MTK Online Business

  • Home
  • MTK Online Business

MTK Online Business My Father & Mother
💚💚

တစ်နေ့ .........ကျွန်မရဲ့အားနည်းချက်တွေကို🙂အပြစ်မတင်မငြိုငြင်ပဲ😌နားလည်ပေးမဲ့😘ယောက်ကျာ်းမျိုးကိုပဲ👉👦👈ကျွန်မလက်ထပ်မယ်👩‍❤️‍...
03/07/2022

တစ်နေ့ .........
ကျွန်မရဲ့အားနည်းချက်တွေကို🙂
အပြစ်မတင်မငြိုငြင်ပဲ😌
နားလည်ပေးမဲ့😘
ယောက်ကျာ်းမျိုးကိုပဲ👉👦👈
ကျွန်မလက်ထပ်မယ်👩‍❤️‍💋‍👩

တစ်နေ့ ........
ကျွန်မကိုအနိူင်ယူဖို့ထက်😞
အလျော့ပေးမဲ့☺️
ယောက်ကျာ်းမျိုးကိုပဲ👉👦👈
ကျွန်မလက်ထပ်မယ်👩‍❤️‍💋‍👩

တစ်နေ့ ........
ကျွန်မအမှားလုပ်မိရင်တောင်❌
ဆူဖို့ထက်🗣
နောက်ဒီလိုအမှားမျိုးထပ်မလုပ်မိအောင်🙅
စိတ်ရှည်ရှည်နဲ့ဆုံးမပေးမဲ့🥰
ယောက်ကျာ်းမျိုးကိုပဲ👉👦👈
ကျွန်မလက်ထပ်မယ်👩‍❤️‍💋‍👩

တစ်နေ့ ........
ကျွန်မရဲ့ကွယ်ရာမှာဖြစ်စေ🙄
ရှေ့တင်ဖြစ်စေ👀
သစ္စာရှိပေးပြီ😘
ကျွန်မတစ်ယောက်ထဲကိုသာ☝️
စိတ်ထဲရှိပြီး ချစ်ပေးနိူင်မဲ့💖
ယောက်ကျာ်းမျိုးကိုပဲ👉👦👈
ကျွန်မလက်ထပ်မယ်👩‍❤️‍💋‍👩

``ကိုယ့်ကိုကိုယ်ချစ်ရင် ဒါတွေလုပ်ဖို့ မမေ့ပါနဲ့´´•••••••••••••••••••••••••••••••••••••••••••••မနက်အိပ်ယာနိုးတိုင်း ငါအသက...
25/06/2022

``ကိုယ့်ကိုကိုယ်ချစ်ရင် ဒါတွေလုပ်ဖို့ မမေ့ပါနဲ့´´
•••••••••••••••••••••••••••••••••••••••••••••

မနက်အိပ်ယာနိုးတိုင်း ငါအသက်ရှင်နေပါသေးလားလို့ ဘုရားကို ကျေးဇူးတင်ပါ။

ရင်ထဲဘာတွေခံစားနေရပါစေ အိပ်ယာကထ အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ် သွားဖို့တာဝန်ရှိတဲ့ နေရာကို ရောက်အောင်သွားပါ။

သူများနဲ့မနှိုင်းယှဉ်ပဲ ကိုယ့်အားသာချက်ကို ကိုယ်ရှာဖွေပါ အသုံးချပါ။

အားကစားကို ဆယ်မိနစ်ကနေ မိနစ်သုံးဆယ်လောက်လုပ်ပေးပါ။

ရေ နှစ်လီတာတော့ သောက်ဖြစ်အောင်သောက်ပါ။

ဆယ်မိနစ်လောက် ငြိမ်သက်စွာ လေရှုသွင်းရှုထုတ်လုပ်ပေးပါ။

မနက်စာကို ဘုရင်လို အားရပါးရ စားပါ။
နေ့လည်စာကို လျော့စားပါ။
ညစာကို နဲနဲလေးပဲစားပါ။

အားအင်အပြည့်ထည့်ပြီး စိတ်ပါလက်ပါနဲ့သူတပါးကို စာနာတဲ့စိတ်နဲ့တကိုယ်ကောင်းမဆန်ပဲ အလုပ်လုပ်ပါ။

အားပါးတရ ပြုံးပါ ရီလိုက်ပါ။

အသစ်အဆန်းတွေကို အမြဲလေ့လာနေပါ။

အသက်အရွယ်က အရေးမကြီးပါဘူး။ပျော်ပျော်ပါးပါးနေပါ။

ကိုယ့် ပျော်ရွှင်မှုကို ကိုယ်ပဲပိုင်ပါတယ်။
သူများ နှောက်ယှက်လဲ ကိုယ့်ခံယူမှသာ ရတာပါ။

နေ့စဉ် အနည်းဆုံး တွေ့တဲ့ လူသုံးယောက်ကို ပြုံးပြီး ချီးကျူးစကားပြောပေးပါ။

မလိုတော့တဲ့ ပိုလျံနေတဲ့ ပစ္စည်း တခုခုကို နေ့စဉ် လှူပေးပါ။

ဒဏ်ရာဟောင်းတွေကို မစဉ်းစားပဲ လက်ရှိဘဝကို ပျော်အောင်နေပါ။

ဖြစ်လာတဲ့ပြသနာတွေကို သေချာစဉ်းစားပြီးဖြေရှင်းပါ။
ဝမ်းနည်း အားငယ်ရှက်ရွံ့မနေပါနဲ့။

အတင်းအဖျင်းပြောတဲ့သူတွေနဲ့ပေါင်းပြီး အချိန်ကုန်မခံပါနဲ့။

အလုပ်နဲ့သူငယ်ချင်းကြား အလုပ်နဲ့ကျန်းမာရေးကြားမျတအောင်နေပါ။

အလုပ်ဘယ်လောက်များများ မိဘမောင်နှမတွေ ကို မကြာခဏ ဆက်သွယ်ပေးပါ။

အသက် ၇၀ ကျော်တွေ အသက် ၆ နှစ်အောက်တွေနဲ့အချိန်ပေး စကားပြောပေးပါ။

စိတ်ရှုပ်စေမဲ့ ပစည်းတွေ မလှတော့တဲ့ ကွဲသွားပဲ့သွားတဲ့ အသုံးအဆောင်တွေ ကို ရှင်းပေးပါ။

ကျက်သရေမရှိတဲ့အတွေးအခေါ်တွေ ကို ချက်ခြင်းထုတ်လိုက်ပါ။ ကောင်းတာပဲ စဉ်းစားပါ။

လူမှုကွန်ယက်မှာကျက်သရေ ရှိတာပဲ Share ပါ။

သူများတွေ ငါ့ဘာထင်မလဲ ဆိုတာ အရေးမကြီးဘူး။
မထိခိုက်သမျ လုပ်စရာရှိတာလုပ်ပါ။

အနိုင်ဆိုတာ အမြဲမရဘူး။ ညျှိနှိုင်းယူတတ်အောင်လေ့ကျင့်ပါ။

မရှိတာအတွက် စိတ်ဆင်းရဲမနေပါနဲ့။ရှိနေတာကို ပဲ တန်ဖိုးထားပါ။

ည ၁၁ နာရီနောက်ဆုံးထားအိပ်ပေးပါ။

ဘုရားရှိခိုးပါ။ ဘုရားက ခွန်အားကိုပေးပါတယ်။

အိမ်ကို ရှင်းနေအောင်ထားပါ။ အိမ်အလုပ်ကူလုပ်ပေးပါ။

ထမင်းကို သေချာခူးခပ်စားပါ။ပြီးပြီးရော ဇလုံနဲ့ထည့်မစားပါနဲ့။

Credit

ရေစက်ရှိသလောက်ပေါ့ ...မင်းကို ဒီလောက်ချစ်တာကိုဆိုပြီး အပြစ်တွေ ဖွဲ့မနေတော့ပါဘူး လောကကြီးကိုလဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်း...
20/06/2022

ရေစက်ရှိသလောက်ပေါ့ ...

မင်းကို ဒီလောက်ချစ်တာကိုဆိုပြီး အပြစ်တွေ ဖွဲ့မနေတော့ပါဘူး လောကကြီးကိုလဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ မေးမနေတော့ပါဘူး ။ ငါတို့တွေက ရေစက်တွေရှိလို့ ဆုံခဲ့ကြရတယ် ပြီးတော့ အရမ်းချစ်ခဲ့ကြတယ် ပြီးတော့ ရေစက်ရှိသလောက်ပေါ့ အဲ့ဒီနောက်မှာ ဘယ်လိုပဲ အဆုံးသတ်လာ သတ်လာ လက်သင့်ခံလိုက်ရမှာပဲမဟုတ်လား ။

ကိုယ်ကလေ ... သိပ်ရီရတာ ဖြစ်မလာသေးတဲ့အရာတွေကို စိတ်ကူးတွေ ယဥ်နေတတ်သလို စိတ်တွေလဲ ပူနေတတ်တဲ့ လူတစ်ယောက်လေ ။ ချစ်ခြင်းမေတ္တာလောက် ကိုးကွယ်ချင်ခဲ့တာ ရေစက်တွေကုန်တဲ့ မဖြစ်မနေခွဲခွါရမယ်ဆိုတာမှန်း မသိတတ်ခဲ့ဘူး ။ တွေ့ရမယ်ဆိုတဲ့ နေရာလောက်မှာ ပျော်ပြီး ချစ်ရတယ်ဆိုတဲ့ အိပ်မက်တွေလောက် မက်နေခဲ့မိတာလေ ။

ကိုယ် သေလောက်အောင် ချစ်ပါတယ်ပဲ ပြောပြော ... အချိန်တန်လို့ ခွဲရမယ်ဆိုတဲ့အခါ ကိုယ်ဘယ်လောက်ချစ်ခဲ့ပါတယ်ဆိုတဲ့ စကားလုံးတွေကို ဂရုစိုက်မှာမဟုတ်ဘူး ပြီးတော့ ကိုယ်ဘယ်လောက် မျှော်လင့်ခဲ့တာဆိုတဲ့ မျှော်လင့်ချက်တွေကိုလဲ သိချင်တော့မှာမဟုတ်ဘူး ။ ဆွဲထားတဲ့လက်လေးက မလွတ်လွတ်အောင် ရုန်းထွက်သွားကြတာပဲ ။ တားနေတဲ့ကြားထဲက မဖြစ်ဖြစ် ဖြစ်အောင် ကျောခိုင်းသွားတာပဲ ။

ရေစက်ရှိသလောက်ပေါ့ ... ချစ်ခဲ့ပါတယ်ဆိုတဲ့အတိတ်ဟာ ကိုယ်တစ်ယောက်တည်း ... မှတ်မိနေတဲ့ အတိတ်တစ်ခု ဖြစ်သွားမှာဖြစ်သလို ချစ်နေမိပါတယ်ဆိုတဲ့ စိတ်တွေဟာ ကိုယ်တစ်ယောက်တည်း သိနေတဲ့ ခံစားချက်တစ်ခု ဖြစ်သွားမှာပါ ။ ဒီဆက်ဆံရေးမှာ သင်္ခန်းစာတွေရယ် ဒဏ်ရာတွေရယ် ပြီးတော့ မျက်ရည်တွေရယ်ပဲ ကိုယ်က ကျန်ခဲ့တာပေါ့ ။

ရေစက်တွေရှိလို့ ဆုံခဲ့တယ် ... ရေစက်တွေရှိသလောက်ပဲ ချစ်ခဲ့တယ်ဆိုပါတော့ ....

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

အားမငယ်လိုက်ပါနဲ့.... ရိုးသားမူရှိတဲ့သူက ပိုပြီး အတတ်နှင်းခံရတတ်တယ်။ နားလည်မူပေးတဲ့သူက ပိုပြီး လိမ်လည်လှည့်ဖျားမူတွေခံရတ...
19/06/2022

အားမငယ်လိုက်ပါနဲ့....

ရိုးသားမူရှိတဲ့သူက
ပိုပြီး အတတ်နှင်းခံရတတ်တယ်။

နားလည်မူပေးတဲ့သူက
ပိုပြီး လိမ်လည်လှည့်ဖျားမူတွေခံရတတ်တယ်။

မိသားစုမှာ သိတတ်တဲ့သူတွေက
ပိုပြီး ပင်ပန်းခံရတတ်တယ်။

သူငယ်ချင်းအပေါင်းအသင်းကြားမှာ
အလိုက်သိတဲ့သူတွေက
ပိုပြီး အနစ်နာခံရတတ်တယ်။

ဖြူဖြူစင်စင်နဲ့ ကြိုးစားတဲ့သူက
ပိုပြီး ခက်ခဲနေတတ်တယ်။

လက်တွေ့နစ်နာ ခံဖူးတဲ့သူတွေက
ဒီခံစားချက်ကို ကောင်းကောင်းသိပေမယ့်
သာမာန်လူတွေက နားမလည်နိုင်ကြဘူး။

​ရှေ့ဆက်ပြီးတော့လည်း ရှိနေအုံးမှာဘဲ။
မရိုးသားတဲ့လူက မရိုးမသား လုပ်နေအုံးမှာပဲ။
ရိုးသားတဲ့သူက ဘယ်နေရာရောက်ရောက် ရိုးသားနေကြအုံးမှာပဲ။

ချစ်တတ်တဲ့သူက ချစ်နေအုံးမှာပဲ။
မုန်းတတ်တဲသူလည်း မုန်းနေအုံးမှာပဲ။
မကြိုးစားတတ်သူက အပြစ်တွေမြင်နေအုံးမှာပဲ။
ကြိုးစားတတ်တဲ့သူက နစ်နာပင်ပန်းပါစေ ကြိုးစားသွားအုံးမှာပဲ။

သူကဒီလို ငါကဒီလိုဆိုတာတွေကို
အချိန်ကုန်ခံပြောနေစရာ မလိုပါဘူး။

သူလျှောက်တဲ့လမ်း သူရောက်
ကိုယ်လျှောက်တဲ့လမ်း ကိုယ်ရောက်နေစမြဲ။

သူငယ်ချင်းရေ ဘဝမှာ
ပိုနာကျင်ခံရတဲ့အခါ။
ပိုနစ်နာခံရတဲ့အခါ။
ပိုပင်ပန်းခံရတဲ့အခါမှာ
အားမငယ်လိုက်ပါနဲ့
မင်းဟာ သူများထက်
ပိုတော် ပိုအရည်အချင်းရှိနေလို့ပါပဲ.....

❌ လုံးဝမပြုလုပ်သင့်တဲ့အရာပါ❌မျက်နှာမှာ ဒီလိုတွေဖြစ်ရင် မြန်မာနိုင်ငံသားအများစုက သနပ်ခါးတွေ လိမ်းချလိုက်တယ်...ဒါက မလုပ်သင...
08/06/2022

❌ လုံးဝမပြုလုပ်သင့်တဲ့အရာပါ❌

မျက်နှာမှာ ဒီလိုတွေဖြစ်ရင် မြန်မာနိုင်ငံသားအများစုက သနပ်ခါးတွေ လိမ်းချလိုက်တယ်...

ဒါက မလုပ်သင့်တဲ့ အပြုအမူပါ🙅

ဟုတ်တယ်...ကိုယ်တိုင်လည်း အရင်က အာ့လိုလိမ်းခဲ့တယ်..အခုတော့ မလုပ်တော့ဘူး

ဘာလို့မလိမ်းသင့်တာလည်းဆိုတော့ သနပ်ခါးက အဆီပြန်တာကိုပဲ ထိန်းချုပ်ပေးနိုင်တာပါ...၀က်ခြံ
ကိုတော့ မထိန်းချုပ်နိုင်ပါဘူး

သူက ချွေးပေါက်တွေကို ပိတ်စေပြီးတော့ ဝက်ခြံတွေကိုအောင်းစေပါတယ်.

ခဏတာ သက်သာသွားပေမယ့် ရေရှည်မှာ အဆင်မပြေပါဘူး

အခြေအနေတစ်ခုရောက်တာနဲ့ ပိုဆိုးသွားမှာပါ

ဥပမာ- ပင်လယ်စာ ၊ပုဇွန် စတာတွေ စားမိလို့ ၀က်ခြံ
တွေထွက်ချင်ရင် ကိုယ်က ချွေးပေါက်ပိတ်နေတဲ့အတွက် ၀က်ခြံပုန်းတွေ ၀က်ခြံ ဂျက်ခဲကြီးတွေဖြစ်နိုင်ပါတယ်

မီးပွို့င်မှာ ကားပိတ် သလိုပေါ့
ရှေ့ကားပိတ်ရင် နောက်ကားတွေလည်း လိုက်ပိတ်ကုန်တယ်

ဒါကြောင့် ၀က်ခြံထွက်ရင်သနပ်ခါးမလိမ်းပါနဲ့

ကိုယ့်ချွေးပေါက်ကို ဖွင့်ပြီးတော့ ၀က်ခြံတွေကို ထုတ်ပါ

ပြီးရင် ချွေးပေါက်ကျဉ်းအောင် ပြန်လုပ်ပါ

Crd💕

အလှအပရေးရာဗဟုသုတလေးတွေအမြဲမပြတ်တင်ပေးနေတာမို့ Acc ကို Follow လုပ်ထားလို့ရပါတယ်နော်💖

တင်းတိတ် အမဲစက်ဖြစ်ရခြင်း အကြောင်းရင်း ၃မျိုးဘာကြောင့် တင်းတိတ် အမဲစက်ဖြစ်ရတာလဲ❓1️⃣ နေရောင်ခြည်ကြောင့် အပူများကြောင့်2️⃣...
05/06/2022

တင်းတိတ် အမဲစက်ဖြစ်ရခြင်း အကြောင်းရင်း ၃မျိုး

ဘာကြောင့် တင်းတိတ် အမဲစက်ဖြစ်ရတာလဲ❓

1️⃣ နေရောင်ခြည်ကြောင့် အပူများကြောင့်
2️⃣မျိုးရိုက်လိုက်ခြင်းကြောင့်
3️⃣ဟော်မုန်းကြောင့်

တင်းတိတ်သများအများစုက အသားရည်ခြောက်ခြင်ကြောင့်ဖြစ်ကြတာပါ
တင်းတိတ်ကို အသက် ၂၀ကျော် ၃၀နောက်ပိုင်တွေအဖြစ်များပါတယ်ရှင့်
အများစုမိန်းကလေးတွေဖြစ်ကြတာပါ

မိန်းကလေးများအသက်၂၀ကျော်တာနဲ့ တငါးတိတ်စတင်ထွက်ပါပြီ
ငယ်ရွယ်မှုအသားရည်တွေလည်းစတင်ဆုံးရှုံးမှုတွေတဲ့အခါ

❗️နေရောင်ခြည်နဲ့အပူများတိုက်ရိုက်ထိတွေ့ခြင်းကြောင့်
အသားရည်ဂရုမစိုက်တဲ့အခါ စတင်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်ရှင့်
အပြင်သွားတဲ့အခါ အထူးသဖြင့် နေကာမလိမ်းခြင်းကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်

❗️တချို့တွေက တင်းတိတ်မျိုးရိုးလိုက်တာကြောင့်
ဖြစ်လာရခြင်းဖြစ်ပါတယ် မျိုးရိုးကြောင့်ဆိုရင်အစကတည်းကသတိထားပါရှင့်
အချိန်မှီ အသက်၂၀ကျော်တာနဲ့SkinCareသေချာဂရုစိုက်လိမ်းပေးရင်
ဖြစ်နိုင်ခြေနည်းသွားပါမယ်ရှင့်

❗️ဟော်မုန်းကြောင့် တင်းတိတ်ဖြစ်ခြင်း
အမျိုးသမီးများဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်းတားဆေးတွေအသုံးပြုရတဲ့
အတွက်ကြောင့် တင်းတိတ်ဖြစ်လာရပါတယ် တချို့ဆိုကိုယ်ဝန်ဆောင်နေစဉ်
တချို့ဆိုကလေးမွေးပြီးမှဖြစ်လာရခြင်းဖြစ်ပါတယ်ရှင့်
ဟော်မုန်းကျတော့ ကိုယ်ဘာနဲ့မတည့်တာလဲ အဲ့အဖြေကိုရှာရပါမယ်ရှင့်💥
ဥပမာ ထိုးတာနဲ့မတည့်ရင်မထိုးပါနဲ့ ပြောင်းစားလိုက်ပါ
ပြီးရင် Skin Care သေချာလုပ်ပါ

ဒါကြောင့် ၂၀ကျော်တာနဲ့ သေချာ ကိုယ့်အသားရည်ကိုအထူးဂရုစိုက်ခြင်းအားဖြင့်
✅Skin Care သေချာလိမ်းပေးပြီး နေ့မှာနေကာမရှိမဖြစ်လိမ်းရပါမယ်ရှင့်
✅နေကာကို မိုးရွာရွာနေပူပူ အိမ်ထဲပဲနေနေ မရှိမဖြစ်လိမ်းရပါမယ်ရှင့်

ဒါဆိုရင် သင့်ရဲ့တင်းတိတ်က ဘာကြောင့်လဲဆိုတဲ့အဖြေကိုသိပြီထင်ပါတယ်ရှင့်
✅သိသွားပြီးရင် သေချာသင့်အသားရည်ကိုပြန်လည်ဂရုစိုက်လိုက်ပါရှင့်
ဒါဆိုတဖြည်းဖြည်းနဲ့ပြန်လည်သက်သာလာပါလိမ့်မယ်ရှင့်

💥တင်းတိတ် ၁ပါတ်အတွင်းပျောက် ၁၀ရက်အတွင်းပျောက်💥
ဆိုတာများကိုအထူးဂရုစိုက်ရှောင်ပေးပါရှင့်

💥တင်းတိတ်ဆိုတာ ၁ပါတ် ၁၀ရက်နဲ့လုံးဝမပျောက်နိုင်သလို
💥လုံးဝအရှင်းမပျောက်နိုင်ပါဘူးရှင့်

✅တင်းတိတ်သက်သာအောင်
✅ထပ်မပွါးနိုင်အောင်ပဲ လုပ်လို့ရပါမယ်ရှင့်

🙏အားလုံးတင်းတိတ်ကြောင့် အလှတရားများမပျက်ကြပါစေနဲ့ရှင့်

စေတနာများစွာဖြင့်


#တင်းတိတ်
#မှဲ့ခြောက်
#အမဲစက်

 #တန်ဖိုးရှိလွန်းလို့အဆုံးထိဖတ်ကြည့်နော်အဖေပြောဖူးတယ်။ တစ်ချို့လူတွေက ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာတဲ့။အစပိုင်းက ကျွန်တော...
05/06/2022

#တန်ဖိုးရှိလွန်းလို့အဆုံးထိဖတ်ကြည့်နော်

အဖေပြောဖူးတယ်။ တစ်ချို့လူတွေက ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာတဲ့။

အစပိုင်းက ကျွန်တော် အဲဒီစကားကို နားမလည်ဘူးဗျ။ ဘယ်လိုမျိုး ဆင်းရဲသင့်လို့ ဆင်းရဲနေတာလဲပေါ့။

ဘယ်လိုလူတွေက ဆင်းရဲသင့်နေလို့လဲပေါ့။

အဲဒီစကားက ကိုယ်တိုင်ကြုံမှပဲ နားလည်ခဲ့ရတာ။

ကျွန်တော် အရင်က စီးပွားရေးတွေလုပ်တော့ အောင်မြင်တယ်ပဲ ပြောရမယ်။ ဘဏ်အကောင့်ထဲ သိန်းထောင်ဂဏန်းရှိခဲ့ဖူးတယ်ပေါ့ဗျာ။

ငွေလေး ဘာလေးရှိလာတော့ လိုအပ်မှန်းမသိ မလိုအပ်မှန်းမသိ လျှောက်ဝယ်တဲ့ဇာတ်လမ်းက စေတာ့တာပဲ။

Honda Fit လေး စစီးတယ်။ သိပ်မကြာသေးဘူး လမ်းမှာရပ်ထားတဲ့ Wish တစ္စီး လှလို့ဆိုပြီး Honda Fit ကို အရွုံးခံ ရောင်းပြီး Wish ကို ဝယ်ပြန်ရော။

Wish စီးတာ မကြာသေးဘူး။ သူငယ်ချင်းတွေက မင်းအနေထားကြီးနဲ့ Alphard လောက်တော့ စီးသင့်နေပြီ။

ဆီဖိုးလည်း တတ်နိုင်တာပဲ ဘာညာ ပြောတာနဲ့ Wish ကို ပြန်ရောင်း။ ပြန်ရောင်းတော့ ထပ်ရှုံးတယ်။

Alphard ထပ်ဝယ်တော့ ငွေက ထပ်လိုက်ရပြန်ရော။ ငွေကတစ်စစနဲ့ ရှုံးနေတာကို သတိမထားမိတာ။

အဲဒါလည်း အားမရေသးဘူး။ Ford ကား Showroom ရှေ့ရောက်တော့ Ford ကြီးလိုချင်ပြန်ရော။ အကောင့်ထဲမှာ ငွေရှိတာပဲလေဆိုပြီး ထပ်ဝယ်ပလိုက်ပြန်ရော။

ကိုယ့်ဝင်ငွေထက် ထွက်ငွေတွေက များနေတာကို သတိမထားမိဘဲ ကိုယ့်ရဲ့လိုချင်စိတ်ကို မထိန်းနိုင်ခဲ့တာဗျ။

စီးတီးမတ် တစ်ခါသွားရင် လိုတာကော မလိုတာကော ဝယ်။ တစ်ခါရှင်းရင် နှစ်သိန်းသုံးသိန်း။ ပြီးရင် ဘာမှလည်း အဖတ်မတင်ဘူး။

ကားတွေ ဝယ်နေတဲ့သူတွေ။ စီးတီးမတ်သွားတဲ့လူတွေကို ပြောတာမဟုတ်ဘူးနော်။ ကိုယ့်ဟာကို ဝင်ငွေနဲ့ထွက်ငွေ မမျှတာကို သတိမထားမိတာကို ဥပမာပြောပြတာပါ။

ဒီလိုနဲ့ လုပ်ငန်းတွေ ရှုံးပြီး ဝင်ငွေတဲ့ ရပ်သွားတဲ့အချိန်မှာလည်း အသုံးအဖြုန်းကတော့ မရပ်နိုင်သေးဘူး။

ဘယ်အချိန်မှရပ်လဲဆိုတော့ မြဲသြားမွပဲ ရပ်တော့တာ။

ဝင်ငွေထွက်ငွေ မမျှတရင်လည်း ဆင်းရဲသင့်တဲ့ လူစာရင်းထဲ ထိပ်ဆုံးက ပါနေပြီဗျ။

ငွေရှာဖို့ အရေးကြီးပေမယ့် #ရှာလာတဲ့ငွေကိုထိန်းသိမ်းတတ်ဖို့ကပိုပြီးအရေးကြီးပါတယ်။

ရွာတာ တစ်လဆယ်သိန်းဆို ဆယ်သိန်းလုံး သုံးမပစ်သင့်ဘူးဆိုတာ လူတိုင်းသိပေမယ့် လိုက်နာဖို့ကျတော့ ခက်ခဲတယ်။

ဆယ်သိန်းဝင်လို့ ငါးသိန်းသုံးပြီး ငါးသိန်းစုနိုင်ရင်တော့ အကောင်းဆုံးပေါ့။

အခုဒီစာဖတ်နေတဲ့သူတွေကို ကျွန်တော် ပြောချင်ပါတယ်။

ဝင်ငွေတွေကို အကုန်မသုံးပါနဲ့။ မလိုအပ်တာတွေ သိပ် မဝယ်ပါနဲ့။ နောက်ပိုင်းဆို ငွေရှာရ ပိုခက်ခဲနိုင်ပါတယ်။ ငွေစုပါ။ စုလာတဲ့ငွေကို ရင်းနှီးမြှုပ်နှံပါ။

ကျွန်တော် ဝင်ငွေထွက်ငွေ မမျှလို့ မြဲဖူးလို့ စေတနာနဲ့ ရေးတာပါ။

ကျွန်တော်မှ မဟုတ္ဘူး။ ငယ်သူငယ်ချင်းတစ်ယောက်လည်း ဒီလိုပဲ။

သူအဆင်ပြေနေတဲ့အချိန် ဘဏ်ထဲမှာ သိန်းနှစ်သောင်းကျော်ရှိတယ်။

သူကကျတော့ လောင်းကစားလုပ်တာ။ မြဝတီဘက် ကာစီနို သွားဆော့တာ အခုဆို နေစရာ အိမ်တောင်မရှိတော့လို့ သူများအိမ်ကပ်နေနေရပြီ။

ဝင်ငွေထွက်ငွေ မချိန်တတ်တဲ့အပြင် လောင်းကစားပါ ငြိသွားတော့ ဆင်းရဲသင့်တဲ့ လူစာရင်းထဲ ပါသွားတာပေါ့။

အရင်က ကိုယ်အသုံးမကျခဲ့ကြောင်း ကိုယ်ကျရှုံးခဲ့ကြောင်း ရေးရတာ သိပ်တော့ သက်တောင့်သက်သာ မရှိလှပေမယ့် ကိုယ်တွေ သတိမထားခဲ့လို့ မြဲခဲ့ဖူးသလို ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်လို့ ဒီစာကိုရေးပေးတာပါ။

အခုယိုပေါက်တွေ ပိတ္လိုက္လို့ အရင်ထက် ပိုအဆင်ပြေနေပါပြီ။

ဆင်းရဲသင့်တဲ့သူက ဆင်းရဲနေဦးမှာမို့လို့ ဝင်ငွေနဲ့ ထွက်ငွေ အမြဲတမ်းချိန်ဆ အသုံးပြုနိုင်ကြပါစေ။ ။

Credit : Original author

သံပုရာသီး အသုံးဝင်ပုံ (၁၀) ချက်၁။ ခံတွင်း ကျန်းမာရေးသံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ေ...
03/06/2022

သံပုရာသီး အသုံးဝင်ပုံ (၁၀) ချက်

၁။ ခံတွင်း ကျန်းမာရေး

သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။

၂။ နှုတ်ခမ်းကွဲခြင်း

မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။

၃။ ဆံပင်ကျွတ်ခြင်း

အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

၎။ ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်

ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြော ပေးပါ။ တစ်လလောက် လုပ်ပေး ရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

၅။ အသားအရေ ခြောက်သွေ့ခြင်းအတွက်

ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်း ကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီး ဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော် နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပ အတွက် အကောင်းဆုံး ပေးစွမ်း စေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်း စေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက် တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

၆။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက်

သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြော ပေးပါ။

၇။ တံတောင်ဆစ် မည်းခြင်းအတွက်

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ ဖြစ်နေ တတ်ပါတယ်။ အရောင်အဝါ လင်းလက် ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူး ဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့ စိမ်ချိုးပေးပါ။

၈။ လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ် ဆိုရင်လည်း ပိုပြီး တောက်ပြောင် လာပါ လိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရကျရျှနဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရကျရျှနဲ့ တိုက်ပေးရင် ပိုကောင်း ပါတယ်။

၉။ ခြေထောက်

သံပုရာရည် တစ်ခွက်စာ (ကော်ဖီခွက် တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင် ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ)တို့ ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူး ဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြု နိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့် လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့ လာပါ လိမ့်မယ်။

၁၀။ နွအေပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး

ပူပြင်း ခြောက်သွေ့တဲ့ နွရောသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူ သက်သာအောင် လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည် တစ်ဇွန်းနဲ့ ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှုကို ကောင်းမွန် စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက်သာ စေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင် ပေးပါတယ်။

01/06/2022

#လမ်းလျှောက်ပါ

🚶လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ

🌾အသက်【၅၀】ကျော်လျှင် လမ်းလျှောက်ပေးကြပါ...

🌀သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။ အဖော် ပါလာပါတယ်။

🌀အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။

🌀နှလုံးခုန်ခြင်းဟာ သူဟာသူ ခုန်နေတာ
ဖြစ်ပေမဲ့ ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။

🌀လူတစ်ယောက်ဟာ တစ်နေ့ကို နှလုံးခုန်တဲ့ အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

🌀အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံး က pump လုပ်နေခြင်း ဖြစ်ပါတယ်။

🌀အဲဒီသွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့် နှလုံးကို ပြန်ရောက်လာပါတယ်။သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။

🌀နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး
တစ်ကိုယ်လုံးကို ကောင်းစွာရောက်ဖို့ ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာ သွေးတွေ ပြည့်နေဖို့
လိုပါတယ်။

🌀နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှု နည်းပါးသွားပါ‌လေရော။

🌀အဲဒီအခါကျတော့ သွေးလှည့်ပတ်မှု
မကောင်းတော့ဘူး။

🌀သွေးလည်ပတ်မှု မကောင်းတော့
သွေးထဲက ကော်လက်စထရောတွေ၊
ကယ်စီယမ်တွေနဲ့ အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။

🌀 နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုက ကြွက်သားတွေပဲဖြစ်ပါတယ်။

🌀ခြေသလုံး၂ခုက ကြွက်သားတွေ ညှစ်ပေးမှ သွေးပြန်ကြောထဲက သွေးတွေကနှလုံးကို ကောင်းစွာ ရောက်ပါတယ်။

🌀နှလုံးအိမ်မှာ သွေးတွေ ပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တစ်ရှိန်ထိုး ဝင်ရောက်သွားပါတယ်။

🌀 ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင်
ရေက ကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။
ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။

🌀ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့ ရေပိုက်ထဲက အနည်တွေ ပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။ သွေးကြောကလည်း အဲဒီ သဘောအတိုင်းပါပဲ။

🌀နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံး ကြွက်သားတွေညှစ်မှ ရတာပါ။

🌀ခြေသလုံး ကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှ ရတာပါ။
အပြေးလေ့ကျင့်မှရတာပါ။

🌀ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှ နှလုံးသွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

🌀ယခုအခါမှာ လူတွေဟာလမ်းတောင်
မလျှောက်ကြဘဲ ဇိမ်ခံပစ္စည်းအမျိုးမျိုး နဲ့သာ အချိန်ကုန်နေကြပါတယ်။

🌀ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့ သေနေကြတာ အများကြီးပါပဲ။

🌀ခြေသလုံး၂ခုကို လှုပ်ရှားပြီး ကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။

🌀လမ်းလျှောက်တဲ့လူတွေဟာ အသက်ရှည်တယ် ဆိုတာ ဒါကြောင့်ပါ။

crd မူရင်းလူ
D.k

Address

Mandalay

4802

Website

Alerts

Be the first to know and let us send you an email when MTK Online Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MTK Online Business:

  • Want your business to be the top-listed Media Company?

Share