Hey Guys I will send sounds to your ears

05/12/2023

"Life is about learning from mistakes"

ဘဝဆိုတာ အမှားတွေဆီက သင်ယူဖို့ပါ ။

Like and follow လုပ်ပေးပါဦးနော် 😚

လိပ်ဖြူလေးနှင့်သစ်သီးပုံပြင်တစ်ခါတုန်းက အလွန်သာယာတဲ့ ရေကန်ကြီး တစ်ကန် ရှိသတဲ့။ အဲဒီရေကန်ကြီးထဲမှာ လိပ်ဖြူလေး တစ်ကောင် နေ...
04/12/2023

လိပ်ဖြူလေးနှင့်သစ်သီးပုံပြင်

တစ်ခါတုန်းက အလွန်သာယာတဲ့ ရေကန်ကြီး တစ်ကန် ရှိသတဲ့။ အဲဒီရေကန်ကြီးထဲမှာ လိပ်ဖြူလေး တစ်ကောင် နေထိုင်ပြီး လိပ်ဖြူလေးဟာ ရေကန်ကြီးရဲ့ ဘေးရှိသစ်ပင်ကြီးမှာနေထိုင်တဲ့ ဆက်ရက်လေးနဲ့ မိတ်ဆွေ ဖွဲ့ပြီး နေကြသတဲ့။ ဆက်ရက်လေးက သစ်ပင်ပေါ်က သစ်သီးတစ်လုံးကို နေ့စဉ် ခြွေချပြီး လိပ်ဖြူလေးစားဖို့ အတွက် လက်ဆောင်ပေးသတဲ့ကွယ်။

လိပ်ဖြူလေးလည်း ဆက်ရက်လေးခြွေချပေးတဲ့ ချိုမြတဲ့ သစ်သီးကို စားပြီး ပျော်ရွှင်စွာနေလေတယ်။ ထို လိပ်ဖြူလေးနဲ့ သစ်သီးသတင်းကို ကြားသိသွားတဲ့ လိပ် လေးတစ်ကောင်ဟာ လိပ်ဖြူလေးထံသွားရောက်ပြီး သစ်သီးရဲ့ အရသာကို သိချင်လို့ မေးမြန်းတာပေါ့ကွယ်။

“အသင်လိပ်ဖြူလေး ဒီသစ်ပင်ကြီးက သစ်သီးတွေ ကို စားသုံးတဲ့အခါ အဘယ်သို့သော အရသာရှိပါသလဲ" လိပ်လေးရဲ့အမေးစကားကို ကြားတော့ လိပ်ဖြူလေးက-

"ငါနေ့စဉ်စားသုံးနေတဲ့သစ်သီးဟာ ချိုမြတဲ့အရသာ ရှိတယ်လို့ အမှန်အတိုင်းပြောလိုက်ရင် လိပ်လေးဟာ ငါ့ မိတ်ဆွေဆက်ရက်ကို မိတ်ဖွဲ့ပြီး သစ်သီးကို စားသုံးမှာ မလွဲဘူး။ ငါ စားနေတဲ့သစ်သီးတွေ ကုန်သွားရင်တော့ အခက်ပဲ" လို့ တွေးပြီး လိပ်လေးကို ပြောလိုက်သတဲ့။

“အသင်လိပ်လေး၊ ကျွန်ုပ်စားသုံးတဲ့ သစ်သီးဟာ အလွန်တရာ ခါးလွန်း၍ မစားသုံးတော့ပါ။ ကျွန်ုပ် အခြား အရပ်သို့သွားပြီး အစာရှာဖွေစားဖို့ ကြံရွယ်နေခြင်းဖြစ် ပါတယ်"

လိပ်ဖြူလေးရဲ့စကားကိုကြားပြီးလိပ်လေးကမယုံကြည်နိုင်အောင်ဖြစ်သွားကာ-

"အသင်လိပ်ဖြူလေး၊ အသင့်စကားကို ကြားသိရ ၍ ကျွန်ုပ်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒါကြောင့် အခြားအရပ်မှာ သွားရောက်ပြီး အစာရှာဖွေစားသောက် ပါတော့မယ်" ဟု ပြောကာ ထွက်သွားပါတော့တယ်။ လိပ်ဖြူလေးကတော့ သူ့ရဲ့အကြံအတိုင်း လိပ်လေး ထွက်သွားတာကို ကြည့်ပြီး ဝမ်းသာသွားသတဲ့။

သို့သော်အဲဒီသတင်းကို ကြားသိသွားတဲ့ ဇီးကွက်ကြီးက-

“အသင်လိပ်ဖြူလေး၊ သင်ဟာ ဘာကြောင့် လိပ် လေးကို အမှန်စကားမဆိုဘဲ လိမ်လည်လိုက်ရတာလဲ။ သူ့ကို သင် စားသုံးနေတဲ့ သစ်သီး ကျွေးမွေးသင့်တယ် မဟုတ်ပါလား" လို့ ပြောလိုက်တဲ့အခါ လိပ်ဖြူလေးက စိတ်ဆိုးသွားတာပေါ့ကွယ်။

“အသင်ဇီးကွက်၊ လိပ်လေးဟာ ကျွန်ုပ် စားသုံးနေ တဲ့ သစ်သီးကို စားသုံးလိုခြင်း ဖြစ်တယ်။ ကျွန်ုပ် မကျွေး နိုင်၍ ငြင်းပယ်စကားဆိုခြင်း ဖြစ်ပါတယ်" လို့ ပြောလိုက် သတဲ့ကွယ်။

လိပ်လေးကတော့ အစာရှာဖွေစားသောက်ရင်း ရေကန်တစ်ခုကို ရောက်ရှိသွားသတဲ့။ အဲဒီရေကန်ထဲမှာ နေထိုင်တဲ့ ငါးကြီးတစ်ကောင်ဟာ လိပ်လေးရဲ့ ဖြူစင် ရိုးသားတဲ့ စိတ်ထားကို သိရှိပြီး စားသောက်ဖို့အတွက် အကူအညီပေးတာပေါ့ကွယ်။

“အသင်လိပ်လေး အားမငယ်ပါနဲ့။ သင်စားသောက် ဖို့ အသီးအရွက်ရှိတဲ့နေရာကို ကျွန်ုပ် ပြပေးပါ့မယ်”

ငါးကြီးရဲ့ လမ်းပြပေးမှုကြောင့် လိပ်လေးဟာ အသီး အရွက်တွေကို စားနေရသတဲ့။ လိပ်ဖြူလေးကတော့ သူ့မိတ်ဆွေဆက်ရက်လေးခြွေချပေးတဲ့ ချိုမြတဲ့သစ်သီး ကို စားနေရလို့ ပျော်ရွှင်နေတာပေါ့ကွယ်။ တစ်နေ့မှာတော့ ဆက်ရက်လေးဟာ သူနေထိုင်တဲ့ သစ်ပင်ကြီးရဲ့အသီးတွေ မကြာခင်ကုန်တော့မှာကိုသိပြီး လိပ်ဖြူလေးကို သတိပေး စကား ဆိုလေတယ်။

“မိတ်ဆွေလိပ်ဖြူလေး စားဖို့အတွက် ကျွန်ုပ် လက်ဆောင်ပေးနေတဲ့ သစ်သီးတွေ ကုန်တော့မှာဖြစ် တယ်။ ဒါ့ကြောင့် သင် အခြားအသီးအနှံတွေကို ရှာဖွေ စားသောက်ဖို့ ပြင်ဆင်ထားပါ"လို့ ဆက်ရက်လေးရဲ့ သတိပေးစကားကို ကြားတာ့ လိပ်ဖြူလေးဟာ မယုံနိုင် အောင်ဖြစ်သွားပြီး-

“မိတ်ဆွေဆက်ရက်၊ အဘယ်ကြောင့် သစ်ပင်ကြီး မှာ သစ်သီးတွေရှိပါလျက်နဲ့ ကုန်သွားတော့မယ်လို့ပြောဆိုတာပါလဲ။ သင် ကျွန်ုပ်ကို သစ်သီးလက်ဆောင် မပေးချင်တော့၍ ပြောဆိုခြင်း မဟုတ်ပါလား” လို့ လိပ်ဖြူလေးက ပြန်ပြီးပြောလိုက်လေတယ်။ ထိုစကား ကို ကြားပြီး ဆက်ရက်လေးလည်း စိတ်မကောင်းဖြစ် သွားတာပေါ့။

“မိတ်ဆွေ လိပ်ဖြူလေး၊ ကျွန်ုပ်ရဲ့စေတနာစကား ကို သင် မယုံကြည်ဘဲ ဖြစ်နေပါလား။ သစ်ပင်ဆိုတာ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရမည်မို့ မကြာမီ သစ်သီး များကြွေကျတော့မှာကို ကျွန်ုပ်သိ၍ ကြိုတင်ပြောဆို ခြင်းသာ ဖြစ်ပါတယ်" လို့ ပြောဆိုကာ အခြားအရပ်သို့ ထွက်ခွာသွားတော့တာပေါ့ကွယ်။ လိပ်ဖြူလေးလည်း သူ့မိတ်ဆွေ ဆက်ရက်လေး မရှိတော့တဲ့အတွက် သစ်သီး တွေ ရှာဖွေစားပေမဲ့လည်း ချိုမြတဲ့အရသာမရှိဘဲ ဖြစ်နေ သတဲ့။လိပ်ဖြူလေးရဲ့အဖြစ်ကိုသိရှိသွားတဲ့ဇီးကွက်က-

“လိပ်ဖြူလေး သင်ဟာ မိတ်ဆွေစစ်အပေါ်ကျေးဇူး ကန်းခြင်း ဖြစ်တယ်၊ သင်မိတ်ဆွေဆက်ရက်လေးပြော သလို မကြာခင် သစ်သီးတွေ ကြွေကျကုန်မှာ သေချာ တယ်”လို့ပြောလေတယ်။ အဲဒီစကားကို လိပ်ဖြူလေးက မယုံကြည် ဘဲ သစ်ပင်ကြီးပေါ်ကကြွေကျလာတဲ့အသီး တွေကို ဝမ်းသာအားရစားတာပေါ့ကွယ်။ဒါပေမဲ့ သစ်သီး တွေဟာ အမှည့်လွန်ပြီး ခါးလွန်းလို့ လိပ်ဖြူလေးဟာ မစားနိုင်ဘဲ ဖြစ်နေသတဲ့။

နောက်ဆုံးမှာ လိပ်ဖြူလေးဟာ အစာရှာဖွေ ရင်း ရေကန်ကြီးတစ်ခုကို တွေ့ရှိသွားသတဲ့ကွယ်။ ဒါပေမဲ့ လိပ်ဖြူလေးဟာ ရေကန်ထဲမှာ ဘယ်လိုပဲရှာရှာ၊ အစာ ရှာဖွေလို့မရဘဲ ဖြစ်နေသတဲ့။ အဲဒီအချိန်မှာ ရေကန်ထဲမှာ နေထိုင်တဲ့ စိတ်ထားဖြူစင်တဲ့ လိပ်လေးက ဒုက္ခရောက်နေ တဲ့ လိပ်ဖြူလေးကို-

“အသင်လိပ်ဖြူလေး စားသောက်ဖို့အတွက် စိတ် မပူပါနဲ့။ ကျွန်ုပ် သင် စားဖို့ အသီးအရွက်တွေကို ပြပေး ပါ့မယ်။ ဝလင်အောင် စားပါ" လို့ပြောသတဲ့။ လိပ်လေးရဲ့ ကြင်နာတဲ့စကားကိုကြားတော့ လိပ်ဖြူလေးလည်း လိပ်လေးအပေါ် ပြုမူပြောဆိုခဲ့တဲ့အဖြစ်ကို ပြန်တွေးမိပြီး ရှက်သွားတာပေါ့။

“အသင်လိပ်လေး၊ ကျွန်ုပ်က သင့်လိုမျိုး စိတ်ထား ဖြူစင်မှုမရှိဘဲ ပြောဆိုခဲ့ခြင်းကို ခွင့်လွှတ်ပါ။ အသင် ကဲ့သို့ စိတ်ထားဖြူစင်မှုကို ကျွန်ုပ် အမြဲနှလုံးသွင်းပြီး နေထိုင်သွားပါတော့မယ်” ဟု လိပ်လေးကို ပြောဆိုကာ အခြားအရပ်သို့ ထွက်ခွာသွားတော့သတဲ့ကွယ်။ ။

#စာပေ #ခရက်ဒစ် #ရွှေသွေးဂျာနယ် #ပုံပြင်များ

04/12/2023

"If a guy really love you"

ယောကျာ်လေးတစ်ယောက်က သင့်ကို တစ်ကယ် ချစ်မိပြီဆိုရင်

"Various Employees"ဝန်ထမ်း အမျိုးမျိုး ရှိပါတယ်။၁။ လစာ တိုးပေးတဲ့အခါမှ လုပ်ပြတယ်။လစာမတိုးရင် ပညာပြတယ်။လိုချင်တာရမှ လုပ်တ...
02/12/2023

"Various Employees"
ဝန်ထမ်း အမျိုးမျိုး ရှိပါတယ်။

၁။ လစာ တိုးပေးတဲ့အခါမှ လုပ်ပြတယ်။
လစာမတိုးရင် ပညာပြတယ်။
လိုချင်တာရမှ လုပ်တတ်တယ်။
အခွင့်အရေးသမား ဝန်ထမ်း။

၂။ အလုပ်ရှင် ရှေ့မှာ ကြိုးစားပြတယ်။
မမြင်သာတဲ့ အချိန်မှာ ဘာမှ မလုပ်တာ၊
ရှေ့တစ်မျိုး နောက်တစ်မျိုး
ဟန်ပြ သရုပ်ဆောင် တတ်တာ
လူပါးဝ ဝန်ထမ်း။

၃။ လစာလည်း တိုးမတောင်းဘူး။
အလုပ်လည်း မကြိုးစားဘူး။
ဘာမှလည်း မပြောဘူး။
ငပျင်း ဝန်ထမ်း။

၄။ သူများ ကြိုးစားနေတာကိုလည်း မနာလိုဘူး။
ကိုယ်ကိုယ်တိုင်းလည်း မလုပ်နိုင်ဘူး။
ဟိုလူကို အတင်းပြော ၊ ဒီလူကို အတင်းပြော၊
ကြားကနေ ရန်တိုက်ပေးနေတာ၊
ကလိမ်ကကျစ် ဝန်ထမ်း။

၅။ အလုပ်ရှင် အားနည်းချက်ကို
အမြဲချောင်းနေတတ်ပြီး၊
အခွင့်အရေး ပေါ်တာနဲ့ တစ်ခုမကျန်
ကိုယ့်ဘက်ကိုပဲ အမြဲယက်၊
ငါ အဆင်ပြေဖို့ အဓိက၊
မင်း ဘာပဲဖြစ်ဖြစ်၊ ငါ မရှိရင်၊
မင်း ဒုက္ခရောက်မယ်၊ အမြဲ ကြံနေတတ်တဲ့
လူယုတ်မာ ဝန်ထမ်း။

၆။ အခြေခံကနေ အလုပ်ဝင်လာတယ်၊
တတ်သွားတဲ့အခါ ဆရာ အထာ ကိုင်တယ်။
အခွင့်အရေးတောင်းတယ်၊
မပေးနိုင်ရင် ရန်လုပ်ပြီး အလုပ် ထွက်တယ်။ ငယ်မွေးခြံပေါက်
ကျေးဇူးကန်း ဝန်ထမ်း။

၇။ တစ်ခြား အလုပ်က
ဒီအလုပ်ထက် ပိုကောင်းတယ်။
ဟိုဘက်က အခွင့်အရေး ပိုရတယ်။
လစာပိုကောင်းတယ် ဆိုပြီး၊
ခနဲ့ သလိုလို၊ ရွဲ့ သလိုလို
အလုပ် ပြောင်းခွင့်တောင်းတယ်။
ဟိုဘက်က အဆင်မပြေလာတဲ့အခါ
မျက်နှာငယ်လေးနဲ့
အလုပ် ပြန်ခန့်ခွင့်တောင်းတာ
အရှက်မရှိတဲ့ ဝန်ထမ်း။

၈။ ဆရာကို ဖားတယ်၊ အောက်ကို ဖိတယ်။
ကိုယ်တိုင်း ကလည်း၊ ဆရာ ခိုင်းရင်
ဘာပဲလုပ်ရလုပ်ရ ကျန်တဲ့ကောင်တွေကို
ဂရုမစိုက်တတ်တာ
ဖိနပ်တိုက် ဖားဝန်ထမ်း။

၉။ ခိုင်းစရာမလို၊ အလိုက်သိတယ်။
သာသည်နာသည် မတွက်။
အလုပ်မှန်သမျှ မိမိနဲ့ဆိုင်သည်ဟု
အကုန် လုပ်တတ်တာ
လိမ္မာတဲ့ ဝန်ထမ်း။

၁၀။ စေတနာပါတယ်။ ကြိုးစားတယ်။
အပြန်အလှန် လေးစားမှု နားလည်တယ်။
လေ့လာသင်ယူမှု အသစ်ကို အမြဲရှာတယ်။
အလိုက်သိတယ်။ မှတ်ဥာဏ် ကောင်းတယ်။
မာန မရှိဘူး။ ကိုယ်ချင်းစာတရား ရှိတယ်။
အနာဂတ် အတွက် တော်တဲ့
ခေါင်းဆောင်ကောင်း ဝန်ထမ်း။

#ခရက်ဒစ် #စာပေ

01/12/2023

"ဘဝမှာ ပြီးပြည့်စုံသူဟာ ရောင့်ရဲနိုင်တဲ့သူပါပဲ"

#စာပေ

ပုံ လေး တွေ နှိပ် ပြီး ဖတ်ပါနှစ် သက် တယ် မျှဝေလိုက်ပါLike & follow လုပ်ထားပေးနော် ✌ #စာပေ            ゚viralシ
25/11/2023

ပုံ လေး တွေ နှိပ် ပြီး ဖတ်ပါ
နှစ် သက် တယ် မျှဝေလိုက်ပါ
Like & follow လုပ်ထားပေးနော် ✌

#စာပေ ゚viralシ

"ခံယူချက်တွေ ဘာကြောင့်အရေးကြီးတာလဲ"      ခံယူချက်တွေ လူအများစုမှာ ရှိကြပါတယ်။ တချို့က ငါဘယ်လိုလူဖြစ်ရမယ်၊ ဘယ်လိုတန်ဖိုးတ...
25/11/2023

"ခံယူချက်တွေ ဘာကြောင့်အရေးကြီးတာလဲ"

ခံယူချက်တွေ လူအများစုမှာ ရှိကြပါတယ်။ တချို့က ငါဘယ်လိုလူဖြစ်ရမယ်၊ ဘယ်လိုတန်ဖိုးတွေနဲ့ နေမယ်၊ အစွမ်းကုန်ရိုးသားမယ်၊ ငွေက ငါ့အတွက်အရာရာပဲ၊ ငါ့အကျိုးပဲ ငါကြည့်မယ် စတဲ့ ခံယူချက်အမြင်တွေနဲ့ ဘဝမှာ နေကြတယ်။

မှားယွင်းတဲ့ ခံယူချက်တွေနဲ့ မှန်ကန်ပြီး သင့်တော်တဲ့ခံယူချက်တွေကြောင့် လူတွေမှာ ဘဝတွေအမျိုးမျိုးကွာခြားသွားတယ်။ တချို့က သူတို့ရဲ့ အတွေးအမြင်အပေါ် မူတည်ပြီး တန်ဖိုးတွေကို သတ်မှတ်ကြတယ်။တချို့ကတော့ သူတို့သက်တမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရတာတွေအပေါ် မူတည်ပြီး ရွေးချယ်ကြတယ်။ တချို့က သင်ကြားလေ့လာရမှုအပေါ် အမှီပြုပြီး ဘာကိုအမှန်တရားအဖြစ်ကျင့်သုံးရမလဲဆိုတာကို ကြည့်ပြီးရွေးကြတယ်။ကိုယ့်အတွက် လမ်းညွှန်အဖြစ် ကိုယ်နှစ်သက်ရာကို ကိုယ့်အပေါ်လွှမ်းမိုးသူတွေရဲ့ အမြင်တွေအရ ဆုံးဖြတ်ကြတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ ခံယူချက်တွေ မရှိလို့တော့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေက
ခိုင်မာရင် ခိုင်မာသလောက် ကိုယ့်ကို လမ်းမှားမရောက်အောင် တည့်မတ်ပေးနိုင်လို့ပါပဲ။ဒါပေမယ့် မှန်ကန်တဲ့
အရာတွေကိုသာ ရွေးချယ်ဖို့ကြိုးစားသင့်တယ်။

ရိုးသားမှု၊ ကူညီတက်မှု၊ အသိပညာကြီးမားမှုတွေဟာ တန်ဖိုးကြီးတာ အားလုံးသိကြပေမယ့် ကျွန်တော်တို့
ဘာလို့ မှားယွင်းစွာ အသက်မွေးမှုတွေကို လုပ်နေမိကြတာလဲ။ စည်းကမ်းရှိခြင်းဟာ လူကိုအကျိုးပေးတာ သိပေမယ့် ဘာလို့ ဖြစ်ကတက်စမ်း ရည်ရွယ်ချက်မရှိ၊
ဖရိုဖရဲ နေတက်ကြတာလဲ။ ကြင်နာသနားခြင်းဟာ တခြားသူတွေကို ပျော်ရွှင်စေရုံသာမက ကိုယ့်ကိုပါ
ကြည်နူးစေတယ်ဆိုတာသိပေမယ့် ဘာကြောင့်များ
ကိုယ့်ပတ်ဝန်းကျင်က အကူအညီလိုအပ်နေသူတွေကို ကိုယ်တက်နိုင်သလောက် ကူညီဖို့ မေ့လျော့နေတက်ကြတာလဲ။

မှားယွင်းတဲ့ အမြင်တွေနဲ့ နေထိုင်ခြင်း ဒါမှမဟုတ်
ကိုယ်မက်မောလောက်တဲ့ အပေါ်ယံသာယာမှုတွေနဲ့ ဆွဲဆောင်ခံရတဲ့အခါ အထက်ကပြောတဲ့ ခံယူချက်ကောင်းတွေကို ဆက်လက်ကိုင်စွဲမရှိရခြင်းရဲ့ အ​ကြောင်းအရင်းတွေက ဘာတွေလဲ။ ဒီအချက်ကို ကျွန်တော်တို့ အသေအချာစဥ်းစားရပါမယ်။

ဘာကြောင့်လဲဆိုတာတွေများစွာထဲက အကြောင်းအရင်းတစ်ခုက ကိုယ့်ကိုယ်ကိုယ် ရိုးသားလွန်းသူ၊ ပညာပြည့်ဝသူ၊ ကိုယ်ကျင့်သီလကောင်းသူလို့ သတ်မှတ်ထားတယ်ဆိုတာဟာ အချိန်တစ်ခုမှာ ယိုင်လဲပြီး စိတ်ခံစားချက်အလျောက်အမှားမှားအယွင်းယွင်းတွေ လုပ်မိနိုင်ချေများလို့ပါပဲ။

Friedrich Nietzsche က လူဟာ သူဘဝအပေါ်အခြေခံပြီးတော့ ဖြစ်ဖြစ် အသိပညာအပေါ် အခြေခံပြီးတော့ပဲ ဖြစ်ဖြစ် သတ်မှတ်လိုက်တဲ့ခံယူချက်တွေထက် ပိုပြီးကြီးမြတ်သင့်တယ်လို့ဆိုတယ်။ ဒီအချက်ကို ဆရာမင်းခက်ရဲရဲ့ နိရှေးစာအုပ်မှာ ဖော်ပြထားတယ်။

ဒီလို ရှင်သန်ကြီးပြင်းလာတဲ့အတွေ့အကြုံတွေအပေါ်၊ အသိပညာအပေါ် အမှီပြုပြီး ခံယူချက်တွေကို မသတ်မှတ်နဲ့ဆိုတဲ့ သူ့အမြင်က ကျွန်တော်တို့လိုသာမန်လူတွေအတွက် ​လက်လှမ်းမမှီဘူးဆိုရင်တောင် ကိုယ့်ခံယူချက်တွေနဲ့ ပတ်သတ်လို့ အလေးအနက်ထားသင့်တာ၊
စူးစူးစိုက်စိုက်လေ့လာသင့်တာတော့ အမှန်ပါပဲ။

မှန်ကန်တဲ့ခံယူချက်တွေရှိဖို့က လွယ်တယ်။ ဘာဟာ ငါ့ဘဝရဲ့ တန်ဖိုးဆိုပြီး ကောက်ထားလိုက်လို့ရတယ်။ ဒါပေမယ့် ခက်တာက ဘယ်အချိန်ပဲ ဖြစ်ဖြစ်၊ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် မပြောင်းလဲဖို့ပဲ။ နောက်အရေးကြီးတာက ကိုယ့်အတွေ့အကြုံအပေါ် မူတည်ပြီး ခံယူချက်ချမှတ်မယ့်အချိန်မှာ စိတ်ခံချက်တွေအလျောက် ၊ ဒေါသတွေ၊ မုန်းတီးမှုတွေအလျောက်
သတ်မှတ်မိရင် တစ်သက်လုံး ကိုယ်လုပ်တဲ့အလုပ်တွေဟာ အမှားတွေဖြစ်သွားနိုင်တယ်။နောင်တရစရာတွေ ဖြစ်တက်တယ်။

"ကောင်းကောင်းနေချင်ရင် ကောင်းကောင်းနေ၊ ကောင်းကောင်းမနေချင်ရင် ကောင်းကောင်းမနေနဲ့ "ဆိုတဲ့စကားရှိတယ်။ ကောင်းတဲ့ဘဝကို လိုချင်ရင်ကောင်းအောင်ကြိုးစားပြီးနေရမယ်။ မကောင်းတဲ့ဘဝကို ရချင်ရင်တော့ မကောင်းတာတွေလုပ်ပေါ့ တစ်နည်းဆိုရရင် ကောင်းကောင်းမနေနဲ့ပေါ့။

ဒီမှာ ဖြည့်စွက်စရာရှိတာက ကောင်းကောင်းနေဖို့အထိန်းအကွပ်ဟာ စံတွေပဲ။ စံတွေကို သင်ကြားမှုတွေအရ သတ်မှတ်တာဟာ သိပ်မခိုင်မာဘူး။ လူတစ်ယောက်ဟာ မီးဆိုတာ ပူတယ်လို့ကြားဖူးလို့မီးကိုရှောင်တာထက် ကိုယ်တိုင်မီးကို ကိုင်မိဖူးလို့ မီးကိုရှောင်တာက ပိုစွဲမြဲတယ်။

ဆိုလိုတာက အတွေ့အကြုံတွေကြောင့်ရတဲ့ သင်ခန်းစာတွေက ပိုပြီးဘဝအတွက် ခိုင်မာတယ်။အထက်မှာဆိုသလို အရေးကြီးတာက အဲ့လို သင်စားယူချိန်မှာ သတ်မှတ်လိုက်တဲ့ တန်ဖိုးတွေကို ရင့်ကျက်စွာ
ရွေးချယ်နိုင်ပဲ။ အသိဥာဏ်ရှိစွာ ဆုံးဖြတ်နိုင်ဖို့ပါပဲ။ ဒါမှသာ မှန်ကန်တဲ့ အမြင်တွေနဲ့ ရှင်သန်နိုင်မယ်။ ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်အောင် သင်ယူရာလည်းရောက်မှာ ဖြစ်ပါတယ်။
Credit to Owner

 #တစ်နေ့နေ့ပေါ့ကွယ် ☹
25/11/2023

#တစ်နေ့နေ့ပေါ့ကွယ် ☹

တစ်ခါတုန်းက ခဏခဏ စကားများတတ်ကြတဲ့ လင်မယားနှစ်ယောက် ရှိတယ်။ဒါပေမယ့် စကားများတဲ့ အခေါက်တိုင်း ယောက်ျားဖြစ်သူက အလျှော့ပေးတတ...
25/11/2023

တစ်ခါတုန်းက ခဏခဏ စကားများတတ်ကြတဲ့
လင်မယားနှစ်ယောက် ရှိတယ်။
ဒါပေမယ့် စကားများတဲ့ အခေါက်တိုင်း
ယောက်ျားဖြစ်သူက အလျှော့ပေးတတ် တယ်။

တစ်ခါမှာတာ့ အမျိုးသမီးက သူ့ယောက်ျားကို
ထူးဆန်းလို့ မေးလာမိတယ်။

"ယောင်္ကျားရေ.. ရန်ဖြစ်တိုင်း ရှင်ဘာလို့
ကျွန်မကို အလျှော့ပေးတာလဲ။
တစ်ခါတစ်လေကျ ကျွန်မဘက်က မှားတာလည်းရှိတယ်လေ"

သူ့ယောင်္ကျားဒီလို ပြန်ဖြေတယ်။
"မင်းက ကိုယ့်မိန်းမ လေကွာ
ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြုံလို့
ဒီဘ၀မှာ လင်မယားလာဖြစ်ကြတာ။
ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။
စကားနိုင်ပေမယ့် ချစ်ခြင်းမေတ္တာရှုံးသွားမှာလေ။
ဒီဟာတော့ ကိုယ် အရှုံးမခံနိုင်ဘူး။
တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက်။
တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက်။
တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို
သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး။

တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး
ပြောမထွက်ရက်လို့ပေါ့။
တစ်ယောက်ယောက်တော့ အရှုံးပေးမှ
နှစ်ယောက်လုံး ပျော်ရွှင်နိုင်မှာလေ။
စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်။

ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး" .. တဲ့။

မူရင်းရေးသားသူအားလေးစားလျှက်

်လေးမို့ Like and Follow လုပ်ပေးခဲ့ကြဦးနော် 😍

#စာပေ ゚viralシ

စိတ်ကုန်တာက ဘယ်လိုအခြေအနေမှာ ဖြစ်လဲသိလား အားကိုးတကြီး မျှော်လင့်ထားတာတွေမဖြစ်လာတဲ့အခါမျိုး ၊ပေးထားတဲ့ ကတိတွေ မတည်တော့တဲ့...
25/11/2023

စိတ်ကုန်တာက
ဘယ်လိုအခြေအနေမှာ ဖြစ်လဲသိလား
အားကိုးတကြီး မျှော်လင့်ထားတာတွေ
မဖြစ်လာတဲ့အခါမျိုး ၊

ပေးထားတဲ့ ကတိတွေ မတည်တော့တဲ့
အခါမျိုးမှာ ​အဖြစ်များပါတယ်
ကိုယ့်ကိုအလေး မထားဘူးလို့
ထင်မိရာကနေ စတယ်လို့လည်း ပြောလို့ရတယ်

ကိုယ့်ကိုအလေးမထားဘူးလို့
အတွေးတွေများလာခဲ့ရင်
ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် စိတ်ကုန်သွားတတ်ပါတယ်

စိတ်ကုန်သွားတဲ့အခါမှာ
အမှတ်တရတွေကလည်း
မတားဆီးနိုင်တော့သလို

သံယောဇဥ်လည်း မကယ်နိုင်တော့ဘူး
နောက်ဆုံး တစ်လမ်းပဲရှိတယ်
အဲ့တာက ဝေးဖို့ပဲ။


ုဂံမြေစာပေချစ်သူ ゚viralシ ้างรายได้ #စာပေ #ဘဝ #ဗဟုသုတ #စာအုပ်

အသက်အရွယ်ရလာချိန်မှာလုပ်ယူလို့ရတဲ့ဆက်ဆံရေးတစ်ချို့ကိုမလိုအပ်တော့ဘူး။ ကိုယ်နဲ့အဆင်ပြေစေမယ့်ဆက်ဆံရေးတစ်ချို့ကိုပဲပိုမက်မော...
25/11/2023

အသက်အရွယ်ရလာချိန်မှာ
လုပ်ယူလို့ရတဲ့ဆက်ဆံရေးတစ်ချို့ကို
မလိုအပ်တော့ဘူး။

ကိုယ်နဲ့အဆင်ပြေစေမယ့်ဆက်ဆံရေးတစ်ချို့ကိုပဲ
ပိုမက်မောလာတယ်။

တိတ်တဆိတ်အေးချမ်းခြင်းကိုပဲ
ပိုနှစ်သတ်လာတယ်။

လူတစ်ချို့ရဲ့အပစ်အနာဆာထက်
ကိုယ့်ဒဏ်ရာကိုယ်ပဲကိုကြည့်တတ်လာတယ်။
နာကျင်စေတဲ့အရာမှန်သမျှလက်ကာ
ချတတ်လာတယ်။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ချို့ကိုပဲ
ကမ်းဖြစ်ပါတော့တယ်။

ကိုယ်ပျော်စေတဲ့အရာလေးတွေပိုလုပ်ဖြစ်တယ်

လူတွေအများကြီးရှိပြီးမပျော်ရွှင်ရတာထက်
တစ်ယောက်တည်းလည်း အေးချမ်းပါတယ်။

တစ်ခါတလေ ကိုယ့်ကိုဂရုမစိုက်သူတွေထက်စာရင်
တစ်ယောက်တည်း ရှင်သန်ရတာ
ပိုနေပျော်ပါတယ်။

゚viralシ ้างรายได้ ゚ #ဗဟုသုတ #ပညာဒါန #စာပေ #စာအုပ် #စာသား #စာ

 #ဒီလူ ၁၀ ယောက်ထဲ မပါစေနဲ့  **************************** ၁။ ကောင်းကွက်တွေရှိနေပါလျှက် နဲ့ ၊   မကောင်းကွက်ကိုမှရွေးပြီး က...
25/11/2023

#ဒီလူ ၁၀ ယောက်ထဲ မပါစေနဲ့ ****************************

၁။ ကောင်းကွက်တွေရှိနေပါလျှက် နဲ့ ၊
မကောင်းကွက်ကိုမှရွေးပြီး ကြည့်တတ်သော လူ !!

၂။ သူတစ်ပါးရဲ့ ကောင်းဂုဏ်ဒြပ်တွေကို -
တစ်ခြားလူတစ်ယောက်ဆီမှာ -
ဖွင့်ပြောပြရမှာ ဝန်လေးတတ်သော လူ !!

၃။ ကိုယ်နဲ့မထိုက်လို့ မရတာသိလျှက်နဲ့ -
သူတစ်ပါးက ရသွားမှာကြောက်ပြီး ၊
မကောင်းကြံတတ်သော လူ !!

၄။ ကိုယ်မလုပ်နိုင်မှန်းသိလျှက်နဲ့ -
သူတစ်ပါးလုပ်နိူင်တာကို -
မနာလို ဝန်တိုတတ်သော လူ !!

၅။ တစ်ခြားလူဘက်မှာ အမှန်တရားရှိတာသိလျှက်နဲ့ -
ငွေကြေးရှိတဲ့သူဘက်က ရပ်တည်ပေးတတ်သော လူ !!

၆။ ငါသာ ဗိုက်ဝရင်ပြီးရော
သူတစ်ပါးငတ်ငတ်ဆိုတဲ့ စာနာစိတ်မရှိသော လူ !!

၇။ ပိုက်ဆံမျက်နှာတစ်ခုအတွက်နဲ့ -
အကုသိုလ် ပြုလုပ်ရဲသော လူ !!

၈။ လူတစ်ယောက်ကို တွေ့တာနဲ့ -
အရင်ဦးစွာ အပြစ်ကိုလိုက်ရှာပြီး ၊
အားရပါးရပြောတတ်သော လူ !!

၉။ ငွေကြေးဥစ္စာရှိသူနဲ့ဆိုရင် တစ်မျိုး ၊
ငွေကြေးဥစ္စာမရှိသူနဲ့ကြတစ်မျိုး ဖြစ်တတ်သော လူ !!

၁၀။ ရိုးသားတဲ့သူတွေအပေါ်မှာ -
လိမ်လည်ကောက်ကျစ်ချင်တတ်ကြသော လူ !!

゚viralシ

#လူငယ်များအတွက်ဗဟုသုတစာပေများ

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Hey Guys publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager