27/09/2026
လွန်ခဲ့တဲ့ ၂ နှစ်က အသည်းကွဲပြီး
သူငယ်ချင်းကို ရင်ဖွင့်မိတယ်။
သူပြောတဲ့စကားကို ခုထိ နားထဲ
စွဲနေတုန်း။
အချစ်စစ် ရှာမတွေ့ရင်လည်း
မင်းလိုချင်တဲ့လူမျိုးရဲ့ပုံစံကို
မင်းကိုယ်တိုင် ဖြစ်အောင် အရင်
ကြိုးစားလိုက်လေတဲ့။
Be the type of person who you want to meet in your life.
အဲစကားကြားပြီးနောက် ကိုယ်လည်း အမှန်တကယ် ကြိုးစားဖြစ်တယ်။၂ နှစ်ဆိုတဲ့အတွင်းမှာ
ကိုယ်လိုချင်တဲ့အနေအထားတစ်ခု
ရောက်လာတယ်။Education ဖြစ်ဖြစ်၊Finananical ဖြစ်ဖြစ်၊
Beauty ဖြစ်ဖြစ် အရင်ကထက်
ကျေနပ်အားရမိတယ်။
ကိုယ်ဘယ်လို လူမျိုးကို လိုချင်လဲဆိုတာ သေချာသိတာမို့ လတ်တလောတော့ ဒီလိုလူမျိုး မတွေ့နိုင်သေးပေမယ့် ကိုယ်တိုင်ဖြစ်အောင် ကြိုးစားယူလိုက်တယ်။အရင်ထက်စာရင် ကိုယ့်အပေါ် ယုံကြည်မှု
ရှိလာတယ်။Self-esteem မြင့်လာတယ်။
နောက်ပြီး သူငယ်ချင်းက ဆက်ပြောသေးတယ်။
လူတွေက သိပ်ခက်တယ်
သူတို့သာ အကောင်းဆုံး လိုချင်ကြတယ်။သူတို့ ကိုယ်၌တော့ ကောင်းအောင် မလုပ်ချင်ကြဘူး။
အချစ်ဆိုတာ balance ဖြစ်နေမှ
ရေရှည် အဆင်ပြေတယ်။
ကိုယ်က အကောင်းဆုံးကို ပိုင်ဆိုင်ချင်ရင် ကိုယ်လည်း ဒီအရာကို
ပိုင်ခွင့်ရှိတဲ့အရည်အချင်းတော့
ရှိရတယ်။ဒါမှသာ လိုက်ဖက်ညီပြီး
နှစ်တွေ အကြာကြီး အတူတူရှိနိုင်
လိမ့်မယ်။
အချစ်ကြောင့် အကြိမ်ကြိမ် နာကျင်ခံစားရပြီး အမြဲ လူရွေးမှားနေရင်
အချစ်ကို ခဏရပ်ပြီး ဘဝဖက်ကို
ဦးတည်ပြီး လိုအပ်တဲ့အရည်အချင်းတွေ ဖြည့်ပါ။စစ်မှန်တဲ့လူနှင့်
စစ်မှန်တဲ့အချစ် ပိုင်ဆိုင်ရဖို့ ကိုယ်တိုင်လည်း စစ်မှန်ပြီး ကောင်းမွန်နေဖို့ လိုအပ်တယ်။လုံးဝ ပြည့်စုံနေရမယ် မဆိုလိုပေမယ့် အသင့်
အတင့်တော့ ရှိရတယ်။
အချစ်စစ် တွေ့ရဖို့ဆိုတာလည်း
အချိန်တစ်ခုပဲ လိုတယ်။
#နူးနူးအောင်