Caster Bel Ou

Caster Bel Ou Casting, Streaming, News
(2)

18/10/2025

Ai Esports ကိုဘာကြောင့် ၂-၀ နဲ့နိုင်သွားလဲပြောပြလာတဲ့ Team7

အသင်းကြီးတွေကို ရှင်းနိုင်နေတဲဲ့ အဓိကသော့ချက်ကလည်း TikTok ပဲဆော့ခိုင်းထားတာဆိုတဲ့ Jina

Ai Esports Vs Team 7 ပွဲပြီး ( interview )

နဂါးလား တီကောင်လား သက်သေပြရမယ့်နေ့MSL Season 2 Week 4 Day 2Falcon Esports Vs Blackthorn New Born Vs Paladin YG Vs Mythic...
18/10/2025

နဂါးလား တီကောင်လား သက်သေပြရမယ့်နေ့

MSL Season 2 Week 4 Day 2

Falcon Esports Vs Blackthorn

New Born Vs Paladin

YG Vs Mythic Seal

သိမ်းငှက်တွေ ပြန်လာပြီလား ❓❓❓ကျွန်တော် သိရသလောက်ဆိုရင် ML နယ်ပယ်ထဲမှာ သိမ်းငှက် သုံးမျိုးသုံးစား ရှိပါတယ်။ ဘာတွေလဲဆိုတော...
18/10/2025

သိမ်းငှက်တွေ ပြန်လာပြီလား ❓❓❓

ကျွန်တော် သိရသလောက်ဆိုရင် ML နယ်ပယ်ထဲမှာ သိမ်းငှက် သုံးမျိုးသုံးစား ရှိပါတယ်။

ဘာတွေလဲဆိုတော့ မြန်မာသိမ်းငှက် 🇲🇲🇲🇲 ၊ ဆော်ဒီ သိမ်းငှက် 🇸🇦🇸🇦 ၊ ဖိလစ်ပိုင် သိမ်းငှက် 🇵🇭🇵🇭 တို့ပါ။

ဒီသိမ်းငှက်အစုအဖွဲ့ သုံးခုအနက် အင်အားအကြီးဆုံး အစုအဖွဲ့ကို လက်ညှိုးထိုးပြပါ ဆိုရင်တော့ ချွင်းချက်မရှိ ဖိလစ်ပိုင် သိမ်းငှက်တို့ကို ပြသရမှာပါပဲ......

ဒါပေမယ့် လက်ရှိမှာတော့ အင်အားအကြီးမားဆုံး သိမ်းငှက်အစုအဖွဲ့ဟာ တစ်ခြားအသင်းတွေထက် အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။

ဆော်ဒီသိမ်းငှက်တို့ဆိုရင် ဘယ်လောက်တောင် အခြေအနေကောင်းနေပြီလဲဆိုတော့.......
Regular Season ကို ရှုံးပွဲမရှိ စံချိန်နဲ့အတူ Champion ဖြစ်ခဲ့သလို M 7 လက်မှတ်ကိုလည်း အခက်အခဲမရှိ ရယူနိုင်ခဲ့ပါပြီ။

မြန်မာပြည် သိမ်းငှက်ဆိုရင်လည်း ရှုံးပွဲမရှိစံချိန်နှင့်အတူ အမှတ်ဇယားရဲ့ အမြင့်ဆုံးမှာ လွတ်လပ်စွာ ပျံသန်းနေဆဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင် သိမ်းငှက်တို့ကတော့ ဒီရာသီမှာ အတော်လေး Error တတ်သွားပြီး Play Off နဲ့ လွဲချော်ရမလို ဖြစ်ခဲ့ရပါတယ်။ အမှန်အတိုင်းပြောရရင် Play Off တောင် မတက်တော့ဘူးလို့ ထင်ခဲ့ပေမယ့် လက်ကျန်နောက်ဆုံးပွဲစဉ် TLPH ကို မထင်မှတ်ထားလောက်အောင် အနိုင်ကစားနိုင်ခဲ့တာကြောင့် ယခုလို နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Team Falcon Org ကတော့ ဖိလစ်ပိုင်ဘက်ကို နယ်ချယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့တစ်ခေါက်က MSC လက်မှတ်ကို လက်လွတ်ထားရပါတယ်။ ဒီတစ်ခေါက် M7 Ticket ကိုလည်း Falcon တို့ ရယူနိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေ ရာခိုင်နှုန်းအတော်နည်းပါတယ်။

Play Off တက်လာတာတောင် ကံကောင်းခဲ့တယ်လို့ ပြောရမယ့်အနေအထားပါ။ Champion မှန်းလို့ရတဲ့ အနေအထားမဟုတ်ခဲ့ပါဘူး။

သို့သော် Falcon PH ဟာလည်း TLPH ကို အနိုင်ကစားပြီး Play Off တက်နိုင်ခဲ့တာကြောင့် မထင်မှတ်ထားတဲ့ လှည့်ကွက်တွေများ ဖြစ်လာပြီး M7 လက်မှတ်ရသွားမလားဆိုတာ ပြောလို့မရပါဘူး........

ပရိတ်သတ်တို့ရော ဖိလစ်ပိုင် သိမ်းငှက်တို့ ပြန်လာနိုင်ပြီလို့ ထင်ကြရဲ့လား

Comment မှာ ဝင်ရောက်ပြောခဲ့ကြပါအုံး.....

၂-၀ နဲ့ပြတ်တဲ့အပြင် Game 2 မှာ Hero Kill ၁ ကောင်ပဲပေးပြီး Ai Esports ကိုဆော့ပြသွားတာကြီးကလွန်ပါတယ်ဗျာ 🫡CK Arlot ကြီးကလည်...
17/10/2025

၂-၀ နဲ့ပြတ်တဲ့အပြင် Game 2 မှာ Hero Kill ၁ ကောင်ပဲပေးပြီး Ai Esports ကိုဆော့ပြသွားတာကြီးကလွန်ပါတယ်ဗျာ 🫡

CK Arlot ကြီးကလည်းထိန်းမရဘူး Champion မှန်းလို့တောင်ရနေပြီမနောက်ဘူးဗျာ

Bro တို့ရောဘယ်လိုထင်လဲ

17/10/2025

ချန်ပီယံလောင်း Ai Esports နဲ့ Team 7 ပွဲစပါပြီ

( Official Restream ) MSL Season 2 Week 4 Day 1

Ai Esports Vs Team 7

17/10/2025

နောက်ခံ Background မရှိလည်း Pro Player ဖြစ်နိုင်ပါတယ်

casterbelou

17/10/2025

YG ပွဲလေးစပါပြီ ဒီနေ့ Ai ပွဲလည်းရှိပါတယ်

( Official Restream ) MSL Season 2 Week 4 Day 1

YG Vs New Born

Ai Vs Team 7 တို့ရဲ့ကြည့်လို့အကောင်းဆုံးပွဲစဉ်နဲ့ မြန်မာ အသင်း ပွဲစဉ်များ MSL Season 2 Week 4 Day 1 YG Vs New Born Raion...
17/10/2025

Ai Vs Team 7 တို့ရဲ့ကြည့်လို့အကောင်းဆုံးပွဲစဉ်နဲ့ မြန်မာ အသင်း ပွဲစဉ်များ

MSL Season 2 Week 4 Day 1

YG Vs New Born

Raion Esports Vs Astro Space

Ai esports Vs Team 7

MSL Season 2 ပြိုင်ပွဲကြီးဟာ တစ်ပတ်ပြီး တစ်ပတ် ကျင်းပလာခဲ့လိုက်တာ ပြီးဆုံးဖို့အတွက် Week 4 ၊ Week 5 နှစ်ပတ်သာ ကျန်ပါတော့...
17/10/2025

MSL Season 2 ပြိုင်ပွဲကြီးဟာ တစ်ပတ်ပြီး တစ်ပတ် ကျင်းပလာခဲ့လိုက်တာ ပြီးဆုံးဖို့အတွက် Week 4 ၊ Week 5 နှစ်ပတ်သာ ကျန်ပါတော့တယ်။

ပြီးဆုံးဖို့နီးကပ်လာတာနှင့်အတူ Play In Stage ကို ဘယ်အသင်းတွေ တက်ရောက်နိုင်ပြီလဲဆိုတဲ့ သိသာတဲ့ ရလာဒ်တွေကိုလည်း မြင်တွေ့လာရပါပြီ။

ဘယ်အသင်းတွေက Play In Stage အတွက် သေချာသွားကြပြီလဲဆိုတော့.......

ဇယားထိပ်ဆုံးမှာ ရှုံးပွဲမရှိစံချိန်နဲ့ အမြင့်ဆုံးကို ပျံသန်းနေဆဲ Falcon Esports (ရမှတ် 15 မှတ်)

ဒီ Season ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိနေပြီး ရှယ်ကြမ်းပြနေတဲ့ Team 7 (ရမှတ် 15 မှတ် Falcon ထက် တစ်ပွဲပိုဆော့ထားရ)

Regular Season Champion ဖြစ်ဖို့ လိုအပ်ချက်တွေနဲ့ ပြည့်နှပ်နေဆဲ YG (ရမှတ် 11 မှတ်)

နိမ့်တစ်ချည် မြင့်တစ်ချည် ဖြစ်နေရှာတဲ့ Ai Esports (ရမှတ် 10 မှတ်)

Regular Season Champion ဖြစ်ဖို့တောင် ခဲယဉ်းနေပြီဖြစ်တဲ့ Title Defender MYTH Seal (ရမှတ် 10 မှတ် Ai ထက် တစ်ပွဲပိုဆော့ထားရ)

ဒီအသင်း၅သင်းကတော့ Play In အဆင့်အတွက် သေချာသွားပါပြီ။

သို့သော် ဒီ ၅ သင်းအနက် ၄သင်းသာ Play In Stage ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး နောက်ဆုံး အဆင့်၅ အသင်းကတော့ Play In Last Chance ဆိုတဲ့ အဆင့်တစ်ဆင့်ကို ကျော်ဖြတ်ရအုံးမှာပါ။

ဒီအချိန်မှာ Play In Last Chance အဆင့်တောင် မသေချာမရေရာသေးတဲ့ အသင်းတစ်ချို့ ရှိပါသေးတယ်။

သူတို့ကတော့ Play In အဆင့်ကို တက်ရောက်ဖို့အရေး အကြိတ်အနယ် တိုက်ပွဲဝင်သွားကြရအုံးမှာပါ။

အဲ့ဒီအသင်းတွေကတော့......

ရမှတ် 6 မှတ်နဲ့ Astro Space

ရမှတ် ၅ မှတ် ကိုယ်စီနဲ့ Raion Esports နဲ့ Paladin

ရမှတ် ၂ မှတ် ကိုယ်စီနဲ့ Newborn နဲ့ Blackthorn တို့ပဲ ဖြစ်ပါတယ်။

ဒီအသင်း၅ သင်းမှာ ပျမ်းမျှအားဖြင့် လက်ကျန်ပွဲစဉ်က 3 ပွဲကျန်ရှိနေသေးတာကြောင့် အားလုံးဟာ မျှော်လင့်ချက်ကိုယ်စီနဲ့ လာမယ့် Week 4 ကို အကောင်းဆုံး ကျော်ဖြတ်သွားကြရအုံးမှာ ဖြစ်ပါတယ်။

16/10/2025

Ai Esports ပရိတ်သတ်တွေကိုထိန်းကြပါဦး 🤫

“Team 7 ကတော့ Ai Esports နဲ့မတွေ့ခင်အထိဒီအချိုးချိုးနေမှာပဲ” ဆိုပြီးပွဲမစခင်ကတည်းက အားပေးကြမ်းနေတဲ့ပွဲ

16/10/2025

5 Vs 5 ပွဲကို T Room ( all Skin free ) နဲ့ဆော့ကြမယ်

Caster Brl Ou

ဒီတစ်ခေါက် Season 2 မှာ သိသိသာသာ ကောင်းမွန်လာပြီး အားလုံးရဲ့ ပါးစပ်ဖျားပေါ်မှာ နေယူထားတဲ့ အသင်းကတော့ Team 7 ပါပဲ။ Team 7...
16/10/2025

ဒီတစ်ခေါက် Season 2 မှာ သိသိသာသာ ကောင်းမွန်လာပြီး အားလုံးရဲ့ ပါးစပ်ဖျားပေါ်မှာ နေယူထားတဲ့ အသင်းကတော့ Team 7 ပါပဲ။

Team 7 ဟာ ပြီးခဲ့တဲ့ Season ကထက် ပိုမိုသာလွန်တဲ့ လက်စွမ်းတွေနဲ့ MSL Season 2 ကို နှစ်ပတ်ဆက် ပထမနေရာကနေ ဉီးဆောင်နိုင်ခဲ့ပါတယ်။

ထိုအချိန်က ပရိတ်သတ်အများစုကတော့ ကြီးလေးကြီးနဲ့ မတွေ့သေးလို့ ဒီလိုအချိုးမျိုး ချိုးနိုင်နေတာပါလို့ သမုတ်ခဲ့ကြတာတော့အမှန်ပါ။

ဒါ့ကြောင့်ပဲ Team 7 က တစ်ကယ်ကောင်းမွန်တဲ့ အသင်းတစ်သင်း ဟုတ်ရဲ့လားဆိုတာကို ပြီးခဲ့တဲ့ အပတ်က အဖြေပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ Week 3 မှာဆိုရင် Team 7 ဟာ MSL Season 1 GrandFinalist များ ဖြစ်ခဲ့ကြတဲ့ MYTH နဲ့ YG ကို တစ်ပတ်ထဲအတွင်း ရင်ဆိုင်ခဲ့ရပါတယ်။

Team 7 ကတော့ ကြီးလေးကြီးတွေရယ်လို့လဲ အထာမထားဘဲ သူတို့တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားခဲ့တာကို မြင်ခဲ့ရပြီး Champion ဟောင်းကို အနိုင်၊ YG ကို အရှုံးနှင့်အတူ ပထမဆုံး ရှုံးပွဲရဲ့အရသာကိုတော့ ခံစားလိုက်ရပါတယ်။

ဒီပွဲဲတွေမှာ ပြောစရာရှိတာက YG VS Team 7 ရဲ့ Game 3 ပွဲစဉ်ကို ကြည့်ကြည့်လိုက်ရင် Team 7 ဟာ အနိုင်ရဖို့ လုံးဝနီးစပ်ခဲ့တာကို မြင်တွေ့ရနိုင်ပါတယ်။

ကြီးလေးကြီးထဲက အသင်းနှစ်သင်းကို တစ်ပတ်အတွင်း ရင်ဆိုင်ခဲ့ရတာတောင် အခြေအနေကောင်းခဲ့တယ်လို့ ပြောရနိုင်တဲ့ Team 7 ရဲ့ စွမ်းဆောင်ရည်ဟာလည်း ယခု Season 2 မှာ Drakhorse အဆင့်ထက် သာလွန်လာခဲ့ပြီလို့ ပြောရမှာပါပဲ.........

သို့သော် လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့်1 မှာ ပြေးနေတဲ့ သိမ်းငှက်တို့နဲ့ စွမ်းဆောင်ရည်က နိမ့်တစ်လှည့် မြင့်တစ်လှည့် ဖြစ်နေဆဲ Ai Esports တို့ကိုတော့ Team 7 ရင်ဆိုင်သွားဖို့ ကျန်ပါသေးတယ်.....

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Caster Bel Ou publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager