
30/06/2025
https://www.facebook.com/share/p/12FTeQ6D8Wc/
ရိုဟင်ဂျာတွေရဲ့ ပိုင်ဆိုင်မှု ပိုင်ဆိုင်မှုစာရင်းကို AA က နစကကဲ့သို့ စာရင်းကောက်ခံနေ
Arakan Tribune_၂၀၂၅ခုဖ၊ဇူလိုင်လ(၁)ရက်။
အာရ်ကာန်ပြည်နယ်၊ မောင်တောမြို့အတွင်းမှာ လက်ရှိ နေထိုင်လျက်ရှိကြတဲ့ ဒေသခံ ရိုဟင်ဂျာတွေရဲ့ ကျွဲ၊ နွား၊ ဆိတ်၊ နေအိမ်၊ လယ်မြေ ၊အိမ်ခြံနှင့်ပုစွန်ကန်စတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို AA က န.စ.ကကဲ့သို့ သောစာရင်း ကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှ စတင်ပြီး မောင်တောမြို့နယ်တွင် AA က ရိုဟင်ဂျာတွေရဲ့ပိုင်ဆိုင်မှုတွေကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် စာရင်းကောက်ခံနေတာဖြစ်ပြီး စာရင်းကောက်နေတဲ့ပုံစံမှာ မိသားစုတစ်စုက ပိုင်ဆိုင်တဲ့ ကျွဲ၊ နွား၊ ဆိတ်၊ လယ်မြေ၊ ပုဇွန်ကန် ၊ နေအိမ်အမျိုးအစား စတဲ့ ပိုင်ဆိုင်မှုတွေကို ရေးမှတ်ဖို့ကော်လံ တွေပါရှိတယ်။
" ULA/AA ရဲ့ ညွှန်းကြားချက်အတိုင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံနေတာပါ။ တိရစ္ဆာန်အ ကောင် ရေရေးတယ်။ နေအိမ်အမျိုးအစားတွေ ရေး မှတ်တယ်။ မြေအမျိုးအစားနှင့်မြေချိန်ဧကတွေကို ရေးမှတ်နယ်။ ဆိုင်တွေကိုတော့ ယခင်က စာရင်းလုပ်ပြီးသား ရှိတယ် ” လို့ သိရပါတယ်။
စာရင်းတွေ ကောက်ပြီး သက်ဆိုင်ရာ နယ်မြေရုံးတွေဆီသို့ ဒီဇွန်လ မကုန်ဆုံးမီ ပို့ပေးရန် AA က အမိန့်ထုတ်ခဲ့တယ်။
ဘူးသီးတောင်မြို့နယ်မှာလည်း ရိုဟင်ဂျာတွေရဲ့ ပိုင်ဆိုင်မှု အားလုံးကို AA က ပြီးခဲ့တဲ့လတွင် စာရင်းတွေ ကောက်ခံလိုက်ပြီးလို့ သိရတယ်။
၁၉၉၀ခု အစောပိုင်းမှစ၍ (နစက) က ဆွဲတင်စစ်၊ပိုင်ဆိုင်မှုစာရင်း၊ဧည့်စာရင်း၊ထောက်ခံစာ၊တစ်ဦးကိုယ်စားလှယ် စသည့်စီမံချက်များကို ချမှတ်ကာ ရိုဟင်များအား Slow Burning Genocide စတင်ခဲ့သကဲ့သို့ ယခု ULA/AA ကလည်း စတင်လုပ်ဆောင်လျက်ရှိနေပါသည်။