTS Academic 👇
Overall: 7.5
Reading & Writing ≥ 7
Speaking & Listening ≥ 8
👉 OR ISLPR Level 4 all skills

---

👤 (4) Fit and Proper Person
👉 Character check
Good behaviour
No serious criminal issue 1

---

🔐 2. Background Checks (MANDATORY)
✅ Ochre Card (Working with Children Check)�✅ National Police Check
👉 NT မှာ မရှိမဖြစ်လိုင်းလုပ်ရမယ် 3

---

📄 3. Documents (apply)
Apply လုပ်တဲ့အခါ👇
Qualification certificates
Academic transcript
Practicum proof
Passport / ID
CV + experience evidence
English test result (if needed)
Police check

Register လုပ်လို့ရတဲ့ လင့်က အောက်မှာ ထည့်ထားပေးပါတယ်။ Information shared ပေးတာဖြစ်တဲ့ အတွက် စိတ်ဝင်စားပါက လင့်ကနေ ဝင်ရောက်လေ့လာပါ။

🇦🇺 Australia ကို Visa 400 / 482 နဲ့ အလုပ်စပွန်ဆာရှာပြီး လာတဲ့နည်းလမ်း (အသေးစိတ်ရှင်းပြချက်)Australia ကို လာဖို့ နည်းလမ်း...
12/06/2026

🇦🇺 Australia ကို Visa 400 / 482 နဲ့ အလုပ်စပွန်ဆာရှာပြီး လာတဲ့နည်းလမ်း (အသေးစိတ်ရှင်းပြချက်)

Australia ကို လာဖို့ နည်းလမ်းများထဲမှာ Visa Subclass 400 သို့မဟုတ် 482 နဲ့ အလုပ်စပွန်ဆာရှာပြီး လာခြင်း က�👉 Visa ရတာ မြန်ပြီး�👉 အတော်လေး ပိုလွယ်တဲ့နည်းလမ်းတစ်ခု လည်းဖြစ်ပါတယ်။
အဲဒီတော့ အလုပ်စပွန်ဆာ ရဖို့ ဘာတွေလိုအပ်လဲ ဆိုတာကို ရှင်းပြပါမယ်👇

---

✅ အခြေခံလိုအပ်ချက်များ
အတက်ပညာ (Skill) တစ်ခုကျွမ်းကျင်ထားရပါမယ်
ကိုယ့် Professional ဟာ Australia ရဲ့�👉 Skilled Occupation List ထဲမှာ ပါရပါမယ်
လုပ်ငန်းအတွေ့အကြုံရှိရပါမယ်
သင်ယူထားတဲ့ Skill နှင့် ကိုက်ညီတဲ့ အတွေ့အကြုံရှိဖို့လိုပါတယ်
Certificate / Qualification ရှိရင် ပိုထိရောက်ပါတယ်

အလုပ်ရှာခြင်း
စပွန်ဆာပေးမယ့် Company ရဖို့က�👉 အချိန်ယူရပြီး�👉 လွယ်ကူတဲ့အရာ မဟုတ်ပါဘူး

အလုပ်ဘယ်မှာရှာမလဲ?
ပုံထည့်ထားပေးပါတယ်။ Comment မှာ ကြည့်ပါ။

---

🔹 Visa Subclass 400 (Short-term Work Visa)
လက်ရှိအချိန်မှာ လုပ်ငန်းရှင်များက
�👉 3 လ / 6 လ (Trial period ပုံစံ) နဲ့ ခေါ်ယူလေ့ရှိပါတယ်
📌 လိုအပ်ချက်များ
Offer Letter
လက်ရှိအလုပ်မှ ထောက်ခံစာ
နောက်ဆုံး 3 လစာ Pay Slip

Degree / Qualification Certificate
CV (အလုပ်နဲ့ ကိုက်ညီမှုရှိဖို့ အလွန်အရေးကြီး)
Notary + MOFA ထုထားသော စာရွက်စာတမ်းများ�(Degree, Household list, Marriage certificate, Child birth certificate စသည်)
📌 မှတ်ချက်
Company တွေက Visa Agent နဲ့ လျှောက်ပေးတတ်ပါတယ်
Agent တစ်ခုချင်းစီ လိုအပ်ချက် ထပ်တောင်းနိုင်ပါတယ်
လက်ရှိမှာ မြန်မာနိုင်ငံသားများအတွက် 400 Visa approval က မလွယ်ကူသော်လည်း�👉 မရနိုင်တာတော့ မဟုတ်ပါဘူး

---

🔹 Visa Subclass 482 (Most Common)
မြန်မာများအများဆုံး ရတဲ့ Visa အမျိုးအစား
📌 Visa သက်တမ်း
2 Years
4 Years
📌 လိုအပ်ချက်များ
400 Visa မှာလိုအပ်တဲ့စာရွက်စာတမ်းများအားလုံး
English Requirement�👉 IELTS (or) Approved English Test�👉 မပြချင်ပါက - University 4 Years Transcript + English Medium Certificate
Health Examination
Private Health Insurance (Medicare မရပါ)

---

🔄 400 ➝ 482 ပြောင်းခြင်း
👉 400 Visa နဲ့ Australia ရောက်ပြီး�👉 482 သို့ပြောင်းခြင်း က အတော်လေး လွယ်ပါတယ်
📌 အားသာချက်
Requirements မများတော့ပါဘူး
Visa ကုန်ခါနီး�👉 Bridging Visa A / B လျှောက်ပြီး ဆက်နေလို့ရပါတယ်

---

💰 လစာ နှင့် အခွန်စနစ်
📌 လစာ
Annual Salary (တနှစ်စာ) အခြေခံပြီးတွက်ပါတယ်
ပုံမှန် 2 ပတ်တကြိမ် Bank ထဲကိုထည့်ပေးပါတယ်
Full-time ဝန်ထမ်းများအတွက်�👉 Superannuation (Pension) Company ကထည့်ပေးပါတယ်
📌 အိမ်လခ
Weekly (တပတ်တခါ) ပေးစနစ်ပါ။

SYDNEY Vivid 2026
10/06/2026

SYDNEY Vivid 2026


ကရင်နီ ဒေသက စစ်ဘေးရှောင် ကျောင်းမှာ တက်နေသော ကျောင်းသားတွေ အတွက် Aussie Myanmar Mate က ပညာရေး အလှူ။Page ကရတဲ့ ဝင်ငွေရယ်မ...
08/06/2026

ကရင်နီ ဒေသက စစ်ဘေးရှောင် ကျောင်းမှာ တက်နေသော ကျောင်းသားတွေ အတွက် Aussie Myanmar Mate က ပညာရေး အလှူ။

Page ကရတဲ့ ဝင်ငွေရယ်
မွေးနေ့တုန်းက လှူမယ်ဆိုပြီး စိတ်ကူးထားတာ နှစ်ခုပေါင်းပြီး လှူဖြစ်ခဲ့တဲ့ အလှူ။

ဒေါင်းများနှင့်အတူတွေ့ရသော ဖြူဖြူကျော်သိန်း
07/06/2026

ဒေါင်းများနှင့်အတူတွေ့ရသော ဖြူဖြူကျော်သိန်း

🇦🇺 Australia ကို အလုပ်ရှာတဲ့အခါ အသုံးဝင်ဆုံး Application တစ်ခုပါ။ဖုန်းမှာ Download လုပ်ပြီး အသုံးပြုနိုင်သလို Website ကန...
06/06/2026

🇦🇺 Australia ကို အလုပ်ရှာတဲ့အခါ အသုံးဝင်ဆုံး Application တစ်ခုပါ။

ဖုန်းမှာ Download လုပ်ပြီး အသုံးပြုနိုင်သလို Website ကနေလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

ကျွန်တော် အလုပ်ရှာတုန်းကတော့ ဒီ App ကို Game ဆော့သလိုပဲ နေ့တိုင်း ဝင်ကြည့်ပြီး Resume ပို့၊ Apply လုပ်ရင်းနဲ့ အလုပ်ရခဲ့တာပါ။

ဩဇီ နှင့် နယူးဇီလန် ကို အလုပ်ရှာနေသူတိုင်း သုံးသင့်တဲ့ App / website ကောင်းတစ်ခုပါ။

Address

Sydney, NSW
2560

Alerts

Be the first to know and let us send you an email when Aussie Myanmar Mate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share