
17/07/2025
❝ တရားမျှတမှုဆိုတာ နတ်ဆေးတစ်လဒ်အလား ❞ ⚖
ဥပဒေဆိုတာ လူ့အဖွဲ့အစည်းတည်တံ့ရေးအတွက် ထိန်းသိမ်းပေးတာဖြစ်ပြီး တရားမျှတမှုအတွက် လက်စွဲတစ်ခုလည်း ဖြစ်ပါတယ်။ တရားမျှတမှုဆိုတာကတော့ လူတိုင်းကို မျှတတဲ့ အခွင့်အရေးတွေ ပေးပြီး ဝတ္တရားအလိုက် မျှမျှတတ ဆက်ဆံခံရတာ၊ အကျိုးခံစားရတာ နဲ့ တန်ပြန်အပြစ်ပေးတာတို့ သတ်မှတ်လို့ရပါတယ်။
နောက်တစ်မျိုးအနေနဲ့ Aristotle ရဲ့ တရားမျှတမှုပေါ် ပတ်သက်ပြီး ယူဆချက်ကတော့ "တူညီတဲ့အမှုတွေကို တူညီတဲ့နည်းတဲ့ တန်ပြန်ဆက်ဆံရမယ်" ဆိုတာပါပဲ။ ဒီယူဆချက်ကတော့ ပြစ်မှုပြစ်ဒဏ်တရားမျှတမှုကို ထင်ထင်ရှားရှား ဦးတည်နေပါတယ်။ 🌟
ဒါဆို နောက်ထပ် တရားမျှတမှုပုံစံတွေ ရှိသေးလား။ 🔍
ယေဘုယျအားဖြင့် တရားမျှတမှုကို နှစ်မျိုးနှစ်စား ခွဲခြားလို့ရပါတယ်။ ဖြန့်ဝေတရားမျှတမှုလို့ ခေါ်တဲ့ Distributive Justice နဲ့ ပြစ်ဒဏ်တရားမျှတမှုလို့ ခေါ်တဲ့ Retributive Justice တို့ပဲ ဖြစ်ပါတယ်။
ဖြန့်ဝေတရားမျှတမှု (Distributive Justice) ✍
ဒီလိုတရားမျှတမှုကတော့ လူ့အဖွဲ့အစည်းတွင်းမှာ ရှိတဲ့ အခွင့်အရေးတွေ၊ တာဝန်တွေ၊ ဝန်ဆောင်မှုတွေ၊ အကျိုးခံစားခွင့်တွေကို မျှမျှတတ ရရှိခံစားရတာ ဖြစ်ပါတယ်။
ဥပမာ ကျန်းမာရေးဝန်ဆောင်မှုနဲ့ စဉ်းစားကြည့်မယ် ဆိုပါစို့။ ဒေသ ၁ မှာက ဆေးရုံ၊ဆေးခန်းများပြီး ဆရာဝန်အင်အားလည်း အတောင့်နဲ့ လူချမ်းသာတွေချည်း ရှိတယ်။ ဒေသ ၂ မှာတော့ ဆေးရုံဆို လက်ချိုးရေလို့ရပြီး လူတွေကလည်း ဆေးဝယ်ဖို့တောင် ခက်ခဲကြတယ်။ 💭
ဒီလို ဒေသနှစ်ခုထဲက ဒေသ ၂ ကို ပိုပြီး ဆေးဝါးအထောက်အပံ့တွေ အစိုးရက အခမဲ့ ပေးတာမျိုးဆို ဖြန့်ဝေတရားမျှတမှုလို့ ခေါ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒေသ ၂ က ဒေသ ၁ လိုမျိုး တူညီပြီးမျှတတဲ့ ဆေးကုသခံယူနိုင်မှု ရရှိဖို့ တစ်ချို့လူတွေကို ပိုပေးရမှာ ဖြစ်လို့ပါပဲ။
ပြစ်ဒဏ်တရားမျှတမှု (Retributive Justice) ✊
ဒါကတော့ အခေါ်အဝေါ်နဲ့တင် တန်းသဘောပေါက်နိုင်လောက်ပါမယ်။ ပြစ်မှုကျူးလွန်ထားတဲ့ တရားခံကို သူ့ရဲ့ အပြစ်ပမာဏပေါ်မူတည်ပြီး အပြစ်ပြန်ပေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။
ဥပမာ ခိုးမှုနဲ့ပတ်သက်ပြီး အပြစ်ပေးရမယ်ဆိုရင် သူခိုးက တန်ဖိုးကြီးကြီးမားမားပစ္စည်းတစ်ခု ခိုးခဲ့တာကို ရဲက ဖမ်းမိပြီး တရားရုံးမှာ ဒဏ်ချမှတ်ကြပါတယ်။ ဥပဒေအရ ခိုးမှုအတွက် ထောင်ဒဏ်နှစ်နှစ်ပေးလိုက်တဲ့အတွက် အပြစ်နဲ့ ဒဏ်နဲ့ ကိုက်ညီတာမလို့ ပြစ်ဒဏ်တရားမျှတမှုလို့ ဆိုနိုင်ပါတယ်။ ✅
နောက်ထပ် လူသတ်မှု၊ ရိုက်နှက်မှု၊ တိုက်ခိုက်မှု၊ အကြမ်းဖက်မှုတွေလိုမျိုး ရာဇဝတ်မှုကြီးကြီးမားမားတွေကိုလည်း အမှုပေါ်လိုက်ပြီး တရားရုံးက ဥပဒေအရ ထောင်ဒဏ်ဖြစ်စေ သေဒဏ်ဖြစ်စေ ကိုက်ညီတဲ့ ပြစ်ဒဏ်ချမှတ်ခြင်းကလည်း ပြစ်ဒဏ်တရားမျှတမှုပါပဲ။
ဒီလိုမျိုး ရာဇဝတ်မှုတွေကြောင့်ပဲ 𝗪𝗼𝗿𝗹𝗱 𝗝𝘂𝘀𝘁𝗶𝗰𝗲 𝗗𝗮𝘆 ပေါ်ပေါက်လာခဲ့တယ်ဆိုတာ စာဖတ်သူလေးတို့ သိပြီးကြပြီလား။ 🌐🔊
၁၉၉၈ ခုနှစ်မှာ နယူးယောက်မြို့မှာ ရှိတဲ့ Rome Statue ကို လတ်မှတ်ရေးထိုးပြီး နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) တည်ထောင်ရေးသဘောတူစာချုပ်နဲ့ ချမှတ်ခဲ့တဲ့ နေ့ပဲ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၁၇ ရက်နေ့ရောက်တိုင်း နိုင်ငံတကာတရားမျှတမှုနေ့ (World Day for International Justice) ကျင်းပဖို့ သတ်မှတ်လိုက်ကြပါတယ်။
၂၀၀၃ ခုနှစ်မှာ ပထမဆုံး ကျင်းပခဲ့ကြပြီး အဲ့ဒီအချိန်ကစပြီး ICC ရဲ့ လုပ်ငန်းများမြှင့်တင်ဖော်ပြမှုနဲ့ နိုင်ငံတကာတရားမှုတမှုရဲ့အရေးပါမှုကို ထောက်ပြပေးနိုင်ခဲ့မှုတွေကြောင့် အရေးကြီးတဲ့ နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် တရားဝင် သတ်မှတ်လိုက်ကြပြတ်ပါတယ်။
ကျင်းပရခြင်း ရည်ရွယ်ချက်
တရားမျှတမှုနေ့တစ်နေ့အနေနဲ့ ကျင်းပပြုလုပ်ရတာကတော့ အဓိက ရည်ရွယ်ချက်ကတော့ သုံးချက်ပဲ ရှိပါတယ်။
🔹အမြဲတည်ရှိနေရမယ့် နိုင်ငံတကာတရားရုံးတစ်ရုံးရှိဖို့ အရေးကြီးကြောင်း
🔹ရှင်သန်ကျန်ရစ်ပြီး နစ်နာသူတွေအတွက် တရားမျှတမှုပေးစေလိုကြောင်း
🔹ပြစ်မှုကျူးလွန်ထားသူတွေကလည်း တရားဝင် ပြစ်ဒဏ်တာဝန်ယူစေသင့်ကြောင်း တို့ပဲ ဖြစ်ပါတယ်။
✨ အမှန်တရားဆိုတာ ဖော်ထုတ်နိုင်မှ တော်ကာကျတဲ့ခေတ်ကြီးမှာ တရားမျှတမှုဆိုတာလည်း အမှန်တရားပေါ်လာရင်ပေါ်လာသလို၊ အမှုလိုက်နိုင်ရင် လိုက်နိုင်သလို ရရှိနိုင်တာမလို့ လူသားချင်းစာနာစိတ်လေးတွေ၊ မုဒိတာလေးတွေ ပွားနိုင်ဖို့ပဲ လိုအပ်ပါတယ်။ ဒီနေ့လိုမျိုး World Day of International Justice နေ့မျိုးမှာ တရားမျှတမှုအတွက် ကြိုးပမ်းနေကြသူတွေကို အမြန်ဆုံး တရားသောအမှုနဲ့ နိုင်ပြီး အမှန်တရားကို ဖော်ထုတ်နိုင်ကြပါစေလို့ IC ကနေ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🔊
အခုလိုမျိုး အကျိုးရှိတဲ့ အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ IC ရဲ့ Social Media Channels တွေ အားလုံးကို subscribe လုပ်ထားလိုက်တော့နော်။ 💓🙋♀
🔹 Facebook - https://www.facebook.com/InfinityCreationOfficial
🔹 YouTube - https://www.youtube.com/
🔹 Tiktok - https://www.tiktok.com/.0fficial
🔹 Infinity Library - https://t.me/infinity_library1