Now She VLogs.

Now She VLogs. Kontaktinformationen, Karte und Wegbeschreibungen, Kontaktformulare, Öffnungszeiten, Dienstleistungen, Bewertungen, Fotos, Videos und Ankündigungen von Now She VLogs., Digital Creator, Duisburg.

Hallihallo I’m Lei, 25 years old 🙄 and from Myanmar. 🇲🇲
Join me on my journey as a registered nurse in Germany, sharing life in Düsseldorf, daily moments, and Useful insights about living abroad. 💖

23/07/2025

ရှင်တို့တွေ ဘာလို့ တအားလောဘကြီး??? 🇩🇪

PART 1

#ဂျာမနီ

ဒီတစ်ခေါက်တော့ Belgian 🇧🇪 ဘက်က Brussels မြို့လေး အကြောင်း ရေးချင်လို့ပါ။ 😁
16/07/2025

ဒီတစ်ခေါက်တော့
Belgian 🇧🇪 ဘက်က Brussels မြို့လေး အကြောင်း ရေးချင်လို့ပါ။ 😁

09/07/2025

Just Maastricht Things 🇳🇱

ပင်စင်ယူဖို့ ၄၉၈ လ ပဲ ကျန်တော့တယ်သမီးလေး ကြိုးးစားးးးးး 💪🏻🤣
01/07/2025

ပင်စင်ယူဖို့ ၄၉၈ လ ပဲ ကျန်တော့တယ်သမီးလေး
ကြိုးးစားးးးးး 💪🏻🤣

01/07/2025

Great Things about Germany 🇩🇪 PART 3 #ဂျာမနီ

သင်က ခုထိ Single ဖြစ်နေတုန်းလား?🌝သူများနိုင်ငံတွေတောင် ကားလမ်းကူးရင် အတွဲလေး🥺🇩🇪 ̈nster  #ဂျာမနီ
30/06/2025

သင်က ခုထိ Single ဖြစ်နေတုန်းလား?🌝

သူများနိုင်ငံတွေတောင် ကားလမ်းကူးရင် အတွဲလေး🥺🇩🇪

̈nster #ဂျာမနီ

Germany NRW ထဲမှာ နေတဲ့ သူတွေရှိကြလား? 👀ရှိရင် နေတဲ့ မြို့လေးတွေ comment မှာရေးခဲ့ပေးနော် ♥️လဲ့ဖြူ Neuss ဘက်က မြန်မာအစား...
27/06/2025

Germany NRW ထဲမှာ နေတဲ့ သူတွေရှိကြလား? 👀

ရှိရင် နေတဲ့ မြို့လေးတွေ comment မှာရေးခဲ့ပေးနော် ♥️
လဲ့ဖြူ Neuss ဘက်က မြန်မာအစားအသောက် ကောင်းလေးညွှန်းပေးချင်လို့ပါ 👀
အသိအမ တစ်ယောက်က လဲ့ဖြူကို လက်ဆောင်ပေးလိုက်တာပါ။ စားကောင်းလွန်းလို့ Review လေးရေးမယ် ရေးမယ်နဲ့ အလုပ်တွေ ရှုတ်သွားလို့ ခုမှ ရေးရတယ် 😁။
ငါးပိကြော် နဲ့ ကင်ချီလေး တော်တော်ကို စားကောင်းလို့ပါ။ ငါးပိကြော်ဆို မွမွ စပ်စပ်လေးနဲ့ ကင်ချီကလည်း အရသာတော်တော် လေး ကောင်းပါတယ်။ မြန်မာစာလည်း လွမ်းတယ်၊ အိမ်မှာလည်း ငါးပ်ိကြော်မစားဖြစ်ဖူးဆိုရင်တော့ တစ်ချက်လောက် စမ်းစားကြည့်လိုက်ပါနော့။ 🥰

ဆိုင်နာမည်လေး က Ja&Aung Sushi ပါ
ဆိုင်လိပ်စာ Further Str.80, 41462 Neuss
လမ်းကြုံလို့ ရှိရင် တစ်ချက်ဝင်ကြည့်နော် ♥️

#ဂျာမနီ

26/06/2025

Great Things about Germany 🇩🇪
PART 2 🫶🏻

#ဂျာမနီ #နိုင်ငံခြား

ရင်ဖွင့်ပါရစေ ။ 🥲လဲ့ဖြူ ဒီ လိုမျိုး Page တွေ Videos လေးတွေ Contents ရေးတာလေးတွေ လုပ်ခဲ့ တာ အမှန်က ၂၀၁၉ ထဲက ပါ။ တက္ကသိုလ်...
25/06/2025

ရင်ဖွင့်ပါရစေ ။ 🥲

လဲ့ဖြူ ဒီ လိုမျိုး Page တွေ Videos လေးတွေ Contents ရေးတာလေးတွေ လုပ်ခဲ့ တာ အမှန်က ၂၀၁၉ ထဲက ပါ။
တက္ကသိုလ်ကျောင်းသူ ဘဝ ထဲက ဂျာမနီကို သွားချင်ခဲ့တာပါ။ 🇩🇪

ဝါသနာပါတာရယ် တခြားလူတွေကို ကူညီချင်တာရယ်
Information တွေ Share ပေးချင်တာလွန်းရယ်ကြောင့် ကို လုပ်တာပါ။
( အားယားနေလို့ မဟုတ်ပါနော်…ဟွန့် ….တချို့တချို့သော သိဘို့! )

အဲ့မှာ လဲ့ဖြူကို လူတွေအများကြီး ဂျာမနီနဲ့ ပတ်သတ်ပြီး လာမေးကြပါတယ်။
လဲ့ဖြူလည်း အချိန်ရတာနဲ့ကို ဖြေပေးပါတယ်။
ကိုယ့်ကို ယုံကြည်လို့ တကူးတကွ လာမေးတာ မို့ လဲ့ဖြူ တအားလည်း ပျော်တယ်။ ဂုဏ်လည်း ယူမိပါတယ်။

တချို့လည်း တကယ် မသိလို့ ဘယ်က စရမှန်းမသိလို့ မေးကြတယ်။ 🔍
တချို့ကြတော့လည်း လာတိုင်ပင်ကြတယ်။ ❤️
တချို့ကြတော့လည်း သူတို့ ရှာထားတဲ့ Information လေးတွေယူလာပြီး လဲ့ဖြူနဲ့ ဆွေးနွေးကြတယ်။ 💜
လဲ့ဖြူ နဲ့ မေးဖြေ လုပ်ဖူးတဲ့ လူတော်တော်များများ သိမှာပါ…လဲ့ဖြူ ဘယ်လို ဖြေပေးတယ်ဆိုတာ။
Voicemail တွေနဲ့ ဖြေတယ်၊ ဖုန်းနဲ့ဖြေပေးတယ်၊ Zoom နဲ့ဖြေပေးတယ်။ link တွေပို့ပေးတယ် Powerpoint နဲ့ရှင်းပြပေးတယ်။
( အလကားဖြေပေးတာတွေလည်း ရှိသလို ၊ တကယ် Consulting ကို Service ယူပြီး သေချာဖြေပေးတယ် မေးတဲ့ သူနဲ့ တကယ်လိုက်စဉ်းစားပြီး မေးတဲ့ မေးခွန်းတွေထက် ပိုတောင် ဖြေပေးတာတွေ လည်းရှိပါတယ် )
တတ်နိုင်သလောက် လဲ့ဖြူ အားရင် အချိန်ရရင် ရသလို ဖြေပေးပါတယ်။

ပြသာနာက ဒီမှာပါ။ 🍅
မေးတဲ့ အခါ …
တချို့လေး တွေ လဲ့ဖြူကို အပေါ်စီးကနေ a little လေးရိုင်းတာလေးတွေ ရှိတယ်။ 😑
တချို့ လေးတွေ အများကြီး ရိုင်းရင်တော့ ကျွန်မ ကိုယ်တိုင်ပါ ပြန်ဆဲပြီးတော့ ကို
ဘလော့ပါတယ် 🤣။
( ဒါမျိူးမှာ တော့ လဲ့ဖြူ အားမနာပါ ရိုင်းရင် ပြန်ရိုင်းပါတယ်နော် ☺️ )

အဲ့မှာ ကိုယ်က အားတဲ့ အခါလေး လိုင်းတတ်ပြီး cb ထဲ ကြည့်လိုက်ရင် …

📌 စာပြန်လေ။
( စာပြန်ပေးနော်/ စာပြန်ပေးပါ/ စာပြန်ဦးနော် တောင် မဟုတ် …
စာပြန်လေ တဲ့ - ဟုတ် ကျွန်မ စိတ်ထဲ မကောင်းဘူးရှင့် )

📌 လုပ်ပေးလေ။ ( ကျွန်မ အလကားဖြေပေးနေတာပါ… အေးဂျင့်မဟုတ်ပါ )

📌 ပြောလေ။ ( မေးလည်း မေးသေးတယ် အဖြေတောင်းတာလေးက တအားချိူ )

📌 ဟိုဟာ ရှာပေး။ ( လဲ့ဖြူ အေးဂျင့် မဟုတ်ပါ )

📌 ဒီဟာ ရှာပေး။ ( လဲ့ဖြူ အေးဂျင့် ဟုတ်မနေပါ )

📌 ဂျာမနီမှာ ကျောင်းတတ်ချင်လို့ ပေါက်စျေးပြောဦး။
( မသိရင် လဲ့ဖြူက မြန်မာက Money Changer ကြီး ကြလို့ )

📌 Subscribed လုပ်ထားတယ်လေ ပြောတော့။
( Youtube Channel လေး Subscribe လုပ်ဖို့ ပြောတာတောင် တချို့ မလုပ်ပဲ သိချင်တာတွေပဲ အတင်းမေးတဲ့ အဖွဲ့ တွေ ရှိပါတယ် ) အမှန်က လဲ့ဖြူ Channel ထဲမှာ Video လေးတွေနဲ့ ရှင်းပြထားပါတယ်။

📌 လိုရင်းပြော ( သေချာလေး စီကာပတ်ကုန်း လေးရှင်းပြ မိလို့ပါ 🥲 )

📌 ဂျာမနီ လာချင်လို့ လူခေါ်ပေးပါလား ဘယ်လောက်ပေးရမလဲ? … ဆိုတာလေးတွေမြင် လာရပါတယ်။ ( ကျွန်မ က လူကုန်ကူးနေတဲ့ အာဂျူးမား ကြီးကြလို့ 🥲 )

အဲ့လိုတွေ မြင်ရတဲ့ အခါ လဲ့ဖြူ စိတ်မကောင်းဘူး ဝမ်းလည်းနည်းတယ်၊ တကယ် စေတနာပျက်ပါတယ် ။

လဲ့ဖြူလည်း သူများတွေလို ပုံမှန်လူတစ်ယောက်ပါ။

📌 လဲ့ဖြူ အလုပ်သွားရပါတယ်။ ( မနက်၊ နေ့လည်၊ ညဆိုင်း )
📌 အိမ်မှာဟင်းချက်တယ်၊ သန့်ရှင်းရေးလုပ်တယ်။ စျေးသွားတယ်။ ထမင်းစားချိန်၊ အိပ်ချိန်။
📌 မိသားစု အတွက် အချိန်၊ ကောင်လေး အတွက် အချိန်၊ ချစ်တဲ့ သူငယ်ချင်းတွေ အတွက် အချိန် ညီညိမျှမျှ ရအောင် ပေးပါတယ်။
📌 လဲ့ဖြူ ဝါသနာအရ Video လေးတွေလုပ်တယ်၊ editing လူပ်တဲ့ အချိန်။
📌 စာအုပ်ဖတ်၊ ပန်းချီဆွဲ ၊ ပန်းထိုး ၊ ကိတ်မုန့်ဖို့ ၊ ရုပ်ရှင်ကြည့် ၊ အနားယူ တဲ့ အချိန်ရှိပါတယ်။

အဲ့တော့ တချို့ တချို့သော ထင်နေသလို လဲ့ဖြူ ရဲ့ NOWSHEVLOGS Page က
24 Hours free Service ကြီး မဟုတ်ပါ ။

အဲ့ဒါကြောင့် နောက်ပိုင်း လဲ့ဖြူရဲ့ အမေးအဖြေ လုပ်ပေးတဲ့ cb က Buttom လေးကို Disable လုပ်ပါတော့မယ် ။ မေးချင်တဲ့ မေးခွန်းများ Comment မှာမေးပါ။
လဲ့ဖြူ အချိန်ရတဲ့ ခါဖြေပေးပါမယ်။
Video တွေကတော့ လဲ့ဖြူ အချိန်ရတဲ့ အခါ ဆက်တင်သွားမှာပါ။ 💖

တကယ် လဲ့ဖြူ ကို ယုံလို့ အားကိုးလို့ မေးတဲ့ သူတွေကို လဲ့ဖြူ တကယ် ကျေးဇူးတင်ပါတယ်။ 💖

🖌️လဲ့ဖြူ အပေါ် လေးလေးစားစားနဲ့ မေးတဲ့ သူတွေ တကယ် သိချင်တဲ့ မေးချင်တဲ့ သူများ အတွက်
🖌️လဲ့ဖြူ ၁ လကို ၁ ခါ Free Session အနေနဲ့ Zoom နဲ့ Group ( အများဆုံး ၁၀ ယောက် ) လုပ်ပေးပါမယ်။
🖌️မေးချင်တာလေးတွေ ရှိရင် မေးခွန်းလေးတွေ စုထားပါ။
🖌️လဲ့ဖြူ Meeting လုပ်မယ့်ရက်ကို Page မှာ announce လုပ်ပါမယ်။

အဲ့ကြ Post မှာ “ READY FOR SESSION “ လို့မန့်ပြီး လဲ့ဖြူ ဆီမှာ Register လုပ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ် ရှင် ချစ်တယ် 🫶🏻❤️

အရေးကြီးတယ် တကယ်ဆွေးနွေးချင်ပါတယ်ဆိုသူများအတွက်

📌လဲ့ဖြူ 1 Session ကို 25€ ယူပါမယ်။
📌Session နဲ့ consulting လုပ်မယ်ဆိုရင်တော့ comment မှာ
‚, BOOK ME IN “ လို့ရေးပေးပါ။အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ 🫶🏻

၂၆.၀၆.၂၀၂၅

လဲ့ဖြူရဲ့ ဂျာမနီက သူနာပြု ညနေဆိုင်း routine လေးပါ။ Evening Shift Routine as a nurse in Germany 🇩🇪 📌အလုပ်လုပ်နေတဲ့ အချိန်...
19/06/2025

လဲ့ဖြူရဲ့ ဂျာမနီက သူနာပြု ညနေဆိုင်း routine လေးပါ။

Evening Shift Routine as a nurse in Germany 🇩🇪

📌အလုပ်လုပ်နေတဲ့ အချိန်တွေတော့ ဓာတ်ပုံရိုက်ခွင့်မရှိတဲ့ အတွက် လဲ့ဖြူ မရိုက်ထားဘူးနော် ။

#နိုင်ငံခြား #ဂျာမနီ #သူနာပြု

18/06/2025

Great Things about Germany 🇩🇪 Part 1 🫶🏻 #ဂျာမနီ #နိုင်ငံခြား

Adresse

Duisburg

Öffnungszeiten

Montag 12:00 - 17:00
Dienstag 12:00 - 17:00
Donnerstag 12:00 - 17:00

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Now She VLogs. erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an Now She VLogs. senden:

Teilen

Kategorie