ထိုင်းစာ/ ထိုင်းစကား လေ့လာကြမယ်

ထိုင်းစာ/ ထိုင်းစကား လေ့လာကြမယ် Good Luck
လေ့လာနေသူတွေအတွက် အကျိုးရှိဖို့ ရည်ရွယ်ပါတယ်ဗျ

24/10/2022

revisa mi historia espero que te guste

23/10/2022

Hi

🤩
13/10/2022

🤩

10/09/2022

.

10/09/2022

Love ❤️

11/07/2022

အဝေးပြေးမော်ချစ်ဂိတ်က လုပ်သားတွေကို ကားလက်မှတ်ရောင်းပေးနေပြီဟုဆို
----------------------------------------
ဇူလိုင် ၉ ရက်၊ ၂၀၂၂
ဇူလိုင်လ ၁ ရက်နေ့မှစ၍ မော်ချစ်ဂိတ် ကားလက်မှတ်များရွှေပြောင်းလုပ်သားတွေကို ရောင်းချပေးပြီဟု လူမှုကွန်ရက်တွေပေါ်မှာ ဖြန့်ဝေနေကြတာကိုတွေ့ရပါတယ်။
ထိုသတင်းထွက်ပေါ်လာပြီးနောက် Myanmar live အနေနဲ့ မော်ချစ်ဂိတ် Call center နံပါတ်ဖြစ်တဲ့ ၁၄၉၀ ကိုဆက်သွယ်မေးမြန်ကြည့်တော့ ရွှေ့ပြောင်းလုပ်သားတွေကို ကားလက်မှတ်ရောင်းပေးတဲ့သတင်းကိုတော့ ဖြေကြားနိုင်ခြင်းမရှိခဲ့ပါ။
ဗန်ကောက်မြို့ရှိ မော်ချစ်ဂိတ် ကားလက်မှတ်ရောင်းပေးနေတဲ့ဌာနတွေကို သွားရောက်စုံစမ်းတော့ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ခရီးစဥ်တွေကို အလုပ်သမားဗီဇာကိုင်ဆောင်ထားတဲ့ သူတွေကိုတော့ ရောင်းချမပေးသေးလို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
"ရောင်းချမပေးသေးပါဘူး၊ ဘယ်တော့ရောင်းချပေးမှာလဲဆိုတာကိုလဲပြောလို့မရသေးဘူး၊ ဝန်ကြီးဌာနတွေအမိန့်ချမှ ပြောလို့ရမယ်။ ဒီမှာကတော့ ပေါ်လစီအတိုင်းသွားနေတာ အမိန့်မရရင် ရောင်းပေးလို့တော့မရဘူးပေါ့၊ အလည်ဗီဇာတွေတော့သွားနေတာတွေ့ရတယ်။ ဒါပေမဲ့ အလုပ်သမားတွေဆိုရင်တော့ မရသေးဘူး၊ ဘာကြောင့်လဲဆိုတာတော့ ကျနော်လဲမသိဘူးပေါ့၊ အဲဒါကြောင့် ကျနော့အနေနဲ့ လက်မှတ်ရောင်းပေးမယ့်ကိစ္စကိုတော့ ဖြေပေးလို့မရသေးဘူး" လို့ ဗန်ကောက်မြို့ရှိ မော်ချစ်ဂိတ် information ဌာနက တာဝန်ရှိသူတစ်ဦးက Myanmar Live ကိုပြောပါတယ်။
ကိုဗစ်၁၉ ကူးစက်မှုဖြစ်ပွားပြီးကတည်းက အလုပ်လုပ်တဲ့စာအုပ်အမျိုးအစားကို ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ၂ နှစ်ကျော်အကြာ အသွားလာခွင့်ကန့်သတ်ခံခဲ့ရပါတယ်။ ထိုနောက် ၂၃ ရက် ဇွန်လ ၂၀၂၂ လောက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေ့ပြောင်းလုပ်သားတွေကို ခရိုင်ဖြတ်ကျော်သွားလာခွင့်ဖြေလျှော့ပေးထားပေမယ့် အဝေးပြေးတဲ့ ကားလက်မှတ်တွေကို ထိုင်းနိုင်ငံသားနဲ့ အလည်ဗီဇာကိုင်ဆောင်သူတွေကိုသာ ရောင်းချပေးနေပြီး၊ အလုပ်သမားတွေကို ရောင်းချမပေးသေးပါဘူး။
ကားလက်မှတ်ရောင်းပေးနေတဲ့ အခန်းနံပါတ် ၂၆ ကအမျိုးသမီးတစ်ဦးမေးကြည့်တော့ " ရွှေ့ပြောင်းလုပ်သားတွေကို ရောင်းချမပေးသေးဘူးနော်၊ အထက်ကအမိန့်တွေစောင့်ရမယ်။ သွားချင်ဆိုရင် သံရုံးထံကစာရွက်စာတမ်းပါမှရမယ်။ လမ်းမှာအစစ်ဆေးတော့များမယ်" လို့ အစိုးရဘက်က ကားလက်မှတ်တွေရောင်းချပေးနေတဲ့ ထိုင်းအမျိုးသမီးကလို့ပြောပါတယ်။
မြန်မာလို "မဲဆောက်" ဟုရေးထားပြီး ကားလက်မှတ်ရောင်းပေးနေတဲ့ အခန်းနံပါတ် ၉ ပုဂ္ဂလိကဌာနက ထိုင်းအမျိုးသမီးတစ်ဦးကိုမေးကြည့်တော့ "မဲဆောက်ဆင်းဖို့လာ နယ်ဂိတ်တွေတော့မဖွင့်သေးဘူးနော်၊ အထောက်အထားပြည့်စုံရင်တော့ လက်မှတ်ရောင်းပေးနေတယ်။ ဟိုဘက်ကိုရောက်ရင်တော့ တာဝန်မယူဘူးပေါ့၊ စျေးနှုန်းကတော့ ၅၄၂ ဘတ်ပဲ" ဟု Myanmar Live ပြောပါတယ်။
ဗန်ကောက်မြို့ရှိ မော်ချစ်ဂိတ် အဝေးပြေးလက်မှတ်တွေကိုရောင်းချပေးတဲ့နေရာက အစိုးရနဲ့ ပုဂ္ဂလိကဖက်စပ်လုပ်ငန်းတွေဖြစ်ပါတယ်။ အစိုးရဌာနတွေဘက်က လက်မှတ်ရောင်းမပေးသေးပေမယ့်၊ ပုဂ္ဂလိကဌာနတွေဘက်ကတော့ ရောင်းချပေးနေပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမြောက်ပိုင်းက နယ်စပ်ဂိတ်တွေ မဖွင့်သေးတော့ ယခင်ကနေစဥ့်မြန်မာတွေခရီးသွားမပြတ်ဖြစ်နေတဲ့ မော်ချစ်ဂိတ်က ကိုဗစ်၁၉ ဖြစ်ပွားပြီးနောက်ပိုင်း မရှိတော့တာတွေ့ရပါတယ်။

Credit Myanmar Live
Copy by. ( L Thai L)
ထိုင်းရောက်ရွှေမြန်မာများ အဆင်ပြေစေရန်
စေတနာဖြင့် L Thai L

Stand with Myanmar people wherever they live

11/07/2022

Online ကြော်ငြာများ အသ်ိမပေးဘဲ တင်ပါက Ban ပါမယ်ဗျ

06/07/2022

ပျော်ပြီလေ! တရားမဝင်လုပ်သာများကို ပန်းရောင်ဘတ်ကတ်ပြုလုပ်ပေးရန် ထိုင်းအစိုးရအဖွဲ့ အတည်ပြု
ထိုင်းနိုင်ငံတွင်နေထိုင်လုပ်ကိုင်လျက်ရှိသော တရားမဝင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ် လုပ်သားများကို ပန်းရောင်ဘတ်ကတ်ပြုလုပ်ပေးရန် ထိုင်အစိုးရအဖွဲ့ အတည်ပြု။
ကိုဗစ်-၁၉ အလွန်ကာလတွင် ထိုင်းစီးပွားရေးကိုပြန်လည်နာလန်ထူရာတွင် အထောက်အကူပြုစေရန် အတွက် ထိုင်းနိုင်ငံတွင်တရားမဝင်နေထိုင်လုပ်ကိုင်နေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက် နမ်လုပ်သားများကို ပန်းရောင်ဘတ်ကတ်ပြုလုပ်ပေးရန် ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီဟု ထိုင်းအစိုးရအဖွဲ့ ပြေားခွင့်ရသူ ဓနကော် ဝမ်ဘွန်ချန က ယနေ့ (၅-၇-၂၀၂၂) တွင်ပြောကြားခဲ့သည်။
တဆက်တည်းတွင် ပန်းရောင်ဘတ်ကတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်က အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာန (ကရွမ်ကန်ကျတ်ဟားငန်) ထံ လုပ်သားအမည်စာရင်း (Name list) တင်ရမည်ဖြစ်ပြီး ထို့ နောက်တွင် ရက် ၆၀ အတွင်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဝေါ့ပါမစ်) လျှောက်ထားလုပ်ရမည်ဟု ဆိုသည်။
တချိန်တည်းတွင် လုပ်သားအမည်စာရင်းတင်ခအတွက် ၁၀၀ ဘတ် နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခအတွက် ၉၀၀ ဘတ်ပေးချေရမည်ဟု ဆိုသည်။
ထို့နောက် အလုပ်သမားများသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရရှိသည်အထိ ငွေချေပြေစာကိုအစားထိုး ကိုင်ဆောင်ထားရမည်ဟု သတ်မှတ်ထားသည်။
အဆိုပါ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သည် ၁၃-၂-၂၀၂၃ ရက်နေ့အထိသက်တမ်းရှိမည်ဖြစ်ပြီး ထို့နောက် တွင် ၁ နှစ်သက်တမ်း ၂ ကြိမ်တိုးပိုင်ခွင့်ရရှိမည်ဖြစ်ကာ ၁၃-၂-၂၀၂၅ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့်ရရှိ မည်ဟု ပြောခွင့်ရက ဆက်လက်ပြောကြားသည်။
မည်သို့ဆိုစေ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့်အလုပ်သမားဝန်ကြီးဌာနတို့၏ အမိန့်စာထွက်ရှိပြီး ၎င်း အမိန့်စာစတင်အသက်ဝင်သည့်နေမှသာလျင် ပန်းရောင်ဘတ်ကတ်ကို စတင်ပြုလုပ်နိုင်မည်ဟု ဆိုသည်။
Credit
ပလာတူး
Copy by L.Thai.L

31/03/2022

ဂျင်းတွေနဲ့အတူ မြန်မာ MOU

၂၀၂၀ ၊ မတ်လ မှာ မဲဆောက်-မြဝတီ တံတားပိတ်တော့ မြန်မာအလုပ်သမားစေလွှတ်တဲ့ MOU စနစ် ရပ်ဆိုင်းခဲ့ရတယ် အဲ့အချိန်မှာ စာချုပ်ချုပ်ထားတဲ့ အလုပ်သမားတွေ အလုပ်ခေါ်စာတင်ထားတဲ့ အလုပ်သမားတွေ ဝန်ဆောင်ခပေးသွင်းထားတဲ့ အလုပ်သမား စုစုပေါင်း ၆၀၀၀၀ ကျော်လောက် ထိုင်းနိုင်ငံကို မစေလွှတ်နိုင်ခဲ့လို့ မြန်မာအလုပ်သမားတွေကနေ မြန်မာအေဂျင်စီတွေကို ပေးသွင်းထားတဲ့ ဝန်ဆောင်ခတွေ ဆုံရှုံးနစ်နာခဲ့တွေ အများကြီးပါ။ အဲ့အချိန်က စာချုပ်ချုပ်ထားတဲ့ အလုပ်သမားက ၁၀၀၀၀ လောက်ရှိတယ် ထိုင်းနိုင်ငံအစိုးရကို ပေးသွင်းထားတဲ့ Workpermit ကြေးတွေ Visa ကြေးတွေ ဆုံးရှုံးနစ်နာခဲ့ကြတယ်။

ပထမအကြိမ် မြန်မာအလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ကုစားမပေးတဲ့အပြင် ဆုံးရှုံးထားတဲ့ ငွေကြေးတွေကိုလည်း အလုပ်သမားတွေဆီ ပြန်မပေးခဲ့ကြပါဘူး။ အခုလည်း ငွေရလိုမှု ကိုယ့်အကျိုးတစ်ခုတည်းသာကြည့်ပြီး အလုပ်သမားတွေကို ဆက်ပြီး ဒုက္ခပေးပြန်ပြီ။

အခုလည်း ထိုင်းမှာအလုပ်ရတယ် MOU စနစ် ပြန်ဖွင့်တော့မယ်ဆိုပြီး မြန်မာပြည်တွင်းမှာ ဝန်ဆောင်ခတွေကောက် စာချုပ်တွေ ချုပ်နေတဲ့ အသံတွေကြားရတယ်။ မြန်မာအလုပ်သမားတွေကို စကစနဲ့ ပေါင်းပြီး ဘယ်လောက်ထိ ဒုက္ခတွေ ပေးအုန်းမလို့လဲ။

၁ လပိုင်းလောက်ထဲက MOU က ဟိုနေ့ဖွင့်မယ် ဒီနေ့ဖွင့်မယ် လုပ်ပြီး မြန်မာအလုပ်သမားတွေဆီကနေ ဝန်ဆောင်ခတွေ ကောက်နေကြတယ်။ ဒီနေ့အထိလည်း ဘာမှ ရေရေရာရာ မရှိဘူး ။

Covid ကဒုက္ခပေး အာဏာရူးက ဒုက္ခပေးလို့ ပြည်သူတွေ ဒုက္ခရောက်နေပါတယ် ဆိုမှ ထိုင်းကို အလုပ်သွားလုပ်လုပ်ရပြီ မလေးရှားကို အလုပ်သွားလို့ရပြီ ဆိုပြီး ဝန်ဆောင်ခတွေ ကောက်နေကြတာ ကြားမကောင်းဘူး။

မြန်မာအလုပ်သမားတွေကလည်း အိမ်ရောင်းတဲ့သူကရောင်း ဝိုင်းရောင်းတဲ့သူကရောင်း အတိုးကြီးစွာနဲ့ ငွေချေးငှားပြီး ဝန်ဆောင်ခတွေ ပေးကြပြန်တယ်။ အေဂျင်စီနှင့် နယ်ပွဲစားတွေကလည်း ဝန်ဆောင်ခတွေယူကြတယ်။

ထိုင်းနိုင်ငံကိုမြဝတီကနေ စေလွှတ်မယ်ဆိုရင်တောင်
လက်ရှိ အာရှလမ်းမကြီးမှာ အချိန်မရွေး တိုက်ပွဲတွေဖြစ်ပေါ်နိုင်ပြီး ခရီးသည်ကားတွေ ကုန်ကားတွေ မီးရှို့ခံနေရတာကို လူတိုင်းမြင်နေကြတာပါ။ လုံခြုံရေးအရ ဘယ်သူတာဝန်ယူမှာလဲ ဘယ်သူတာဝန်ခံမှာလဲ ရှင်းရှင်းပြောရရင် စေလွှတ်တဲ့ အေဂျင်စီတွေအနေနဲ့ မသိနားမလည်တဲ့ အလုပ်သမားတွေကို မသတ်ကြပါနဲ့။ သမိုင်းတရားခံ အဖြစ်မခံကြပါနဲ့။ မစဥ်းစား မဆင်ခြင်လုပ်ရင်တော့ သမိုင်းတရားခံအဖြစ် အဲ့ဒီ အေဂျင်စီနှင့် ပွဲစားတွေကို ထည့်သင့်ရင်ထည့်ရမှာပဲ။

ထိုင်းအလုပ်ရှင်ပေးရမည့် ဝန်ဆောင်ခတွေကလည်း စာရွက်ပေါ်သာရှိပြီး တကယ်ပေးရတာက မြန်မာအလုပ်သမားတွေပါ ဒါကြောင့် နစ်နာစရာရှိ မြန်မာအလုပ်သမားတွေဘဲ နစ်နာကြတာပါ

စာချုပ်ချုပ်ပြီး သတ်မှတ် အချိန်အတွင်း ထိုင်းနိုင်ငံကို အလုပ်သမားမစေလွှတ်နိုင်ရင် ထိုင်းအလုပ်ရှင်တွေမနေနဲ့ စာချုပ်ဖျက်သိမ်းလို့ရတယ်ဆိုတာ သတိချပ်စေချင်တယ်

အရင်ကလည်း အလုပ်သမားတွေ ဝန်ဆောင်ခတွေ ဆုံးရှုံးပြီးပြီ ခုလည်း အလုပ်သမားတွေ ဝန်ဆောင်ခတွေ ဆုံးရှုံးမဲ့ အခြေအနေရောက်နေပြန်ပြီ။

ရင်မောတယ်ဗျာ.........

Credit.... ဦးဝေလင်းမောင်(အလုပ်သမားသံအရာရှိဟောင်း)
ယခုလက်ရှိ CDM ဝင်ထားသူ....
၃၀.၃.၂၀၂၂

Credit ရဲမင်း(AAC)---
တစ်ချိန်က ထိုင်းရောက်အလုပ်သမားရေးလှုပ်ရှားသူ....
30-3-2022....

Copy by Learning Thai Languese
31.03.2022

24/03/2022

ထိုင်း - မြန်မာ နယ်စပ်ဂိတ် တံတားများဖွင့်လှစ်ရန် မဲဆောက်မြို့
အစည်းအဝေးခန်းမမှာ ဆွေးနွေး
-----------------------------------

မဲဆောက်၊ မတ်လ ၂၂ ရက်

ထိုင်း - မြန်မာ နယ်စပ်၊မဲဆောက် + မြဝတီဂိတ်၊ ထိုင်း -မြန်မာချစ်
ကြည်ရေး အမှတ် ၁ တံတားနှင့်၊ ချစ်ကြည်ရေး အမှတ် ၂ တံတားများ
ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်၊ ယနေ့ ၂၀၂၂ ခုနှစ်၊မတ်လ ၂၂ ရက်နေ့တွင် မဲဆောက်မြို့တော်ခန်းမမှာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ တာ့က်ခရိုင်အုပ်ချုပ်ရေးမှူး Mr.ပရစေို့ ကျုန်ကိစ်လုံကျို့နှင်၊ တာ့က်ခရိုင် ကုန်သည်ကြီးများအသင်းအပါအဝင်၊တာ့က်ခရိုင်ဘဏ်အသင်းဥက္ကဌ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊စီးပွားရေးလုပ်
ငန်းရှင်များနှင့်၊ မဲဆောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် နယ်စပ်ဒေသ ကုန်စည်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်ဆိုင်ရာများနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအပါ
အဝင် နယ်စပ်ဒေသဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အ
တွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်းက
ထိုင်း - မြန်မာ နယ်စပ်ဂိတ်၊ မဲဆောက် + မြဝတီ ချစ်ကြည်ရေးအမှတ်
၁ တံတားနှင့်၊ ချစ်ကြည်ရေး အမှတ် ၂ တံတားများ ပြန်လည်ဖွင့်လှစ်
ဖို့ရန်အတွက် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။ ယင်းသို တင်ပြ
တောင်းဆိုခဲ့ရာတွင်၊ယခင်က ခွင့်ပြုပေးခဲ့သည့် Visa on Arrival
(VOA) ဆိုက်ရောက်ဗီဇာဖြင့်၊ဝင်ခွင့်ပြပေးခဲ့သည်ကို၊ယခုတံတားများပြန်ဖွင့်သည့်အခါခွင့်မပြုတော့ပဲ၊(PE)Students Passport
ဖြင့်သာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုရန် တင်ပြတောင်းဆိုခဲ့ကြောင်း
သိရသည်။

ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေပုဒ်မ ၆၄ အရ မြန်မာ၊ကမ္ဘောဒီး
ယားရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံသို့ အမြန်လာရောက်လုပ်
ကိုင်နိုင်ရန်နှင့်၊ထိုင်း - မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတားပြန်လည်
ဖွင့်လှစ်၍ ယခင်ကဲ့သို့ တံတားပေါ်မှ ကားများဖြတ်သန်းသွားလာစေနိုင်
ရန်နှင့် လူပုဂ္ဂိုလ်များပါ ဖြတ်သန်းသွားလာနိုင်ရန်စေရေးအပါအဝင် တံ
တားဖွင့်ချိန်ကိုလည်း အချိန်တိုးမြင့်သတ်မှတ်ပေးသွားရန် ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။ချစ်ကြည်ရေးအမှတ် ၂ တံတား၊ကိုတော့
ယခင်အတိုင်း ကုန်စည်ကူးသန်းပို့ဆောင်ရန်အတွက် ဖွင့်လှစ်ထားမည်
ဟု သိရသည်။
Crd.
Copy.
#မြဝတီမဲဆောက်မီဒီယာ
#သတင်းကိုဝေ

တစ်နေ့ (၅)လုံးဘဲ ကျက် (၁)လ လောက်ဆို တော်တော် သိနေပါပြီးအဆင်ပြေကြပါစေစေတနာဖြင့် Learning Thai Languese.(LTL)
24/03/2022

တစ်နေ့ (၅)လုံးဘဲ ကျက် (၁)လ လောက်ဆို တော်တော် သိနေပါပြီး
အဆင်ပြေကြပါစေ
စေတနာဖြင့် Learning Thai Languese.(LTL)

02/02/2022

#သတင်းအမှားဖြစ်ပါကြောင်း.......

လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထိုင်းမြန်မာ ချစ်ကြည့်ရေး တံတား အမှတ် ၁ ဖွင့်မည်ဟုဆိုသော သတင်းသည် MOU စနစ်နဲ့အလုပ်သမားများကိုခေါ်ယူမည်ဟု ၎င်း သတင်းသည် သတင်းအမှားဖြစ်ကြောင်း.... MOU စနစ်ဖြင့် ထိုင်းသို့လာရောက်အလုပ် လုပ်မဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ လူလိမ်များနှင့် သတင်းအမှားများကို သတိပြုနိုင်ရန်... အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကျွန်တော် ကိုသားကြီး သတိပေးတင်ပြအပ်ပါသည်။😁
မသိနားမလည်သော အလုပ်သမားများကို စရံငွေကြိုယူခြင်း
တံတား ၁ ဖွင့်တော့မည်ဟု လိမ်လည်ခြင်း သူဌေးတာဝန်ယူပါတယ်ဆိုသော သွေးဆောင်ဖျားယောင်းမှုမှကင်းဝေးကြပါစေ...
သတင်းအမှားတင်ပြီး မိမိစီးပွားရေးအဆင်ပြေမယ်ဆိုလဲ....ဆက်လုပ်ပါ 😁 ကိုယ့်အလုပ် ကိုလုပ်ကြတာဘဲ
အလုပ်သမားအခွင့်အရေးကူညီဆောင်ရွက်ပေးတဲ့ ကျွန်တော် တို့အဖွဲ့က အလုပ်သမားများအလိမ်မခံရအောင် အထက်ပါ ပိုစ့်သည် သတင်းအမှားသာဖြစ်ကြောင်း...အလုပ်သမားများကို.အသိပေးပါရစေ... မှတ်ချက်။ ချစ်ကြည့်ရေးတံတားအမှတ် ၁ ဖေဖော်ဝါရီ တစ်ရက်နေ့ လုံးဝ မဖွင့်သေးပါ 😁
KTG helping hands general services
KoTharGyi
Crd... မူရင်း
Copy... ထိုင်းစာ/ထိုင်းစကား လေ့လာကြမယ်

27/01/2022
Crd. Learn Thai Online. . .
27/01/2022

Crd. Learn Thai Online. . .

05/01/2022

Adresse

Democratic Republic Of The

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque ထိုင်းစာ/ ထိုင်းစကား လေ့လာကြမယ် publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à ထိုင်းစာ/ ထိုင်းစကား လေ့လာကြမယ်:

Partager