06/03/2026
✅ မင်းလိုချင်တဲ့ အရာထက်လိုအပ်တဲ့အရာကိုပဲ အရင်လုပ်သင့်တယ်။
✅ ခဏတာကို မကြည့်နဲ့တစ်ဘဝစာကို ကြည့်တတ်ပါစေ။
✅ တစ်ချို့ အရာတွေကလိုချင်တပ်မက်ဖို့ကောင်းတယ်။
✅ ဒါပေမယ့်...မင်းအတွက် အာမခံချက် မရှိဘူး
အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ။
✅ ဘဝကို စကားလုံးတွေနဲ့ ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ။
✅ မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါပြန်လည်တည်ဆောက်ဖို့ ကြိုးစားပါ။
✅ ဘဝဆိုတာပြိုလဲဖို့ လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။
✅ အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်။
✅ ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ။
✅ ကိုယ်လျှောက်လှမ်းနေတဲ့ လမ်း တစ်လျှောက်မှာအခက် အခဲတွေကြုံလို့ လက်လျှော့ချင်လာတဲ့အခါသင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ။
✅ သူများနဲ့မတူတဲ့အခက်,အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါသူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ...။
✅ ထီးမပါတဲ့ကလေးဟာ မိုးရေထဲမှာပိုအပြေးမြန်တတ်ပါတယ်။
✅ ဦးတည်ချက် မရှိတဲ့လူဟာ
ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်။
ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်
အရည်အချင်းဆိုတာ ငွေတံဆိပ်
လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ ။
အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်
လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး ။
ယောက်ျားကောင်းဟာ မြူစွယ်မူ့ဒဏ်ကိုကောင်းကောင်း
ခံနိုင်စွမ်းရှိဖို့ လိုသလို...
မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်
လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး
စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ် ။
အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး ။
မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ
ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ် ။
သင်ကိုယ်တိုင် ဘ၀အခက်အခဲကို
ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင် သင့်အတွက် ရဲရင့်ပေးမဲ့လူ
မရှိပါဘူး ။
ပြဿနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ ။
ဝမ်းနည်းမှု့ အဆင်မပြေမှု့နဲ့ကြုံတိုင်းသာ
ကမ္ဘာမြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင်
ပြဿနာကဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး ။
#ဘဝ@followersMotivationalwellbeing.combeing.com