
19/06/2025
"ခေါင်းဆောင်တစ်ယောက်အနေနဲ့ကျွန်မဘယ်လောက်အောင်မြင်သလဲဆိုတဲ့ မေးခွန်း။
သူမအဖြေ။ ။
ကျွန်မ မပါဘဲ ရှေ့ဆက်နိုင်အောင် ကျွန်မ ဘယ်လောက် လုပ်ပေးနိုင်ခဲ့သလဲ ဆိုတာက ဆုံးဖြတ်ပါလိမ့်မယ်” တဲ့
ဒီည သူမရဲ့ ၈၀ ပြည့်အမှတ်တရစကားထုတ်လွှင့်ချက်မှာ အကြိုက်ဆုံးစကားမို့ ထုတ်နုတ်ပြောဖြစ်မှာပါ။
___________________________
CNA ရုပ်သံနဲ့ အင်တာဗျူးတခုမှာ ,
" ခေါင်းဆောင်တယောက် အနေနဲ့ ဘယ်လောက် အောင်မြင်တယ်လို့ ထင်လဲ " လို့ မေးတဲ့အပေါ် ...
သူမရဲ့ အဖြေက ရိုးရှင်းပြီး နက်နဲတာမျိုးပါ။
" တနေ့မှာ ကျွန်မကို လုံး၀ မလိုတော့အောင် ကျွန်မ လုပ်ပေးနိုင်ခဲ့လိမ့်မယ်,
ကျွန်မပါတီရော၊ ကျွန်မနိုင်ငံရော
ကျွန်မကို မလိုတော့ဘဲ ရှေ့ဆက်သွားနိုင်ကြလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်" ...တဲ့
" လူတွေက ကျွန်မအုတ်ဂူမှာ ဘာရေးထားခဲ့ချင်သလဲလို့ မေးလာတိုင်း ကျွန်မ အမြဲပြောဖြစ်တာကတော့..."
" သူမသည် လုပ်စရာ တာဝန်များကို ဆောင်ရွက်ခဲ့သည် " ဆိုတာပါပဲ...