Paige’s Canada Journey

Paige’s Canada Journey The purpose of this page is to share my Canada journey experiences only. Not an immigration agent. Page admin is not an immigration consultant or advisor.

This page is to share useful information for International students. If you have any further questions, please read the details at the IRCC website for the official announcements.

09/19/2026

Rodeo 🐂 (နွားရိုင်းစီးပြိုင်ပွဲ)

Fall semester ကျောင်းတွေ ပြန်ဖွင့်ပီဆိုတော့ အခုမှ ကနေဒါကို ရောက်လာတဲ့ ကျောင်းသား အသစ် တွေကို ပြောပြ ပေးချင်တာတွေက အများက...
09/18/2026

Fall semester ကျောင်းတွေ ပြန်ဖွင့်ပီဆိုတော့ အခုမှ ကနေဒါကို ရောက်လာတဲ့ ကျောင်းသား အသစ် တွေကို ပြောပြ ပေးချင်တာတွေက အများကြီး ရှိပါတယ် ..

နံပတ်တစ် အရေးကြီးဆုံးက အိမ် ရယ် ၊ ကျောင်းရယ် ၊ အချိန်ပိုင်း အလုပ်ရှာဖို့ပဲ ခေါင်းထဲ မထားဘဲ နဲ့ ကနေဒါ ရဲ့ အလှဆုံး ရာသီတခုဖြစ်တဲ့ Autumn 🍂 က်ို ခံစားဖို့ မမေ့ပါနဲ့ နော်

သစ်ရွက်လေး တွေ အရောင်တွေ ပြောင်းပြီး လေ ထုက လည်း စ ပြီး အေးစ ပြုနေပါပီ , နေရာတိုင်းမှာ သဘာ၀ အလှ တရားတွေ နဲ့ ပြည့် နေတဲ့ နိုင်ငံ မို့ အပြင်ထွက်ပြီး လေ့လာ စူးစမ်း ချင်စိတ် တွေ နဲ့ စတင်ပါ ၊ ကံ ကောင်း ရင် သူငယ် ချင်း မိတ်ဆွေ အသစ် တွေရပြီး သူတို့က တဆင့် အလုပ်ကိုင် အခွင့် လမ်း တွေလည်း ရလာမှာပါ 😇

ကနေဒါ ရဲ့ Tournament Capital ဖြစ်တဲ့ Kamloops မြို့ လေးမှာ တနှစ်တခါ ပြုလုပ်တဲ့ Hot Night in the City ပွဲကို ပြီးခဲ့တဲ့ လ...
09/18/2026

ကနေဒါ ရဲ့ Tournament Capital ဖြစ်တဲ့ Kamloops မြို့ လေးမှာ တနှစ်တခါ ပြုလုပ်တဲ့ Hot Night in the City ပွဲကို ပြီးခဲ့တဲ့ လက သွားကြည့်ခဲ့ပီး အကြိုက်ဆုံး ကား တချို့ ပုံ လေးတွေ တင်ပေးလိုက်ပါတယ် 😉

တချို့ကားတွေက နှစ် ၁၀၀ လောက် တောင် ရှိတော့ မဲ့ (from 1926) ကားတွေ အထိပါ ၀င်ပီး အခုချိန် အထိ သေချာ ထိန်းသိမ်း ထားပီး တနှစ်တခါ အများပြည် သူ ကြည့် ခွင့်ရအောင် ပါ၀င်ပေးကြတာ အတော်ကျေနပ်စရာ ကောင်းပါတယ် …

ဘယ်ကား လေးတွေ ကြိုက်လဲ အားပေး သွား အုံး နော်
🚙 🚘 🚗

ကနေဒါရောက်မှ ချက်တတ်သွားသော ဆီထမင်း 🤭ဒီလောက် လွယ်ကူခဲ့တာကို ဘာလို့ အရင်က ကိုယ် တိုင် လုပ်မစားခဲ့ရတာလဲပဲ တွေးမိရင် နောင်တ...
09/18/2026

ကနေဒါရောက်မှ ချက်တတ်သွားသော ဆီထမင်း 🤭

ဒီလောက် လွယ်ကူခဲ့တာကို ဘာလို့ အရင်က ကိုယ် တိုင် လုပ်မစားခဲ့ရတာလဲပဲ တွေးမိရင် နောင်တရ 😹

အလွယ်ချက်နည်း
- ကောက်ညှင်းဆန်ကို ညထဲက ရေစိမ်ထားပါ
- မနက်မှာ ကောက်ညှင်းဆန်ကို ရေဆေးပြီး ၊ ဆား နည်းနည်း ၊ ဆနွင်း နည်းနည်း နဲ့ ဆီ လေး ထမင်းစား ဇွန်း တဇွန်း ထည့်ပီး ရေမြှုပ်ရုံလေး နဲ့ ရေခမ်း ချက်လိုက်ရုံပါပဲ

အစာပလာ ဖြူးတာက အုန်းသီး ၊ နှမ်း ၊ ပုစွန် ခြောက်မှုန့် နဲ့ ကြက်သွန် နီ ကြော်လေး ဆိုရင် အတော် အရသာ ရှိပီး လွယ်ကူတဲ့ မနက်စာလေး ရပါပီ 😋

ပဲပြုတ်ထားတာ ရှိရင် ထည့် မရှိလည်း စားကောင်းပါတယ် နော် ၊ အခုတော့ တပတ် တခါ ချက်စား ဖြစ်နေပါပီ

I’m thankful for this life 😇
09/09/2026

I’m thankful for this life 😇

Good morning 🌅
09/01/2026

Good morning 🌅

Highway လမ်း ကပ်လျှက် မှာ တောမီးလောင်ပြီး ကျန်ခဲ့ တဲ့ အခြေနေ 😔😔😔နွေရာသီမှာ ပူပြင်းခြောက်သွေ့ လွန်း တော့ တောမီး တွေ ကို က...
08/26/2026

Highway လမ်း ကပ်လျှက် မှာ တောမီးလောင်ပြီး ကျန်ခဲ့ တဲ့ အခြေနေ 😔😔😔

နွေရာသီမှာ ပူပြင်းခြောက်သွေ့ လွန်း တော့ တောမီး တွေ ကို ကြောက်ရတယ် ဒီနှစ် ရဲ့ အပျက်စီး ဆုံးရှုံးမှုက တော့ မပြောပြနိုင် လောက် အောင် များပါတယ် ၊ လူတွေ အိုးမဲ့ အိမ်မဲ့ အခြေနေတွေ နေ့ ချင်းကို ဖြစ်ခဲ့ရတာ 😢😢😢

ဆောင်းတွင်း ဆိုရင် နှင်းလျှော စီးလို့ရတဲ့ ski resort က နွေရာသီမှာ ဆိုရင် တော့ mountain biking trail ဖြစ်သွားပြီး free co...
08/23/2026

ဆောင်းတွင်း ဆိုရင် နှင်းလျှော စီးလို့ရတဲ့ ski resort က နွေရာသီမှာ ဆိုရင် တော့ mountain biking trail ဖြစ်သွားပြီး free concert လည်း ရှိတော့ ရာသီမရွေး စည်ကားပြီး ပျော်စရာ နေရာလေး တခုပေါ့ 😉

🏕️📍Location : Sun Peaks Ski Resort, BC Canada

ကနေဒါ ရောက်တာ ၃ နှစ်ထဲ ရောက်တော့ အဆိုးရွားဆုံး တောမီး လောင်တာ နဲ့ ကြုံရတယ် ၊ ကိုယ် နေတဲ့မြို့ မှာမဟုတ်ပေမဲ့  ၁-၂ နာရီ လေ...
08/07/2026

ကနေဒါ ရောက်တာ ၃ နှစ်ထဲ ရောက်တော့ အဆိုးရွားဆုံး တောမီး လောင်တာ နဲ့ ကြုံရတယ် ၊ ကိုယ် နေတဲ့မြို့ မှာမဟုတ်ပေမဲ့ ၁-၂ နာရီ လောက်သာ ကားမောင်းသွားရတဲ့ ပတ်၀န်းကျင် မြို့ တွေမှာ ဆိုတော့ မီးခိုး တွေ က ကိုယ် နေတဲ့ မြို့ ပတ်ချာ လည်မှာ အပြည့် မို့ လေထု ကလည်း အပြင်ထွက် ဖို့ မသင့်တော် တဲ့ အနေထားမှာ ပါ ☹️

လူနေ အိမ်တွေ ထောင် ကျော် မီးထဲပါသွား ပီး အရေးပေါ် ကယ်ထုတ် , နီးစပ်ရာ မြို့ တွေ မှာ နေရာချ ခနနေကြရပြီး အတော်လေး ဒုက္ခရောက်နေကြတဲ့ အခြေနေ တခု ပါ ☹️

မီးသတ်သမား တွေလည်း အစွမ်းကုန် ကြိုးစား နေကြပြီး အသက်ဆုံးရှုံးရတဲ့ အထိ လည်း ဖြစ်ကြတာ မို့ တောမီးက ပေါ့ဆ လို့ မရတဲ့ သဘာ၀ ဘေး ထဲက တခု ဖြစ်နေတာ အမှန်ပါပဲ

မိုးများများရွာပီး တောမီးတွေ အမြန်ငြိမ်းဖို့ နဲ့ အားလုံး ဘေးကင်းလုံခြုံ ဖို့ မှတပါး ဆုတောင်းစရာ မရှိတော့ပါဘူး

😢😢😢

နွေဦးရောက်ပီဆိုတော့ ပန်းလေးတွေလည်း နေရာတိုင်းပွင့် ပြီး အစာ ရှာ ကြတဲ့ သမင်လေးတွေ လည်း အလျှိုလျှို ထွက်လာကြပီ 😍😍ကနေဒါမှာန...
04/14/2026

နွေဦးရောက်ပီဆိုတော့ ပန်းလေးတွေလည်း နေရာတိုင်းပွင့် ပြီး အစာ ရှာ ကြတဲ့ သမင်လေးတွေ လည်း အလျှိုလျှို ထွက်လာကြပီ 😍😍

ကနေဒါမှာနေရတာ သဘာ၀အလှတွေ နဲ့ အနီးဆုံးပဲ လို့ ခံစားရတယ် 😇

Address

Kamloops, BC

Website

Alerts

Be the first to know and let us send you an email when Paige’s Canada Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Paige’s Canada Journey:

Shortcuts

Share