Caster Bel Ou

Caster Bel Ou Casting, Streaming, News
(1)

33 ကြိမ်မြောက် Sea Game ပြိုင်ပွဲအတွက် ထိုင်း နိုင်ငံသ်ို့ရောက်ရှိနေပြီဖြစ်တဲ့ Team ZANAKA 🇲🇲ပြီးခဲ့တဲ့ 32 ကြိမ်မြောက် S...
11/12/2025

33 ကြိမ်မြောက် Sea Game ပြိုင်ပွဲအတွက် ထိုင်း နိုင်ငံသ်ို့ရောက်ရှိနေပြီဖြစ်တဲ့ Team ZANAKA 🇲🇲

ပြီးခဲ့တဲ့ 32 ကြိမ်မြောက် Sea Game တုန်းကတော့ မြန်မာကိုယ်စားပြုအသင်းဟာ မြန်မာနိုင်ငံအတွက် bronze medal ကိုရအောင်ယူဆောင်နိုင်ခဲ့ပါတယ်။

ဒီတစ်ခေါက်မှာရောကျွန်တော်တို့မြန်မာ ကိုယ်စားပြု Team ZANAKA အသင်းကို မြန်မာပရိတ်သတ်တွေဘယ်လောက်ထိမျှော်မှန်းထားကြလဲ ?

မြန်မာကိုယ်စားပြု Team ZANAKA 🇲🇲 ကိုအားလုံးအတူတူအားပေးမယ်ဆို Comment မှာမြန်မာအလံလေးတွေမန့်ပေးခဲ့ကြပါဦူဗျာ ….

Let’s Go Team Myanmar 🇲🇲👏💪

🇲🇲 MLBB ( Male & Female ) Team ZANAKA 🇲🇲

Start Date - 13.12.205

09/12/2025

မည်သူမဆို Skin အားလုံးနဲ့ Free ဆော့လို့ရမယ့် 5 Vs 5 ပွဲ

နိုင်တဲ့သူကေပေး မုန့်ဖိုး ယူ

09/12/2025

မိဘတိုင်းက သားသမီးတွေအပေါ်ဘယ်လောက်တောင်ချစ်လဲဆိုတာဟာ ဒီ interview လေးကသက်သေပါ 🫶

“ သားကိုချစ်လို့ သားလုပ်ချင်တာကို ယုံယုံကြည်ကြည် နဲ့လုပ်ခွင့်ပေးခဲ့တာပါ ဆိုတဲ့ Daxx ရဲ့အမေ “

ဒီနှစ် SEA Game နဲ့ M7 သွားရမယ့်အသင်း ဘယ်အသင်းကို ပိုအားရလဲအားလုံးသိကြတဲ့အတိုင်း လာမယ့် SEA Game မှာ မြန်မာကိုယ်စားပြုအဖ...
09/12/2025

ဒီနှစ် SEA Game နဲ့ M7 သွားရမယ့်အသင်း ဘယ်အသင်းကို ပိုအားရလဲ

အားလုံးသိကြတဲ့အတိုင်း လာမယ့် SEA Game မှာ မြန်မာကိုယ်စားပြုအဖြစ် Falcon ၊ M7 မြန်မာကိုယ်စားပြုကိုတော့ YG က သွားရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

ဒီနှစ်သင်းလုံး ပြည်ပထွက်မကစားခင် LOD Play Off ပွဲစဉ်က သူတို့အတွက် လက်ရည်နွေးပေးတဲ့ ပွဲစဉ်တစ်ပွဲဆို မမှားပါဘူး။

Upper Bracket Final မှာ ဒီအသင်းနှစ်သင်းရဲ့ အားပြိုင်မှုကို အပြည့်အဝရှုစားခဲ့ရပြီး Falcon Esports 2-0 နဲ့ အနိုင်ကစားထားနိုင်ချိန်မှာ "M7 သွားမယ့်အသင်းရဲ့ လက်စွမ်းက ဒါလား ” "M7 ကို ဒီလက်စွမ်းကြီးနဲ့ သွားပြိုင်မှာလားကွာ ” "M7 ကို ကံကောင်းလို့ သွားခဲ့ရတာပါ ” ဆိုတဲ့ Comment တွေကို ပြိုင်ပွဲLive မှာ အများဆုံး တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် မထင်မှတ်ထားလောက်အောင် YG အနေနဲ့ အကောင်းဆုံး ၊ အမိုက်ဆုံး Defendsive တွေနှင့်အတူ Reverse Sweep ကို ရယူကာ "M7 သွားမယ့် လက်စွမ်းဆိုတာ ဒါပဲကွ” ဆိုပြီး သူတို့ရဲ့ ကစားနိုင်စွမ်းကို ချပြခဲ့ပါတယ်။

ဒါ့အပြင် Falcon အနေနဲ့လည်း Ai Esports နှင့်တွေ့ဆုံကြိမ်မှာ အမှားအယွင်းမရှိ တတိယအကြိမ်မြောက် LOD ရဲ့ GrandFinal ကို တက်ရောက်ကာ ပြည်ပထွက်မယ့် ဒီအသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့ကြပြန်ပါပြီ............

GrandFinal မှာလည်း နှစ်သင်းလုံးဟာ ပရိတ်သတ်တွေ စိတ်မပျက်ရအောင် အကြိတ်အနယ်ရှိခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ YG ကပဲ 4-2 ဆိုတဲ့ Result တစ်ခုနဲ့ LOD Trophy ကြီးကို ထိုက်ထိုက်တန်တန် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် အနီးကပ်ဆုံး LOD ရဲ့ နှစ်သင်းလုံး လက်စွမ်းကိုကြည့်ခြင်းအားဖြင့် SEA Games သွားမယ့် Falcon Esports နဲ့ M7 သွားရမယ့် YG မှာ ဘယ်အသင်းကို ပိုအားရလဲဆိုတာ Comment မှာ ဝင်ရောက်ပြောပြခဲ့ကြပါအုံး......

နှစ်သင်းလုံးဟာ မြန်မာကိုယ်စားပြုအဖြစ်သွားရောက်ယှဉ်ပြိုင်ရမှာမို့ နှစ်သင်းလုံး အမြင့်မားဆုံး ဆုတံဆိပ်တွေကို အသီးသီးရယူသွားဖို့ မျှော်လင့်မိပါတယ်........

ဘယ်အသင်းကို ပိုအားရလဲဆိုရင်တော့ YG ရဲ့ ကစားပုံနဲ့ကစားအားကို ပိုသဘောကျမိပါတယ်.....

သို့သော် နှစ်သင်းလုံးရဲ့ သွားရာပြိုင်ပွဲဟာ ကွဲပြားမှုရှိနေတာကြောင့် ခက်ခဲတဲ့ Level ဟာလည်း မတူညီပါဘူး။ ကျွန်တော့်အမြင်မှာတော့ SEA Games ထက် M7 က အသင်းတွေအတွက် ပိုမိုအခက်တွေ့နိုင်တယ်လို့ ထင်ပါတယ်။

IESF ဆိုတဲ့ ပြိုင်ပွဲကတော့ အင်ဒိုအသင်းတွေအနေနဲ့ တစ်ဖြည်းဖြည်း ရလာဒ်ဆိုးဝါးတဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းတွင်သွားခဲ့ပါပြီ။ I...
08/12/2025

IESF ဆိုတဲ့ ပြိုင်ပွဲကတော့ အင်ဒိုအသင်းတွေအနေနဲ့ တစ်ဖြည်းဖြည်း ရလာဒ်ဆိုးဝါးတဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းတွင်သွားခဲ့ပါပြီ။

IESF မှာ MLBB စတင်ပါဝင်ခဲ့တဲ့ 2022 မှာ အင်ဒိုတို့ Champion ဖြစ်လာခဲ့ပေမယ့် 2023 မှာတော့ ဖိလစ်ပိုင်တွေကို လက်လွှဲပေးခဲ့ရကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

2024 ခုနှစ်ကတော့ အင်ဒိုတို့ ပထမဆုံးအကြိမ် GrandFinal နဲ့ လွဲချော်ခဲ့ရသလို တတိယနေရာသာ ရခဲ့ပြန်ပါတယ်။

ဒီနှစ် 2025 မှာတော့ အင်ဒိုအသင်းအနေနဲ့ GrandFinal ရော၊ တတိယနေရာရော နှစ်နေရာလုံးလက်လွှတ်ခဲ့ရပြီး ကြေးတံဆိပ်တောင် ရရှိခဲ့ခြင်းမရှိပါဘူး။

ဒါ့ကြောင့် IESF အတွက် အင်ဒိုအသင်းတွေရဲ့ လက်စွမ်းကတော့ တစ်နှစ်ပြီးတစ်နှစ် တစ်ဖြည်းဖြည်းချင်း ဆုတ်ယုတ်လာနေတာပဲ ဖြစ်ပါတယ်။

Falcon Esports ကို 2ပွဲဆက်ရှုံးနိမ့်နေရာကနေ Reverse Sweep နှင့်အတူ အကောင်းဆုံး ပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့ YG အသင်းဟာ Fal...
07/12/2025

Falcon Esports ကို 2ပွဲဆက်ရှုံးနိမ့်နေရာကနေ Reverse Sweep နှင့်အတူ အကောင်းဆုံး ပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့ YG အသင်းဟာ Falcon Esports ကို 2-0 နဲ့ရှုံးနေချိန် Game 3 မှာ Hann ရဲ့ F***y ကို မြင်တွေ့ခဲ့ရပါတယ်။ F***y ဆိုတာက အရမ်း Risk ယူရတဲ့ Hero တစ်ကောင်ဖြစ်တာကြောင့် ရှုံးနိမ့်နေချိန်မှာ Pick ရဲတဲ့ Hann ရဲ့ Mindset ဟာလည်း အတော်လေး Strong တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

ဒါကိုတော့ Stitch တစ်ယောက်က "ကံကောင်းနေတာမဟုတ်ဘူး
Hann ကောင်းနေတာ”ဆိုပြီး မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ YG Vs Falcon တို့ရဲ့ Grand Final ပွဲနဲ့အတူ LOD S3 ရဲ့ ချန်ပီယံ အသစ်ကလည်း ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်

Ai Esports ကိုပွဲပြတ်အနိုင်ယူပြီး Grand Fianl က်ုတက်ရောက်သွားခဲ့တဲ့ Falcon Esports
06/12/2025

Ai Esports ကိုပွဲပြတ်အနိုင်ယူပြီး Grand Fianl က်ုတက်ရောက်သွားခဲ့တဲ့ Falcon Esports

Falcon Esports ကို အနိုင်ယူပြပြီး Final ကိုအစောဆုံးတက်ရောက်သွားတဲ့ YG နှစ်ပွဲဆက် ရှုံးနိမ့်ပြီးမှ ပြန် Come Back သွားခဲ့...
06/12/2025

Falcon Esports ကို အနိုင်ယူပြပြီး Final ကိုအစောဆုံးတက်ရောက်သွားတဲ့ YG

နှစ်ပွဲဆက် ရှုံးနိမ့်ပြီးမှ ပြန် Come Back သွားခဲ့တာကြီးကတော့ တကယ်ကောင်းလွန်းပါတယ်ဗျာ

Falcon Esports ကတော့ Lower Bracket မှာ Ai Esports နဲ့ ပြန်ဆော့ကစားသွားရပါမယ်။

"ကမ္ဘောဒီးယားကြောင့် ကျခဲ့ရတဲ့ မျက်ရည် ” ဒီစကားကတော့ ကျွန်တော်က ဖိလစ်ပိုင် အသင်းတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟ...
06/12/2025

"ကမ္ဘောဒီးယားကြောင့် ကျခဲ့ရတဲ့ မျက်ရည် ”

ဒီစကားကတော့ ကျွန်တော်က ဖိလစ်ပိုင် အသင်းတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ MLBB မှာ ​အမျိုးသားရော၊ အမျိုးသမီးမှာပါ ထိပ်တန်း Top 2 စာရင်းထဲမှာ အမြဲနေရာယူထားတာကြောင့် International ပြိုင်ပွဲတိုင်းလိုလိုမှာ တွေ့ရတတ်ပါတယ်။

ဒါပေမယ့် ဒီနှစ် IESF 2025 မှာတော့ ဖိလစ်ပိုင် အမျိုးသားအသင်းရော၊ အမျိုးသမီးအသင်းပါ Qualifier အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဖိလစ်ပိုင်အမျိုးသားအသင်းကတော့ IESF မှာ MLBB စတင်ပါဝင်ခဲ့ကတည်းက နှစ်တိုင်းနွှဲခဲ့ရပြီး ယခုနှစ်မှာမှ ပထမဆုံးအကြိမ် IESF နှင့် လွဲချော်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အမျိုးသမီးအသင်းကတော့ IESF မှာ အမျိုးသမီး MLBB ပွဲစဉ်များ စတင်ထည့်သွင်းခဲ့တဲ့ 2024 ကတည်းက IESF ရဲ့ Main Stage ဆီကို တက်ရောက်နိုင်ခြင်းမရှိပဲ Qualifier အဆင့်နဲ့ကြီးပဲ ကျေနပ်ခဲ့ရတာပါ။

ကျရှုံးခဲ့ရတဲ့ နှစ်ကြိမ်လုံးမှာ ကမ္ဘောဒီးယား အမျိုးသမီးအသင်းကြောင့် အကြိမ်ကြိမ် မျက်ရည်ကျခဲ့ရတာဖြစ်ပါတယ်။ 2024 Qualifier မှာ 2-1 ၊ 2025 Qualifier မှာ 2-0 ဖြင့် ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့အနေနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အမျိုးသမီးအသင်းနည်းတူ အမျိုးသားအသင်းဟာလည်း ကမ္ဘောဒီးယားကို ရှုံးနိမ့်ခဲ့ရတာကြောင့် IESF Main Stage ဝင်ခွင့်ကို ပထမဆုံးအကြိမ် လွဲချော်ခဲ့ရပါပြီ......

အကယ်၍ တတိယနေရာလုပွဲမှာတောင် မြန်မာအသင်းကို အနိုင်ကစားခဲ့ရင်တော့ လက်ရှိ မြန်မာအသင်းအစား ဖိလစ်ပိုင်အသင်းကို မြင်တွေ့ခဲ့ရနိုင်ပါတယ်။ သို့သော် မြန်မာအသင်းက တတိယနေရာကို ထိုက်တန်စွာ ရရှိခဲ့တာကြောင့် ဖိလစ်ပိုင်တို့ IESF နှင့် ဝေးကွာခဲ့ရပါတယ်။

ဒါ့ကြောင့် ဒီနှစ် IESF ကတော့ ဖိလစ်ပိုင် နှစ်သင်းလုံးဟာ ကမ္ဘောဒီးယားအသင်းကြောင့် လက်ရှိ Main Stage မှာ မမြင်တွေ့ရခြင်းဖြစ်ပါတယ်။

ဖိလစ်ပိုင်တွေမတွေ့တာဘာကြောင့်လဲဆိုတော့....အဖြေက ကမ္ဘောဒီးယား ကြောင့်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ မြန်မာအသင်းလည်း တစ်စိတ်တစ်ပိုင်းတော့ ပါတာပေါ့လေ....

မနက်ဖြန် LOD S3 မှာ Main Host အနေနဲ့ တင်ဆက်ပေးသွားပါမယ် 🎤
05/12/2025

မနက်ဖြန် LOD S3 မှာ Main Host အနေနဲ့ တင်ဆက်ပေးသွားပါမယ် 🎤

လက်ရှိ ယှဉ်ပြိုင်နေတဲ့ IESF 2025 မှာ မလေးရှားအသင်းတွေအနေနဲ့  ဘယ်ပြိုင်ဘက်တွေကို အကြမ်းဆုံးလို့ ထင်လဲဆိုတာ ပြောပြခဲ့တာကို...
05/12/2025

လက်ရှိ ယှဉ်ပြိုင်နေတဲ့ IESF 2025 မှာ မလေးရှားအသင်းတွေအနေနဲ့ ဘယ်ပြိုင်ဘက်တွေကို အကြမ်းဆုံးလို့ ထင်လဲဆိုတာ ပြောပြခဲ့တာကို ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။

ဒီထဲမှာတော့ မလေးရှားအသင်း SRG ကစားသမားများဖြစ်ကြတဲ့ Yums က အင်ဒိုနီးရှားနဲ့ တူရကီ ၊ Innocent ကတော့ အင်ဒိုနီးရှားဆိုပြီး အသီးသီး ရွေးချယ်ခဲ့ကြတာပါ။

ဒီနှစ်IESF ပြိုင်ပွဲဟာ အင်အားကြီး ဖိလစ်ပိုင် ပါဝင်လာခြင်းမရှိတာကြောင့် မလေးရှား၊ ကမ္ဘောဒီးယား ၊ မြန်မာ ၊ အင်ဒိုနီးရှားတို့က Champion ဖြစ်ဖို့ ရေပန်းစားလျက် ရှိပါတယ်။

မလေးရှားအသင်း SRG ဟာ မြန်မာအသင်းတွေနဲ့ တွေ့တိုင်း သုံးကြိမ်မှာ နှစ်ကြိမ်လောက် ရှုံးနိမ့်ထားခဲ့ပေမယ့် ယခုလို ရွေးချယ်မှုထဲမှာ ထည့်သွင်းစဉ်းစားထားခြင်း မရှိတာကို တွေ့ရပါတယ်။ အကြောက်အလန့်မရှိပုံပါပဲ.......

SRG ရဲ့ နည်းပြ Arcadia ကတော့ ဒီရွေးချယ်မှုထဲမှာ မြန်မာအသင်းကို အကြမ်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်တယ်ဆိုတာကိုတော့ ဖော်ပြထားပါတယ်။

လက်ရှိမှာ မလေးရှားအသင်းက Group A ၊ မြန်မာအသင်းက Group D မှာ ကျရောက်နေတာကြောင့် မလေးရှားအသင်းက အုပ်စုAရဲ့ အဆင့်1 ၊ မြန်မာအသင်းက အုပ်စုD ရဲ့ ဒုတိယအနေနဲ့ Play Off ကို တက်ရောက်လာခဲ့ရင်တော့ ပထမဆုံးပွဲစဉ်မှာတင် အချင်းချင်း ရင်ဆိုင်သွားရဖို့ရှိပါတယ်.......

မလေး Vs မြန်မာ ထိပ်တိုက်ထပ်တွေ့ခဲ့ကြရင် ဘယ်သူနိုင်သွားအုံးမယ်လို့ ထင်ပါသလဲ...........

ကျွန်တော်ကတော့ မြန်မာအသင်းလို့ပဲ ထင်ပါတယ်.....

Egypt 🇪🇬 သားတွေကို မြန်မာ့ 🇲🇲 လက်ရာတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြုစုသွားမယ့် Team ZANAKA မြန်မာအသင်းဒီနေ့နိုင်ရင် Group Stag တက်...
04/12/2025

Egypt 🇪🇬 သားတွေကို မြန်မာ့ 🇲🇲 လက်ရာတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြုစုသွားမယ့် Team ZANAKA

မြန်မာအသင်းဒီနေ့နိုင်ရင် Group Stag တက်ပါပြီ

Time - 🕰️ 5:00 PM

Date - 📅 - 4.12.2025

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Caster Bel Ou publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager