Perfup - The Career Lens

Perfup - The Career Lens Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Perfup - The Career Lens, Digital creator, Toronto, ON.

🎯 A space where 𝐇𝐑 & 𝐄𝐦𝐩𝐥𝐨𝐲𝐦𝐞𝐧𝐭 𝐈𝐧𝐬𝐢𝐠𝐡𝐭𝐬 meet real-life career coaching — led by a globally experienced HR professional who cares about your journey.

📩 Follow & DM us anytime — we’re here to support what matters to you.

📣 𝐏𝐞𝐫𝐟𝐮𝐩 – 𝐓𝐡𝐞 𝐂𝐚𝐫𝐞𝐞𝐫 𝐋𝐞𝐧𝐬 မှ ကြိုဆိုပါတယ်ဒီနေရာလေးက HR၊ Employment နဲ့ Career Coaching အကြံဉာဏ်တွေရစေမယ့် trusted space...
08/04/2025

📣 𝐏𝐞𝐫𝐟𝐮𝐩 – 𝐓𝐡𝐞 𝐂𝐚𝐫𝐞𝐞𝐫 𝐋𝐞𝐧𝐬 မှ ကြိုဆိုပါတယ်

ဒီနေရာလေးက HR၊ Employment နဲ့ Career Coaching အကြံဉာဏ်တွေရစေမယ့် trusted space လေးပါ။

ကျမတို့​တွေ

✅ လုပ်ငန်းခွင် အခက်အခဲ​တွေ ဖြစ်တာ
✅ အလုပ်အကိုင် အပြောင်းအလဲ​တွေ ကြုံရတာ
✅ ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းတာ
✅ မျှော်လင့်ချက်တွေ ရပ်နားနေသလိုဖြစ်တာ
✅ ရှေ့တဆင့်တက်ဖို့ နှောင့်​နှေး​နေတာ

အဲ့တာမျိုး ကြုံလာကြတဲ့အခါမှာ …..
.…. မှန်ကန်မျှတစွာ ရှေ့ဆက်ပြီး အနာဂတ် အလုပ်လမ်းကြောင်းကို တည်ဆောက်ဖို့၊ လုပ်ငန်းခွင် အခက်အခဲတွေကို အောင်မြင်စွာ ဖြတ်​ကျော်နိုင်ဖို့ အတွက် Perfup က သင့်အတွက် ရှိနေပါပြီ။

𝙿𝚎𝚛𝚏𝚞𝚙 – 𝚃𝚑𝚎 𝙲𝚊𝚛𝚎𝚎𝚛 𝙻𝚎𝚗𝚜 ရဲ့ ပဲ့ကိုင်ရှင်ကိုယ်တိုင်က နှစ် (၂၀)ကျော် International လုပ်ငန်းအ​တွေ့အကြုံရှိတဲ့ HR Expert တစ်​ယောက် ဖြစ်ပါတယ်။

သူမရဲ့ လေ့လာမှုတွေနဲ့ လက်တွေ့ကျကျ ကြုံတွေ့မှုတွေကို အခြေခံပြီး — client တစ်ယောက်ချင်းစီအတွက် သင့်လျော်တဲ့ customized career coaching ကိုလည်း ပံ့ပိုးပေးနေတဲ့ သူပါ။

🌱 Career Advice and Employment Knowledge တွေ ရစေမယ့် Post တွေကိုလည်း Page မှာ တင်ပေးမှာမလို့၊ မလွတ်ရ​လေအောင် Follow လုပ်ထားဖို့​တော့ လိုမယ်​နော်။

📩 မေးချင်တာ၊ တိုင်ပင်ချင်တာ ရှိရင် Comment မှာလည်း မေးလို့ရသလို၊ one-on-one သီးသန့် ဆွေး​နွေးချင်ရင်လည်း chat box ကို လာခဲ့လို့ ရပါတယ်ရှင်။

ချစ်ခင်စွာဖြင့်,
𝐏𝐞𝐫𝐟𝐮𝐩 – 𝐓𝐡𝐞 𝐂𝐚𝐫𝐞𝐞𝐫 𝐋𝐞𝐧𝐬

Perfup is back to shape your learning journey!Stay Tune!
05/15/2021

Perfup is back to shape your learning journey!
Stay Tune!

Unicode*ကျမတို့တွေ အလုပ်လုပ်ကြတဲ့ အခါလုပ်ငန်းခွင်မှာ မိတ်ဆွေ အပေါင်းအသင်းဆိုတာ ရှိကြပါတယ်။သက်တူ ရွယ်တူ ဖြစ်ချင်မှ ဖြစ်မယ...
07/31/2020

Unicode*

ကျမတို့တွေ အလုပ်လုပ်ကြတဲ့ အခါ
လုပ်ငန်းခွင်မှာ မိတ်ဆွေ အပေါင်းအသင်းဆိုတာ ရှိကြပါတယ်။

သက်တူ ရွယ်တူ ဖြစ်ချင်မှ ဖြစ်မယ်၊
ရာထူးတူ ဌာနတူ ဖြစ်ချင်မှ ဖြစ်မယ်၊
ဘယ်လိုပဲ ဖြစ်နေပါစေ၊ တစ်ဦးနှင့် တစ်ဦး
အပြန်အလှန် respect လေးနဲ့ ဆက်ဆံကြရမှာပါ။

အထူးသဖြင့်
ကိုယ်နဲ့ အသက်မတူတဲ့သူ
ရာထူး မထူတဲ့ သူတွေ နဲ့ဆို
ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစား ဆိုတဲ့
စကားလိုပဲ ရိုသေလေးစားမှု ရှိဖို့ လိုအပ်ပါတယ်။

“ငါတို့က လူရင်းတွေပဲ”
“အရမ်းခင်တာ၊”
“သူက ရာထူးပိုကြီး ပင်မယ့် ငါ့ထက် ငယ်တာပဲ”
“သူက ငါ့လက်အောက်ကပဲ အသက်ပိုကြီးလည်း လေးစားစရာမလိုဘူး”

ဒါမျိုး ဆက်ဆံရေးတွေက Professional မဆန်ပါဘူး။

အထူးသဖြင့် ကိုယ့်ထက် ရာထူးကြီးသူကို ငါ့ထက် ငယ်တယ် ဆိုပြီး
“နင်” တွေ “ငါ” တွေနဲ့ ပြောတာထက်
တစ်ယောက်နဲ့ တစ်ယောက်
“မ” လေးတပ်ခေါ်တာ
“ကို” လေးတပ်ခေါ်တာမျိုး ဖြစ်သင့်ပါတယ်။

ရင်းနှီးတာပဲ ဆိုပြီး လုပ်ငန်းခွင် စည်းမျဉ်း စည်းကမ်းတွေကို
လျော့တိလျော့ရဲ လုပ်တာ။
ခင်လို့ဆိုပြီး လူရှေ့ မရှောင်
မလေးမစား လှောင်ပြောင်တာ တွေဟာ

တကယ့်ကို လုပ်ငန်းခွင် နှောင့်ယှက်ထိခိုက် “Workplace Harassment” ခံနေရတာပါပဲ။

ကိုယ်ရော ကိုယ့်လုပ်ငန်းခွင်မှာ
ဒါမျိုး လုပ်မိနေလား ???
ဒါမျိုး ခံနေရလား ???
စဉ်းစားပြီး ပိုမိုကောင်းမွန်တဲ့
လုပ်ငန်းခွင် ပေါင်းသင်းဆက်ဆံရေးမျိုး ဖန်တီးကြရအောင်။

ZawGyi*



အထူးသဖြင့်

“ငါတို့က လူရင်းတွေပဲ”
“အရမ်းခင်တာ၊”


တစ်ယောက်နဲ့ တစ်ယောက်
“မ” လေးတပ်ခေါ်တာ

လျော့တိလျော့၇ဲ လုပ်တာ။


ဒါမျိုး လုပ်မိနေလား ???
ဒါမျိုး ခံနေရလား ???

Stay At Home အချိန်လေးမှာ မိမိရဲ့ ဖုန်းလေးက တဆင့် Online Learning ကို သက်တောင့်သက်သာ၊ သက်သက်သာသာ သင်ယူလေ့လာခွင့်ရမယ်ဆိုရ...
05/24/2020

Stay At Home အချိန်လေးမှာ မိမိရဲ့ ဖုန်းလေးက တဆင့် Online Learning ကို သက်တောင့်သက်သာ၊ သက်သက်သာသာ သင်ယူလေ့လာခွင့်ရမယ်ဆိုရင် ဘယ် အပိုင်းလေးများ ဖြစ်မလဲ???

၁. Employment Laws (Labor, SSB, Tax)
၂. HR Basic Course
၃. Personal Income Tax Calculation
၄. Recruitment Course
၅. Basic English for HR
၆.Career Coaching
၇. Performance management for Managers

လာမယ့် June လမှစပြီး အပတ်စဉ် online class လေးတွေ စတော့မှာ မလို့ page လေးကို follow ထားနော်။

*Saving money is just like making money*ကျမတို့ နေစဉ် လည်ပတ်နေတဲ့ လောကကြီးမှာ လိုအပ်ချက် တခုအဖြစ် အခိုင်အမာ ရပ်တည်နေပြီး...
01/02/2020

*Saving money is just like making money*

ကျမတို့ နေစဉ် လည်ပတ်နေတဲ့ လောကကြီးမှာ လိုအပ်ချက် တခုအဖြစ် အခိုင်အမာ ရပ်တည်နေပြီး အရာရာကို ပံ့ပိုးပေးနိုင်တဲ့ အရာက ဘာလဲ???

$$$ ပိုက်ဆံ/ Money

​ပိုက်ဆံဆိုတာ ရှာ ရတာ ခက်တယ် ဆိုတာထက် စု ဖို့က ပိုခက်ကြပါတယ်.. အလွယ်ဆုံးကတော့ အားလုံးသိတဲ့ အတိုင်း သုံး ရတာပဲပေါ့နော်

ပိုက်ဆံစု ရမယ်ဆို အကြောင်းပြချက်မျိုးစုံနဲ့ မစုနိုင်ကြတာ မစုဖြစ်ကြတာ များပါတယ်...

သို့ပေသိ ယခုချိန် ကျမတို့ စု လိုက်တဲ့ ငွေကြေးဟာ တချိန် လိုအပ်လာတဲ့ အခါ အရာအားလုံးထက် တန်ဖိုးရှိတဲ့ အရာ တစ်ခုပါ..

- ကျမကတော့ လစာ နဲနဲလေးရတာ
- ကျတော်ကတော့ အိမ်ကို ထောက်ပံ့ရတာနဲ့ တင် မလောက်ဘူး
- ကျမကတော့ ရတာနဲ့ ပြန်ပေးရတာ မထူးပါဘူး
- ကျတော်ကတော့ ပစ္စည်းကောင်းလေးတွေ သုံးရတာကြိုက်တယ် စုမနေ နိုင်ပါဘူး

အကြောင်းပြချက် များစွာကြောင့် ပိုက်ဆံစုဖို့ ရည်ရွယ်ချက်တွေ အမြဲ နှောင့်နှေး/ ပျက်ပြယ် ဖြစ်ကြရပါတယ်..

ဒီအကြောင်းပြချက်တွေကို ကျော်လွန်နိုင်ဖို့ ဒီလို စိတ်ဓါတ်တွေ လိုပါတယ်..

1. Needs & Wants/ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားနိုင်ရမယ်

2. Self-control/ ကိုယ့်ကိုကိုယ် ကောင်းကောင်း စိတ်ထိန်းချုပ်နိုင်ရမယ်

3. Overcome the will/ တခဏ လိုချင်တပ်မက်စိတ်ကို ကျော်လွှားနိုင်ရမယ်

ကဲ.. ကျမတို့ ခုက စပြီး အနည်းဆုံး တလကို ကိုယ့်ဝင်ငွေရဲ့ ၅-၁၀% စစုကြည့်လိုက်ရအောင်..

အခြေခံလစာ တစ်လကို ၁၄၄,၀၀၀ကျပ်
၅% စုရင် တလကို ၇,၂၀၀
တနှစ်ကို ၈၆,၄၀၀
၁၀% စုရက် တလကို ၁၄,၄၀၀
တနှစ်ကို ၁၇၂,၈၀၀

ပျှမ်းမျှ ဘွဲ့ရပြီးစ လူတစ်ယောက် တစ်လကို ၄၀၀,၀၀၀ကျပ်
၅% စုရင် တလကို ၂၀,၀၀၀
တနှစ်ကို ၂၄၀,၀၀၀
၁၀% စုရင် တလကို ၄၀,၀၀၀
တနှစ်ကို ၄၈၀,၀၀၀

တစ်လကို ၁၀% လောက် စုလိုက်ရင် နှစ်တနှစ်ကုန်သွားရင် ကိုယ့် တလ ဝင်ငွေထက် ပိုတဲ့ အပိုငွေ တခု ထပ်ထွက်လာတော့မှာလေ...

ကိုယ့်ဝင်ငွေ တိုးရင် တိုးသလို တက်သွားမယ့် ကိုယ့် saving amount လေးကို နဲသည်ဖြစ်စေ များသည်ဖြစ်စေ ကျေနပ် ပီတိဖြစ်ရမှာ ကိုယ်ပါ...

တဖြေးဖြေးနဲ့ ကျင့်သားရသွားပြီး သုံးတာထက် စုဖို့ပဲ စိတ်အားထက်သန်လာတော့မှာ.. ဘာလို့ဆို တိုးလာတဲ့ ငွေလေးကို ကြည့်ရင်း အနာဂတ် ရည်မှန်းချက်တွေအတွက် အားပိုရှိလာလို့ပါ။

မလိုအပ်ပဲ သုံးတာ ဝယ်တာတွေ လျော့သွားတဲ့ အခါ၊ unused items တွေ waste items တွေ နည်းလာပြီး ပတ်ဝန်းကျင်ကို ပိုပြီး သန့်ရှင်း လှပစေပါတယ်၊ တချိန် အကြောင်းတခုခုကြောင့် ကိုယ့်မှာ အပိုငွေလိုလာတဲ့ အခါမှာလည်း စုငွေလေးထဲကနေ ပြန်အသုံးပြုနိုင်သလို၊ ကိုယ့်ထက် ပိုလိုအပ်တဲ့ လူတွေ/ နေရာတွေမှာလည်း ကူညီပံ့ပိုးပေးခွင့် ရလဒ် တစ်ခုပါ တိုးလာမှာပါ။

ပြောရတာ လွယ်သလို၊ လုပ်ရတာလည်း တကယ်ဆို လွယ်ပါတယ်.. ကြိုးစားကြည့်ရင် မဖြစ်ဘူး ဆိုတာ မရှိပါဘူး...

အားလုံးပဲ ၂၀၂၀ ရဲ့ ပထမဆုံး လက စပြီး တူတူ ပိုက်ဆံစုတဲ့ အလေ့အကျင့်လေး ပျိုးထောင်လိုက်ရအောင်..

​ချစ်ခြင်းများဖြင့်,
Perfup Team 💜💚
02.01.2020

Vacancy of Office Secretary at Royal Embassy of Cambodia in Yangon..
12/28/2019

Vacancy of Office Secretary at Royal Embassy of Cambodia in Yangon..

🌞 Have a meaningful Sunday to you All 😍
06/09/2019

🌞 Have a meaningful Sunday to you All 😍

⏳⌛️
06/08/2019

⏳⌛️

မင်္ဂလာနံနက်ခင်းပါရှင်...ကျမတို့တွေ အားလုံး ရုံးတွေ၊ ကျောင်းတွေရှိရာ လုပ်ငန်းခွင် အသီးသီးကို ပြန်ဝင်ရမယ့် တနင်္လာနေ့လေးကိုြ...
03/18/2019

မင်္ဂလာနံနက်ခင်းပါရှင်...

ကျမတို့တွေ အားလုံး ရုံးတွေ၊ ကျောင်းတွေရှိရာ လုပ်ငန်းခွင် အသီးသီးကို ပြန်ဝင်ရမယ့် တနင်္လာနေ့လေးကို ပြန်လည်ရောက်ရှိလာပါပြီ ...

ကောင်းမွန်အောင်မြင်တဲ့ ရက်သတ္တပတ်လေး ဖြစ်ဖို့ တနင်္လာနေ့လေးကနေ အစပြုတယ်ဆိုတာ မမေ့ကြနဲ့နော်...

ချောမွေ့အဆင်ပြေတဲ့ ရက်သတ္တပတ် တစ်ခုအတွက် ဒါလေးတွေ ပြင်ဆင်ထားကြရအောင် ---

၁. တပတ်တာ calendar လေးကိုပြန်ကြည့်ပြီး၊ ဘယ်ရက် ဘယ်အချိန်မှာ Meeting တွေ၊ Appointment တွေရှိလဲ ကြည့်ပါ

၂. ကိုယ့်ပံ့ပိုးအားဖြည့်မှု လိုအပ်တဲ့ meeting/ appointment/ လုပ်ငန်းတွေအတွက် လိုအပ်တာတွေကို ကြိုတင် ရှာဖွေပြင်ဆင်ထားပါ

၃. တပတ်တာ လုပ်ရမယ့် To do list တွေကို ရေးချမှတ်ထားပါ၊ နေ့အလိုက် priority ပြန်ခွဲထားပြီး Deadline ရှိတဲ့ project တွေအတွက် review to revise လုပ်ဖို့ အမြဲ အချိန်ချန်ထားပါ

၎. ကိုယ်ပိုင်အချိန်၊ မိသားစုအချိန်၊ မိတ်ဆွေသူငယ်ချင်းများအတွက်အချိန် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ချိန်လှန်နေရာပေးထားပါ

၅. လွယ်ကူသလို ထင်ရပင်မယ့် တခါတရံ ပိုအချိန်ကုန်စေတတ်တဲ့၊ အဝတ်အစားရွေးချယ်ပြင်ဆင်မှုတွေကို ကြိုတင်တွဲဖက်ရွေးချယ်ထားခြင်းက ကျမတို့ရဲ့ မနက်ခင်း အလျင်လိုမှုကို သိသိသာသာ လျော့ကျစေပါတယ်လေ..

သာယာလှပတဲ့ တနင်္လာနေ့လည်းနဲ့ အတူ အောင်မြင်ပြည့်စုံတဲ့ ရက်သတ္တပတ် တစ်ခု ဖြစ်ပါစေ ရှင် 😊

Best wishes,
Perfup Team
09 95 22 97977

03/16/2019

***JOB VACANCY***

လှိုင်သာယာစက်မှုဇုံ နှင့် မင်္ဂလာဒုံစက်မှုဇုံ ရှိ Factory များမှ Urgently Looking for!!!

“ASSISTANT HR MANAGER”

Requirement:
> Bachelor Degree Holder with HR diploma
> 5+ years of HR Experience with minimum 2 years as Factory HR
> Can Handle manual payroll calculation for nearly 1,000 employees
> Coordinate and direct work activities for all level of employees
> Abel to work under pressure and dynamic environment
> Have good relation with the government offices and well understanding on Local Labor Laws
> Microsoft office skills (Word/ Excel/ Power Point/ Email & Internet)
> Good English 4 skills

စိတ်ဝင်စားပါက [email protected] သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။
Ph: +959 95 22 97977

Address

Toronto, ON

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Saturday 9am - 5pm
Sunday 9am - 5pm

Telephone

+959952297977

Alerts

Be the first to know and let us send you an email when Perfup - The Career Lens posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Perfup - The Career Lens:

Share