The Great White North

The Great White North ❄️Our Lifestyle in Canada❄️

နွေဦး အလှSummer is coming
05/18/2026

နွေဦး အလှ
Summer is coming

ဒီနေ့တော့ ကျွန်မ စားနေကျ Cranberry အကြောင်းမျှဝေပါရစေ။ Cranberryဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ...
01/31/2026

ဒီနေ့တော့ ကျွန်မ စားနေကျ Cranberry အကြောင်းမျှဝေပါရစေ။ Cranberryဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့အသီးဖြစ်ပါတယ်။ အချဉ်အရမ်းကြိုက်တဲ့ကျွန်မအတွက်တော့ ကနေဒါမှာက မြန်မာပြည်မှာလိုအချဉ်နဲ့ပက်သက်ပြီးအသီးပေါပေါများများမရှိလေတော့ ဒီအသီးလေးရှိနေတာကိုက ပျော်ရွှင်မှုတခုလိုပါ။ မူရင်းအရသာကတော့ အချဉ်များပါတယ်။ မရမ်းသီးထောင်းလို ထောင်းစားလို့လည်းရသလို အခုလိုလေး ဆား၊ငရုတ်သီးမှုန့်၊သကြားအနည်းငယ်နဲ့သုတ်စားရင်လည်း သူ့အရသာဟာ မက်မန်းသီးနဲ့ဇီးသီးပေါင်းစပ်ထားသလိုလေးပါ။ ဒါကတော့ Frozen ခဲထားတဲ့အထုပ်လေးပါ။ September October လတွေမှာတော့ Farm ကထွက်တဲ့ လတ်လတ်ဆတ်ဆတ် cranberry လေးတွေကို Super Market တွေမှာဝယ်ယူရရှိနိုင်ပါတယ်။



01/30/2026

ဆောင်းရာသီ နှင်းကျတဲ့နေ့မျိုးတွေမှာ ခရီးသွားလာတဲ့အခါ အချိန်စီမံခန့်ခွဲမှုကလည်းအရေးကြီးတဲ့အရာတခုလို့မြင်မိပါတယ်။ တနေရာနဲ့တနေရာ သွားခါနီးတိုင်း ၁၀မိနစ်၁၅မိနစ်လောက်ကို နှင်းရှင်းဖို့အတွက်အချိန်တခုအနေနဲ့ ကြိုတင်တွက်ဆထားဖို့လိုပါတယ်။ ဒါကတော့ နှင်းအရမ်းကျတဲ့နေ့တနေ့ပါ။

On snowy winter days, I realize that time management is also an important aspect when traveling. Every time before going from one place to another, it's necessary to allocate an additional 10 to 15 minutes in advance for clearing snow. This is a day with particularly heavy snowfall.



ကနေဒါနိုင်ငံ၏ မြို့တော် Ottawa 🍁ကနေဒါနိုင်ငံ အရှေ့ပိုင်း၊ Ontario ပြည်နယ်တွင် တည်ရှိပြီး Québec ပြည်နယ်နှင့် နယ်နမိတ်ချင...
01/28/2026

ကနေဒါနိုင်ငံ၏ မြို့တော် Ottawa 🍁

ကနေဒါနိုင်ငံ အရှေ့ပိုင်း၊ Ontario ပြည်နယ်တွင် တည်ရှိပြီး Québec ပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသော မြို့တော်ဖြစ်ပါတယ်။
Ottawa ခဏရောက်တုန်း ညဘက်မြင်ကွင်းလေးလှလို့ သွားရင်းလာရင်း ဓါတ်ပုံရိုက်လာခဲ့တာ☺️

Ottawa, the capital city of Canada 🍁 It is located in the eastern part of Canada, in the province of Ontario, and borders the province of Québec.

နွေရာသီမှာရေတံခွန်အဖြစ် လှပစွာစီးဆင်းတဲ့ Montmorency Falls က ဆောင်းရာသီရဲ့အေးခဲမှုဒဏ်ကြောင့် ရေခဲသွားတဲ့ပုံပါ ❄️  Falls ...
01/26/2026

နွေရာသီမှာရေတံခွန်အဖြစ် လှပစွာစီးဆင်းတဲ့ Montmorency Falls က ဆောင်းရာသီရဲ့အေးခဲမှုဒဏ်ကြောင့် ရေခဲသွားတဲ့ပုံပါ ❄️

Falls

ကနေဒါဆောင်းရာသီမှာ မျှော်ရတဲ့အထဲ နှင်းရှင်းကားကလည်း ထိပ်ဆုံးကပါ 😅 နှင်းရှင်းကား (Snowplow) တွေကို နှင်းအများအပြားကျတဲ့ဒေ...
01/25/2026

ကနေဒါဆောင်းရာသီမှာ မျှော်ရတဲ့အထဲ နှင်းရှင်းကားကလည်း ထိပ်ဆုံးကပါ 😅 နှင်းရှင်းကား (Snowplow) တွေကို နှင်းအများအပြားကျတဲ့ဒေသတွေမှာ ဆောင်းရာသီရဲ့ အရေးပါတဲ့ ၀န်ဆောင်မှုအဖြစ် မြင်ကြရမှာပါ။ လမ်းမကြီးတွေအတွက် Snowplow Trucks ကြီးတွေကနေ၊ လူသွားလမ်းနဲ့ ရပ်ကွက်လမ်းကျဉ်းတွေအတွက် Sidewalk Plows သေးသေးလေးတွေအထိ အမျိုးစုံရှိပါတယ်။

In Canadian winters, snowplows are among the most anticipated services! Snowplows are seen as an essential winter service, especially in areas with heavy snowfall. They range from large snowplow trucks for highways to smaller sidewalk plows for narrow neighborhood paths.🍁



-25°C Today❄️ I have to check the weather app every single morning before heading out. Today, it’s showing an extreme co...
01/24/2026

-25°C Today❄️
I have to check the weather app every single morning before heading out. Today, it’s showing an extreme cold warning, so if you’re going outside, remember to bundle up completely—think warm socks, gloves, a hat, a scarf, and winter boots. Stay cozy and warm out there! 🍁

မနက်ဘက် အပြင်ထွက်ခါနီးတိုင်း Weather app ကိုမဖြစ်မနေကြည့်ရပါတယ်။
Weather app မှာ ဒီနေ့ Extreme Cold Warning ပြထားလို့
အပြင်ထွက်ရင် ခြေအိတ် လက်အိတ် ဦးထုပ် ဆောင်းတွင်းစီး winter boot စတဲ့ပစ္စည်းအစုံအလင်နဲ့ နွေးနွေးထွေးထွေးသွားဖို့တော့လိုပါတယ်နော် 🍁



Address

London, ON

Telephone

+6598244042

Website

Alerts

Be the first to know and let us send you an email when The Great White North posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share