Ah Ayar

Ah Ayar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ah Ayar, Media Agency, 21 Manorvale Parade, .

အညာမြေမှ အိုင်ကွန်စက်လေးများဆောင်းပါးNewsambassador By - ယုဇနအညာနွေ၏ ပူပြင်းလှသော နေပူရှိန်အောက်တွင် ဦးဖိုးထောင်တစ်ယောက်...
08/03/2026

အညာမြေမှ အိုင်ကွန်စက်လေးများ

ဆောင်းပါး
Newsambassador
By - ယုဇန

အညာနွေ၏ ပူပြင်းလှသော နေပူရှိန်
အောက်တွင် ဦးဖိုးထောင်တစ်ယောက် လယ်ထဲ၌ မြက်များကို ကုန်းရုန်းရှင်းနေသည်။

ကောင်းကင်ယံ၏ တိမ်တိုက်ကြားမှ ထွက် ပေါ်လာသော ဂျက်ဖိုက်တာ၏ဟိန်းဟောက် သံကြောင့် ဦးဖိုးထောင် မော့ကြည့်လိုက်မိသည်။ ရင်ထဲတွင် ဒိန်းခနဲ တုန်သွားသည်။

သူ့နည်းတူပင် အနီးနားရှိ လယ်ကွင်းများထဲမှ တောင်သူများလည်းလက်ထဲ က တူးရွင်းနှင့် ပေါက်တူးများကို ပစ် ချကာ ထန်းပင် များကို အကာအကွယ် ပြု ပုန်းခိုပါတော့ သည် ။

ကောင်းကင်ထက်ဝဲပျံနေသော လေယာဉ်သံငြိမ်သွားသည်နှင့်တပြိုင်တည်း ရွာထဲသို့ ဦးတည် ပြေးကြတော့ သည်။ သူတို့၏ ပန်းတိုင် က တစ်ရွာလုံးတွင် တစ်လုံးတည်းသာရှိသော "အိုင်ကွန်" (စကားပြောစက်) ရှိရာ ရွာလူကြီးအိမ် ဖြစ်သည်။

"ဂျက်ဖိုက်တာလား၊ ရဟတ်ယာဉ်လား၊ ဘယ်ကို ဦးတည်နေတာလဲဆိုတာ အိုင်ကွန် ထဲက သတင်းတက်မှ သိရမှာဗျ။ ဖုန်းက သုံးလို့မရတော့ ဒီစက် ကလေးကိုပဲ ဘုရားတပြီး အားကိုးနေရတာ"ဟု ဦးဖိုးထောင်က ပြောပြ သည်။

ရွာလူကြီးအိမ်ရှေ့တွင် ဦးဖိုထောင်တို့စုဝေးနေကြပြီဖြစ်သည်။ လူတိုင်း၏ မျက်လုံးများက စားပွဲပေါ်ရှိအိုင်ကွန်စက် ကလေးဆီမှာ။ တစီစီနှင့်ထွက် ပေါ် လာသော လိုင်းသံများကြားမှာလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရေးသတိပေးချက်ကို အာရုံစိုက်ကာ နား ထောင်နေကြသည်။

အိမ်တိုင်းက မဝယ်နိုင်သလို၊ တစ်ရွာလုံးတွင် တစ်လုံးသာရှိသဖြင့် ဤစက်ကလေးသည် ရွာ၏ "မျက်စိနှင့် နား" ဖြစ်နေသည်။

မျက်မှောက်ခေတ်တွင် လူတိုင်းသတင်း ကို လက်တစ်ကမ်း၌ ရယူနိုင်သော်လည်း၊ အညာဒေသခံများမှာမူ သေရေးရှင်ရေးသတင်းကိုပင် လူစုဝေးကာ နားထောင်နေရရှာသည်။

အိုင်ကွန်ထဲမှ "ဂျက်ဖိုက်တာ တစ်စီး တက် လာပြီ၊ တောင်ဘက်ကို ဦးတည် နေတယ်" ဟူသော အသံ ထွက်ပေါ်လာချိန်တွင် စုဝေးနေရာမှ ကလေးငယ် များကိုပွေ့ချီကာ ဗုံးခို ကျင်းထဲသို့ပြေး ဝင်ကြသူများရှိသလိုသစ်ပင် ကြီများ ကို အကာအကွယ်ယူ ပြေး ပုန်းကြရသည် ။ဒါဟာနေ့စဉ်ကြုံတွေ့နေသော အညာဒေသ၏ ခါးသီးလှသောစစ် ဘေးဒဏ်နှင့် သတင်းအချက်အလက် ငတ် မွတ်မှုကို ထင်ဟပ်နေသည့်မြင် ကွင်း ဖြစ် သည် ။

"စက်က ဈေးကြီးတော့ အိမ်တိုင်း မရှိဘူး။ ရွာမှာ တစ်လုံးပဲ ရှိတာဆိုတော့ သတင်းသိရဖို့က တစ်ဆင့်စကား တစ်ဆင့်နားနဲ့ပဲ သွားနေရတာ။ တစ်ခါ တလေ သတင်းက နောက် ကျသွားရင် ကျွန်တော်တို့ ဘဝတွေက ဘာမှ အာမခံချက် မရှိတော့ဘူး" ဟု ဦးဖိုးထောင် က ၎င်း၏ နေ့စဉ်ကြုံတွေ့နေရသော ဒုက္ခကို ရင်ဖွင့်သည်။

အိုင်ကွန်စက်ကလေး တစ်လုံးသည်ပင် လျှင် သိန်းဂဏန်းအထိ ဈေးကြီးသဖြင့် သာမန်တောင်သူများအတွက် ဝယ်ယူရန် မလွယ်ကူပေ။

အညာဒေသတွင် ဖုန်းလိုင်း ၊အင်တာနက်လိုင်းများ ပြတ်တောက်နေသည် မှာ ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ် သည်။အိုင်ကွန်စက်ကလေးတစ်လုံးကို အား ကိုးပြီး စစ်ဘေးဒဏ်ကို ရင်ဆိုင် နေရသော အညာတောင်သူတို့၏ ဘဝမှာ ရင်နာစရာကောင်းလှသည်။ သတင်းအချက်အလက် သိရှိပိုင်ခွင့် (Right to Information) သည် ၎င်းတို့အတွက် တော့ ဇိမ်ခံပစ္စည်းတစ်ခုကဲ့သို့ အလှမ်း ဝေးနေဆဲပင်ဖြစ်သည်

" ကလေးတွေကတော့ ဘေးထွက်လိုင်း သုံးကြတယ်။လူကြီးပိုင်းတွေက တနေကုန် ကိုယ့်တော ကိုယ့်လယ် ထဲပဲ အ ချိန်ကုန်နေတော့ ဘေးလည်းမထွက် နိုင်ဘူး ။ဖုန်းမရှိကြဘူး။သုံးလည်းမသုံးတက်ဘူး။ရှိလည်း ငယ်တဲ့ကလေးတွေပဲ ကိုင်ကြတာ။သူတို့လိုင်းသုံးပြန်လာမှ လိုင်းပေါ်မှာတက်နေတဲ့သတင်းကို သိရတာပါ ။နေ့တိုင်းတော့ သူတို့လည်းထွက်မသုံးနိုင်ပါဘူး။သွားရလာရ လွယ်တာမှတ်လို့ ။“ သတင်းသိရှိခွင့်ဆုံး ရှုံးနေမှုနှင့် ပတ်သက်ပြီး ပုလဲမြို့နယ် မှ ဒေသခံတစ်ဦးလည်း ပြောပြ သည်။

လက်နက်ကိုင်တပ်ဖွဲ့များက စစ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်များကို “အိုင်ကွန်” (walkie-talkie) မှတစ် ဆင့် ထုတ်ပြန်ပေးလျက်ရှိသည်။ ထို့ကြောင့် ကျေးရွာများရှိ ဒေသခံများ သည် အိုင်ကွန်မှ ထုတ်လွှင့်သော လေ ကြောင်းသတိပေးချက်များနှင့်အခြား စစ်ရေးသတင်းများကိုကြားသိ နေရခြင်းသာဖြစ်သည် ။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက မြန်မာ့ကျေးလက်ဒေသများတွင် ရေဒီယိုတစ်လုံးဖြင့် ကမ္ဘာ့သတင်များ ကို နားစွင့်ခဲ့ကြသည်။ နည်းပညာများ ထွန်းကားလာချိန်တွင် ဖုန်းနှင့် အင်တာနက်က ထိုနေရာ၌ အစားထိုးဝင်ရောက်ခဲ့သော်လည်း၊ ယခုအခါ စစ်မီးတောက်နေသော အညာမြေတွင်မူ အတိတ်ဟောင်းကဲ့သို့ အသံလှိုင်းကိုသာ အားကိုးရသည့် ခေတ်ဆိုးကြီးဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။

အညာတောင်သူတို့မှာ အိုင်ကွန်စက် ကလေး၏ အသံလှိုင်းပေါ်တွင်သာ မိမိတို့၏ ကံကြမ္မာကို ပုံအပ်ထားရသည်။

အိုင်ကွန်စက်ကလေးများမှ ထွက်ပေါ် လာသော လိုင်းသံတစီစီသည် ၎င်းတို့အတွက်တော့ သတင်းထက်ပိုသော "အသက်ရှင်သန်ခွင့်" ပင် ဖြစ်သည်။

====== End ===========

Address

21 Manorvale Parade

3030

Telephone

+61492038015

Website

Alerts

Be the first to know and let us send you an email when Ah Ayar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share