Sunflower Books ဘန်ကောက်

Sunflower Books ဘန်ကောက် Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Sunflower Books ဘန်ကောက်, Création digitale, Democratic Republic of the.

ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်းတွေ့ဆုံခြင်းတွေကို ကြိုမသိနိုင်သလိုခွဲခွာခြင်းတွေကိုလည်း ကျွန်မတို့ ကြိုမသိနိုင်ပါဘူး...
06/06/2025

ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်း

တွေ့ဆုံခြင်းတွေကို ကြိုမသိနိုင်သလို
ခွဲခွာခြင်းတွေကိုလည်း ကျွန်မတို့ ကြိုမသိနိုင်ပါဘူး။ဒါကြောင့် အတူရှိနေတဲ့ အခိုက်အတန့်တိုင်းမှာ အကောင်းဆုံး ချစ်ခင်ကြပြီး လမ်းခွဲနှုတ်ဆက်ရတဲ့အခါ နောင်တကင်းကင်း လက်ပြနှုတ်ဆက်နိုင်ဖို့ပဲ လိုပါတယ်။



လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်အချိန်မှာ ဆုံစည်းရမယ်ဆိုတာကို ကျွန်မတို့ ကြိုမသိနိုင်ကြဘူး။ ဆုံစည်းဖို့ အကြောင်းကံ ပါလာတဲ့အခါ ဆုံစည်းကြရတယ်။ ဘယ်အချိန်လဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်လိုပတ်သက်မှုနဲ့လဲ ဆိုတာကို ကျွန်မတို့ကြိုမသိကြဘူး။ ဒီလိုနဲ့ပဲ အမှတ်မထင် ဆုံစည်းကြရရင်း ကျွန်မတို့ဘ၀ထဲကို လူတွေ အများကြီး ရောက်လာတတ်ကြတယ်။

ဘ၀ထဲကို လူတွေအများကြီး ရောက်လာတယ်ဆိုတိုင်း တစ်သက်လုံး ကိုယ့်ဘ၀ထဲမှာ နေကြမှာ မဟုတ်ဘူး။ အသက်ရှင်လျှက် ပြန်ပြီး ထွက်ခွာသွားမယ့်သူတွေ ရှိသလို၊ အသက်ေသဆုံးလို့ အပြီးအပိုင် ထွက်ခွာသွားမယ့် သူတွေရှိတယ်။ တစ်ခါတလေမှာ ကိုယ့်ဘ၀ထဲကို သူတို့သဘောနဲ့သူတို့ ၀င်လာချင်တိုင်း ၀င်လာပြီး၊ သူတို့မနေချင်တော့တဲ့အခါ ထွက်သွားချင်တိုင်း ထွက်သွားတတ်ကြတဲ့သူတွေလဲ ရှိတယ်။



ကျွန်မကတော့လေ အခုနောက်ပိုင်းမှာ ဘ၀ကို အိမ်လို့ သဘောထားရင် ဆက်ဆံရေးတွေကို အိမ်တံခါး တစ်ခုလိုပဲသဘောထားတယ်။ အိမ်ကို လာတဲ့ ဧည့်သည်တိုင်းကို အိမ်ရှင်က ဧည့်၀တ်ကျေရသလိုပဲ ကိုယ့်ဘ၀ထဲ ရောက်လာတဲ့သူတိုင်းကို တတ်နိုင်သလောက် အကောင်းဆုံး ဆက်ဆံတယ်။ နောင်တမရှိအောင် နေတယ်။ ဆက်ပြီး နေလိုသူက နေနိုင်ပြီး ထွက်သွားချင်တဲ့သူတွေအတွက်လဲ အမြဲတမ်း တံခါးဖွင့်ပေးထားတယ်။



တွေ့ဆုံမှုတွေဟာလဲ ဖန်တီးယူခဲ့ရတာမဟုတ်လို့ ခွဲခွာခြင်းတွေကိုလဲ ဖန်တီးမယူဘူး။ မနေချင်လို့ ထွက်သွားမယ့် သူတွေအတွက် ဘာများဆွဲထားစရာ အကြောင်းရှိနေလို့လဲ။ သွားလိုက သွားပါစေပေါ့။ ခွဲခွာမှုတွေကို ထိုင်ပြီး ၀မ်းနည်းနေဖို့ထက်

အတူရှိနေတုန်းမှာ ကိုယ့်ဘက်က တာ၀န်ကျေခဲ့ဖို့၊ နောင်တကင်းဖို့ကိုပဲ ဦးစားပေးတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ ခွဲခွာရမလဲ ကြိုမသိနိုင်ပေမဲ့ လက်ရှိအချိန်မှာတော့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ထုတ်ဖော် ပြသနိုင်တယ်မဟုတ်ဘူးလား။ တစ်နေ့နေ့မှာတော့ အားလုံးဟာ ခွဲခွာကြရမှာပါပဲ။ ေသကွဲဖြစ်ဖြစ်၊ ရှင်ကွဲဖြစ်ဖြစ်ပေါ့။



ဘာအကြောင်းကြောင့်နဲ့ပဲ နှုတ်ဆက်ရ နှုတ်ဆက်ရ နောင်တကင်းတဲ့ နှုတ်ဆက်ခြင်း၊ လိပ်ပြာလုံတဲ့ ကျောခိုင်းခြင်းတွေ ဖြစ်ဖို့လိုတယ်။ ရုတ်တရက် မြန်ဆန်လွန်းလှတဲ့ နှုတ်ဆက်ခြင်းတွေအတွက် အဆင်သင့်ဖြစ်အောင် စိတ်ကို ကြိုတင်ပြင်ဆင်ထားတတ်ဖို့ လိုပါတယ်။

လက်ရှိဖတ်နေတာ ဖတ်ကောင်းလို့မျှဝေပေးခြင်းဖြစ်ပါသည်။
်ကောက်

လမ်းခွဲခြင်းဆိုသည်မှာလမ်းခွဲခြင်းဟာ အိမ်ပြန်လမ်းနဲ့တူတယ်။ တစ်နေ့လုံးလှည်ပါတ်သွားလာပြီး၊ လူတွေနဲ့ တွေ့ဆုံစကားပြောကြ၊ ရယ်မ...
29/04/2025

လမ်းခွဲခြင်းဆိုသည်မှာ

လမ်းခွဲခြင်းဟာ အိမ်ပြန်လမ်းနဲ့တူတယ်။ တစ်နေ့လုံးလှည်ပါတ်သွားလာပြီး၊ လူတွေနဲ့ တွေ့ဆုံစကားပြောကြ၊ ရယ်မောကြ၊ ပြဿနာတွရှိကြပြီး အဆုံး အားလုံးပြီးဆုံးတဲ့တစ် နေ့ တာမှာ အိမ်ပြန်လာတဲ့ အိမ်ပြန်လမ်းနဲ့တူတယ်။ မောကလဲ မော ပင်ပန်းကလဲ ပင်ပန်း၊ တစိယောက်ထည်းမို့ အထီးကျန်သလိုခံစားရ၊ တစ်နေ့တာမှာ ဖြစ်ပျက်တွေကြုံခဲ့တဲ့ (ဆက်ဆံရေး တစ်ခုလုံးရဲ) ကောင်းခြင်း ဆိုးခြင်းတွေကို ပြန်တွေးပြီး ဝမ်းသာတာဖြစ်ဖြစ် နောင်တရတာပဲဖြစ်ဖြစ် အဲ့ဒီလိုအိမ်ပြန်လမ်းမျိုးပေါ့။
ဒါပေမဲ့ အသက်ကိုဝဝရှူပြီး ကောက်းကင်ကိုကြည့်လိုက်တဲ့အခါ ဝင်ခါစနေမင်းကြီးကို တွေ့ရမယ်။ (အရာအားလုံးအစရှိသလို အဆုံးရှိတယ်ဆိုတဲ့ သဘောတရားတွေ....) နေဝင်တာ့မယ့် ကောင်းကင်ဟာ အရောင်တောက်နေလိမ့်မယ်။ အဲ့ဒီကာင်းကင်ကိုကြည့်တဲ့အခါ သူဟာလမ်းခွဲရတာ့မယ့် နေမင်းကိုတောင် ကောင်းကာင်းမွန်မွန် နှုတ်ဆက် နေသယောင် လှပနေတာမျိုးပါ့။ ပြန်လာရတဲ့ လမ်းကတော့ ( လမ်းခွဲပြီးခါစအချိန်) အပင်ပန်းဆုံးပါ့။
အိမ်ပြန်ရောက်တဲ့အခါတော့ အပန်းဖြေပြီး ( အချိန်နည်းနည်းကြာလာတဲ့အခါ) healing လုပ်ပြီး နောက်နေ့မနက် ရောက်တဲ့အခါ အားအင်အပြည့်နဲ့ ပြန်နိုးထလာသလိုမျိုး ကျွန်တာ်တို့လည်း နောက်နေ့မနက်မှာ ဆက်ပြီးအားအင်အပြည့်နဲ့ ရှင်သန်နိုင်ကြဦးမှာပါ

#နေဗလ် #စာပေ #စာပေချစ်သူ ်ကောက်

“စံ” လိုပါတယ်သူငယ်ချင်းတစ်ယောက် အမြဲ ပြောတယ်။ကောင်းတယ်၊ မကောင်းဘူးဆိုတာ လူတစ်ယောက်ချင်းရဲ့အကြိုက်နဲ့ပဲ ဆိုင်တယ်တဲ့။ Subj...
26/04/2025

“စံ” လိုပါတယ်

သူငယ်ချင်းတစ်ယောက် အမြဲ ပြောတယ်။
ကောင်းတယ်၊ မကောင်းဘူးဆိုတာ လူတစ်ယောက်ချင်းရဲ့အကြိုက်နဲ့ပဲ ဆိုင်တယ်တဲ့။ Subjective ပေါ့နော်။ ကျွန်တော် လုံးဝသဘောမတူဘူး။ “စံ” လိုတယ်။
ဘယ်ထွက်ကုန်မဆို (အဝတ်အစား၊ စားသောက်ကုန်၊ အနုပညာကုန်... စသည်ဖြင့်) ဘယ်ဟာက ဘယ်အဆင့် ရှိတယ် ဆိုတာကိုသိဖို့ အရေးကြီးတယ်။ မသိဘူး၊ သိဖို့ မကြိုးစားဘူးဆိုရင် ကိုယ့် Levelဘယ်မှာ ရှိနေလဲ ဆိုတာကို ကိုယ် မသိနိုင်သလို သူများတွေရဲ့ Levelရောက်နိုင်အောင်လည်း ကြိုးစားဖို့ မဖြစ်နိုင်ဘူး။ သူများရဲ့ အောင်မြင်မှု၊ကြိုးစားမှုကိုလည်း မြင်နိုင်မှာ မဟုတ်ဘူး။

ဥပမာ-ကိုယ်ကိုယ်တိုင်က အစားကောင်း အသောက်ကောင်း ၊မကြိုက်ဘဲနဲ့ စားဖိုမှူးကောင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်ကိုယ်တိုင်ကသီချင်းကောင်းတွေ မကြိုက်ဘဲနဲ့ သီချင်းရေးဆရာကောင်း မဖြစ်နိုင်ဘူး။
ကိုယ်ကိုယ်တိုင်က ရုပ်ရှင်ကောင်းတွေ မကြိုက်ဘဲ၊ မလေ့လာဘဲနဲ့Filmmaker ကောင်း ဖြစ်မလာနိုင်ဘူး။
ဒါပေမယ့် ဘယ်ဟာက ကောင်းသလဲဆိုတာ ဘယ်လို သိနိုင်မလဲ။ လေ့လာရမယ်။ ကမ္ဘာပေါ်မှာ ဘယ်သူတွေ ဘယ်အဆင့်ရောက်နေလဲ ဆိုတာကို လေ့လာရမယ်၊ ကိုယ့်ရဲ့အမြင်ကို ချဲ့ရမယ်။အမှန်ကို ကြည့်ရအောင် ကြည့်ရမယ်။ မြင်နိုင်အောင်လည်း ကြိုးစားရမယ်။ အနုပညာသမား တစ်ယောက်အနေနဲ့ ပြောမယ်နော်။ ကျွန်တော်တို့ရဲ့ အနုပညာဟာ အများကြီး နောက်မှာ ကျန်ခဲ့ပြီး၊ အဲဒါဟာအမှန်တရား၊ အရှိတရား။ အဲဒါကို ရဲရဲစိုက်ကြည့်ရဲဖို့ လိုတယ်။ ဒါမှရှေ့သွားမယ့်လမ်းက မှန်မှာ။ ပုဂံခေတ်တုန်းကဟာတွေကို ကျောထောက်
ပြီး ပစ္စုပ္ပန်ကို ခြေကန်ထားလို့ မရပါဘူး။

03/04/2025
ထိုင်းနိုင်ငံရောက်စာပေချစ်သူများအတွက်ကျွန်တော် မြန်မာနိုင်ငံကနေ စာအုပ်ဝယ်တဲ့အခါ 3 အုပ်ဝယ်ပါတယ် အဲ့ထဲက 2 အုပ်ကို မူရင်းကု...
03/04/2025

ထိုင်းနိုင်ငံရောက်စာပေချစ်သူများအတွက်
ကျွန်တော် မြန်မာနိုင်ငံကနေ စာအုပ်ဝယ်တဲ့အခါ 3 အုပ်ဝယ်ပါတယ် အဲ့ထဲက 2 အုပ်ကို မူရင်းကုန်ကျစရိတ်အတိုင်းပြန်ရောင်းပေးပါတယ် မြန်မာကနေထိုင်းကိုယူတုဲ့ကုန်ကျစရိတ်နဲ့ ကျွန်တော်ဆီကနေ မိမိတို့ဆီကိုပို့တဲ့ ကုန်ကျစရိတ်လေးတေတော့ရှိတာပေါ့ မြန်မာကနေထိုင်းကိုယူတဲ့အခါ တစ်အုပ်ကို 10 ဘတ်ကနေ 20 လောက်ရှိပြီး ကျွန်တော်ဆီကနေ မိမိတို့နေတဲ့ဆီကို ပို့ပေးတဲ့အခါ တစ်အုပ်ကို 25 ဘတ်ကနေ 40 အတွင်း ရှိပါတယ် အများနဲ့ဆိုဈေးသက်သာပါတယ် အပြင်မှာလာယူပါက ပို့ခမရှိပါ စာအုပ်ဈေးကတော့ မြန်မာနိုင်ငံကဈေးအတိုင်း ထိုင်းဘတ်နဲ့တွက်ပြီး ယူပါတယ် အမြက်မယူပါ ဒါပေမဲ့ မြန်မာဘက်ကဈေးနှုန်းကိ ထိုင်းဘတ်နဲ့ တွက်လို့ 43 ဘတ်လောက်ကျမယ်မယ်ဆို 45ဘတ် သို့မဟုတ် 50 ယူပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်ဆီကနေ မိမိတို့ဆီပို့ပေးတဲ့အခါ ထုပ်ပိုးခပါ အခုလိုလုပ်ပေးခြင်းက စာပေချစ်သူများအတွက် စာအုပ်များ ဈေးသက်သက်သာသာနဲ့ ဖတ်ရှူနိုင်ဖို့ တစ်ခုထဲအတွက်ဖြစ်ပါတယ် မြန်မာနိုင်ငံက စာအုပ်ဝယ်ဖြစ်တဲ့အခါလဲ post တင်ပေးပါမယ် အဲ့အခါကြရင်လဲ ကိုယ်လိုချင်တဲ့ စာအုပ်များကို လာရောက်ဝယ်ခိုင်းလို့ရပါတယ်

#စာပေချစ်သူများအတွက်
်ကောက်

အသည်းကွဲပီးနောက် လူတွေရဲ့ မတူညီတဲ့ပုံစံ ၃ မျိုး=====အသည်းကွဲပြီးနောက် လူတွေဟာ ပုံစံ ၃ မျိုး ကွဲထွက်သွားပါတယ်။💙 ပုံစံ ၁ -...
21/10/2024

အသည်းကွဲပီးနောက် လူတွေရဲ့ မတူညီတဲ့ပုံစံ ၃ မျိုး
=====
အသည်းကွဲပြီးနောက် လူတွေဟာ ပုံစံ ၃ မျိုး ကွဲထွက်သွားပါတယ်။
💙 ပုံစံ ၁ - နှမြောစိတ်၊ ဝမ်းနည်းမှု၊ ပူဆွေးသောကတွေနဲ့အတူ ရည်စားဟောင်းနဲ့ ဘယ်လိုမှ မခွဲနိုင်ဘူးဆိုပြီး ဘ၀၊ အလုပ်၊ ကျန်းမာရေးနဲ့ အလှအပအားလုံး ထိခိုက်လာတဲ့သူတွေ။

💙 ပုံစံ ၂ - မကျေနပ်စိတ်၊ နာကျည်းစိတ်၊ ဒေါသတွေနဲ့အတူ ရည်းစားဟောင်းကို လက်တုံ့ပြန်မယ်ဆိုပြီး မိမိကိုယ်ကို အကောင်းဆုံးအခြေအနေရောက်အောင် ကြိုးစားကြသူတွေ။

💙 ပုံစံ ၃ - ဥပေက္ခာတရားနဲ့အတူ ရည်းစားဟောင်းကို မေ့ပစ်ပြီး ကိုယ့်ဘ၀ကို အကောင်းဆုံးပုံဖော်ကာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြသူတွေ။

◽ ပုံစံ ၁ က နှစ်ခါရှုံးတဲ့သူမျိုးတွေပေ့ါ။ အချစ်ရေးကြောင့် နာကျင်နေရပြီး နောက်ဆက်တွဲအနေနဲ့ ပညာရေး၊ စီးပွားရေး ဘာမှစိတ်မဝင်စားတော့ဘူး။ ကိုယ့်ဘ၀ကို ကျရှုံးအောင်လုပ်တယ်။ အစား၊ အအိပ်တွေ မမှန်ဘူး။ အလှအပလည်း ဂရုမစိုက်ဘူး။ အဝတ်အစားလည်း သေချာမဝတ်ဘူး။ ဒီလိုနဲ့ ကိုယ်ရော၊ စိတ်ရော မကျန်းမာတော့ဘူး။ အရင်ထက် ပိုရုပ်ဆိုးလာမယ်။ စိတ်ထောင်းကိုယ်ကြေလာမယ်။ ရည်းစားဟောင်းကိုပဲ ထိုင်လွမ်းနေပြီး အမြဲဝမ်းနည်းနေကြသူတွေ ဖြစ်ပါတယ်။

◽ ပုံစံ ၂ ကတော့ အသည်းကွဲပြီးမှ ပိုပိုအောင်မြင်လာတတ်တဲ့သူတွေဖြစ်တယ်။ အရင်ကထက် ပိုလှလာတယ်။ အရင်ကထက် ပိုတော်လာတယ်။ အရင်ကထက် ပိုအဆင်ပြေလာတယ်။ ဒါပေမယ့် သူတို့တွေ မပျော်ရွှင်ရပါဘူး။ နာကြည်းမှုတွေက တစ်ဖက်မှာ အောင်မြင်ဖို့ အထောက်အပံ့ပေးနေပေမယ့် တစ်ဖက်မှာတော့ ပူလောင်နေရပါတယ်။ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာတဲ့ အမုန်းတရားနဲ့ ဒေါသတွေက ကိုယ်ပျော်သင့်သလောက် မပျော်ရွှင်ရအောင် ပြုလုပ်ပါတယ်။

◽ ပုံစံ ၃ ကတော့ အကောင်းဆုံးပါပဲ။ ရည်းစားဟောင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ကျရှုံးအောင်လည်း မနေသလို ပူလောင်မှုတွေလည်း မရှိပါဘူး။ အသည်းကွဲတာကို အချိန်ယူပြီး ကုသတယ်။ ပြီးရင် ကိုယ့်ကိုယ်ကို ချစ်အောင် ကြိုးစားတယ်။ လှလှပပ၊ ကျန်းကျန်းမာမာနဲ့ နေ့ရက်တိုင်းမှာ နာကျင်မှုတွေ၊ ပူလောင်မှုတွေ ဘာမှမရှိတော့ပါဘူး။ အချစ်စစ်တွေ့ခဲ့ရင်လည်း အဆင်သင့်လက်ခံလိုက်နိုင်ပါတယ်။

◽ တကယ်တော့ ပုံစံ ၃ ဟာ ပုံစံ ၁ လိုလည်း မကျရှုံးသလို ပုံစံ ၂ လိုလည်း မပူလောင်ပါဘူး။ ဒါ့အပြင် ကိုယ့်ကို နာကျင်စေခဲ့တဲ့ ရည်းဟားဟောင်းကိုလည်း အလှပဆုံး လက်စားချေရာ ရောက်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဟာ ဘယ်လောက်ပဲ အောင်မြင်အောင်မြင် ရည်းစားဟောင်းကြောင့် ပူလောင်နေရတုန်းပဲဆိုရင် ကိုယ်ရှုံးပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်ဘ၀ကို အကောင်းဆုံးဖြစ်လာအောင် ပုံဖော်နိုင်မှသာ တကယ့်အောင်နိုင်ခြင်းဖြစ်ပါတယ်။

◽ ပုံစံ ၃ သမားတွေက ရည်းစားဟောင်းကို လမ်းမှာ ရုတ်တရက်တွေ့တဲ့အခါ အလှဆုံး ပြုံးပြနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပါဝင်နေတဲ့ ကိုယ့်ရဲ့ဥပေက္ခာဆန်ဆန် အပြုံးနွေးနွေးလေးဟာ တစ်ဖက်က ရည်းစားဟောင်းကို အနက်ရှိုင်းဆုံးနာကျင်စေပြီး နောင်တတွေနဲ့အတူ သိမ်ငယ်စေပါတယ်။ ကိုယ်ကတော့ လိပ်ပြာသန့်သန့်နဲ့ ပျော်ပျော်ရွှင်ရွှင်ပဲပေ့ါ။ ဒါကြောင့် ပုံစံ ၃ လို နေထိုင်ကြဖို့ပဲ အကြံပြုပါရစေ။

◽ Thank u Ex စာအုပ်လေးဟာ လူငယ်တစ်ယောက်ရဲ့ အသည်းကွဲမှုကနေ စတင်ခဲ့တဲ့ စာအုပ်လေးဖြစ်ပါတယ် ..
မိမိကိုယ်ကို ချစ်တတ်ဖို့၊ အသည်းကွဲခြင်းကို ကုသဖို့၊ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အရေးပါပုံ၊ ချစ်သူမလိုတဲ့ တစ်ကိုယ်တည်းဘဝ၊ ပေါင်းသင်းအပ်တဲ့လူတွေနဲ့ မပေါင်းသင်းအပ်တဲ့လူတွေအကြောင်း၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ စိတ်ဓာတ်ခွန်အားပေး အကြောင်းအရာတွေအပါအဝင် ဘဝအတွက်အသုံးဝင်မယ့် အချက်အလက်များစွာကို လိုတိုရှင်း ဝေမျှပေးထားပါတယ် …

◽စာအုပ်အတွင်းမှာ အမေးအဖြေနေရာလေးတွေ၊ ရင်ဖွင့်ချင်သမျှ ချရေးထားလို့ရတဲ့ နေရာလေးတွေလည်း ပါဝင်တာမို့ ဒီစာအုပ်လေးဟာ သူငယ်ချင်းကောင်းတစ်ဦးလိုမျိုး ရှိနေမှာ ဖြစ်ပါတယ်။ စာရေးသူရဲ့ အချစ်နဲ့ စေတနာတွေကိုလည်း ပိုပြီးမြင်သာစေမယ့် စာအုပ်လေးဖြစ်ပါတယ် …

📗 ချစ်ခြင်း သီအိုရီတွေကို သိရှိနားလည်ပြီး နည်းမှန်လမ်းမှန်နဲ့ ချစ်တတ်စေဖို့ လမ်းညွှန်ပြသနိုင်မယ့် ဒီစာအုပ်လေးကို 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐁𝐨𝐨𝐤 အဖြစ် ရည်ညွှန်းပေးချင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

ခွင့်လွှတ်ခြင်းစိတ်ပင်ပန်းနေရတဲ့ ကိစ္စတွေကနေ လွတ်မြောက်ချင်တယ်ဆိုရင် ခွင့်လွှတ်တက်ဖို့ ပြင်ရလိမ့်မယ်။ အထူးသဖြင့် ကိုယ့်အ...
05/09/2024

ခွင့်လွှတ်ခြင်း

စိတ်ပင်ပန်းနေရတဲ့ ကိစ္စတွေကနေ လွတ်မြောက်ချင်တယ်ဆိုရင် ခွင့်လွှတ်တက်ဖို့ ပြင်ရလိမ့်မယ်။ အထူးသဖြင့် ကိုယ့်အပေါ်မကောင်းပေးနိုင်တဲ့သူတွေနဲ့ ပတ်သက်ပြီး စိတ်တိုဒေါသဖြစ်ရတာကနေ လွတ်မြောက်ချင်ရင် ခွင့်လွှတ်ပေးမှရလိမ့်မယ်။

အေးအေးချမ်းချမ်း မရှိဘဲ မပျော်မရွှင်ဖြစ်ရတာတွေ၊ အမြဲတမ်း ပူလောင်နေရတဲ့ ခံစားချက်တွေ ရှိနေရခြင်းတွေဟာ ခွင့်မလွှတ်နိုင်သေးလို့ပါ။ အငြိုးအတေးတွေ ထားနေမိတယ်။ ငါခံစားရသလို မင်းတို့ ခံစားရအောင် ဖြစ်စေချင်တယ်ဆိုတဲ့ အတွေးတွေဟာ မခွင့်လွှတ်နိုင်သေးလို့ ပူလောင်နေရတာတွေပါ လွတ်မြောက်ချင်ရင် ခွင့်လွှတ်ပေးနိုင်ရလိမ့်မယ်။ ကိုယ့်အပေါ် မကောင်းပေးခဲ့တာကို သိပေမဲ့ ခွင့်လွှတ်ပေးလိုက်ချင်းဟာ နှလုံးအေးခြင်းတစ်မျိုးပဲ။

ချစ်ခြင်းမေတ္တာမှာလည်း ခွင့်လွှတ်ခြင်းတွေ လိုတယ်။
ပေါင်းသင်းဆက်ဆံရေးမှာရော၊အလုပ်ခွင်မှာပါ ခွင့်လွှတ်ခြင်းတွေ လိုအပ်ပါတယ်။

ကိုယ်ရဲ့စေတနာတွေ အစော်ကား ခံရတဲ့အခါ။
ကိုယ့်ရဲ့မေတ္တာတွေ အလွဲသုံးစား လုပ်ခံလိုက်ရတဲ့အခါ
စိတ်တိုဒေါသထွက်နေရင် ကိုယ်ပဲ ပူလောင်ရတယ်။
စိတ်ပင်ပန်းရတယ်။ မပြီးနိုင်တဲ့ အငြိုးတွေနဲ့ သံသရာလည်နေတက်တယ်။ ခွင့်လွှတ်လိုက်ပါ။ ပြီးရင် ထပ်ပြီးမပတ်သက်ခြင်းတွေကို ရွေးချယ်လိုက်ပါ။ ကိုယ်ချစ်ရတဲ့သူတွေအပေါ် မှာလည်း မျှော်လင့်ချက်တွေသိပ်မထားနဲ့။ ကိုယ် မျှော်လင့်ထားသလို နားလည်မူတွေ၊အလိုက်သိမူတွေ သူတို့ဆီကမရရင် ကျွန်တော်တို့ပဲ ပင်ပန်းရတက်တယ်။

အဲ့ဒီသူတွေအပေါ် မျော်လင့်ချက်တွေ အရမ်းထားမိသွားတယ်။မျှော်လင့်ထားသလိုကလဲဖြစ်မလာဘူး။ဒေါသတွေဖြစ်လာမယ်။ စိတ်ဖိစီးလာမယ်။ခွင့်မလွှတ်နိုင်ရာကနေ မကြည်ဖြူမူတွေ ဖြစ်လာတယ်။ အဲ့ဒီကနေ စိတ်ဒဏ်ရာအနာတရတွေ ဖြစ်လာတော့တာပဲ။

အဲ့ဒီအချိန်အနေကနေ လွတ်မြောက်ချင်ရင် လုပ်ရမှာတစ်ခုတည်းရယ်။ခွင့်လွှတ်ပေးလိုက်။အငြိုးအတေးတွေ အမုန်းတရားတွေ ခွင့်မလွှတ်နိုင်ခြင်းတွေဟာ အရင်ဆုံး ပူလောင်ရင် ငါတို့ကိုပဲ ပူလောင်စေမှာ။

#တစ်ပါတ်အတွင်းMoveOnလုပ်နည်း

“ စိတ်ချမ်းချမ်းသာသာလေး နေချင်တယ် ။ဘဝကို အဓိပ္ပာယ်ရှိရှိနေချင်တယ် ။ ကောင်းတာတွေအများကြီးကို လိုချင်တယ်ဆိုရင်တကယ်တမ်း တို...
08/08/2024

“ စိတ်ချမ်းချမ်းသာသာလေး နေချင်တယ် ။ဘဝကို အဓိပ္ပာယ်ရှိရှိနေချင်တယ် ။ ကောင်းတာတွေအများကြီးကို လိုချင်တယ်ဆိုရင်တကယ်တမ်း တို့ အရင်ဆုံးလုပ်ရမှာကစိတ်ကို ငြိမ်သက်အောင် ထားတတ်ဖို့ပါ...တိတ်နေတဲ့ စိတ်ကလေးကို ပြုစုတတ်ဖို့ပါ .... ”
စိတ်ချမ်းသာအောင်နေနည်း....

၁။ သူများပြောတိုင်းလိုက်ပြီးမခံစားနဲ့။
(ပိန်တယ်၊ဝတယ်၊ပုတယ်၊ရှည်တယ်၊
ဖြူတယ်၊မဲတယ်၊နှိမ်တယ်၊ကဲ့ရဲ့တယ်
စသည်ဖြင့်)

၂။ ပြီးခဲ့တဲ့ ဒေါသထွက်စရာတွေ
စိတ်မချမ်းသာစရာတွေ ပြန်မတွေးနဲ့။

၃။ မဖြစ်သေးတဲ့ အကြောင်းအရာတွေကို
စိုးရိမ်သောကစိတ်နဲ့ ကြိုတွေးမနေပါနဲ့။

၄။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို
စူးစူးစိုက်စိုက် လုပ်ကြည့်ပါ။

၅။ ကိုယ့်အကြောင်းကို ကိုယ့်ကွယ်ရာမှာအတင်းပြောနေတဲ့အကြောင်း
ကိုယ်ပြန်ကြားတဲ့အခါ ခံစားမနေပါနဲ့။
(ကိုယ့်ကို ဒဲ့ပြောတာမှ မဟုတ်တာ၊
ကိုယ်လဲ တိုက်ရိုက်ကြားရတာ မဟုတ်ဘူး)

၆။ ဆုံးရှုံးသွားတဲ့အရာတွေအတွက်
နမြောတဲ့စိတ်နဲ့ ခဏခဏ ပြန်မစဉ်းပါနဲ့။
(ဘာမြှပန်မရတော့ဘူး ပြီးသွားပြီ၊သင်ခန်းစာပဲယူပါ)

၇။ ကိုယ့်ချစ်သူကသစ္စာဖောက်သွားတဲ့ခါ ဝမ်းသာလိုက်ပါ
သူ့အကြောင်းကို စောစောစီးစီးသိလိုက်ရလို့..........

အသဲကွဲချင်လည်း ယာယီတော့ အသဲကွဲ
မစားနိုင်မသောက်နိုင်တစ်မှိုင်မှိုင်တစ်တွေတွေ လုပ်မနေနဲ့။
(ကမ္ဘာမှာ လူပေါင်း သန်း၇ထောင်ကျော်ရှိတယ်၊ ကိုယ်နဲ့ထိုက်တန်ရာတစ်ယောက်တော့ရတယ်၊ရောက်လာလိမ့်မယ်)

၈။ များများ ယူဖို့ထက်
များများပေးနိုင်အောင် ကြိုးစား။
(သူများကို များများပေးနိုင်လေစိတ်ချမ်းသာရလေပဲ)

၉။ ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီးဂရုမစိုက်မိစေနဲ့။

၁၀။ ကိုယ့်မှာ ရှိသလောက်နဲ့ပဲ
ရောင့်ရဲတင်းတိမ်နိုင်အောင် ကြိုးစားပါ။
(ကိုယ်လုပ်နိုင်စွမ်းရှိသလောက်ပဲ မျှော်လင့်ပါ)

#ထက်ထက်ထွန်း အားလေးစားလျှက်🤝

#စိတ်ရဲ့ငြိမ်သက်ခြင်း

“ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်က ပေးတဲ့ ကြီးပွားကြောင်း (၇) ရပ်”(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတစ်ပုံကို အမြဲ...
12/06/2023

“ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်
စာအုပ်က ပေးတဲ့ ကြီးပွားကြောင်း (၇) ရပ်”

(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတစ်ပုံကို အမြဲတမ်း ချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။

ငွေဝင်တဲ့ လမ်းကြောင်းတွေကို
သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။

မလိုအပ်ပဲထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။

အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့
ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။

သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။

နွားတွေ၊ ကြက်တွေအုပ်လိုက် မွေးသလိုပါပဲ။

သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊
ဥတွေ ဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။

ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။

ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို
ငွေတွေ လေဖြတ်သွားလိမ့်မယ်။
အင်အား မရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။

မြတ်ချင်မြတ်၊ ရှုံးချင်ရှုံးဆိုတဲ့ သဘောမျိုး
မလုပ်ရဘူး။

သေချာတာလောက်ကိုပဲ လုပ်ရမယ်။

မြတ်ရင်တော့ အများကြီးမြတ်မယ်၊
ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို

ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။

မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ
ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။

(သူများပြောတာကို မယုံနဲ့၊
ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ – အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။

ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာပဓာန မဟုတ်ဘူး။

ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။
အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။

(မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူးလို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။

(အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။

ကိုယ့်ထက်တော်တဲ့၊ ကောင်းတဲ့လူရှိရင်
အဲဒီကို သွားကြမှာ)

ဆရာဖေမြင့်
” ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ” စာအုပ်မှ

စာပေဒါန #𝐒𝐢𝐤𝐞𝐇𝐭𝐚𝐰𝐍𝐨𝐧𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞𝐕𝐥𝐨𝐠𝐬
#စာပေကြိုက်သူများ

Credit >>>original writer & uploader

Adresse

Democratic Republic Of The
10130

Téléphone

+66660246683

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Sunflower Books ဘန်ကောက် publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager