Rakhine FatherLand

Rakhine FatherLand TV. Gaming.Movies. I will post Entertainment center

17/07/2025

AA ကို မအလ စစ်တပ် နဲ့ အပေါင်းအပါများ ကြောက်နေပုံများ နားထောင်ကြည့်တော့ #ရခိုင် ゚ #ထောက်ပံ့ပေး ゚viralシ ゚viralシviralシfypシ゚viralシalシ

AA ကို မအလ စစ်တပ် နဲ့ အပေါင်းအပါများ ကြောက်နေပုံများ နားထောင်ကြည့်တော့      #ရခိုင်
17/07/2025

AA ကို မအလ စစ်တပ် နဲ့ အပေါင်းအပါများ ကြောက်နေပုံများ နားထောင်ကြည့်တော့ #ရခိုင်

AA က အမြဲမြေပေါ်မှာမနေဘူးတဲ့ မြေအောက်မှာပဲနေတယ်တဲ့ အတော်ကြောက်နေပုံပဲ 😂 ...

16/07/2025

ရခိုင်ပြည်သူတွေကို လှူဒါန်းနေတာ ALP ပဲ ရှိတယ်တဲ့။ #စောမြရာဇာလင်း #ရခိုင် #စစ်ကောင်စီ ゚ #အာရက္ခတပ်တော် #ထောက်ပံ့ပေး ゚viralシ

“မင်းတို့ ရခိုင်တွေ ရခိုင်ပြည်ကို အေအေ သိမ်းပြီး သိပ်မကြာခင် မူဆလင်တွေရဲ့ လွှမ်းမိုးမှုကို ခံရမယ်.။ ရခိုင်မတွေ မူဆလင် မိ...
10/07/2025

“မင်းတို့ ရခိုင်တွေ
ရခိုင်ပြည်ကို အေအေ သိမ်းပြီး သိပ်မကြာခင် မူဆလင်တွေရဲ့ လွှမ်းမိုးမှုကို ခံရမယ်.။ ရခိုင်မတွေ မူဆလင် မိန်းမတွေ ဖြစ်သွားမယ်..။ ရခိုင်ပြည်လည်း မူဆလင်ပြည်ဖြစ်သွားမယ်..”

⚫️
ဒါက စစ်လော်ဘီတွေဘက်က မကြာခဏ ကော်မန့်တွေ အောက်မှာ လာမန့်တဲ့ စကားတွေ ဖြစ်တယ်..။ အနောက်ဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူဦးရေပေါက်ဖွားနှုန်းကို လက်ညှိုးထိုးပြပြီးတော့ ရခိုင်တွေကို အောက်လုံးထိုး တိုက်ကွက်ဖော်တဲ့ စကားတွေဖြစ်တယ်..။ စစ်ရေးအရ ရခိုင်တွေကို မနိုင်တဲ့အခါ တခြားတဖက်က မူဆလင်နဲ့ ဖြဲခြောက်ပြတယ်..။ ဆိုလိုရင်းက ရခိုင်ကို အစ္စလာမ်မိုင်ဇေးရှန်းနဲ့ ခြိမ်းခြောက်ပြီးတော့ မူဆလင်ဇာတ်နဲ့ ဖြဲခြောက်ပြတဲ့ သဘောဖြစ်တယ်..။

⚫️
ဒါကိုမြင်တော့ ရခိုင်တွေက ရီတာပေါ့..။ “ဟ..ဟ”ပဲ ရမယ်..ဘတို့..။

⚫️
ဒီကိစ္စက ရခိုင်လူမျိုးတွေ ပူရမယ့် အပူကို စစ်လော်ဘီတွေက ဝင်ရောက် ပူပင်ပေးတဲ့ စကားတွေဖြစ်တယ်..။ ဒီလို ပူပေးတဲ့အတွက် အဘသားတွေကို ကျေးဇူးတင်ပါတယ်..။ မင်းတို့အနေနဲ့ မင်းတို့ ဗမာမတွေအတွက်သာ ပူပေးပါလို့ ပြန်ပြောချင်တယ်..။

⚫️
အချက်အလက် အရရော ကိန်းဂဏန်းအရရော ရခိုင်မတွေထက် ဗမာမတွေက မူဆလင်တွေနဲ့ အိမ်ထောင်သားမွေ လုပ်တာ ပိုများတယ်နော်..။ ရန်ကုန်မြို့က ဆူလယ်ဘုရားအဝိုင်းကို တစ်ပတ် ပတ်ကြည့်ရင် သိပါတယ်..။ မင်းတို့ လုပ်ခဲ့တဲ့ မဘသကိုလည်း ပြန်လည်း အသက်သွင်းဖို့ မင်းတို့ အဘ မအလကို ပြန်ပြောပါအုံ့..။

⚫️
ဒီနေရာမှာ အေးအေးချမ်းချမ်းနေကြတဲ့ မူဆလင်တွေနဲ့ ရခိုင်မြေမှာ မွေးပြီး ရခိုင်လူမျိုးနဲ့ ရခိုင်အနွယ်တွေကြား အေးချမ်းစွာ နေထိုင်ကြတဲ့ အာရက္ခပြည်ဖွား မူဆလင်တွေကိုတော့ တောင်းပန်ပါတယ်..။ ရခိုင်ကိုချစ်တဲ့ မူဆလင်တွေကို စော်ကားလိုစိတ် မရှိပါ..။ ထပ်လို့ တောင်းပန်ပါတယ်..။

⚫️
ရခိုင်တွေက အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေပေါက်ဖွားနှုန်းကို မပူဘူးမဟုတ်ဘူး..။ ပူတယ်..။ ဒါပေမယ့် ရခိုင်မတွေနဲ့ မူဆလင်တွေနဲ့ လင်ယူ သားမွေးအတွက် ပူတာ မဟုတ်ဘူး..။ အနောက်ဘက်က ARSA, RSOတို့ လက်နက်ကိုင် အကြမ်းဘက်လာမယ့် အန္တရာယ်ကိုပဲ စိုးရိမ်ကြတာဖြစ်တယ်..။ ဒီအကောင်တွေက အကြမ်းဖက်ဖို့အတွက် အွင်လိုင်းမှာ နှိုးဆော်ချက်တွေ၊ တက်လာတဲ့ ဗွီဒီယိုဖိုင်တွေအရ သူတို့ ကြီးကြီးမားမား ပြင်ဆင်နေတယ်ဆိုတာကို နားလည်လို့ ရတယ်..။

⚫️
ဒါပေမယ့် ရခိုင်လူမျိုးတွေဟာ မူဆလင်တွေနဲ့ အိမ်ထောင်သားမွေးလုပ်ဖို့ဆိုတာ ဘယ်လို့မှ မဖြစ်နိုင်ဘူး..။ ရခိုင်တွေရဲ့ ဒီအန်အေအရကိုက မူဆင်တွေနဲ့ လက်ထပ်တယ်ဆိုတာ မရှိဘူး..။ ပါဆန့်အရ ဇီရိုးပဲ..။ ဒါပေမယ့် ရခိုင် စီးပွါးရေးအရ အပြန်အလှန် ကုန်ကူးကြတာ၊ ခေတ်အဆက်ဆက်မှာ ရခိုင်တွေနဲ့ မူဆလင်ကြား အေးချမ်းစွာ နေထိုင်ခဲ့ကြတာကို မင်း မအလ အုပ်စုတို့ပဲ အရောင်ဆိုးပေးပြီး ဖျက်စီးခဲ့တာဖြစ်တယ်..။

⚫️
ရခိုင်သမိုင်း အစဉ်အဆက်မှာ ရခိုင်နန်းတွင်းထဲမှာ မူဆလင် ပညာတတ် စာဆိုတော်တွေ တာဝန်ထမ်းဆောင်ခဲ့ကြတာ အများကြီးပဲ..။ ရခိုင်မြေကို ချစ်တဲ့ မူဆလင်တွေ စာဆိုတွေ အများကြီး..။ ဒါပေမယ့် အိမ်ထောင်သားမွေး ကိစ္စကိုတော့ ကိုယ့်အကန့်နဲ့ ကိုယ် လုပ်ကြတာဖြစ်တယ်..။

⚫️
အာရက္ခတပ်တော်က ရခိုင်မြေ အုပ်ချုပ်လို့ မူဆလင်နိုင်ငံဖြစ်သွားမယ်လို့ ပူနေကြမယ်အစား.. အဲဒီအပူကို ကမ္ဘာမှာ လူရာမဝင်တဲ့ ၊ ရာဇဝတ်မှုထူးပြောတဲ့၊ လူ့အခွင့်အရေးကို မလေးစားတဲ့၊ ဒီမိုကရေစီကို တန်ဖိုးမတတ်တဲ့၊ လူ့ကျင့်ဝတ်တွေကို မသိတဲ့ မင်းအဘ မအလအတွက်သား ဝိုင်းဝန်း ပူပင်ပေးကြပါလို့ ... ပြန်ပြောလိုတယ်..ဘောမတို့ရယ်..။

( ဓာတ်ပုံကတော့ ကျက်သရေတုံး ဘောမ သုံးကောင်ကို တပြိုင်တည်း တွေ့လို့ တင်ပေးလိုက်ပါတယ်..။ ဖြေးဖြေးလေး မကြပါ ဟ ..)

ဝေဟင်အောင်
10/7/2025

■ မြို့ ၆၀ ကျော်မှာ စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးတပ် ၂၃ ဖွဲ့ကို AA က ထောက်ပံ့ပေးထား Western News| ဇူလိုင် ၁၀ မြန်မာနိ...
10/07/2025

■ မြို့ ၆၀ ကျော်မှာ စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးတပ် ၂၃ ဖွဲ့ကို AA က ထောက်ပံ့ပေးထား

Western News| ဇူလိုင် ၁၀

မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၆၁ ခုမှာ စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးလက်နက်ကိုင် အနည်းဆုံး ၂၃ ဖွဲ့ကို အာရက္ခတပ်တော် AA က လက်နက်ရိက္ခာနှင့် စစ်သင်တန်းများ ထောက်ပံ့ပေးထားသည်ဟု ISP Myanmar က ဖော်ပြသည်။

ISP Myanmar က ဇူလိုင်လ ၉ ရက်နေ့တွင် ဖော်ပြသော "အို... မြောက်ပိုင်းလမ်း …ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင်ရခိုင်ပြည်" သုံးသပ်ချက်ထဲတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့များအနက် အနည်းဆုံး ၂၃ ဖွဲ့ကို AA က လက်နက်ရိက္ခာနှင့် စစ်သင်တန်း စသည့် အရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝထောက်ပံ့လျက်ရှိသည်ဟု ISP Myanmar က ဆိုသည်။

ထိုတပ်ဖွဲ့များသည် မြန်မာနိုင်ငံတဝန်းရှိ မြို့ ၆၁ ခုတွင် စစ်ရေးလှုပ်ရှားလျက်ရှိပြီး ယင်းအနက် ၁၈ ဖွဲ့သည် ရခိုင်ပြည်နှင့် ထိစပ်နေသော ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့တွင် AA နှင့်အတူ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

AA ထောက်ပံ့ထားသော တော်လှန်ရေးလက်နက်ကိုင် ၂၃ ဖွဲ့မှာ BPLA, DRPA, CDF-Kanpetlet, BNRA, YA,CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့ဖြစ်ကြသည်။

ယင်းအထဲမှ PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့မှာ AA ၏ စစ်ရေးကွပ်ကဲမှုစနစ်နှင့် ချိတ်ဆက်ထားသော မဟာမိတ်များဖြစ်သည်ဟု ISP Myanmar က ဆိုသည်။

ကျန်အဖွဲ့များဖြစ်သည့် BPLA, DRPA, CDF-Kanpetlet, BNRA, YA, CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF နှင့် BLDF တို့မှာ AA က စစ်ရေးအရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ထောက်ပံ့ပေးထားသော မဟာမိတ်များဖြစ်သည်ဟု သိရသည်။

ယခု အချက်အလက်များမှာ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရရှိထားသော စာရင်းဖြစ်ပြီး ဒေတာရမှုအကန့်အသတ်နှင့် နည်းနာပိုင်းမူကွဲများကြောင့် ကွဲလွဲမှုတစုံတရာ ရှိကောင်းရှိနိုင်သည်ဟု ISP Myanmar က ဖော်ပြထားသည်။

AA သည် ရခိုင်ပြည်၏ နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး ရခိုင်ပြည် တခုလုံးကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ ၎င်း၏ စစ်ဆင်ရေးများကို ရခိုင်ပြည်ပြင်ပ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်ပါ တိုးချဲ့ဖော်ဆောင်လာခဲ့သည်ဟု ISP Myanmar က သုံးသပ်ထားသည်။

"AA ရဲ့မဟာဗျူဟာကို ခြုံကြည့်ရရင် မြေကျယ်ကျယ်ယူ၊ ခြံစည်းရိုးမြင့်မြင့်ခတ်၊ စိတ်ချရတဲ့ အစောင့်တွေထား (an extended yard, a high fence, and reliable gatekeepers) ဖြစ်ပုံရပါတယ်။ ရခိုင်ကနေ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ စသဖြင့် ဖြန့်ထွက်နယ်မြေစိုးမိုး၊ သဘာဝရိုးမအပြင် မဟာမိတ်အကာအကွယ် တံတိုင်းမြင့်မြင့်ခတ်၊ အားကိုးရတဲ့ လက်နက်ကိုင်အဖွဲ့ငယ်တွေကို ကြားခံအဖြစ် နေရာချထားဆိုတဲ့ မဟာဗျူဟာက အလုပ်ဖြစ်နေပုံရပါတယ်။ ဒါပေမဲ့ ဒီမဟာဗျူဟာရဲ့ အဆုံးသတ်ပန်းတိုင်က ဘာလဲဆိုတဲ့ မေးခွန်းအတွက် AA က ရှင်းရှင်းလင်းလင်း၊ ရှေ့နောက်ညီညီ ယတိပြတ်ထုတ်ပြောတာမျိုး မရှိသေးပါဘူး" ဟု ISP Myanmar က ထောက်ပြထားသည်။

အာရက္ခတပ်တော် AA သည် နိုင်ငံရေးအရ ကတိကဝတ် ပြုရမည့် အပြောများများ မဟာမိတ်မျိုးကို ရှောင်ရှားလိုပြီး ညီနောင်မဟာမိတ်ကဲ့သို့ စစ်ရေးမဟာမိတ်နှင့် အလုပ်များများ ဂျူနီယာလက်နက်ကိုင် မိတ်ဖက်မျိုးကိုသာ လိုလားပုံရသည်ဟု ဆက်လက် သုံးသပ်ထားသည်။

AA သည် မဟာဗျူဟာရွေးချယ်မှုများကို နိုင်ငံရေးမဟာမိတ်က ဆုံးဖြတ်သည့် အချိန်ဇယား ပြက္ခဒိန်ကြောင့်မဟုတ်ဘဲ သူ့အခြေအနေပေးထားချက် အချက်အလက်ပြည့်စုံမှုအပေါ်မူတည်ပြီး ဆုံးဖြတ်ဆောင်ရွက်ကြောင်းလည်း ISP Myanmar က ရှုမြင်ထားသည်။

"အာဏာသိမ်းပြီး ၁၈ လ လောက်ကြာတဲ့အထိ စစ်ကောင်စီကို တိုက်ရိုက်တိုက်ပွဲဆင်တာ မျိုးမလုပ်ခဲ့ဘဲ အင်အား၊ မဟာမိတ်နဲ့ အရင်းအမြစ်စုဆောင်း တာတွေကို ဦးစားပေးနေခဲ့တာပါ။ စစ်ဆင်ရေး ၁၀၂၇ မှာ အဓိကဦးဆောင်ပါခဲ့ပေမဲ့ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ရခိုင်မှာ ထိုးစစ်တွေစတဲ့အခါ သူ့ရဲ့စစ်ဆင်ရေးတွေကို စစ်ဆင်ရေး ၁ဝ၂၇ နဲ့ ချိတ်ဆက်တာ၊ နွေဦးတော်လှန်ရေးရဲ့ ကျွဲကူးရေပါဆိုပြီး ဝါဒဖြန့်တာမျိုးကို ရှောင်ရှားခဲ့တာ ထင်ရှားပါတယ်" ဟု ဆိုသည်။

အာရက္ခတပ်တော် AA သည် မြန်မာ့ပဋိပက္ခ၏ အရှေ့မြောက်၊ အရှေ့တောင်နှင့် အနောက်ပိုင်းစင်္ကြံသုံးခုစလုံးမှာ ခြေရာပေါက်နိုင်ရုံသာမက ဗမာများ၏ အညာမှာလည်း လက်တံရှည်ရှည် ဆန့်ထုတ်လွှမ်းမိုး နိုင်စွမ်းရှိသည့် တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ဖြစ်ကြောင်း ISP Myanmar က မှတ်ချက်ပေးထားသည်။

ရခိုင်ကို အခြေပြုပြီး ဧရာဝတီ၊ မကွေးနှင့် ပဲခူးကိုပါ ထိုးစစ်ဆင်နိုင်သော ထူးထူးခြားခြား EAO ဖြစ်ပြီး AA ခေါင်းဆောင်များမှာ မျိုးဆက်သစ် မင်းပျိုမင်းလွင်များဖြစ်သလို ကျန်လူငယ်လက်နက်ကိုင်အဖွဲ့ တော်တော်များများကို သင်တန်းပေး၊ လက်နက်ပေး၊ စံနမူနာပေး စည်းရုံးအားယူနိုင်စွမ်းရှိသည့် အစ်ကို ကြီး-ညီလေးဆက်ဆံရေးဖြင့် "အပြောနည်းနည်း၊ အလုပ်များများ" လက်နက်ကိုင် မဟာမိတ်ကွန်ရက် အကြီးဆုံးတည်ဆောက်ထားနိုင်သည့် တခုတည်းသော EAO လည်း ဖြစ်သည်ဟု ISP Myanmar က ဆိုသည်။

#အာရက္ခတပ်တော် #တော်လှန်ရေး #လက်နက်ကိုင်တပ်ဖွဲ့များ #စစ်ရေး #ထောက်ပံ့ပေး ゚

ရှေးရခိုင်မင်းတို့ အာဏာစက်ဖြန့်ကျက်ရာ  တိုင်းကြီး (၁၂) တိုင်း ဟူသည်မှာ....----------------------------------------------...
07/07/2025

ရှေးရခိုင်မင်းတို့ အာဏာစက်ဖြန့်ကျက်ရာ
တိုင်းကြီး (၁၂) တိုင်း ဟူသည်မှာ....
-------------------------------------------------------
( ၁ ) နာဂသျှန္တတိုင်း = အာသံနယ်နှင့် ဆက်စပ်လျက်ရှိသော နယ်မြေ။
( ၂ ) မဟိံသကတိုင်း = နာဂသျှန္တတိုင်းနှင့် ရောင်ဖြူနယ်အကြားရှိနယ်မြေ ။
( ၃ ) ကမ္မရူပတိုင်း = ရောင်ဖြူနယ် ။
( ၄ ) ဖလံတိုင်း = ဖလံထောင် ။
( ၅ ) သက်တိုင်း = သက်ထောင် ။
( ၆ ) ဘိုမင်းတိုင်း = ဘိုမင်းထောင် ။
( ၇ ) ဘုညားကြီးတိုင်း = ဘင်္ဂါ ၁၂ မြို့ ။
( ၈ ) ဥဿလင်းတိုင်း = ပလက်ဝအဝင်အပါ ရခိုင်တောင်တန်း ဒေသ ။
( ၉ ) ရက္ခပူရတိုင်း = မြစ်ကြီးလေးသွယ်မြစ်ဝှမ်းဒေသ (ထီးနန်းစိုက်ရာနယ်မြေ) ။
( ၁၀ ) ရမ္မာပူရတိုင်း = ရမ္မာဝတီ ရမ်းပြည့်နယ် တောင်စဥ်တောင်ရိုးအထိဒေသ ။
(၁၁ ) မေဃဝတီတိုင်း = မာန်အောင်ကျွန်းနှင့် ကျွန်းရံများ။
( ၁၂ ) ဒွါရကတိုင်း = ဒွါရာဝတီ တောင်စဥ်ခုနှစ်ခရိုင် ၊ တောင်ခွင်တန်းမှ မော်တင်စွန်း နဂါးရစ်အငူထိ။

Credit... ゚viralシviralシfypシ゚viralシalシ ゚

05/07/2025

အဲ့မှားနေတဲ့ စနစ်ကို အားပေးခဲ့တာ ဘယ်သူတွေလည်း.. မှားတာကို အမှန်ထင်နေတာ ဘယ်သူတွေလဲ။ #ရခိုင် #လွတ်တော် #တပ်မတော်

East India မှာ ရှိတဲ့ ညီအစ်မ ခုနှစ်ဖော်အတွက် နယူးဒေလီက ပါဝါကို မျှပေးတယ်။  ညီအစ်မ ခုနှစ်ဖော်က လုပ်ပိုင်ခွင့်တွေ အပြည့်အဝ...
05/07/2025

East India မှာ ရှိတဲ့ ညီအစ်မ ခုနှစ်ဖော်အတွက်
နယူးဒေလီက ပါဝါကို မျှပေးတယ်။ ညီအစ်မ ခုနှစ်ဖော်က လုပ်ပိုင်ခွင့်တွေ အပြည့်အဝ ရလာကြ တော့ တိုးတက်သွားတာပဲ။ တြိပူရ၊ မဏိပူရ၊ အာသံ၊ မဥ္ဇူရမ်၊ နာဂလန်းစသည်....

ညီအစ်မ ခုနစ်ဖော်လို့ လူသိများတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းက (၇) ပြည်နယ်မှာ မြန်မာနိုင်ငံအနောက်မြောက်နဲ့ အနောက်ဘက် နယ်နိမိတ်တွေနဲ့ ထိစပ်နေတဲ့ ပြည်နယ်က (၅) ခုရှိတဲ့အပြင် ဒီပြည်နယ်တွေမှာ နေကြတဲ့ လူမျိုးစုတွေဟာလည်း မြန်မာပြည် အနောက်မြောက်ခြမ်းက မျိုးနွယ်စုတွေနဲ့ သွေးသားတော်စပ်သူတွေ ဖြစ်ကြပါတယ်။

အရူနာဆော့ပရာဒက်ရှ်၊ အာသံ၊ နာဂလန်း၊ မဏိပူရ၊ မီဇိုရမ်၊ တြိပူရနဲ့ မက်ဂါလယာပြည်နယ်တွေနဲ့ ၁၉၇၅ ကမှ အိန္ဒိယက သိမ်းယူခဲ့တဲ့ ဆစ်ကင်ပြည်နယ်ကို ပူးပေါင်းပြီး အိန္ဒိယ အရှေ့မြောက်လို့ ခေါ်တွင်ပါတယ်။

ဒီပြည်နယ်တွေမှာ နေကြတဲ့ "ဂျိန်းဖော၊ တိုင်းခမ်းတီ၊ အာသံ၊ နာဂ၊ ကသည်း၊ မီဇို၊ ကူကီး၊ ဘင်္ဂါလီ၊ တြိပူရ၊ ရခိုင် ၊ သက် နဲ့ ခါစီ" စတဲ့ မျိုးနွယ်တွေဟာ ဟိမဝန္တာတောင်တန်းရဲ့ အရှေ့ဖျားကနေ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရ်ှတို့နဲ့ ထိစပ်နေတဲ့ ရဝေရေလဲ တောင်တန်း လွင်ပြင်တွေမှာ နေထိုင်ကြပါတယ်။

ဒီနယ်မြေကနေ ဗြဟ္မပုတြမြစ် မြစ်ဖျားခံစီးဆင်းလာသလို ဒီတောင်တန်းတွေရဲ့ အရှေ့ဘက် လွင်ပြင်တွေမှာလည်း ချင်းတွင်း၊ ဧရာဝတီနဲ့ သံလွင်မြစ်တွေ မြစ်ဖျားခံ စီးဆင်းကြပါတယ်။

"ပြည်မကြီးနှင့် ရင်အုပ်မကွာ"

တြိပူရဒေသသည် အိန္ဒိယနိုင်ငံရှိ ထင်ရှားသော ရှေးဟောင်း နေရာ တစ်ခုဖြစ်သည်။ တြိပူရဒေသတွင် တြိပူရ(Tripura)၊မီဇိုရမ် (Mizoram) ၊မာဂါလယ (Meghalaya)၊ နာဂလန်း (Nagaland)၊ မဏိပူရ(Manipur)၊အာသင့် အာရူနာချော ပရာဒေ့ချ် (Arunachal Pradesh)၊ အာသံ (Assam) စသော သေးငယ်သည့် ပြည်နယ် (၇)ခု ပါဝင် သည်။ အာသံပြည်နယ်အနီးတွင် ဘင်္ဂလားဒေ့ချ် နိုင်ငံက ဝန်းရံထား သည်။

တြိပူရ အကြောင်းကို ကမ္ဘာက မသိသလောက်ဖြစ်သည်။ အိန္ဒိယ နိုင်ငံ သား အများစုကပင် သိသူ နည်းပါးကြသည်။ တြိပူရသည် ပင်လယ်ရေ မျက်နှာပြင်ထက် (၅၀)မှ (၃၀၈၀) အထိမြင့်သော လှပသည့် တောင်ပေါ် ဒေသ ဖြစ်ပါသည်။

အများစု လူနေ အခြေချသည်မှာ မြေပြန့်လွင်ပြင်တွင်သာ ရှိသည်၊ ရှေးအခါက တြိပူရသည် ကြီးကျယ် သော ဒေသတစ်ခုဖြစ်ခဲ့သည်၊ အိန္ဒိ ယနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် တြိပူရဒေသသည် ယင်းနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်လာသည်၊

၁၉၇၂ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် တြိပူရကို ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ခဲ့သည်၊ တြိပူရတွင် ဇယားဝင် လူမျိုးစု (၁၉) မျိုး သတ် မှတ်ထားသော်လည်း ဘင်္ဂလားဒေ့ချ် နိုင်ငံမှ ဘင်္ဂလီ အများအပြား ခိုးဝင် အခြေ စိုက်ခဲ့ရာ ဘင်္ဂလီများ ကြီးစိုးရန် ကြံစဉ် လာနေကြသည်၊
(Ven.Dr.Dhammapiya,Dhamma Dipa School, Sabroom, Tripura, India ၏ Buddhism in Tripura ကိုရှုပါ )

တြိပူရ ပြည်နယ်တွင် နေထိုင်ကြသော ရခိုင်လူမျိုးများကို မော့ဂ် (Mog) ဟု ခေါ်ဆိုကြသည်၊ သူတို့ သည် တြိပူရကို ရခိုင်မင်းများ ပိုင်စိုးချိန် အေဒီ ၁၆ ရာစုကပင် အခြေစိုက်နေထိုင်လာသူများ ဖြစ်ကြသည်၊ လက်ရှိ ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် အ ခြေစိုက် နေထိုင်ကြသော ရခိုင်လူ မျိုးများကို မောဂ် သို့မဟုတ် မရမာဟု ခေါ်ကြသည်၊ တြိပူရမှ ဗုဒ္ဓဘာ သာဝင် ရခိုင်လူမျိုးများသည် လူမှု ရေး ယဉ်ကျေးမှုနှင့် ဘာသာရေးရှုထောင့်အရ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြသည်၊

သူတို့သည် တြိပူရတွင် နေထိုင်ကြသော်လည်း တိပိဋက၊ အဋ္ဌကထာ စသော ဘာသာရေး စာအုပ်များကို ရခိုင်ဘာသာ အသံထွက်ဖြင့် ဖတ်ရှုကြသည်၊ တရားစာများ သင်ကြားခြင်း၊ ဟောပြောခြင်းများကို ရခိုင်ဘာသာဖြင့်သာ ဟောပြောပို့ချကြသည်၊

တြိပူရရှိ Mog ခေါ် ရခိုင်လူမျိုးတို့ သည် ထိုဒေသတွင် နှစ်ပေါင်းများစွာကြာအောင် အ ခြေချ နေထိုင်ခဲ့ကြပြီး ဖြစ်သော်လည်း သူတို့ ၏ ဘာ သာစကားမှာ အသံအနည်းငယ် ကွဲ ပြားသည်မှအပ ရခိုင်ဘာသာ စကားဖြစ်သည်၊

စာပေအရေးအသားမှာ မြန်မာအက္ခရာကို သုံးစွဲကြပြီး ဟိန္ဒီစာဖြင့်လည်း ရေးသားကြသည်။ (MOG) သို့မဟုတ် Mogh ဟူသော စကားလုံးကို ဇာစ်မြစ်အပေါ် အယူအဆ အ မျိုးမျိုးကွဲပြားကြသည်၊ မြန်မာနိုင်ငံ သုတေသန အသင်းက ထုတ်ဝေသော ဂျာနယ်တစ်စောင်တွင် Mog စကားလုံးကို ဘင်္ဂလီဇာစ်မြစ်ဟု ယူ ဆကြသည်၊

သို့ရာတွင်Bangiya Sh*tya Parishad ၏ Model Bengali Dictionary တွင်မူ ဤဝေါဟာ ရ၏ ဇာစ်မြစ်ကို မသိကြောင်း ဖေါ်ပြထားသည်၊ တခြား အဘိဓာန်တစ်ခုတွင်မူ Mog ဟူသော စကားလုံးသည် ဂုဏ်သရေရှိလူကြီးမင်းတို့၏ အမည်ရှေ့တွင် တပ်ခေါ်သော စကားဖြစ်သည်၊

တစ်ချို့က ရှေးဟောင်း မာဂဓ အင်ပါယာကို ရည်ညွှန်းသောစကားဖြစ် ကြောင်း ဆိုကြသည်၊ ဗုဒ္ဓဘာသာ စတင်ပေါ်ပေါက်ရာ ဒေသတွင် ဟိန္ဒူဝါဒ ပြန်လည်ထွန်းကားလာရာ မာဂဓ မင်းဆက်မှ အဆက်အနွယ် တစ်ချို့တို့သည် ထိုဒေသကို စွန့်ခွာ၍ စစ်တကောင်း တောင်တန်းဒေသတွင် အခြေစိုက်ခဲ့ကြသည်၊

Mongo ဆိုသော စကားလုံးသည် မာဂဓမှ ဆင်းသက်လာခဲ့သည်၊ အင်္ဂ လိပ် အဘိဓါန်တွင် Mog,.Mogen, Mouge ဟူသော စကားလုံးသည် ၁၅-၁၆ရာစု ကာလက ရခိုင်လူမျိုးတို့၏ မျိုးရိုးအမည်ကို ရည်ညွှန်းသည်၊ ဘင်္ဂလီတို့ကလည်း ရခိုင်သားကို Mog ဟု ခေါ်ဆိုကြသည်၊ တြိပူရတွင် နေထိုင်ကြသော Mog ခေါ် ရခိုင်လူမျိုးများက သူတို့သည် တြိပူရတွင် အေဒီ ၉၅၇ ကပင် အခြေစိုက်နေထိုင်လာကြသည်၊ (သူတို့၏ အဆိုမှာ ရခိုင်ရာဇဝင်လာ အယူအဆတစ်ခုနှင့် ကိုက်ညီနေကြောင်း တွေ့ရသည်၊

တြိပူရကို ရခိုင်ရာဇဝင်တွင် မြုံထောင်ဟု ခေါ်သည်၊ မြုံထောင်ဖြစ်ပေါ်လာပုံ အကြောင်းကို ရခိုင်ရာဇ ဝင်တွင် “ စူလစန္ဒြားဘုရင် မော်တင်စွန်းတွင် နဂါးနှစ်၍ နတ်ရွာစံလေသော် ရှေးဦးတင်သော အမတ်ကြီး ဓမ္မဇေယျသည် ကား တစ်သောင်းသော လှေရံတို့နှင့် မပျက်မစီး ပြန်လတ်သည်ကို စန္ဒာဒေဝီ မိဘုရားကြားလေလျှင် ငါ့လင်ကို ပုန်ကန်၍ မင်းပြုရန် လာလတ်သည်ဟု မှတ်လျက် ကိုယ်တိုင်တော်ထွက်၍ ရမ်းတားနှင့်သည်ကို အကြောင်းပြု၍ ရမ်းဝ- ဟု ယနေ့တိုင်အောင် တွင်လေ၏၊

ထိုအမတ်ကြီး ဓမ္မဇေယျသည် ကစ္ဆပနဒီ မြစ်တလျှောက် ဆန်တက်လေ ၍ ဂူဝအထက် ကင်္ကာတောင်ဝယ် မြို့တော်တည်၍ နေလေသည်ကို ထိုအရပ်ဝယ် မနေရအောင် လိုက်၍ နှင်ပြန်လေလျှင်မနေသာ၍ အရှင်မကို မတရစ်- ဟု မြစ်ဖျားသို့ ဆန်တက်ပြန်လေ၏၊ နေခဲ့သော အရပ်ကိုလည်း ဥတ္တရစ် -ဟု ယနေ့တိုင်ခေါ် တွင်ကြကုန်၏၊

ထိုအမတ်ကြီးလည်း ခြွေရံသင်းပင်းနှင့်တကွ ယူဇနာသုံးဆယ် မကသော အရပ်သို့သွားလေ ၍ ပြည်ကြီးတည်လေသည်ကို ကုလားဘာသာဖြင့် သူပုန်တို့နေသော အရပ်ဖြစ်သည်ဟု ထိုပြည်ကို ဟစ်ရုံပြည်ဟု ခေါ်ကြ ကုန်၏၊

ထိုအမတ်ကြီးသွားလေသောအခါ မလိုက်ဘဲခွဲ၍ နေရစ်သော ရဲမက်ငါး ရာတို့သည်ကား မြို့ရွာတည်ထောင် ၍ နေကြကုန်၏၊ ထိုသူတို့ကို ဗြဟ္မဘာသာဖြင့် မြုံ ဟုခေါ် ဝေါ်ကြကုန် ၏ဟု ပါရှိသည်၊ (ရမ်းဗြဲတောင်ကျောင်း ဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းကို ရှုပါ)၊

တြိပူရတွင် ရခိုင်လူမျိုးတို့ ဝေသာလီခေတ်ကပင် အခြေချနေ ထိုင်ခဲ့ကြောင်း အစဉ်အလာ နုတ်မှတ်တမ်း အဖြစ် ပြောဆိုလာကြကြောင်းကို Abddu Satta ၏ In the Salvan Shadow စာအုပ်တွင် ဖေါ်ပြပါရှိပေရာ ရခိုင်ရာဇဝင်လာ ဖေါ်ပြချက်နှင့် တိုက်ဆိုင်နေကြောင်း တွေ့ရသည် )၊

တြိပူရရှိ Mog ခေါ် ရခိုင်လူမျိုးများ သည် ဗုဒ္ဓ ဘာသာကို သက်ဝင်ယုံ ကြည် ကိုးကွယ်ကြသည်၊ ဘင်္ဂလီ ပြက္ခဒိန်၏ နောက်ဆုံးလတွင် သင်္ကြန် ပွဲတော်ကို ကျင်းပကြသည်၊ သင်္ကြန်ပွဲတော်တွင် Mog ခေါ် ရခိုင်လူမျိုးတို့သည် သင်္ကြန်ပွဲတော်ကိုပျော်ရွှင်စွာ ဆင်နွဲကြရာ အိမ်တိုင်းအိမ်တိုင်း ကိတ်မုန့်များဖုတ်၍ တစ်အိမ် တက်ဆင်း လက်ဆင့်ကမ်း ပေးကမ်း စားသောက်ကြသည်၊

သက်ကြီးရွယ်အိုများအား ရေချိုးပေးခြင်း၊ အပျိုလူပျို အချင်းချင်း ရေကစားခြင်းတို့ ပြု လုပ်ကြသည်၊ အမွေးနံသာရည်များဖြင့် ဗောဓိပင် ကို ရေသွန်းလောင်း ကြသည်၊သင်္ကြန်ကာလမှာ သုံးရက်ကြာမြင့်သည်၊ အခါကြီး ရက်ကြီးများတွင် လက်ထပ်ထိမ်းမြားမှုကို ရှောင်ရှားကြသည်၊

ဗုဒ္ဓဘုရားရှင်ကို ရည်စူး၍ ဆီမီးပူ ဇော်ကြသည်၊ အပျိုလူပျိုတို့သည် အတန်းလိုက် လက်ချင်းယှက်၍ ဗုဒ္ဓပူဇေနိယ ယိမ်းအကဖြင့် ဘု ရားရှင်ကို ဆီမီးပူဇော်ကြသည်၊ ရခိုင်လူမျိုးတို့၏ ထင်ရှားသော အကမှာ ဆီမီးပူဇော်ခြင်းအက (Lamp Dance) ဖြစ်သည်၊

တြိပူရတွင် ရခိုင်လူမျိုးလူဦးရေ ၁၉၅၁ ခုနှစ်တွင် (၃၇၈၉)ဦးရှိခဲ့သည်၊ ၁၉၇၁ခုနှစ်တွင် (၁၃၂၇၃) ဦးရှိသည်၊၂၀၀၁ခုနှစ် သန်းခေါင် စာ ရင်းအရ ရခိုင်လူမျိုးလူ​ဦးရေ (၃၀၃၈၅) ဦးရှိပြီး လူဦးရေ အများစုမှာ Subroom နှင့် Belonia တွင် နေထိုင်ကြသည်၊၂၀၁၀ပြည် နှစ်တွင် ရခိုင်လူမျိုး လူဦးရေ (၃၂၀၀၀)ရှိမည်ဟု ခန့်မှန်းရသည်၊
(ယခုအခါ ၅၀၀၀၀ ကျော်သွားပြီဟု သိရသည်)

တြိပူရဒေသရှိ Mog ခေါ် ရခိုင်လူမျိုးတို့သည် နှစ်ပေါင်းထောင်ကျော် သို့မဟုတ် ၅၀၀ ကျော် ကြာအောင် လူမျိုးခြားတို့၏ အကြားတွင် ဘာ သာစကား၊ ကိုးကွယ်ရာဘာသာကို မပြောင်းလဲဘဲ ထိန်းသိမ်း စောင့် ရှောက် နိုင်ကြသည်မှာ ရခိုင် ပီသလှပေသည်၊

မြန်မာနိုင်ငံရှိ ရခိုင်များ၊ ဘင်္ဂလားဒေ့ချ်နိုင်ငံရှိ မရမာခေါ် ရခိုင်များ၊ အိန္ဒိ ယနိုင်ငံရှိ မောဂ် ခေါ် ရခိုင်လူမျိုးတို့ သည် ပထဝီနယ်နမိတ်အရ နိုင်ငံ (၃) ခု ကွဲပြားခြားနား နေကြသော်လည်း ရခိုင်လူမျိုးများသာ ဖြစ်ကြသည်၊

သို့ဖြစ်ရာ ဤကမ္ဘာမြေပေါ်က ရခိုင်လူမျိုး ပျောက်ကွယ်မသွားရန်နှင့် ရခိုင်အချင်းချင်း ဆက်သွယ်၍ Rakhine Community ကို ဖန်တီးကာ အမျိုးဘာသာကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်ဟု ရှုမြင်မိပါသည်၊

ရည်ညွန်း- Mog People from Wikipedia, the encyclopedia

゚viralシviralシfypシ゚viralシalシ

05/07/2025

( အရက်ဆိုင်ဘောင်ချာ )

$ချီးဟေး ငါ့အကြွီးပီးကေပီး

ရွီး/ဆို - FLY

゚viralシviralシfypシ゚viralシalシ ゚

05/07/2025

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရဲ့ ပြောင်မြှောက်တဲ့ စကားလုံး AA ကို တခြားအဖွဲ့တွေအတုယူရမယ်

05/07/2025

ဗမာ ဗမာချင်း ဖြစ်တဲ့ ပြဿနာလို့ ဘယ်တုန်းကမှ မပြောနဲ့တဲ့။

တိုင်းရင်းသားတွေအပေါ် ဖိနှိမ့်မှုတွေကို ကျွန်တော်တို့ ဗမာတွေ မှားယွင်းစွာ လက်ခုပ်တီးခဲ့မိတယ်။

゚viralシviralシfypシ゚viralシalシ #တော်လှန်ရေး #အရေးတော်ပုံ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Rakhine FatherLandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Rakhine FatherLand:

แชร์

ประเภท