Dr May Hsu Mon

Dr May Hsu Mon Dental Tips for your Daily Life!!

၁၉နှစ်အရွယ် ကောင်မလေး သူ့အလှည့်ရောက်တော့ ဆေးခန်းထဲကိုဝင်လာတယ်။သူ့အမျိုးသားဆိုတဲ့ကောင်လေးလည်းပါလာတယ်။ကိုယ်က သမီး" သွားက ဘ...
05/09/2026

၁၉နှစ်အရွယ် ကောင်မလေး သူ့အလှည့်ရောက်တော့ ဆေးခန်းထဲကိုဝင်လာတယ်။
သူ့အမျိုးသားဆိုတဲ့ကောင်လေးလည်းပါလာတယ်။

ကိုယ်က သမီး" သွားက ဘာဖြစ်လို့လဲ "ဆိုပြီးမေးတော့
သူ့ကောင်လေးကိုမော့ကြည့်တယ်။
သူ့ကောင်လေးကဝင်ပြီးတော့ဖြေတယ်။
"သွားနာတာဆရာမ"တဲ့
"ဟုတ်လား ဘယ်လိုနာတာလဲ ရေသောက်ရင်ရောနာတာလား အစားစားရင်ရောနာတာလား။
သွား သွားခြင်းထိမိရင်ရောနာနေတာလား။ "

သွားတဲ့အခြေအနေကတော့သွားနုတ်ရင်တော့ဒီလိုဒီလိုနောက်ဆက်တွဲအကြောင်းအရာတွေရှိတယ်။
သွားကို အကြောနှုတ်ပြီးပြန်ဖာမယ်ဆိုရင်တော့ ဒီလိုဒီလိုလေးတွေလုပ်ရမယ်။
ဘယ်လိုဖြစ်နိုင်တယ်။ဒါလေးတွေရှင်းပြတာပေါ့။

အားလုံးရှင်းပြလို့လဲပြီးရော "သမီး ဘယ်လိုလေးလုပ်ပေးရမလဲ"ဆိုတော့
သူ့ကောင်လေးကိုထပ်မော့ကြည့်တယ်။
သူကဘာတစ်ခွန်းမှမဖြေ ဘူး။
သူ့ကောင်လေးကပြောတယ်"မနုတ်ပါနဲ့ဆရာမဆေးထည့်တာမျိုးဖာတာမျိုးပဲလုပ်ချင်တာ"ဆိုတော့
"ကဲသမီးပါးစပ် လေးဟပါဦး" လို့ဆိုတော့ မဟ ဘူး။ သူ့ကောင်လေးကိုပြန်မောကြည့်တယ်😀

သူ့ကောင်လေးကဘယ်လောက်ပဲချော့ပြီးပြောပြောသူကပါးစပ်ကိုလုံးဝမဟဘူး ပိတ်ထားတယ်။
ဘာမှလဲပြန်မပြောဘူး။
ကိုယ်မေးတာကိုလည်းပြန်မဖြေဘူး။
အဲဒါနဲ့ပဲဘာလုပ်ရမှန်းမသိဘဲနဲ့ပြန်သွားကြလေသတည်းပေါ့။😅

ကြောက်တာကလည်းကြောက်တာပေါ့နော်။
ကြောက်တယ်ဆိုရုံနဲ့လည်းကိစ္စတော်တော်များများ က ဘာမှမလုပ်ဘဲနဲ့ ပြီးမသွားဘူးလေ။
ကုသလို့ရတဲ့အချိန်မှာကြောက်နေခဲ့ရင် ကုသလို့မရတော့တဲ့အခြေအနေရောက်သွားတဲ့အခါ သွားကိုပါဆုံးရှုံးရမှာပေါ့။
အပိုဆုအနေနဲ့ရောဂါပိုးဝင်ပြီးတော့ ပါးတွေရောင် ပါးစပ်တွေဟမရ အဲ့လိုအဆိုးဆုံးအခြေအနေတွေထိဖြစ်သွားရင်ကိုယ့်ရဲ့အသက်အန္တရာယ်ကိုရော အလုပ်ကိုရော အများကြီးထိခိုက်နိုင်တာပေါ့နော်။
ဆိုတော့သွားကိုဆုံးရှုံးမှာကြောက်လား။သွားကိုကုသရမှာကြောက်လား။
ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ကြည့်ပါ။🥰

31/08/2026

ကျန်းမာတဲ့ ခံတွင်းဟာ
ယုံကြည်မှုရှိတဲ့ အပြုံးအတွက် အဓိက ပါ။
#ကွမ်းယာ #သွားဆရာဝန် #သွားနှင့်ခံတွင်းကျန်းမာရေး

30/08/2026

သင့်ခံတွင်းက နာကျင်တဲ့အထိ မစောင့်ပါနဲ့။
ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ကုသမှုပါ။
#ကွမ်းယာ #သွားဆရာဝန် #သွားနှင့်ခံတွင်းကျန်းမာရေး

29/08/2026

သင့်ကလေးတွေက သင့်စကားထက်
သင့်အပြုအမူကို ပိုလိုက်နာတတ်ကြတယ်။
#ကွမ်းယာ #သွားဆရာဝန် #သွားနှင့်ခံတွင်းကျန်းမာရေး

28/08/2026

ဒီနေ့ရဲ့ ဆုံးဖြတ်ချက်က
မနက်ဖြန်ရဲ့ ကျန်းမာရေးကို ဖန်တီးနေပါတယ်။
#ကွမ်းယာ #သွားဆရာဝန် #သွားနှင့်ခံတွင်းကျန်းမာရေး

27/08/2026

ကွမ်းယာကို လျှော့စားဖို့ ဆုံးဖြတ်ချက်က
သေးငယ်ပေမယ့် အနာဂတ်ကြီးကို ပြောင်းလဲနိုင်တယ်။
#ကွမ်းယာ #သွားဆရာဝန် #သွားနှင့်ခံတွင်းကျန်းမာရေး

26/08/2026

သင့်ခန္ဓာကိုယ်က သင့်ကို တစ်သက်လုံး သယ်ဆောင်ပေးမယ်။
သင်ကလည်း သူ့ကို ဂရုစိုက်ပေးဖို့ တာဝန်ရှိတယ်။
#ကွမ်းယာ #သွားဆရာဝန် #သွားနှင့်ခံတွင်းကျန်းမာရေး

25/08/2026

ကွမ်းယာစားတဲ့အခါ ပျော်ရွှင်မှုက မိနစ်ပိုင်းပဲ ကြာတယ်။
အကျိုးဆက်တွေကတော့ နှစ်ပေါင်းများစွာ ကျန်နေတတ်တယ်။
#ကွမ်းယာ #သွားဆရာဝန် #သွားနှင့်ခံတွင်းကျန်းမာရေး

24/08/2026

ကွမ်းယာဝယ်ဖို့ ထုတ်တဲ့ ပိုက်ဆံကို စုကြည့်ပါ။
တစ်နှစ်ကြာရင် ဘာတွေ ဝယ်နိုင်မလဲ စဉ်းစားကြည့်ပါ။
#ကွမ်းယာ

23/08/2026

ကျန်းမာရေးက ဈေးမကြီးဘူး။
ရောဂါဖြစ်သွားမှ ကုသရတာက ပိုဈေးကြီးတယ်။
#ကွမ်းယာ #သွားနှင့်ခံတွင်းကျန်းမာရေး

Address

Lai Chi Kok

Opening Hours

Monday 11:00 - 17:00
Friday 11:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dr May Hsu Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr May Hsu Mon:

Shortcuts

Share