Just My View

Just My View Every stories has different views and I have mine 🤍

သူတောင် သမီးလေး အဖေဖြစ်သွားပြီတဲ့! (မတ် 2026)*** *** ***ဒီဇင်ဘာ 2023နင် အဆင်နေပြီမလား အဲ့မှာ၊ငါလည်း နောက်နှစ်ထဲ မိန်းမယူ...
05/18/2026

သူတောင် သမီးလေး အဖေဖြစ်သွားပြီတဲ့! (မတ် 2026)

*** *** ***

ဒီဇင်ဘာ 2023

နင် အဆင်နေပြီမလား အဲ့မှာ၊
ငါလည်း နောက်နှစ်ထဲ မိန်းမယူဖြစ်မယ်ထင်တယ်၊ အသက်လည်း ၄၀ နား ရောက်လာပြီ။

*** *** ***

အောက်တိုဘာ 2023

နင် ဒီနှစ်ပိုင်းတွေ အများကြီး ကြိုးစားခဲ့တာပဲ၊
တကယ်ဝမ်းသာတယ်။

*** *** ***

ဖေဖော်ဝါရီ 2016

“Please remove my name la”

အာရုံတွေ နောက်တယ်၊ နင့်ပို့စ်တွေ ငါ့လာ tag မလုပ်နဲ့။

*** *** ***

မတ် 2015

နင်တကယ် ဆုံးဖြတ်ပြီးပြီလား၊
ကလေးအတွက်ရော။

*** *** ***

ဩဂုတ် 2014

သူငယ်ချင်းလိုပဲ ကောင်းပါတယ်။

*** *** ***

2012-2014

ငါ အမြဲ နင့်ဘေးမှာ ရှိတယ်.. ဟုတ်ပြီလား။

*** *** ***

ဇူလိုင် 2011

Congratulations.. နင့်သမီးက နင့်ရုပ်ချွတ်စွပ်ဟာ…

အမေလို ရစ်ထုတ်မဟုတ်ရင် ကောင်းမှာ..

*** *** ***

ဖေဖော်ဝါရီ 2008

ဟာ ငါ ပြောင်းလာပါမယ် ဆိုမှ နင်က ပြန်တော့မယ်။

*** *** ***

မတ် 2006

ငါ တစ်နေ့လုံး နင့်ကို ဆိုင်မှာစောင့်တယ်၊
ဖုန်းဆက်တော့ မကိုင်ဘူး..
နင်ဘာလုပ်တာလဲ

*** *** ***

မေ 2004

နင်ငါ့ရုံးထိ ဘာလာလုပ်တာလဲ၊
ဖုန်းဆက်မရဘူးဆိုတာ
ဖုန်းမပြောချင်လို့ လာမကိုင်တာလို့ နင်စဉ်းစားကြည့်ပါလား။

*** *** ***

မတ်လ 2003

ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့နော်..
ငါနင့်ကို အရမ်းချစ်တာ အမြဲနော်၊
ငါတို့ ပြန်တွေ့ကြမယ်ဟာ။
ငါ့ကို မေ့လို့ကတော့ နင်နာပြီပဲ။

*** *** ***

1992 - 2003

အချစ်ရဆုံး ကျောင်းနေဖက် သူငယ်ချင်း

💔🤍💔🤍💔🤍💔

#ငါတို့ဘယ်မှာလွဲခဲ့ကြတာလဲ


#သူ

အသက်ရလာတာနဲ့ အမျှ ကိုယ့်ကိုကိုယ်ပဲ အကောင်းဆုံး၊ အတတ်ဆုံးလို့ ထင်နေတဲ့ သူတွေကို ကြုံတိုင်း neglect ပဲ လုပ်လိုက်တေ့ာတယ် ...
12/03/2025

အသက်ရလာတာနဲ့ အမျှ
ကိုယ့်ကိုကိုယ်ပဲ
အကောင်းဆုံး၊ အတတ်ဆုံးလို့
ထင်နေတဲ့ သူတွေကို ကြုံတိုင်း
neglect ပဲ လုပ်လိုက်တေ့ာတယ် 🙂

Address

Toronto, ON

Website

Alerts

Be the first to know and let us send you an email when Just My View posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share