lulu laylay

lulu laylay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from lulu laylay, Gaming Video Creator, Rajshahi Division.

23/09/2024

🥴🥴😅

20/09/2024
18/09/2024

Phishing ဆိုတာဘာကြီးလဲ?

ငါးမျှားတဲ့ Fishing နဲ့ အသံထွက်တူတဲ့ Phishing ဆိုတာ အွန်လိုင်းပေါ်ကလူလိမ်တွေ ဂျင်းထည့်ဖို့သားကောင်ရှာတဲ့၊မျှားတဲ့အခါ အသုံးပြုတတ်ကြတဲ့ နည်းလမ်းအမျိုးမျိုးကိုခေါ်တာပါ။

နည်းပညာအကူအညီနဲ့ ဂျင်းထည့်ခံရမယ့် သားကောင်ကို မျှားပြီး အရေးကြီးအချက်အလက်တွေ ခိုးယူလိမ်လည်တာကို Phishing လို့ခေါ်ပြီး Phishing မှာကိုမှ အမျိုးအစားတွေ ထပ်ပြီးခွဲထားပါသေးတယ်။

ပုံမှန် Phishing နည်းလမ်းကတော့ ဂျင်းမိချင်တဲ့လူမိဆိုပြီး လူအများဆီကို Email တွေကတစ်ဆင့် link 🔗တွေ Click လုပ်လို့ရတဲ့ဖိုင်တွေ လျှောက်ပို့ပြီး မျှားတာပါပဲ။ ကိုယ်ကဂျင်းသတိရှိလို့ Link 🔗တွေမနှိပ်မိရင် ဂျင်းမမိတော့ဘူးဆိုပေမယ့် ပို့လိုက်တဲ့ အများကြီးထဲက နှိပ်မိသူတွေကတော့ ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေခိုးယူခံရပြီး ဂျင်းမိသွားတော့တာပါပဲ။

နောက် Phishing နည်းတစ်မျိုးကိုတော့ Spear Phishing လို့ခေါ်ပါတယ်။ သူကတော့ အပေါ်မှာပြောခဲ့သလို လူအများကြီးကိုမျှားလိုက်တာမဟုတ်ဘဲ သူပစ်မှတ်ထားတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် တစ်ဦးချင်းဆီကို သေချာရည်ရွယ်ပြီးမျှားတာဖြစ်ပါတယ်။ ပစ်မှတ်ထားတဲ့သူကို သေချာလေ့လာပြီးမှမျှားတာမို့ ဂျင်းလားမဂျင်းလား သိဖို့ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် Link🔗 တွေနဲ့ ပတ်သက်ပြီး အထူးသတိထားဖို့ ခဏခဏ သတိပေးနေရတာ‌ပေါ့။

ဖုန်းနံပါတ်ကို စာတို နဲ့ မက်ဆေ့ခ်ျတွေပို့ပြီး မျှားတဲ့ Phishing ကိုတော့ Smishing လို့ခေါ်ပါတယ်။Website link 🔗 တွေ၊ ဆု၊မဲ၊လက်ဆောင်ပေါက်ပါတယ်ဆိုတဲ့ မက်ဆေ့ခ်ျတွေနဲ့ အကောင့်လော့ခ်အင် ဝင်ဖို့လိုပါတယ်ဆိုတဲ့ စာမျိုးတွေနဲ့ လှည့်စားပြီးပို့တတ်ပါတယ်။ ကိုယ်ကချက်ချင်းတုန့်ပြန် Click နှိပ်လိုက်မိရင်တော့ ဂျင်းမိသွားပါပြီ။

နောက်တစ်ခုကတော့ ဖုန်းဆက်စကားပြောပြီး လိုချင်တဲ့အချက်အလက်တွေရအောင် မျှားပြီးလိမ်လည်တာပါပဲ။ ဘဏ်ရဲ့အကြီးအကဲပါတို့၊KBZ Payကပါတို့လို့ပြောကာ အယောင်ဆောင်ပြီး ဖုန်းဆက်လိမ်လည်တဲ့နည်းပဲဖြစ်တယ်။ဒါကြောင့် ကိုယ်ရဲ့အရေးအကြီးအချက်အလက်တွေကို ဖုန်းဆက်တောင်းဆိုလာတဲ့အခါ မကြောက်ပါနဲ့၊ပြန်မေးပါ၊သူတို့ကိုပြန်စစ်ဆေးလိုက်ပါ။ ဂျင်းမဟုတ်တဲ့ အမှန်ဆို အရေးကြီးအချက်အလက်တွေကို တောင်းဆိုမှာမဟုတ်သလို ကိုယ်စစ်ဆေးတဲ့ မေးခွန်းတွေကိုလည်း သေချာပြန်ဖြေဆိုပါလိမ့်မယ်။

ဒီလောက်ဆိုPhishingဆိုတာဘာလဲ?ဂျင်းအသိရှိသွားပြီဖြစ်လို့ သတိထားကာကွယ်ရမယ့်အချက်တွေကို မှတ်ထားပြီး ဂျင်းရှောင်ရှားကြစို့နော်။Phishing အပါအဝင် အွန်လိုင်းပေါ်က အလိမ်အညာတွေရန်ကကာကွယ်ဖို့
(အ)လေးလုံးဆောင် ဂျင်းရှောင်!

#သတိ #ဂျင်း #ဂျင်းသတိ #သတိအလိမ်ခံရနိုင်တယ် #ဂျင်းရှောင် #အလိမ် #အလိမ်အညာသတိပြု #အ၄လုံးဆောင်ဂျင်းရှောင်

08/09/2024

#2001

08/09/2024

Address

Rajshahi Division

Website

Alerts

Be the first to know and let us send you an email when lulu laylay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share