Athin Ko 🙏 Please like & Share 🙏

ဒူးရင်းသာကူပြင်လုပ်နည်း=====================သာကူအလွှာအတွက် ပါဝင်ပစ္စည်းများသာကူ ၁ခွက် (250ml)အုန်းနို့ 200ml (coconut cr...
17/11/2023

ဒူးရင်းသာကူပြင်လုပ်နည်း
=====================

သာကူအလွှာအတွက် ပါဝင်ပစ္စည်းများ
သာကူ ၁ခွက် (250ml)
အုန်းနို့ 200ml (coconut cream)
နို့စိမ်း 100ml
သကြား 170ml
ဆား အနည်းငယ်
ရေ ၃ခွက်(750ml) (သာကူအမျိုးအစားပေါ်မူတည်ပီး ရေ ပမာဏ ကွာခြားနိုင်ပါတယ်)

ရေ တစ်ခွက်ကိုဆူအောင်တည်ပါ ရေဆူပီဆို သာကူကိုထည့်ပီး အဆက်မပြတ်မွှေပေးပါ သာကူ ပြစ်လာပီဆိုတာနဲ့ ရေနည်းနည်းစီထည့်ထည့်ပီး မွှေပေးပါ သာကူအစေ့ မပျောက်တပျောက် အထိရေထည့်လိုက် မွှေလိုက်လုပ်ရပါမယ်
သာကူစေ့မပျောက်တပျောက်ဆိုရင် အုန်းနို့ , နို့စိမ်း, သကြား , ဆား ထည့်မွှေပီး သာကူလည်းပြစ်လာပီဆိုရပါပီ

ထည့်မဲ့ခွက်ကို ထောပတ်လေးသုတ်ထားပေးပါ ပီးရင် ခုနက သာကူလောင်းထည့်ပီးညီအောင်ဖြန့်ထည့်လိုက်ပါ

ဒူးရင်းအုန်းနို့အလွှာအတွက်ပါဝင်ပစ္စည်းများ
ဒူရင်းအသား ၅မွှာ
အုန်းနို့ 400ml ( coconut milk)
နို့စိမ်း 125ml
ဂျုံမှုန့် 50ml
သကြား 170ml
ကြက်ဥ တစ်လုံး

အပေါ်က ပစ္စည်းအကုန်ကို blender ထဲထည့်ပီး မွှေလိုက်ပါ ပီးရင် ဇကာနဲ့စစ်ပီး အိုးထဲထည့်ပီးတည်ပါ မွှေပေးနေရပါမယ် ဒူရင်းအုန်းနို့ အနှစ်ပျစ်လာပီဆိုရင် ခုနက သာကူပေါ်ခင်းထည့်လိုက်ပါ
oven ကို 200'C နဲ့ ၁၀ မီနစ်အပူပေးထားပါ
ပီးရင် မုန့်ကို မီနစ်၃၀ လောက်ဖုတ်ပါမယ် အချိန်က oven အမျိုးအစားပေါ်မူတည်ပီးကွဲပြားနိုင်ပါတယ်
အရသာရှိသော ဒူရင်းသာကူပြင်လေးကို အိမ်မှာ အလွယ်တကူလုပ်စားလို့ရပါပီနော်

oven မရှိသူများက ဒယ်အိုးအဖုံးပေါ် မီးသွေးအရှိန်ပျင်းပျင်း တင်ပီး လုပ်လို့ရပါတယ်

အုန်းနို့သာကူပြင်လုပ်ချင်ရင် ဒူရင်းသီးမထည့်ပဲကျန်တာအကုန်တူပါတယ

သဲကျော် တို့ရေ အမဲသား ကြော်နည်း အမျိုးမျိုးရှိတဲ့ အထဲက မင်မင်အကြိုက်ဆုံးနည်းလေးတင်ပေးလိုက်တယ်နော် သဲကျော်တို့လည်း လိုက်က...
14/11/2023

သဲကျော် တို့ရေ အမဲသား ကြော်နည်း အမျိုးမျိုးရှိတဲ့ အထဲက မင်မင်အကြိုက်ဆုံးနည်းလေးတင်ပေးလိုက်တယ်နော်

သဲကျော်တို့လည်း လိုက်ကြော်စားကြည့်ကြပါအုံးနော်

အမဲသားကြော် ကြွပ်ကြွပ်မွမွလေး
တခါတလေ ဆီပြန်ဟင်းတွေလည်း မချက်ချင်တဲ့အခါ လွယ်လွယ်ကူကူပဲ အမဲသားကြော် ကြွပ်ကြွပ်လေးကြော်ပြီး ထမင်းကို ဆီနဲ့ဆားနဲ့နယ်စားကြည့်ပါ အရမ်းစားလို့ကောင်းပါတယ်။ အမဲသားကြော်က အာဟာရလည်းပြည့်၊ ချက်ရပြတ်ရတာလည်း အလုပ်မရှုပ်ဘူးဆိုတော့ အိမ်ရှင်မတွေအတွက် ရွေးချယ်သင့်တဲ့ ဟင်းတစ်ခွက်ပါ။ ပဲဆီနံမွှေးမွှေးလေးနဲ့ ထမင်းဖြူ‌လေးရယ်
အမဲသားကြော် ကြွပ်ကြွပ်မွမွလေးရယ် သွားရည်တောင်ကျလာပြီမဟုတ်လား

ပါဝင်ပစ္စည်းများကတော့

အမဲသား ၂၅ ကျပ်သား

ဂျင်းထောင်းပြီးသား ၅ ကျပ်သား

ကြက်သွန်ဖြူထောင်းပြီးသား ၅ ကျပ်သား

ကြက်သားမှုန့် ထမင်းစားဇွန်း သုံးပုံနှစ်ပုံ

ဆီ ၂၅ ကျပ်သား

ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ တစ်လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

၁။ ပထမဆုံးအမဲသားတွေကို အနေတော်တုံးပြီး ရေဆေးထားပါ။ အသားတွေကို အိုးတစ်ခုထဲထည့်ပြီး ညှီနံပျောက်အောင် ဂျင်း၊ ကြက်သွန်ဖြူထောင်းထားတဲ့ အရည်ရောအဖတ်ရောကိုထည့်၊ ငရုတ်ကောင်းနဲ့ ကြက်သားမှုန့်ထည့်ပြီး ၅မိနစ်ခန့် နယ်နှပ်ထားပါမယ်။

၂။ အသားထဲ အမွှေးအကြိုင်တွေစိမ့်ဝင်သွားပြီဆိုမှ အဲ့ဒီအိုးထဲ ရေတစ်လီတာထည့်ကာ မီးပြင်းပြင်းနဲ့ရေခမ်းချိန်ထိပြုတ်ထားပါမယ်။

၃။ ရေခမ်းချိန်မှ ပြုတ်ထားတဲ့ အသားတွေကိုထုတ်ပြီး အသားမျှင်နည်းနည်းဖြဲကာ အအေးခံထားပါမယ်။ အမဲသားကို အသားတွေမမျှင်ဘဲ အတုံးလိုက်စားချင်ရင်တော့ ပြုတ်ပြီး မကြော်ခင် အနည်းငယ်ထောင်းပြီးမှ ကြော်ပါ။

ဆီကိုအိုးမကပ်တဲ့ ဒယ်အိုးထဲထည့်၊ ပူအောင်တည်ပြီး ခုနက အမဲသားမျှင်တွေကို ဆီထဲ ထည့်ကြော်ပါမယ်။

၄။ အမဲသားတွေ အပြင်ရောင်ညိုလာပြီးကြွပ်လာပြီဆိုတာနဲ့ အိုးထဲကနေ ထုတ်ပြီး အရသာရှိတဲ့ အမဲသားကြွပ်ကြော်မွမွလေးကို ဆီဆားနယ်ထားတဲ့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီရှင်

အစပ်ကြိုက်ရင် ငရုတ်သီးထည့်ကြော်လို့ရပြီး တခြားကြိုက်နှစ်သက်ရာ ပျဉ်တော်သိမ်ရွက်၊ ကြက်သွန်နီတို့ရဲ့ ရောကြော်လည်းရပါတယ်ရှင်

Crd

အလျူလုပ်ဖို့အတွက်ဖြစ်ဖြစ် မိသားစုအတွက်ဖြစ်ဖြစ်Save ကို Save ထားမှရမယ့် လူကြိုက်အများဆုံးမုန့်ပြုလုပ်နည်း( ၄) မျိုး(၁)သာက...
06/11/2023

အလျူလုပ်ဖို့အတွက်ဖြစ်ဖြစ် မိသားစုအတွက်ဖြစ်ဖြစ်
Save ကို Save ထားမှရမယ့် လူကြိုက်အများဆုံးမုန့်ပြုလုပ်နည်း( ၄) မျိုး

(၁)သာကူကျိုနည်း

သာကူစေ့ကိုအစေ့ပျောက်ရုံကျိုပြီးဇကာနဲ့ဆယ်ပါ
အပေါ်မှရေအေးထက်လောင်းချပြီးရေစစ်ထားပါ
ထန်းလျက်၅၀သါးကျို ရေသန့်၁လီတာ၄ဗူးထည့်ကျိုပါရှင်
ဆူပွက်လာရင်ဆားအနည်းငယ်ဖြူး အအေးခံ
သာကူစေ့ရော အုမ်းသီးခြစ်ပြီးစားပါရှင်
ကမ်စွန်းဥရောချင်ရင် ပြုတ်ပြီးရောထည့်လိုက်ပါရှင်

Credit May Moe Phyu
Crd photo
(၂)အလျူလုပ်မလား ဘုရားကပ်မလား
မကောင်းတာတွေမြုပ်ပြီး ကောင်းတာတွေအမြန်
ပေါ်စေတယ်ဆိုတဲ့ မြန်မာ့ရိုးရာမုန့်လုံးရေပေါ် လုပ်နည်း 👇🏻

ထန်းလျက်ကို အတုံးသေးလေးဖြစ်အောင်
ငရုတ်ဆုံနဲ့ ထောင်းထားပါ
အုန်းသီးခြစ်ထားပါ
ကောက်ညှင်းမုန့်၃ဆ
ဆန်မှုန့် ၁ဆ
ရေ ၂ဆ ထည့်ပြီး
နှံစပ်အောင်နယ်ပါ မုန့်သားရပြီဆို
အလုံးသေးလေးတွေလုံးပြီး အလယ်ကနေ
ထန်းလျက်တုံးလေးတွေထည့် အစာသွပ်ပါ
ပြီးရင် သေချာပြန်လုံးထားပါ
ရေနွေးဆူဆူထဲသို့ ထုံးရေကြည်အနည်းငယ်ထည့်ပြီး
မုန့်လုံးများ ထည့်ပြုတ်ပါ
ရေပေါ် ပေါ်လောလေးပေါ်လာရင်ရပါပြီ
ဇကာလေးနဲ့ဆယ်ပြီး အုန်းသီးဖြူးစားပါ ။

Credit Original photo
(၃)မုန့်ကြာစိကြိုက်သူများအတွက်...

မုန့်ကြာစိ (စေ့) ကလည်း သင်္ကြန် ရာသီစာပါ။ အချို့ ဒေသတွေက ပဲမုန့်လုံး ရေပေါ် လို့လည်းခေါ်ပါတယ် ။ သူကတော့ မုန့်လုံးလေးတွေ (ကြာစိအရွယ်) လေးတွေပြုတ် ၊ သီးသန့်ထန်းလျက်ရည် လောင်းစားရတာပါ။

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့်
ဆန်မှုန့် - အနည်းငယ်
ထန်းလျက်ဖြူ (သို့မဟုတ်) အညို
အုန်းသီးခြစ်
ဆား
ပြင်ဆင်ပြုလုပ်နည်း

မုန့်လုံးရေပေါ်လုပ်ရင် ကောက်ညှင်းချည်းပဲ သုံးလျှင် အရမ်းစေးပြီး တွဲကပ် နေတတ် ပါတယ်။ ဒါကြောင့် ဆန်ကြမ်းမှုန့် အနည်းငယ် ရောသုံး ပေးဖို့ လိုအပ်ပါတယ်။
ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ ဆား စတာတွေကို ရောပြီး ရေ ၁ဗူး (နို့ဆီဗူး) ခပ်နွေးနွေးကို အနည်းငယ်စီ ထည့်ပြီး သမသွားအောင် နယ်ပါ။ စေးထွေးထွေး မုန့်သားမှာ အနေတော်ပါ။
မိမိနှစ်သက်သလို အရွယ်လေးတွေလုံးပြီး လုံးသွားအောင် လုံးပြီး ရေနွေး ဆူဆူ (ရေများများ) မှာ ရေပေါ်သို့ ပေါ်လာသည် အထိ ပြုပ်ပါ။
ထန်းလျက်ကို သီးသန့် အရည်ကျိုထားပြီး စစ်ထားပါ။
အုန်းသီးကိုလည်း အမျှင်ပုံစံ ရအောင် ခြစ်ထားပါ။
ပေါ်လာသည့် မုန့်လုံးများ ဆယ်၍ ရေစစ်ပါ။ အုန်းသီးအမျှင်များ ဖြူးပြီး သုံးဆောင်ပါ ။

Crd(၄) ပေါင်မုန့်အုန်းနိုဆမ်းလေးလုပ်စားပါတယ်လို့စ်..

အုန်းနို့ကျောက်ကျောလေးကြို.. သာကူ အဖြူ/အနီလေး ပြုတ်.. ကောက်ညင်းလေးပေါင်း.. အုန်းနို့သကြားရည်လေးကြို့ အရသာပိုကောင်းအောင် နို့စိမ်းလေးနဲ့နဲ့ထဲ့..မုန့်လက်ဆောင်ဖတ်လေးကိုယ်တိုင်လုပ် ( မုန့်ညစ်ချတဲ့ဇကာအပေါက်ကြီးနေလို့ မလှမပ) နဲ့ ဒါပေမဲ့အရသာကတော့ ဂွတ်ရှယ်ပဲနော် စားပါအုံးရှင့်😊

C. R. D to owner

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Athin Ko publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager