22/03/2025
စစ်အာဏာရှင်စနစ်ကို အတူတူလက်တွဲ တိုက်ထုတ်ကြဖို့ PDF ရဲဘော် ဖာရွတ်ဘိုင် တိုက်တွန်း
မတ် ၂၂ ၊ AEN
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် တော်လှန်တိုက်ပွဲဝင်ရင်း အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့အလျောက် ရမဒန်ဥပုသ်လအတွင်း ဥပုသ်သီလယူကာ တနင်္သာရီတိုင်းထဲက ရှေ့တန်းစစ်မျက်နှာပြင်တစ်ခုမှာ ရောက်ရှိနေတဲ့ အစ္စလာမ်ဘာသာဝင် PDF ရဲဘော်တွေရဲ့ ဥပုသ်ထွက်မတိုင်ခင် ရဲဘော်ဖာရွတ်ဘိုင်က စစ်အာဏာရှင်စနစ်ကို အတူတူလက်တွဲတိုက်ထုတ်ကြဖို့ ပြည်သူတစ်ရပ်လုံးကို တိုက်တွန်းနှိုးဆော်နေပုံဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာနိုင်ငံသားများအနေနဲ့လည်း တော်လှန်ရေးမှာ တတတ်တအား ပါဝင်ကြဖို့ ရဲဘော် ဖာရွတ်ဘိုင်က ဖိတ်ခေါ်ထားပါတယ်။