22/05/2024
ကြိုးစားပါ
ဘဝဆိုတာ အလှည့်အပြောင်း တခုခုကြောင့်
ဆုံးရှုံးမှုတွေ ရှိနိုင်သလို စွန့်ခွါမှုတွေလဲ ဖြစ်လာနိုင်တယ်
ဒါတွေက ဘဝအတွက် ခွန်အားပါ
အလုပ်ဆိုတာ အရှုံး အနိုင်ရှိစမြဲပါ စိတ်ဓာတ်ဆိုတာ
လူတယောက်ရဲ့ ဘဝကိုပြိုလဲ စေနိုင်တယ်
အရာရာအတွက် မမြင်နိုင်သေးတဲ့ ကံတရားကို
အရှုံးပေးရအောင် မျက်မမြင် ဒုက္ခိတ တယောက်
မဟုတ်ဘူဆိုတာကို ပြန်တွေးလိုက်ပါ
ဘဝဆိုတာ ရုန်းကန်မှု အတွက်တော့
လွတ်လပ်မှုဆိုတာ အဆင်မှုဆိုတာ ရှိနေအုံမှာပါ
ရင့်ကျက်သူ တယောက်ဖြစ်တဲ့ သူတွေက အရာရာကို
သူဘဝနဲ့ ရင်းနှီးမြုပ်နှံပေးဆပ်မှုအတွက် ရင့်ကျက်လာတာ
မဖြစ်နိုင် မဖြစ်ဘူးဆိုတာ လူတယောက်ရဲ့ စိတ်ဓာတ်ကို
အမြဲလိုလို ကျဆုံးစေတယ်
မဖြစ်နိုင်တဲ့ လက္ခဏာတွေထဲမှာ ဖြစ်လာနိုင်တဲ့ လမ်းစကို
မမြင်နိုင်သေး မကြည့်တတ်သေးတဲ့ သဘောပဲ
ဘဝဆိုတာ လှေကားထိုက်လို့ပဲ ပင်ပန်းမှုတွေနဲ့ တထိုက်ချင်း
လျောက်လှမ်းနိုင်မှ ဘဝအတွက် တရွေ့ရွေ့ လိုချင်တဲ့
ပန်းတိုင်ကို ရောက်နိုင်မှာ ပန်းတိုင်ဆိုတာ ရုန်းကန်လှုပ်ရှား
နေသူအတွက်တော့ သချိုင်းကုန်းလိုပဲ အမြဲတမ်း ကြိုဆိုနေပါတယ်
တကယ်တော့ ရင့်ကျတ်ခြင်းဆိုတာ အလိုလို ဖြစ်လာတာ
မဟုတ်ဘူး လောကဓံတရားကို ဘဝနဲ့ရင်းပြီး
ရင်းနှီးမြုပ်နှံပေးဆပ်ပြီးမှ ရင့်ကျက်မှုကို ပိုင်ဆိုင်ထားတဲ့ သူတွေ
ပေးဆပ်လိုက်ရတဲ့ အချိန်တွေ ပင်ပန်းမှုတွေနဲ့ ကြိုးစားခဲ့ရတဲ့
ရက် လ နှစ်တွေက ဘဝခွန်းအားအတွက် ဆုလာဒ်တခုဆိုတာကို
သိတဲ့တနေ့ အရာရာကို အပြုံးနဲ့ ရင်ဆိုင်ကျော်လွှာနိုင်သူ ဖြစ်တယ်
စိတ်ဓာတ်ကြံခိုင်သူတွေက အရာရာကိုအပြုံးနဲ့
ရင်ဆိုင်ကျော်လွှာနိုင်သလို စိတ်ဓာတ်ခိုင်မာသူတွေက
အရာရာကို ဟန်မပျက် လျောက်လှမ်းနေတဲ့ သူတွေကြီးပဲ
ဖြစ်လာမဲ့ ကံတရားကို ထိုင်စောင့်နေရင် ထိုင်စောင့်နေတဲ့
ရလာဒ်ပဲ ထွက်မယ်
ဘဝပေးတဲ့ အဖြေမဟုတ်ဘူး။