Saw-Narin

Saw-Narin Our Day

05/06/2024
05/06/2024
05/06/2024

အှ်ဆံင်းလာဆာ်

01/06/2024
22/05/2024

ဘယ်သူကိုမှအရှည်ကြီး
ရှင်းပြချင်စိတ်မရှိဘူး။
မမှန်ဘူးထင်ရင်ကင်းအောင်နေပါ။

ဘယ်သူကိုမှ အိန္ဒြေကျရလောက်ထိ
မပြတ်သားနိုင်စိတ်မရှိဘူး။
အပေါဆုံးလို့မြင်ခဲ့ရင် ကင်းအောင်နေပါ။

ဘယ်သူအပေါ်မှ မလို/ဝန်တို
ယုတ်မာစိတ်မရှိခဲ့ဘူး။
နစ်နာတယ်လို့ယူဆခဲ့ရင်
အတတ်နိုင်ဆုံး"ကင်းအောင်နေပေးပါ။

မလိုအပ်လို့လွှတ်ချခဲ့တဲ့လက်တွေပဲ။
လိုအပ်လာတဲ့အခါလည်းမေ့ထားပေးပါ။

စျေးမကောင်းလို့ပြန်လွှတ်ခဲ့တဲ့ငါးတွေပဲ။
ကြီးသွားတဲ့အခါလည်း ရှောင်တိမ်းပေးပါ။

 #ဖိနပ်ဘယ်လောက်အဖိုးတန်တန်ခေါင်းမှာပန်လို့တော့ မရဘူး။  #လူယုတ်မာဘယ်လောက်တော်တော်သူတော်ကောင်းဘွဲ့တော့ မရဘူး။  #မိဘဘယ်လောက...
22/05/2024

#ဖိနပ်
ဘယ်လောက်အဖိုးတန်တန်
ခေါင်းမှာပန်လို့တော့ မရဘူး။

#လူယုတ်မာ
ဘယ်လောက်တော်တော်
သူတော်ကောင်းဘွဲ့တော့ မရဘူး။

#မိဘ
ဘယ်လောက်ပဲ သားသမီးကိုချစ်ချစ်
မချစ်တတ်ရင် ချစ်ရာမရောက်ဘူး။

#သားသမီး
ဘယ်လောက်ပဲ မိဘကဆိုးဆိုး
မပြစ်မှားထိုက်ဘူး။

#ဆရာ
ဘယ်လောက်ပဲ ပညာတွေစုံစုံ
လမ်းမှားကို သင်ပေးနေရင်
တပည့်တွေ ဒုက္ခရောက်တယ်။

#တပည့်
ဘယ်လောက်ပဲ ဆရာဆိုးဆိုး
လမ်းမှန်ကိုညွှန်ပြရင် ချဉ်းကပ်သင့်တယ်။

#သူငယ်ချင်း
ဘယ်လောက်ပဲ ကိုယ့်အပေါ်ကောင်းကောင်း
လမ်းမှားကိုဆွဲခေါ်နေရင် မပေါင်းထိုက်ဘူး။

#မိသားစု
ဘယ်လောက်ပဲ သဘေားထားတွေ
ကွဲလွဲနေပါစေ သွေးတော့မကွဲသင့်ဘူး။

#ချစ်သူ
ဘယ်လောက်ပဲ ချစ်ချစ်
နာကျင်မှုတွေပေးနေရင် လမ်းခွဲသင့်တယ်။

#အိမ်ထောင်ရေး
ဘယ်လောက်ပဲ နားလည်မှုတွေပေးပေး
ဖောက်ပြန်တာကိုတော့ လက်မခံသင့်ဘူး။

#ပတ်ဝန်းကျင်
ဘယ်လောက်ပဲ ဝေဖန်ဖန်
ကိုယ်အနေမှန်ရင်
ဝေဖန်တာတွေ ရပ်သွားလိမ့်မယ်။

#စကား
ဘယ်လောက်ပဲ တတ်တတ်
လိုအပ်သလောက်ပဲ ပြောသင့်တယ်။

#နား
ကိုယ်အပြောထက်
သူပြောကို နားထောင်ပေးတာ
ပိုပြီးအကျိုးရှိတယ်။

#မ်က္စိ
ကိုယ်ဘာမြင်လိုက်သလဲဆိုတာက
ကိုယ်ဘယ်လို ကြည့်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။

#အကျင့်
ဘယ်လောက်ပဲ ရုပ်ဆိုးဆိုး
အကျင့်ကောင်းနေရင် လူချစ်တယ်။

#မာန
ဘယ်လောက်ပဲ ပညာတတ်တတ်
မာန်ရှိနေရင် ပညာရှိမဟုတ္ဘူး

#စေတနာ
ဘယ်လောက်ပဲ ပါပါ
ဉာဏ်ပညာမပါရင် မထိရောက်ဘူး။

#ဝီရိယ
ဘယ်လောက်ပဲ ကောင်းကောင်း
ဉာဏ်ပညာနဲ့မလုပ်ရင် မအောင်မြင်နိုင်ဘူး။

#ပိုက်ဆံ
မရှိခင် ချွေတာစုဆောင်းပြီး
ရှိလာတဲ့အခါ မျှဝေသုံးစွဲသင့်တယ်။

#အကောင်းမြင်စိတ်
မိမိစိတ်ကို ငြိမ်းချမ်းစေဖို့
လိုကို လိုအပ်တဲ့အရာဖြစ်တယ်။

#စာအုပ်စာပေ
စာပေအရသာကို ခံစားမိရင်
စာဖတ်ချိန်ဆိုတာ
အလိုလို ရလာပါလိမ့်မယ်။

(Credit) ခွန်တန်ကုဝေ

Address

Karen State
Rajshahi Division
13044

Telephone

+959683131515

Website

Alerts

Be the first to know and let us send you an email when Saw-Narin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Saw-Narin:

Share