Best Of Tech 1x

Best Of Tech 1x Football

Snoopy Presents Welcome Home, Franklin (2024)Snoopy ခွေးလေးတို Charlie Brown တိုက ပုံမှန်ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမ...
24/02/2024

Snoopy Presents Welcome Home, Franklin (2024)

Snoopy ခွေးလေးတို Charlie Brown တိုက ပုံမှန်
ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမှာတော့ သူတို Peanutဂိုဏ်းထဲကို Franklin တစ်ယောက် ဘယ်လိုရောက်ရှိလာတယ်ဆိုတာကို ဦးစားပေး ပြသထားတာပါ။ Franklin ရဲ့ဖခင်ဖြစ်သူဟာစစ်တပ်တာဝန်ထမ်းဆောင်သူ ဖြစ်တဲ့အလျောက် နေရာပေါင်းစုံကိုရွှေ့ပြောင်းနေထိုင်ရသူ ဖြစ်ပါတယ်။ ဒီတော့ Franklinလေးတစ်ယောက် ရောက်လေရာမှာ သူငယ်ချင်းသစ်တွေခက်ခက်ခဲခဲ ရှာရတယ် ပြီးရင်လည်း နှုတ်ဆက်ခဲ့ရပြန်ရော…ဒီလိုနဲ့ သံသရာ လည်နေခဲ့ပြီး ဒီဘဝကို စိတ်ကုန်နေတာပေါ့။တစ်ရက်ကျ Snoopy တို ရှိတဲ့မြိုလေးကို ရောက်လာတော့ထုံးစံအတိုင်း Franklin တစ်ယောက် သူငယ်ချင်းရှာဖွေရေးနည်းလမ်းစာအုပ်နဲ့ ပတ်ပြီး မိတ်ဆွေဖွဲခဲ့ရမှာ ကံကောင်းခြင်းမရှိခဲ့ပါဘူး။ ဒီအချိန်မှာ သူတိုမြိုလေးထဲ ဆပ်ပြာပုံးကားပြိုင်ပွဲလေးကျင်းပမယ် တွဲဖက်တစ်ယောက်ရှာရမယ်ဆိုတော့ Franklinတစ်ယောက် ကျန်တဲ့လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်အောင်သူများတွေက ဝိုင်းပယ်ထားတဲ့ Charlie နဲ့ အတူတူဒီ ကားပြိုင်ပွဲလေးကို အနိုင်ရအောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။

link

https://t.me/lookathetime

24/02/2024

An Officer and a Spy (2019)

၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်…။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်…။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ…သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ…။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်…။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်….။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ…တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ…။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ”အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်”အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ…။

https://t.me/allthebest009

08/02/2024

32 Legendary Goals✌

08/02/2024

Top (10) Free Kick⚡

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Best Of Tech 1x publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à Best Of Tech 1x:

Partager