Féél. Żõnë.

Féél. Żõnë. မျော်လင့်ချက်တွေပျောက့်ဆုံး🥀💔

23/01/2024

ငါဘာဖြစ်နေတာဆိုပြီး
ပေါက်ကွဲပစ်ချင်လည်း
ပေါက်ကွဲပစ်လိုက်မှာပါ

အခုလို ...
ဘယ်သူ့အတွက်
ဟိုလူ့အတွက်
ဒီလူ့အတွက်ဆိုပြီး
လိုက်ထိန်းချုပ်နေရခြင်းတွေက
တစ်ခါတစ်လေပဲဆိုရင်
သိပ်မသိသာပေမယ့်

အမြဲတစေ ...
အဲ့ဒီဘ၀ကြီးမှာ
ရှင်သန်လာရတဲ့အခါ

ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်
တဖြေးဖြေး ရှင်သန်ချင်လာမိတယ်

ငါ ...
ဘာမလုပ်ချင်ဘူးဆိုတဲ့
ဆန္ဒတွေ ရှိနေချင်သေးသလို
ငါ ...
ဘာလုပ်ချင်တယ်ဆိုတဲ့
အိပ်မက်တွေကိုလည်း
ဆက်ပြီးတော့ မက်ချင်ပါသေးတယ်

တချို့ရက်တွေမှာ
ပျော်အောင် နေလို့ ရမနေဘူးဆိုတဲ့
အခြေအနေတွေထက် ပိုဆိုးတယ်

တချို့ရက်တွေမှာ
နေလို့ကို ပျော်မနေတော့တာ ...

အဲ့ဒီရက်တွေမှာ
ဘာဖြစ်ချင်သလဲလို့မေးရင် ...

ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်
ရှင်သန်ချင်ပါတယ် ...

#ကျေးကို

20/01/2024

ရှုံးတယ်ပဲ ပြောပြော
တုံးတယ်ပဲဆိုဆို
တစ်ဘဝစာ အတွက်
သံသရာကို အဆိပ်မခပ်ဘူး။

လူလည်ကျမှ
ထမင်းဝမယ်ဆို
အငတ်ခံရင်း သေမယ်။

ရိုးသားရတာ
ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။

ပက်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့
ကိုယ့်ကိုယ်ကျင့်တရားကို မရင်းဘူး။

မိတ်ဆွေနဲ့ ကိုယ်ကျင့်တရားဆို
မိတ်ဆွေကို စွန့်မယ်။

ချစ်သူနဲ့ ကိုယ့်ကျင့်တရားဆို
ချစ်သူကို စွန့်မယ်။

အသက်နဲ့ ကိုယ်ကျင့်တရားဆို
အသက်ကို စွန့်မယ်။

ကိုယ်ကျင့်တရားမဲ့
လောကကို ဒုက္ခပေးပြီး
ရွံစရာ ဘဝနဲ့ မရှင်သန်ချင်ဘူး။



#ကိုကိုး

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Féél. Żõnë. publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à Féél. Żõnë.:

Partager