To My Daughter

To My Daughter 🍀 I’m a daughter and I’m a mom of a daughter 🍀

သမီးလေးရေ…လောကကြီးမှာလေ မိန်းမဖြစ်တိုင်း မိခင်တစ်ယောက် ဖြစ်မလာနိုင်သလို၊ ရင်သွေးဆိုတာ လိုချင်တိုင်းလည်း လွယ်လွယ် မရနိုင်...
04/18/2025

သမီးလေးရေ…

လောကကြီးမှာလေ မိန်းမဖြစ်တိုင်း မိခင်တစ်ယောက် ဖြစ်မလာနိုင်သလို၊ ရင်သွေးဆိုတာ လိုချင်တိုင်းလည်း လွယ်လွယ် မရနိုင်ကြဘူး သမီး။

ကံရယ် ရေစက်ရယ် ပါမှသာ၊ ဆုံစည်းခွင့် ပိုင်ဆိုင်ခွင့် ရှိတတ်ကြတာ၊ မေမေကတော့ သမီးလေးနဲ့ မမျှော်လင့်ပဲ “ဆုံစည်းခွင့်” ရခဲ့တယ်လေ။

အဲ့တုန်းက မေမေ့အသက်က ၂၃ ပေ့ါ၊ ဘဝမှာ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ အပြည့်နဲ့ လူငယ်တစ်ယောက်ပေါ့ သမီးရယ်…

ဒါပေမယ့်လေ သမီးလေး ရှိနေပြီလို့ သိလိုက်ပြီးတဲ့နောက်မှာ၊ မေမေ့အတွက် အရာရာက ဘဝတစ်ဆစ်ချိုးပါပဲ…

- မေမေ ငယ်ငယ်တတည်းက မြတ်နိုးခဲ့တဲ့ career
- မေမေ့ အိပ်မက်ထဲက working industry
- မေမေ ပြင်ဆင်ထားတဲ့ အနာဂတ်

အဲ့တာတွေကို အခိုက်အတန့်လေး တစ်ခုအတွင်းမှာ သမီးလေးအတွက် မေမေ ကျောခိုင်း ပစ်ခဲ့လိုက်နိုင်တာ ထူးဆန်းတဲ့ မိခင်ဆိုတဲ့ အားတစ်ခုကြောင့်ဆိုတာ သမီးလေး သိနော်။

သမီးလေးနဲ့ မထင်မှတ်ပဲ ဆုံစည်းခဲ့တာက ဆောင်းရာသီ၊ သမီးလေးကို “ပိုင်ဆိုင်ခွင့်” ရလိုက်တာက မိုးရာသီပေါ့ သမီးရေ။

အမြဲတမ်း သမီးလေးကို မေမေအရမ်းချစ်တယ်ဆိုတာ သမီးလေး ခံစားနေစေရမယ်လို့ မေမေ ကတိပေးပါတယ်။

မေမေ အရမ်းချစ်တယ် သမီး။

🤍 🌷🤍

My Dear Daughter…

In this vast world, not every woman gets to become a mother, and not everyone who longs for a child is easily granted one.

Only with fate… and perhaps a drop of divine grace, Can such a bond be given — and for me, meeting you was that unexpected gift of connection.

I was just 23 then —
- A young woman with big dreams,
- A heart full of ambition,
- And a future carefully mapped out.

But the moment I found out you were growing inside me, Everything shifted — life bent in a whole new direction…

- The career I once cherished with all my heart
- The dream industry I longed to be part of
- The future I had been preparing for…

All of it — I stepped away from it all in a heartbeat.

Because something stronger than reason held me in place —

That strength was motherhood.
And I want you to know that.

Our unexpected meeting began in the winter…
And the moment I earned the right to call you mine — was in the rainy season.

I promise this — You will always feel how deeply I love you.

I love you so much, my daughter.

သမီးလေး…ကိုယ်မှားခဲ့ရင်မှားတဲ့ အကြောင်းဝန်ခံတတ်ဖို့နဲ့လိုအပ်ရင် တောင်းပန်ဖို့ကိုလူတွေက လျှစ်လျှူရှု တတ်ကြတယ်။မေ့ သမီးလေး...
05/23/2024

သမီးလေး…

ကိုယ်မှားခဲ့ရင်
မှားတဲ့ အကြောင်း
ဝန်ခံတတ်ဖို့နဲ့
လိုအပ်ရင် တောင်းပန်ဖို့ကို
လူတွေက လျှစ်လျှူရှု တတ်ကြတယ်။

မေ့ သမီးလေး

အဲ့လူတွေထဲ မပါစေနဲ့။ ။

Address

Toronto, ON

Website

Alerts

Be the first to know and let us send you an email when To My Daughter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share