
03/06/2025
ကျွန်တော်တို့အနေနဲ့ စျေးကွက်ထဲကို ဝင်ရောက်လာတာနဲ့အမျှ စျေးရောင်းတတ်ဖို့အပြင် စျေးရောင်းခြင်းနည်းလမ်းတွေကိုလည်း သိရှိဖို့လိုအပ်လာပါတယ်။🤔
ဒီနေ့မှာတော့ ကိုယ်ရောင်းချင်တဲ့ပစ္စည်းကို အရောင်းသွက်အောင် Decoy effect သုံးပြီး ဘယ်လိုလုပ်ဆောင်လို့ရတယ်ဆိုတာ ပြောပြပေးပါမယ်။✅
ကျွန်တော့်အနေနဲ့ " Popcorn " ကို ဥပမာထားပြီးပြောပြပေးသွားပါမယ်။သင့်အနေနဲ့ ရုပ်ရှင်ရုံတစ်ခုမှာဇာတ်ကားသွားကျိတယ်ဆိုပါစို့၊ ဇာတ်ကားကျိရင်းစားဖို့ "ပြောင်းဖူးပေါက်ပေါက် ( Popcorn ) " ဝယ်ရမယ်ဆိုရင် ပုံထဲက " Popcorn " စျေးနှုန်းတွေအတိုင်း....
▪️ Small 3$
▪️ Medium 5$
▪️ Large 6$
ဆိုပြီး အစားစားရှိပါတယ်။Small နဲ့ Medium ကိုနှိုင်းယှဥ်ခြင်းအားဖြင့် Medium က Small ထက် 2$ စျေးပိုသွားပြီး ပမာဏပိုများသွားပေမဲ့လည်း 2$ စျေးခုန်သွားတာက တစ်ချို့လူတွေအတွက်များတယ်လို့ ခံစားရနိုင်ပါတယ်။😮💨
Medium နဲ့ Large ရဲ့ ဈေးနှုန်းကွာခြားချက်က $1 လေးပဲရှိပေမဲ့ ပုံထဲမှာ Large Size က Medium Size ထက် သိသိသာသာ ပိုများတာကို မြင်ရပါတယ်။☃️
ဒါကြောင့် သင့်အနေနဲ့ Small ကိုပဲ ဝယ်ရမလား၊ပိုများတဲ့ Medium ဒါမှမဟုတ် Large ကို ရွေးမလား စဉ်းစားတဲ့အခါ Medium ကို Decoy effect အဖြစ် ထားရှိ ထားတာကြောင့် Large က သိသိသာသာ ပိုပြီး စျေးပိုတန်စေတယ်လို့ ထင်ရစေနိုင်ပါတယ်။🤗
အဲ့တာကြောင့် Decoy effect အနေနဲ့ Medium ကိုထားခဲ့တာကြောင့် Large Size က ပိုတန်တယ်လို့ထင်လာရပြီး ဝယ်ယူသူအများစုဟာ Large Size ကို ဝယ်ဖို့ ဆုံးဖြတ်ချက်ချလေ့ ရှိကြပါတယ်။သင့်အနေနဲ့လည်း " ဝယ်မယ် " " မဝယ်ဖူး " ဆိုတဲ့ ဆုံးဖြတ်ချက် " နှစ်ခု " အစား ရွေးချယ်ဖို့ " သုံးခု " ရှိတာကြောင့် ဝယ်ယူနိုင်ခြေ ပိုများပါမယ်။🎉
ဒါကြောင့် Decoy Effect ဟာ စျေးကြီးပြီး အမြတ်ပိုရနိုင်တဲ့ အရာတွေကို ဝယ်ယူသူတွေ ရွေးချယ်စရာဖြစ်အောင်လုပ်ပီး ဝယ်ယူအောင် လှုံ့ဆော်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။✨
လူကြီးမင်းတို့အနေနဲ့လည်း decoy effect ကိုဘယ်လိုပစ္စည်းအမျိုးအစားတွေမှာ အသုံးပြုလို့ကောင်းတယ်ဆိုတာ comment မှာ ဝင်ရောက်ဆွေးနွေးသွားပါဦးနော်။✨