
21/07/2025
ရာသီဥတုအခြေအနေ မိုးလေဝသသတိပေးချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ဝီပါ နှင့်စပ်လျဉ်း၍ မိုးရွာသွန်းမှုများပြားစေခြင်း မြစ်ရေများမှ စိုးရိမ်ရေအမှတ်များသို့ ကျော်လွန်သည့် အခြေအနေများတွင် ရှိခြင်းကြောင့် မြေနိမ့်ပိုင်းဒေသများသို့ ရေဝင်ရောက်ခြင်း ရေကြီးရေလျှံ အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့လေ့ကျင့်ထားရှိပါကြောင်း အသိပေးအကြောင်းကြားပါသည်