Skye's Daily Dose

Skye's Daily Dose Economics and Finance student in Czech Republic

09/08/2026

Part time Job 6hr shift ဘာတွေလုပ်ရလဲ ?

August first week 👩🏻‍🍳အလုပ်တစ်ခုက ပိတ်ရက်ရထားတော့ တစ်ပတ်လုံး စားတယ်၊ ဇာတ်ကားကြည့်တယ်၊ တစ်နေ့ကို ၆ နာရီတော့ part time job...
08/08/2026

August first week 👩🏻‍🍳

အလုပ်တစ်ခုက ပိတ်ရက်ရထားတော့ တစ်ပတ်လုံး စားတယ်၊ ဇာတ်ကားကြည့်တယ်၊ တစ်နေ့ကို ၆ နာရီတော့ part time job waiter သွားလုပ်တယ်။ ဒီတစ်ပတ်ကတော့ ကိုယ့်ဟာကိုယ်လုပ်စားတာရော၊ အလုပ်ကကျွေးတာရောနဲ့ တော်တော်ကို စားဖြစ်တာ။

Kdrama ကလဲ ongoing တွေ ပြတ်နေတာနဲ့ a shop for killer season 1/2, spooky in love ထွက်သမျှ episode ထိ တစ်ခါထဲ ဖြတ်ပေးလိုက်တယ်xD

Content တွေက ဆက်တိုက်တင်နေတော့ ရက်ခြားပြီးတင်တာက ပိုကောင်းမလားဆိုပြီး စမ်းကြည့်နေတာ (ဘာရေးရမလဲ စဉ်းစားနေတာလဲပါပါတယ်၊ ရေးစေချင်တာရှိရင်တော့ ngl မှာ ရေးသွားပေးလိုက်နော်)။ တချို့တွေကတော့ ရေးကြပါတယ်၊ လာလဲလာမေးကြတယ်၊ ဒါမဲ့တင်ပြီးသား content တွေနဲ့ ပတ်သတ်ပြီးတော့ ထပ်ရေးတာရော ထပ်ဖြေပေးတာရော မလုပ်ချင်လို့ pin post ကိုလဲ သေချာဖတ်စေချငိပါတယ်နော်။

Good nightttt prrrr 😻

Part time Job : Waiter အဖြစ် 6hr shift (Brno, Czech Republic) 🇨🇿Vietnamese restaurant မှာ part time လုပ်နေတဲ့ 6hr shift ...
06/08/2026

Part time Job : Waiter အဖြစ် 6hr shift (Brno, Czech Republic) 🇨🇿

Vietnamese restaurant မှာ part time လုပ်နေတဲ့ 6hr shift မှာ ဘာတွေလုပ်ရလဲ၊ ဘယ်လိုတွေလုပ်ရလဲ ဆိုတာကို ပြောပြပေးထားတာဖြစ်ပါတယ်ခင်ဗျ။ စိတ်ဝင်စားတယ်ဆိုရင် YouTube မှာ သွားကြည့်ပေးပါအုံးနော်။

Video က အသုံးဝင်တယ်လို့ ခံစားရရင် like လုပ်ပေးသွားလို့ရပါတယ်ခင်ဗျ။ နောက်ထပ် video လေးတွေ စိတ်ဝင်စားတယ်ဆိုရင်လဲ channel ကို subscribe လုပ်ပြီး support ပေးလို့ ရပါတယ်နော်၊ ကျေးဇူးပါခင်ဗျ။

https://youtu.be/0zkGlCBchEw?is=HdRJSOa3Yn8tF9GW

Part time Waiter အဖြစ် 6hr shift (Brno, Czech Republic) 🇨🇿 Brno,...

Czech Republic Schengen Visa အတွက် Passport License Photo Requirement 🇨🇿Czech Republic visa လျှောက်တဲ့အချိန် passport li...
04/08/2026

Czech Republic Schengen Visa အတွက် Passport License Photo Requirement 🇨🇿

Czech Republic visa လျှောက်တဲ့အချိန် passport license photo လဲ လိုပါတယ်။ czech embassy က တောင်းတဲ့ license photo က ပုံမှန် ရိုက်နေကျ license photo တွေနဲ့လဲ မတူတော့ ဖြေပြီးတဲ့အချိန်မှ အဆင်မပြေလို့ဆိုပြီး ပြန်သွားရိုက်ခိုင်းတာနဲ့ ၂ခါ ပင်ပန်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ visa ဖြေတဲ့နေ့ ဓာတ်ပုံအဆင်မပြေလို့ဆိုပြီး ပြန်သွားရိုက်ရပါတယ်။ အဲ့လိုဖြစ်ရင် ဘာမှတော့မဖြစ်ပေမဲ့ ကျွန်တော့်အနေနဲ့ဆိုရင် တော်တော်လေး စိတ်ရှုပ်ရပါတယ်။ အဲ့ကြောင့် နောက်ဖြေမဲ့ကျောင်းသားတွေအတွက် ပြန်ရိုက်ရတာမျိုးတွေ မဖြစ်ရအောင် license photo ကို ဘယ်လိုပုံစံမျိုးရိုက်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်ခင်ဗျ။

photo size အနေနဲ့ 35 x 45 mm (3.5 x 4.5 cm) ရှိရပါမယ်။ နောက်ထပ်တစ်ခုကတော့ face size ပါ၊ ဒါက တော်တော်လေး အရေးကြီးပါတယ်၊ ဓာတ်ပုံအဆင်မပြေလို့ ပြန်သွားရိုက်ရတဲ့ အကြောင်းကလဲ ဒါကြောင့်ပါပဲ။ ပုံထဲမှာ မျက်နှာက 70 - 80% ဖြစ်နေရပါမယ်။ ကျွန်တော် ပုံနှစ်ခုယှဉ်ပြထားပါတယ်။ ဘယ်ဘက်က တစ်ခုကတော့ ကျွန်တော်ရိုက်သွားတဲ့ပုံဖြစ်ပါတယ်။ အဲ့ပုံက အဆင်မပြေပါဘူး၊ ထပ်သွားရိုက်ရတာပါ၊ ညာဘက်က ပုံကတော့ အဆင်ပြေသွားတဲ့ပုံပါ။ ကိုယ်က ဓာတ်ပုံဆိုင်ကို မပြောတတ်မှာဆိုးရင် ဒီပုံကို ပြပြီးရိုက်ခိုင်းလို့ရပါတယ်။

background ကတော့ white to light blue, or if needs be, a light grey colour လို့ ပြောထားပေမဲ့ ကျွန်တော်ကတော့ white နဲ့ပဲ ရိုက်ဖို့ recommend ပေးချင်ပါတယ်ခင်ဗျ။ အင်္ကျီ ကတော့ ကိုယ်ကြိုက်တာ ဝတ်လို့ရပါတယ်ခင်ဗျ။

အဲ့ဆိုရင် passport license photo နဲ့ ပတ်သတ်ပြီး သေချာနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။ နှစ်ခါပင်ပန်းရတာမျိုး မဖြစ်ရအောင် ကျွန်တော့် post ကို save ထားလို့ရပါတယ်။ အသုံးဝင်မယ်ထင်တဲ့ သူငယ်ချင်းတွေကိုလဲ share ပေးလို့ ရပါတယ်ခင်ဗျ။

မေးချင်တဲ့ topics တွေ ရှိရင် comment or ngl မှာ ရေးခဲ့လို့ ရပါတယ်ခင်ဗျ။ ကျေးဇူးပါ။

twenty two on aug two
03/08/2026

twenty two on aug two

30/07/2026

Czech Republic မှာ Passport သက်တမ်း ဘယ်လိုတိုးရမလဲ ?

Czech Republic မှာ Passport သက်တမ်း ဘယ်လိုတိုးရမလဲ ? 🇨🇿YouTube မှာ schedule လုပ်တာကို publish လုပ်လိုက်မိလို့ Facebook ထ...
30/07/2026

Czech Republic မှာ Passport သက်တမ်း ဘယ်လိုတိုးရမလဲ ? 🇨🇿

YouTube မှာ schedule လုပ်တာကို publish လုပ်လိုက်မိလို့ Facebook ထက် အရင် post တက်သွားတယ်။ passport extension လုပ်ဖို့ စဉ်းစားနေတာဆိုရင် သွားကြည့်ပေးအုံးနော် 🫶🏻

YouTube link - https://youtu.be/NVmDcWs0epA?is=X6EmSOJsaTv3Ve93

Czech Republic မှာ Passport သက်တမ်း ဘယ်လိုတိုးရမလဲ? 🇨🇿 Czech Rep...

Czech Republic ကို လာမယ်ဆိုရင် ဘယ် Airline တွေစီးလို့ရလဲ၊ ဘယ်ကဝယ်မလဲ? ✈️🇨🇿မြန်မာနိုင်ငံ ဒါမှမဟုတ် Thailand ကနေ Czech Rep...
29/07/2026

Czech Republic ကို လာမယ်ဆိုရင် ဘယ် Airline တွေစီးလို့ရလဲ၊ ဘယ်ကဝယ်မလဲ? ✈️🇨🇿

မြန်မာနိုင်ငံ ဒါမှမဟုတ် Thailand ကနေ Czech Republic ကို လာမဲ့ ကျောင်းသားတွေအတွက် flight ticket ဝယ်တော့မယ်ဆိုရင် ရွေးချယ်စရာ Option တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဈေးလဲသက်သာရမယ်၊ service လဲ ကောင်းရမယ်၊ kg လဲများများရတာမျိုး ဖြစ်ဖို့ဆိုရင် ဘယ်ကနေ၊ ဘယ်လို နည်းလမ်းမှန်မှန်နဲ့ ရှာဝယ်ရမလဲဆိုတာ သိဖို့လိုပါတယ်။ ဒီနေ့မှာတော့ ကျောင်းသားတွေအတွက် အဆင်ပြေမဲ့ Airline တွေ အကြောင်းနဲ့ Student discount အပါအဝင် သတိထားရမဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။

ကျောင်းသားတွေ အစီးများတဲ့ Airline တွေ အနေနဲ့

- China Airline : ကျွန်တော်ကတော့ China Airline နဲ့ လာတာပါ။ Bangkok to taipei to Vienna ကို လာခဲ့တာပါ။ review သိပ်မကောင်းဘူးလို့ ပြောကြပေမဲ့ taiwan ကို အရမ်းသွားချင်နေတာမို့လို့ရော၊ အဲ့အချိန်မှာ စျေးအသက်သာဆုံးနဲ့ kg များများရနေတာရောကြောင့် china airline ကိုပဲ ရွေးခဲ့ပါတယ်ခင်ဗျ။ transit ကိုလဲ 16hr transit ယူထားတာမို့လို့ မြို့ထဲကို အဝလျှောက်လည်ခဲ့ပါသေးတယ်xD (taiwan မြို့ထဲ သွားမယ်ဆိုရင်တော့ TAC လိုတယ်နော်၊ အဲ့တာလေးလဲ ရေးထားပြီးသားရှိတာမို့လို့ comment မှာ link ချပေးထားပါတယ်)။ luggage က 23 kg luggage 2 လုံးနဲ့ 7 kg hand carry သယ်လို့ရပါတယ်၊ ကျွန်တော့် hand carry ကတော့ 10 kg ဖြစ်နေပေမဲ့ သူတို့က ခွင့်ပြုပေးပါတယ်၊ အဲ့ကြောင့် total 56 kg ရခဲ့ပါတယ်။ student discount လျှောက်ရင် 23 kg luggage 3 ခုနဲ့ 5 % discount off လို့ သိရပါတယ်ခင်ဗျ။ ဒါမဲ့ အဲ့တာကိုတော့ အခု content ရေးဖို့ research လုပ်တဲ့အချိန်မှ သိရတာမို့လို့ ကျွန်တော့်တုန်းကတော့ discount မပါပဲနဲ့ ဝယ်ခဲ့ပါတယ်ခင်ဗျ။ စျေးကတော့ 19000 baht ပါ။

- Qatar Airways , Emirates : ကျောင်းသားအများစုကတော့ ဒီ airline တွေနဲ့ လာကြတာ များပါတယ်။ Qatar airways ကတော့ Doha transit နဲ့ Emirates ကတော့ Dubai transit ပါ။ ဒီ airlines တွေက 18 နှစ်ကနေ 30 အတွင်းဆို Student Discount လျှောက်လို့ရပြီးတော့ 10% Off ၊ additional 10kg ၊ onboard WiFi နဲ့ two time free date change တွေ ရတယ်လို့ သိရပါတယ်။ Discount ရဖို့ ကတော့ agoda, booking.com တို့ကနေ မဟုတ်ပဲ airline website တွေ ကနေ ဝယ်မှ ရမှာလို့လဲ ပြောပါတယ်။ additional 10kg ကိုတော့ airport check in counter ရောက်ရင် website ကနေ လျှောက်ထားတဲ့ student card နဲ့ acceptance letter ပြပြီးရင် ရပါတယ်ခင်ဗျ။ economy အတွက်က 25 kg နဲ့ Carry on 7kg total 32 kg ကိုမှ student discount ပါ ရရင်တော့ total 42 kg ရမှာပါ ။ သတိထားရမှာ တစ်ခုကတော့ additional 10kg က Airlines only flight တွေဘဲ ရမှာပါ။ Bangkok to Dubai / Doha and Dubai / Doha to Prague flight 2ခုလုံးက Airlines တစ်ခုထဲ ဖြစ်မှရပါမယ်ခင်ဗျ။ Qatar / Emirates and China / Turkish airline တို့ဆို မရပါဘူးခင်ဗျ။

- Air Arbrabia, Turkish airline - ကျောင်းသားတစ်ချို့ကတော့ ဒီ airlines တွေနဲ့ လာကြတာလဲ ရှိပါတယ်ခင်ဗျ။

လက်မှတ်ကို ဘယ်ကနေ ဝယ်လို့ရလဲ?

1. Official Website / Apps များတွင် ဝယ်ယူခြင်း

ကိုယ်စီးမယ့် Airline (ဥပမာ - Emirates သို့မဟုတ် Qatar Airways) ရဲ့ Official Website မှာ ကိုယ့်ဘာသာကိုယ် နိုင်ငံတကာသုံး Credit/Debit Card တိုက်ရိုက်ဝယ်ယူလို့ရပါတယ်။Official Website တွေမှာ မဝယ်ခင် student account (Student Club/Student Go) ဖွင့်ပြီး ဝယ်ရင် လက်မှတ်ဈေးနှုန်း Discount ရတာအပြင် Extra Baggage တွေပါ ရတာမို့လို့ student discount လျှောက်ပြီး ဝယ်ဖို့လဲအကြံပေးချင်ပါတယ်ခင်ဗျ။

2. Agoda, Booking.com

ကျွန်တော်ကတော့ agoda က ဝယ်တာများပါတယ်။ china airline ဆိုရင် website က သုံးရတာ သိပ်အဆင်မပြေတာမို့လို့ ကျွန်တော်ကတော့ agoda ကပဲ ဝယ်ပါတယ်ခင်ဗျ။

3. စိတ်ချရတဲ့သူ

Online ကနေ ကိုယ်တိုင်ဝယ်ရတာ အဆင်မပြေဘူး၊ payment အတွက် visa card ပြသာနာရှိတာမျိုးဆိုရင် စိတ်ချရတဲ့ လက်မှတ်ရောင်းတဲ့သူတွေဆီက တစ်ဆင့်လဲ ဝယ်လို့ရပါတယ်ခင်ဗျ။ အကူညီလိုအပ်တာမျိုးရှိရင် Lann Pya for Czechia page ကိုလဲ လာရောက်ဆက်သွယ်လို့ ရပါတယ်ခင်ဗျ။ lann pya ကတော့ service ကြေး မယူပဲနဲ့ ကူညီပေးပါတယ်ခင်ဗျ။

လက်မှတ်ဝယ်ရင် သတိထားရမဲ့ အချက်တွေ အနေနဲ့

price - ရက်က အရမ်းနီးနေမှ ကောက်ဝယ်တာမျိုးဆိုရင်တော့ စျေးက မိုးထိုးနေနိုင်ပါတယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေဆိုရင်တော့ မပြောလိုပေမဲ့ ကိုယ်က အချိန်ရှိနေတယ်ဆိုရင်တော့ လေယာဉ်လက်မှတ်ကို ကြိုပြီး ဝယ်ထားစေချင်ပါတယ်ခင်ဗျ။

transit - တချို့ကျောင်းသားတွေက transit အကြာကြီးမစောင့်ချင်တာတွေလဲရှိတော့ အချိန်နည်းတာကို ရွေးယူကြပါတယ်။ ဒါမဲ့ အရမ်းနည်းလွန်းရင်လဲ ဒီဘက်က delay ဖြစ်တာမျိုးရှိရင် ပြေးရမှာလား၊ မှီပါ့မလား၊ လွတ်များလွတ်သွားမလားဆိုတဲ့ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တာမို့လို့ အရမ်းနီး’’ကပ်’’ အချိန်ကိုတော့ မယူဖို့ အကြံပေးချင်ပါတယ်ခင်ဗျ။

depeature and arrival time - ထွက်မဲ့အချိန်ရော ရောက်မဲ့အချိန်ရော ၂ ခုလုံးမှာ ညသန်းခေါင်ချိန်တို့ public transport မရှိတဲ့အချိန်တို့ဆိုရင် taxi, bolt တွေနဲ့ သွားရနိုင်တာမို့လို့ အကုန်အကျ ပိုများနိုင်ပါတယ်။ ကျွန်တော်ကတော့ arrivial time မနက် ၉ နာရီလောက်ကို ရွေးပါတယ်ခင်ဗျ။

airport - ကိုယ်က prague ကို လာရမှာဆိုရင်တော့ ကိစ္စမရှိပေမဲ့ brno, ostrava တို့လိုမျိုးဆိုရင်တော့ airport မရှိတာကြောင့်မို့လို့ prague or vienna ကို လာပြီးမှ ကားနဲ့ တစ်ဆင့်ထပ်လာရပါတယ်။ အဲ့ကြောင့်ကိုယ်က ဘယ် airport ကို ရွေးရမလဲဆိုတာလဲ သေချာလေး ကြည့်စေချင်ပါတယ်ခင်ဗျ။

အဲ့ဆိုရင် လေယာဉ်လက်မှတ် ဝယ်တာနဲ့ ပတ်သတ်ပြီး သေချာလေး သိသွားမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။ ပိုစ့်လဲ တော်တော်လေးရှည်နေတာမို့လို့ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ လိုအပ်တာ၊ ထပ်ပြီးသိချင်တာရှိရင် comment or ngl link မှာ ဝင်မေးသွားနိုင်ပါတယ်ခင်ဗျ။ အားလုံးပဲ czech republic ကို အဆင်ပြေပြေ ရောက်ရှိလာကြဖို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။

မြန်မာကနေ Czech Republic ကို ပိုက်ဆံ ဘယ်လိုလွှဲလို့ ရလဲ? 💸ကျောင်းတက်နေရင်း ပိုက်ဆံလိုတဲ့အခါမျိုး၊ အိမ်က မုန့်ဖိုးလှမ်းပေ...
28/07/2026

မြန်မာကနေ Czech Republic ကို ပိုက်ဆံ ဘယ်လိုလွှဲလို့ ရလဲ? 💸

ကျောင်းတက်နေရင်း ပိုက်ဆံလိုတဲ့အခါမျိုး၊ အိမ်က မုန့်ဖိုးလှမ်းပေးချင်တဲ့အခါမျိုး တွေမှာဆိုရင် ပိုက်ဆံဘယ်လိုလွှဲပေးလို့ရလဲဆိုတာကို လာမေးထားကြလို့ အဲ့တာလေး ပြောပြပေးချင်ပါတယ်။ Czech republic ကနေ မြန်မာက အိမ်ကို ပိုက်ဆံပြန်လွှဲချင်တဲ့အခါလဲ အခုပြောပြပေးသလိုမျိုးပဲ လွှဲပေးလို့ရပါတယ်ခင်ဗျ။

မလိုအပ်တဲ့ info တွေနဲ့ content ဖောင်းပွတာမျိုးတွေ မဖြစ်ချင်လို့ ကျွန်တော်လက်ရှိသုံးနေတဲ့ အဆင်အပြေဆုံးဖြစ်တဲ့ နည်းလမ်း ၁ ခု ထဲကိုပဲ ပြောပြပေးပါမယ်။

အဲ့တာကတော့ ငွေလဲပေးတဲ့ service ကနေ ပိုက်ဆံလဲပြီးတော့ သုံးတာပါ။ visa card တွေက တစ်ဆင့်လွှဲတာဆိုရင်တော့ မလိုအပ်ပဲ ကြားထဲက fee တွေ ပိုကုန်တယ်လို့ ထင်ပါတယ်ခင်ဗျ။

ကျွန်တော်က kpay or bank acc တစ်ခုခု (kbz, aya, uab, etc) နဲ့ မြန်မာငွေကို လက်ခံထားတယ်။ ပြီးသွားရင်တော့ ကျွန်တော်လဲနေကျ ငွေလဲတဲ့ service အကိုဆီမှာ ပိုက်ဆံလဲပြီးတော့ Czech bank acc နဲ့ ပြန်လက်ခံယူပါတယ်ခင်ဗျ။ rate ကတော့ နေ့တိုင်း အပြောင်းအလဲရှိပါတယ်ခင်ဗျ။

ကျွန်တော် czech ရောက်ပြီးလဲနေကျ service က L & H Currency Exchange ပါ။ အကို့ဆီမှာက reply မြန်ပြီးတော့ မြန်မာ bank နဲ့ရော ထိုင်း bank နဲ့ပါ လဲလို့ရလို့ အဆင်အပြေဆုံးပါပဲခင်ဗျ။

သတိထားရမှာတစ်ခုကတော့ Groups တွေထဲမှာ တွေ့တဲ့ agents တွေ, esp စျေးအရမ်းသက်သာနေတာမျိုးနဲ့ လဲချင်တယ်၊ ကိုယ်က တစ်ခါမှမလွှဲဖူးဘူးဆိုရင်တော့ နီးစပ်ရာ သူငယ်ချင်းတွေကို မေးကြည့်ပြီးတော့မှပဲ ရွေးချယ်သင့်ပါတယ်နော်။

ကျွန်တော်ကတော့ ထိုင်းမှာတုန်းကလဲ ဒီလို ငွေလဲတဲ့ service က တစ်ဆင့်ပဲ ငွေလဲသုံးတာမို့လို့ ဒီနည်းကတော့ ကျွန်တော့်အတွက် တွက်ခြေအကိုက်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းပါပဲခင်ဗျ။

အဲ့ဆိုရင် အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။ မရှင်းတာရှိရင် comment မှာ မေးလို့ရပါတယ်ခင်ဗျ။

Czech Republic မှာ ကျောင်းတက်မဲ့ ကျောင်းသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ Insurance အကြောင်း 🏥Czech Republic မှာ ကျောင်းတက...
26/07/2026

Czech Republic မှာ ကျောင်းတက်မဲ့ ကျောင်းသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ Insurance အကြောင်း 🏥

Czech Republic မှာ ကျောင်းတက်မဲ့ ကျောင်းသားတွေအတွက် နောက်ထပ် မဖြစ်မနေ လိုအပ်တဲ့ အရာတစ်ခုကတော့ insurance ပါ။ Visa ရလို့ သံရုံးကို Pick-up သွားလုပ်တဲ့အချိန်မှာ Insurance ဝယ်ပြီးကြောင်း Certificate နဲ့ Receipt က မဖြစ်မနေ ပါသွားရမှာ ဖြစ်ပါတယ်။

Insurance ဝယ်ရင် ကိုက်ညီရမယ့် သတ်မှတ်ချက်တွေအနေနဲ့

- Coverage Limit: Insurance coverage ကာကွယ်မှု limit က အနည်းဆုံး EUR 400,000 ရှိရပါမယ်။

- Duration: Czech Republic ကို ရောက်မဲ့နေ့ (Arrival Date) က စပြီးတော့ ၁ နှစ်စာ (12 Months) ဝယ်ထားရပါမယ်။

- Insurance Type: ပုံမှန်ခရီးသွားအာမခံ (Travel Insurance) မျိုး မဟုတ်ဘဲ နိုင်ငံအတွင်း ရေရှည်နေထိုင်သူများအတွက် သတ်မှတ်ထားတဲ့ Comprehensive Healthcare Insurance (Komplexní zdravotní pojištění) အမျိုးအစား ဖြစ်ရန် လိုအပ်ပါတယ်ခင်ဗျ။

- Visa Extension: Czech republic မှာ နေပြီး နောက်နှစ်တွေ visa သက်တမ်းတိုးတိုင်းမှာလည်း Insurance ကို နှစ်စဉ် ထပ်မံဝယ်ယူသွားရမှာ ဖြစ်ပါတယ်။

ကျောင်းသားတွေ အဝယ်များတဲ့ Insurance တွေကတော့

Maxima - ကျွန်တော်ကတော့ ဒါကို ဝယ်ထားပါတယ်။ ပုံမှန် နေမကောင်းဖြစ်တတ်တဲ့သူ မဟုတ်လို့ ဆေးရုံသွားရတာတွေလဲ မရှိသေးတာမို့ Claim တာမျိုးတော့ တစ်ခါမှ မလုပ်ရသေးပါဘူးခင်ဗျ။ ဒါမဲ့ ဈေးနှုန်းလည်း အသင့်အတင့်ရှိပြီးတော့ ကျောင်းသားတွေအတွက်လဲ အဆင်ပြေတယ်လို့ ပြောကြပါတယ်ခင်ဗျာ။ ကိုယ်က ကျန်းမာရေးကောင်းတယ်၊ budget ချွေတာချင်တယ်ဆိုရင်တော့ ဒါကို ဝယ်လို့ရပါတယ်။

PVZP - သူငယ်ချင်းတစ်ယောက်ကတော့ ဒါကို ဝယ်ထားပါတယ်။ ဈေးနှုန်းက တခြား insurance တွေထက် ပိုများပေမယ့် Service ပိုင်းမှာ အကောင်းဆုံးလို့ ပြောကြပါတယ်။ ကိုယ်က ကျန်းမာရေးချူချာတယ်၊ ဆေးရုံ ဆေးခန်း ခနခနသွားဖို့လိုအပ်လောက်တယ်ဆိုရင်တော့ ဒါကို ဝယ်ဖို့ အကြံပေးပါတယ်။

AXA - ဒါကလည်း တချို့ကျောင်းသားတွေ ဝယ်ကြတာမို့ option ထဲမှာ ထည့်ထားပေးပါတယ်ခင်ဗျ။

တကယ်လို့ ကိုယ့်ရဲ့ insurance company နဲ့ စာချုပ်ချုပ်ထားတဲ့ (Contracted Doctors) ဆေးရုံတွေကို သွားပြရင် insurance card ပြရုံနဲ့ Direct Billing ရပြီး ကိုယ်တိုင်ငွေစိုက်ရှင်းစရာ မလိုဘူးလို့တော့ သိရပါတယ်။ အဲ့လိုမဟုတ်ပဲ contracted doctors မရှိတဲ့ဆေးရုံဆိုရင်တော့ ကုသမှု ခံယူပြီးရင် direct billing လုပ်လို့မရပဲနဲ့ ကိုယ်တိုင် ငွေရှင်းထားပြီးမှပဲ insurance company ကနေ ပြန်ပြီး claim လုပ်ရပါတယ်ခင်ဗျ။ အဲ့ကြောင့် လိုအပ်ခဲ့သည်ရှိသော် insurance company ကို ပြန်ပြီးပြဖို့အတွက် သက်ဆိုင်ရာ ဆရာဝန်ဆီကနေ medical report နဲ့ receipt ကိုလဲ သေချာတောင်းထားဖို့ အကြံပေးချင်ပါတယ်ခင်ဗျ။

ဘယ်လိုဝယ်ရမလဲ?

အပေါ်က ကုမ္ပဏီတွေရဲ့ Official Website တွေမှာ ကိုယ့်ဘာသာကိုယ် Credit/Debit Card နဲ့ Online ကနေ အလွယ်တကူ ဝယ်လို့ ရပါတယ်။ ဝယ်ပြီးရင် စာရွက်စာတမ်းတွေကို pdf နဲ့ Email ထဲ ပို့ပေးပါတယ်။ သံရုံးကို သွားရင် print ထုတ်သွားရပါတယ်။

အဲ့ဆိုရင် insurance နဲ့ ပတ်သတ်ပြီး သေချာနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။ အပေါ်မှာ ပြောထားသလိုပဲ ကျွန်တော်ကိုယ်တိုင်ကတော့ ဆေးရုံ ဆေးခန်းသွားရတာမျိုး မရှိသေးတော့ senior တွေ၊ သူငယ်ချင်းတွေဆီကနေ တစ်ဆင့် စုံစမ်းပြီး ပြန်လည်မျှဝေးပေးခြင်းသာ ဖြစ်ပါတယ်နော်။ content မှာ တစ်ခုခုလိုအပ်တာရှိသွားခဲ့ရင်လဲ ပြောပြပေးလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

Adresa

Námestí Míru
Brno
60200

Internetová stránka

Upozornění

Buďte informováni jako první, zašleme vám e-mail, když Skye's Daily Dose zveřejní novinky a akce. Vaše emailová adresa nebude použita pro žádný jiný účel a kdykoliv se můžete odhlásit.

Odkazy

Sdílet