December.love

December.love about

11/12/2023

သားတို့ရေ .....

ငါ့သားလေး အိမ်ထောင်ပြုတဲ့အခါ မိန်းမရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့
ယောက်ျားဖြစ်ပါစေ ငါ့သား.....
မိန်းမအရိပ်မခိုပါနဲ့ မိန်းမ အကူအညီမယူပါနဲ့ အထင်သေးခံရမယ်ငါ့သား....
မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့စကားရှိပေမဲ့တတ်နိုင်ရင်တော့ ကိုယ်ချစ်ရတဲ့ဇနီးသည်ရဲ့ပခုံးပေါ် ဝန်ထုတ်ဝန်ပိုးကြီး မတင်ပေးပါနဲ့
တတ်နိုင်ရင်လေ ငါ့သားပဲထမ်းပြီး သားပဲရွက်လိုက်ပါ

အိမ်ထောင့်တာဝန် သားသမီးတာဝန်နဲ့ပိနေတဲ့သူ့ခမျာ မယ်တစ်ရွက်လေးတောင် မရွက်နိုင်တဲ့အခြေအနေဆို ငါ့သားက သေချာပေါက်ကူရွက်ပေးလိုက်ပါ

စကားကို ဆိုခဲစေမြဲစေထုံးနှလုံးမူပါ ငါ့သားလေး ကတိမတည် စကားလက်လွတ်စပါယ်ပြောတတ်တဲ့ယောက်ျားကို မိန်းမက မလေးစားဘူး ငါ့သား...
အမေကိုချစ်တဲ့သားဟာ မယားမချစ်ဘူးဆိုတာမျိုးမဖြစ်ပါစေနဲ့ငါ့သား
အမေနဲ့မိသားစုကိုလဲချစ်ပါ မိခင်မျိုးနွယ်ဝင်ဇနီးသည်ကိုလဲချစ်ပါ....
အမေ့အတွက်သားကောင်း အစ်မညီမအတွက် မောင်ကောင်း၊ အစ်ကိုကောင်းဖြစ်ပေမဲ့ ဇနီးသည်ကို
မကောင်းဘူး ဆိုတာမျိုး မဖြစ်စေနဲ့ကွဲ့
မိသားစုကိုချစ်သလို ဇနီးသည်ကိုချစ်ပေးပါ.....

မိဘအိမ် မောင်နှမအိမ် ဇနီးသည် မသိပဲမသွားနဲ့ငါ့သား
သူတို့မိသားစုတွေ ငါ့ကွယ်ရာ ငါ့ယောက်ျားကိုဘာသွေးထိုးနေပါလိမ့်လို့ သူ့ဖက်ကအမြင်မျိုးဖြစ်စေတတ်လို့ တတ်နိုင်ရင် ငါ့သားမိသားစုဆီသွားရင် ဇနီးကိုခေါ်သွားကွဲ့
မလိုက်တာတော့သူ့အပိုင်းပေါ့ ခေါ်ပါရဲ့နဲ့မလိုက်ပဲ စကားနာထိုးတာ သွေးထိုးတာလဲလက်မခံနဲ့ငါ့သား
မိသားစုနဲ့ဇနီးသည်ကြား သမာသမတ်ကျကျ မျှမျှတတဖြစ်ပါစေ...

ငါ့လုပ်စာပဲ ငါ့မိဘ မောင်နှမ ပေးတာ မိန်းမပြောစရာမလိုဘူး မထင်နဲ့ငါ့သား အမှားကြီးမှားမယ်
အမေကမွေး အမေပြုစုယုယပေးပေမဲ့ အိမ်ထောင်ကျရင်အမေ မပိုင်ဘူးငါ့သားလေးရဲ့....
မိန်းမ မသိအောင်ခိုးပေးခြင်းဟာ အမေ့သိက္ခာထိခိုက်သလို ချွေးမ အနေနဲ့ကြည့်ရင် သူ့မာနထိခိုက်စေတယ် ငါ့သားလေးရဲ့..

မိန်းမရေ ဒီလောက် ဒီမျှတော့ မိဘတွေကန်တော့ရအောင်ကွာ ငါမပေးဘူး မင်းလက်နဲ့ပေးလို့ပြောတဲ့အခါ
ယောက္ခမအပေါ် သိတတ်တဲ့ချွေးမအဖြစ်သူဂုဏ်တတ်ရလို့ ကြည်ဖြူကျေနပ်မှာပါ.....

လျို့ဝှက်အပ်ရာ အရာရာကို အစ်ကိုညီသား မိဘကိုထား
မယားသော်မှမပြောရ ဆိုပေမဲ အရာရာအတိုင်းလျှိ ု့ဝှက်စရာ မလိုဘူးငါ့သား
ဇနီးသည်ကို အလေးထားပါ တိုင်ပင်ပါ ဇနီးသည်ရဲ့ဂုဏ်ကို မြှင့်တင်ပေးပါ ငါ့သား...........
ငါ့သားများအိမ်ထောင်ပြုခဲ့ရင်လေ........ အမေမှာချင်တာတွေအများကြီးပါသားကြီးရေ ဒီနေ့တော့ ဒီမျှသာ...

Crd...

တွေတဲ့သူတေကတွေ့ကုန်ပီးနော်
16/05/2023

တွေတဲ့သူတေကတွေ့ကုန်ပီးနော်

26/02/2023

Adresse

Democratic Republic Of The

Téléphone

+959793800575

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque December.love publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à December.love:

Partager