20/06/2026
ကျွန်တော်တို့ဘယ်တော့မှ ခြေဦးလှည့်ဖြစ်တော့မှာမဟုတ်ပါဘူး ။ အချိန်အကြာကြီး ရပ်ခဲ့သလောက် ကိုယ့်ဖက် ပြန်ငဲ့ကြည့်ဖို့ မေ့ နေတဲ့ အရပ်တွေကို ပြန်ငေးကြည့်လို့လဲ ပြန်လွမ်းစရာရယ်လို့ လောက်လောက်လားလားမှ ရှိမနေတော့တာ။ ကိုယ်ဖက်က တက်နိုင်တာထင် ကိုယ်ပေးခဲ့သလောက်ကိုယ်အတွက် ရယ်ဆိုပြီး ဘာတုန့်ပြန်မှုမှ ရှိမနေခဲ့ပါတာ။ အချိန်တွေက လွန်သွားခဲ့ပြီးပါပြီ။ အတိတ်တွေကို ကျွန်တော်တို့ ပြန်ပြင်လို့ရမနေတော့ဘူး ဒါပင်မယ့်... ရှေ့ဆက်မယ် အနာဂတ်တွေမှာတော့ ကျွန်တော်တို့က ဆင်ခြင်လို့ ရတယ် မဟုတ်လား ။ လွမ်းလောက်စရာ မရှိပါဘူးဆိုတဲ့ စကားကို သုံးပြီး
ဘယ်တော့မှခြေဦးလှည့်ဖြစ်တော့မှာမဟုတ်တဲ့အရပ်တွေဟာ
ကျွန်တော်တို့အတွက် ရှိတတ်ပါတယ် ။
အဲဒီအရပ်က
နောင်တရယ်
နာကျင်စရာရယ်
သင်ခန်းစာတွေရယ် လုံလောက်တာထက် ပို ပေးခဲ့ပါတယ်"
Crd