𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚

  • Startseite
  • Deutschland
  • Munich
  • 𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚

𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚 ℬ𝑒𝓈𝓉 ℱ𝒶𝓂𝒾𝓁𝓎 ℳ𝑒𝓂𝑜𝓇𝒾𝑒𝓈

Questions & Answer Section….ဒီတခါမှာတော့ အမ post တင်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ဖြေပေးထားပါတယ်…📌ဘယ်လိုနည်းလမ်းနဲ့...
01/06/2025

Questions & Answer Section….

ဒီတခါမှာတော့ အမ post တင်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ဖြေပေးထားပါတယ်…

📌ဘယ်လိုနည်းလမ်းနဲ့ မိသားစုလိုက်ထွက်တာလဲ….
📌ကလေးလေးခေါ်ဖို့က လင်မယားနှစ်ယောက်လုံး ကျောင်းလျှောက်တာလား…
📌ကျောင်းဘယ်လိုလျှောက်ရလဲ…
📌ကျောင်းလခ ဘယ်လောက်ပေးရလဲ…
📌ကျောင်းရဖို့လွယ်လား….
📌Master တက်ချင်တာ တက်ဖို့လွယ်လား…

ဆိုတဲ့ မေးခွန်း‌တွေ မေးလာကြပါတယ်။

📌ဘယ်လိုနည်းလမ်းနဲ့ မိသားစုလိုက်ထွက်တာလဲ။ ကလေးခေါ်ဖို့က လင်မယားနှစ်ယောက်လုံး ကျောင်းလျှောက်တာလား???

ပထမကတော့ အမ တစ်ယောက်တည်း ထွက်ပြီးကျောင်းတက်ဖို့ plan ပါ။ အမျိုးသားကလည်း အလုပ်တဖက်နဲ့ဆိုတော့ နောက်မှ အမျိုးသားနဲ့ ကလေးနဲ့ကို ခေါ်ဖို့ plan ပေါ့။ ဒါပေမယ့် ပထမ တစ်ခေါက် Germany ကိုကျောင်းတက်ဖို့ထွက်လာပြီးမှ ကလေးနေမကောင်းလို့ ကလေးအတွက် အမ ရှိမှဖြစ်မှာမလို့ ပြန်လာခဲ့တာပါ (ဘာလို့ မိသားစုလိုက် ထွက်ဖို့ စီစဉ်ဖြစ်ရသလဲ ဆိုတဲ့ အဓိက အကြောင်းအရင်းပေါ့)...
အဲတော့ မိသားစုလိုက်ထွက်ဖို့ စဉ်းစားတော့ အမရယ် အမျိုးသားရယ် ၂ ယောက်လုံးကျောင်းတက်မယ်ဆိုရင် ကလေးပါခေါ်ဖို့ chance များတော့ အဲလို plan ကြမယ်ဆိုပြီး အစီအစဉ်ချလိုက်တယ်။ အဲ့အတွက် အမတို့ လင်မယားနှစ်ယောက်စလုံး student visa နဲ့ ထွက်လာခဲ့ပါတယ်။

📌ကျောင်းဘယ်လိုလျှောက်ရလဲ…

ဒီမေးခွန်းကတော့ သေချာလေးပြောပြရင် နည်းနည်းရှည်မှာဖြစ်လို့ နောက်မှ ကျောင်းလျှောက်ပုံလျှောက်နည်း post ကိုသေချာလေးတင်ပေးပါ့မယ်နော်။ ကျောင်းလခ ဘယ်လောက်ပေးရလဲဆိုတာ ကတော့ semesterတခုစီကို fees (500 Euros)+service fees (82 Euros) = Total 582 Euros ပေးရပါတယ် (ရှေ့တစ်ခေါက်က post မှာလည်း ဖော်ပြထားပြီးထားပါ)

📌လင်မယား ၂ ယောက်လုံး major အတူတူ ကျောင်းအတူတူရဖို့လွယ်လား…

လင်မယား ၂ ယောက်လုံး တစ်ယောက် တစ် major ယူမယ်ဆိုရင်တော့ ကလေးအတွက် စဉ်းစားဖို့လိုပါမယ်… major မတူတဲ့အတွက် ကလေးကို တစ်ယောက်မဟုတ် တစ်ယောက် ကလေးဘေးနား ရှိနေဖို့အတွက်ဆိုရင် အချိန်ပေးနိုင်တဲ့အချိန် အချိန်ညှိလို့ အဆင်မပြေနိုင်တာ မလို့ပါ။ လင်မယား ၂ ယောက်လုံး တစ် major ထဲ ရဖို့ကတော့ graduated major တူ professional field ချင်းတူမယ်ဆိုရင်တော့ ရဖို့ အခွင့်အလမ်းများပါတယ်ရှင့်။ ဒါကတော့ အမတို့ experience လေးကို share ပေးတာပါ။

📌Master တက်ချင်တာ တက်ဖို့ လွယ်လား….

အမတို့က Engineering Degree ကို ၅ နှစ်တက်ပြီးရခဲ့တာမလို့ရယ်၊ uni-assist နဲ့လျှောက်ရတဲ့ကျောင်းဖြစ်တာမလို့ရယ်ကြောင့် Master ကို တန်းတက်ဖို့ မလွယ်ပါဘူး ဘာလို့လဲဆိုတော့ Germany ရဲ့ ပညာရေးစနစ်က ၁၂ တန်း ပညာရေးစနစ်မလို့ပါ။ သူတို့ ပညာရေးစနစ် ၁၂ တန်းကို နှုတ်လိုက်ရင် အမတို့ အနေနဲ့ 3 years bachelor degree သာရှိတာမလို့ Master တန်းတက်ဖို့ အဆင်မပြေတာပါ (အဓိက Public University ကို uni-assist နဲ့လျှောက်ရတဲ့ကျောင်းတွေပါ)… တကယ်လို့ ၆ နှစ်တက်ထားတဲ့ education record ရှိတယ်ဆိုရင်တော့ Master လျှောက်ဖို့ လွယ်ပါတယ်။

Uni-Assist မလိုတဲ့ တချို့ Master တန်းတက်လို့ရတဲ့ကျောင်းတွေတော့ ရှိပါတယ်…ကျောင်းကို သေချာ email ပို့ပြီး သူတို့လိုအပ်တာတွေကို သေချာတင်ပြနိုင်ရင်တော့ ရနိုင်ပါတယ်… အဲလိုကျောင်းတွေကတော့ အဓိက ကိုယ်နဲ့သက်ဆိုင်တဲ့ major ဖြစ်ရင် Master တက်ဖို့ ပိုပြီးဖြစ်နိုင်ချေများပါတယ်။

ဘာလို့ အမတို့ Master တက်ဖို့ မရွေးခဲ့လဲဆိုရင် အဓိက ရည်ရွယ်ချက်က မိသားစုလိုက် ထွက်ချင်တဲ့ ရည်ရွယ်ချက်ကို ဦးစားပေးခဲ့လို့ပါ။

စာလေးလည်းရှည်ပြီမလို့ အမ ရှင်းပြထားတာလေးတွေ တစ်ဦးတစ်ယောက်စီကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ သိချင်တာလေးတွေရှိရင် အမကို comment/ CB မှာ မေးထားလို့ ရပါတယ်။ အချိန်ရရင် ရသလို ဖြေပေးသွားပါမယ်ရှင့်။

Vocational အကြောင်းကို အမ ဆီ လာလာမေးကြပါတယ်... အမ အနေနဲ့ ကိုယ် မ try ဘူးတာမလို့ သေချာ သိချင်တယ်ဆိုရင် Goethe-Institut My...
30/05/2025

Vocational အကြောင်းကို အမ ဆီ လာလာမေးကြပါတယ်... အမ အနေနဲ့ ကိုယ် မ try ဘူးတာမလို့ သေချာ သိချင်တယ်ဆိုရင် Goethe-Institut Myanmar က ပြုလုပ်ပေးတဲ့ Vocational Training Program Info Session ကို ဝင် join ကြပါနော်....

Edit: လူပြည့်ပါပြီ

💼 ဂျာမနီနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့နဲ့ နေထိုင်ဖို့စိတ်ကူးရှိပါသလား? ဂျာမနီအလုပ်အကိုင်နဲ့ပတ်သက်တဲ့ အခွင့်အလမ်းနဲ့ဗဟုသုတတွေကို နားထောင်နိုင်မယ့်အစီအစဉ်လေးကို မျှဝေပေးပါရစေ။

📣 ဒီအစီအစဉ်မှာတော့ Vocational Training in Germany ခေါင်းစဉ်အောက်ကနေ ဂျာမနီက အခွင့်အလမ်းများနဲ့ သိကောင်းစရာဗဟုသုတအချက်အလက်များကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ Vocational Training လျှောက်ထားဖို့ကြိုးစားနေသူတွေရော၊ စိတ်ဝင်စားနေသူတွေပါ ပါဝင်နိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။

🎊 Vocational Training in Germany
နေ့ရက်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက် (အင်္ဂါနေ့)
အချိန်။ ညနေ ၅:၃၀ နာရီမှ ၇:၀၀ နာရီ (မြန်မာစံတော်ချိန်)
နေရာ။ အွန်လိုင်း Zoom Meeting
အစီအစဉ်ကို ဂျာမန်ဘာသာဖြင့်ပြုလုပ်မှာဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန်ထားရှိမှာဖြစ်ပါတယ်။

✨အခမဲ့အစီအစဉ်ဖြစ်ပြီး လူဦးရေအကန့်အသတ်ရှိတဲ့အတွက် စိတ်ဝင်စားသူများအနေနဲ့ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ဖို့ဖိတ်ခေါ်အပ်ပါတယ်။

📧 Vocational Training in Germany အစီအစဉ်မှာပါဝင်ဖို့ [email protected] ကို မိမိရဲ့ အမည်၊ အီးမေးလ်လိပ်စာနဲ့ ဖုန်းနံပါတ်တို့ကိုရေးသားပြီး အီးမေးလ်ပေးပို့လျှောက်ထားလိုက်ပါ။ အစီအစဉ်မှာပါဝင်ခွင့်ရသူများအတွက် Zoom link ကို အီးမေးလ်ကနေ အကြောင်းပြန်သွားမှာဖြစ်ပါတယ်။

🇩🇪 Migration to Germany (Family Planning Procedure)_Part 2📌ပထမတစ်ချက် (ကုန်ကျစားရိတ်)ဒါကတော့ ကုန်ကျစားရိတ် အကြမ်းဖျင်းလေ...
23/05/2025

🇩🇪 Migration to Germany (Family Planning Procedure)_Part 2

📌ပထမတစ်ချက် (ကုန်ကျစားရိတ်)
ဒါကတော့ ကုန်ကျစားရိတ် အကြမ်းဖျင်းလေးပါ... ကိုယ့် budget နဲ့ တွက်ချက်နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်ရှင့်...

- Blocked Account (€11,208) တခြားနိုင်ငံတွေလိုဆို (Show Money) ပြရမယ်. ကိုယ်တွေထွက်မယ်လို့ပြင်ဆင်ချိန် Euro ပေါက်‌စျေးက 3500/ 3600 ၀န်းကျင်ပေါ့နော် (11,208 x 3600 = MMK သိန်း 400 ၀န်းကျင်)

− Current Blocked Account Update (€11,904) x 4900/5000 MMK (Current Exchange Rate) = MMK သိန်း ၆၀၀ ၀န်းကျင် (မြန်မာနိုင်ငံရဲ့ ငွေကြေး ၂ နှစ်အတွင်း ဘယ်လောက် ဆုတ်ယုတ်လာလဲဆိုတာ တွေ့နိုင်တာပေ့ါနော်)

− Health Insurance, €140 (Public_Under 30 years)/ €130 (Private_Above 30 years)/ €100 (Children)

− ကျောင်းလျှောက်တဲ့အချိန် သွင်းရတဲ့ Application fees (around €60) + Student Union Fees (around €82) + Non EU students service fees (around €500) = Total around €642 ( အဲဒီမှာ ကျောင်းစာရိတ်ကို free လို့သိထားကြတဲ့သူတွေအတွက်ပါ လုံးဝ free မဟုတ်ပါဘူးနော်.

အခု Germany မှာ မြန်မာနိုင်ငံလို ပြောင်းရွှေ့နိုင်ငံသားတွေများလာတဲ့အချိန် ကျောင်းစာရိတ်ကို service fees တခုအနေနဲ့ ကောက်ခံလာနေတာ တွေ့ရပါတယ်။ တချို့ public ကျောင်းတွေကတော့ application fees နဲ့ တင်ပြီးသွားတာတွေလည်းရှိပါသေးတယ်။ ပိုပိုလိုလိုစဉ်းစားရအောင် ထည့်သွင်း ဖော်ပြပေးထားတာပါ။

− ကျောင်းရသွားပြီဆိုရင်တော့ visa fees (around €75)

− နေထိုင်ဖို့ အိမ် appro. €600 (For Single) & €1200~1500 (For Family, 3 bedroom apartment_ approx. 50m2) ကလေးပါတဲ့အတွက် မဖြစ်မနေ 3 bedroom apartment လိုအပ်ပါတယ်...

− Flight Ticket (appro. €600/ 700) ကြိုဝယ်မှစျေးသက်သက်သာသာနဲ့ရပါတယ်

− Transportation Charges in Germany (Deutschland Ticket – €58 / month except €38 for students)
Visa ရပြီဆိုတာနဲ့ ကြိုတင်ထွက်မယ့်ရက် သိရပြီဆိုတာနဲ့ မဖြစ်မနေ Deutschland Ticket ကို ဝယ်ထားသင့်ပါတယ်... ဘာဖြစ်လို့လဲဆိုရင် ရထားတစ်ကြောင်းစာကို ရောက်မှဝယ်ရင် €58 ထက်ပိုပေးရလို့ပါ။

− Total အနေနဲ့ကတော့ €15,000~16000 ဝန်းကျင် လောက်ကုန်မယ်လို့တွက်ထားရမယ်။ မိသားစုလိုက် ထွက်ဖို့စဉ်းစားထားရင်တော့ ပိုကုန်မယ်ဆိုတာ စဉ်းစားထားပြီး ကြိုတင်တွက်ချက်နိုင်အောင် အပေါ်က စားရိတ်လေးတွေ ထည့်ရေးထားပေးပါတယ်။

လိုအပ်တာလေးတွေရှိသွားရင်လည်း ဖြည့်ပေးလို့ရပါတယ်ရှင့်... သိချင်တဲ့ information လေးတွေရှိရင်လည်း comment မှာ မေးထားပေးပါရှင့်....

🇩🇪 Migration to Germany (Family Planning Procedure)🌟ဘာလို့ Germany ကို မိသားစုလိုက် ပြောင်းရွှေ့ဖို့ရွေးချယ်ဖြစ်ခဲ့လဲ🌟 ဆ...
23/04/2025

🇩🇪 Migration to Germany (Family Planning Procedure)

🌟ဘာလို့ Germany ကို မိသားစုလိုက် ပြောင်းရွှေ့ဖို့ရွေးချယ်ဖြစ်ခဲ့လဲ🌟 ဆိုတဲ့အကြောင်းလေးအရင်ဆုံးပြောပြပေးမယ်နော်။

နိုင်ငံခြားထွက်ဖို့ဆုံးဖြတ်ပြီးနောက် နိုင်ငံတွေဘယ်လိုရှိလဲ ဆိုတာ စတင်လေ့လာခဲ့တယ်. စစလေ့လာစဉ်တုန်းကတော့ Canada က နံမည်ကြီးနေတဲ့ အချိန်ပေါ့. အဲတော့ Canada ထွက်မယ်ဆိုပြီး သူငယ်ချင်းတွေတိုင်ပင်ကြတော့ သူငယ်ချင်းတစ်ယောက်ဆီကနေ Germany ကို စိတ်မဝင်စားဘူးလား??? တစ်ယောက်ကို သိန်း 300/ 400 ဝန်းကျင်ပဲကုန်ကျမယ် (2023 ခုနှစ်ခန့်မှန်းကုန်ကျငွေ)။ ပြီးတော့ နေစားရိတ် စားစရိတ် အကုန် blocked account ကနေလစဉ်ပြန်ရမယ်ဆိုတဲ့အချက်ရယ်၊ Europe ရဲ့ အလှအပတွေကို ထိတွေ့ဖူးပြီး Europe ဆိုတဲ့အသံကြားတော့ ပိုပြီး သဘောကျတာနဲ့ Germany ကိုစလေ့လာဖြစ်ခဲ့တယ်။

🌟ဘယ်လိုတွေလေ့လာခဲ့လဲ??

ပထမဦးဆုံး consultant တွေယူခဲ့တယ်။ အဲဒီ့အချိန်တုန်းက Germany နဲ့ ပတ်သတ်ပြီး Consultant ဆိုတာကလည်း တစ်ယောက် နှစ်ယောက်လောက်ပဲရှိခဲ့တာ။ Consultant တွေ ယူပြီးလေ့လာလိုက်တော့ Consultant တွေ လုပ်ပေးမယ်ဆိုတဲ့ အရာတွေက ကိုယ်တိုင်လုပ်လို့ရတာတွေ သွားတွေ့ရတယ်။

အဲတော့ ကိုယ်တိုင်ပဲလုပ်မယ် အပိုအကုန်မခံတော့ဘူးဆိုပြီး သေချာလေ့လာခဲ့တယ်။ လေ့လာရင်း ကိုယ်သုံးမယ့် budget နဲ့ အဆင်ပြေတာရယ်၊ ပြီးတော့ ပြောင်းမယ်ဆိုကတည်းက ကိုယ့်အတွက် safety life ပေးနိုင်ပြီး resident permit ဘယ်လိုရနိုင်မလဲဆိုတဲ့ အချက်အလက်လေးတွေကို လေ့လာခဲ့တယ် (နောက်မှပြောင်းလဲရင်တော့လည်း ကိုယ့်ကံပဲပေါ့နော်)။

ဘာတွေအဆင်ပြေလဲဆိုတာကတော့ အောက်မှာ အဓိကထား စဉ်းစားခဲ့တဲ့ အချက်လေးတွေ ပြောပြထားပါတယ်။ ကိုယ် က မိသားစု လိုက်ပြောင်းရွှေ့ချင်တာဖြစ်တဲ့အတွက် အောက်ကအချက်အလက်လေးတွေကို အဓိကထား စဉ်းစားခဲ့တယ်။

📌 ပထမတစ်ချက် - ကုန်ကျစာရိတ်စုစုပေါင်း (ကိုယ့် budget ထဲဝင်တာရယ်)

📌 ဒုတိယတစ်ချက် - မိသားစု၊ ကလေးအတွက် ပညာရေး၊ လုံခြုံစိတ်ချရမှု

📌 တတိယတစ်ချက် - နိုင်ငံအခြေအနေ

ဒီအချက်တွေကို အဓိကထား စဉ်းစားခဲ့ပါတယ်။ ကိုယ်တိုင် ပြောင်းဖို့ plan နေတဲ့ သူတွေလည်း စဉ်းစားပြီး သေချာလေ့လာလို့ ရအောင် general လေး အရင် ပြောပြထားပါတယ်။

စာလေးဒီမှာ ခဏရပ်ပါမယ်။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ပြင်ဆင်တဲ့ အကြောင်းအရာလေးတွေ၊ မိသားစုလိုက် ပြောင်းချင်ကြတဲ့ သူတွေကို sharing လေးလုပ်ရင်း သေချာလေးပြောပြပေးချင်တာရယ်မလို့ စာလေးရှည်မှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ။

အချက်လေးတွေကို အားတဲ့အချိန်တိုင်း တစ်ချက်ချင်းဆီသေချာလေး ပြောပြသွားမှာဖြစ်လို့ လာမယ့် post လေးတွေကို ဖတ်လို့ရအောင် like & share လေးလုပ်သွားပေးပါဦးနော်။

အဆင်မပြေတဲ့ အချက်တွေကိုလည်း အတွေ့အကြုံတွေပြောရင်းနဲ့ ထည့်သွင်း ပြောပြပေးသွားပါမယ်…

ဒီ post တွေသည် အဓိက မြန်မာပြည်ကနေ မိသားစုလိုက်သော်လည်းကောင်း၊ တစ်ဥိးတစ်ယောက်ချင်းစီသော်လည်းကောင်း migration လုပ်ဖို့ ဆန္ဒ ရှိသူတွေကို sharing လေးလုပ်ပေးချင်တဲ့ ဆန္ဒလေး‌ကြောင့် ကိုယ်တွေ့ အတွေ့အကြုံ တင်ပေးချင်းဖြစ်ပါတယ်။

⚠️⚠️ဒါကြောင့် ကိုယ်နဲ့ အတွေးမတူ၊ စိတ်ကူးမတူသူများ post လေးကို ကျော်သွားပေးချင်းဖြင့် ကူညီပေးစေချင်ပါတယ်။

Post တွေမတင်ဖြစ်တာ တော်တော်ကြာသွားပြီ ဟုတ်....ဟုတ်ပါတယ် ဘာလို့ကြာသွားရလဲဆိုတာကတော့ ရောက်ရောက်ချင်း settle ဖြစ်ဖို့ကြိုးစ...
22/04/2025

Post တွေမတင်ဖြစ်တာ တော်တော်ကြာသွားပြီ ဟုတ်....

ဟုတ်ပါတယ် ဘာလို့ကြာသွားရလဲဆိုတာကတော့ ရောက်ရောက်ချင်း settle ဖြစ်ဖို့ကြိုးစားရတာရယ်၊ ကိုယ့်ကိုယ်ကို motivation ဖြစ်အောင် stress တွေကို release ဖြစ်အောင် အကုန်လုံးကို arrangment ဖြစ်အောင် လုပ်နေရတော့ အတွေ့အကြုံတွေကို ပြောပြဖို့အတွက် ကိုယ်တိုင် settle ဖြစ်မှပြောပြချင်တာကြောင့်မလို့ ကြာသွားတာပါ...

ကြားထဲမှာလည်း ကိုယ့်နိုင်ငံအခြေအနေ တွေကိုကြည့်ရင်း စိတ်တွေပူရ ဝမ်းနည်းရနဲ့ ဘာမှကိုမလုပ်ချင်ဖြစ်နေခဲ့တာ....

အခု ပြန်ပေါ်လာလို့ settle ကြီးဖြစ်နေပြီလို့တော့ မထင်လိုက်နဲ့နော်... minor လေးတွေကိုတော့ settle ဖြစ်ပေမယ့် major ကြီးတွေကိုတော့ ခုထိ settle ချလို့ မပြီးနိုင်သေးပါဘူးရှင်... ဘယ်အချိန်မှ perfect ဖြစ်မယ်ဆိုတာ မပြောနိုင်သေးလို့ အတွေ့အကြုံတွေကို ဖြေးဖြေးချင်း ပြောပြချင်လို့ အားတဲ့အချိန်လေးတွေမှာ post လေးတွေ တင်တင်ပေးသွားမယ်နော်...
စောင့်ပေးကြလို့လည်း ကျေးဇူးအများကြီးတင်ပါတယ် အားလုံးလည်း Fighting ပါနော် 🙏

01/12/2024

𝐺𝑜 𝐴𝑟𝑜𝑢𝑛𝑑 𝐶ℎ𝑟𝑖𝑠𝑡𝑚𝑎𝑠 𝑀𝑎𝑟𝑘𝑒𝑡 𝑖𝑛 𝑀𝑢𝑛𝑖𝑐ℎ 🎅🎄

̈hwein

တွေ့ကြ ဆုံကြ စကားတွေ ဖောင်ဖွဲ့ရင်း Mala Tang လေးနဲ့ တဖြတ်...မန်းလေး ရောက်တိုင်း နဲ့ ရန်ကုန်မှာ စားနေကျ Ko Ko Fu အလွမ်းပြ...
26/11/2024

တွေ့ကြ ဆုံကြ စကားတွေ ဖောင်ဖွဲ့ရင်း Mala Tang လေးနဲ့ တဖြတ်...
မန်းလေး ရောက်တိုင်း နဲ့ ရန်ကုန်မှာ စားနေကျ Ko Ko Fu အလွမ်းပြေ...
အရသာကတော့ အလွမ်းပြေရုံပေါ့....

23/11/2024

Fly to Germany 🇩🇪 ( YGN ▶️ BKK ▶️ MUNICH )

ပထမဆုံး အမှတ်တရ အနေနဲ့ သားလေးနဲ့ Germany ကိုရောက်လာတဲ့ video လေးကိုတင်ပေးလိုက်ပါတယ်....

သားလေးရဲ့ ပထမဆုံး Foreign Trip လေးလည်းဖြစ် အခြေချမယ်လို့ယုံကြည်စိတ်နဲ့ ထွက်လာခဲ့တဲ့နေ့လည်း ဖြစ်တယ်ပေါ့နော်...

Germany ကို မိသားစုလိုက် migrate လုပ်ဖို့ အရာရာ ပြင်ဆင်ရတာ အစီအစဉ်တကျ ဖြစ်အောင် တစ်နှစ်လောက် အချိန်ယူပြင်ဆင်ခဲ့ရတယ်...

သားလေးကို တခါတည်းပါမှ ထပ်ထွက်မယ် ဆိုတဲ့ စိတ်နဲ့ လင်မယား နှစ်ယောက် အချိန်ယူပြင်ဆင်ခဲ့ရတာ ဒီနေ့လေးရောက်ဖို့ အတွက်ပေါ့နော်...

ကျန်ခဲ့တဲ့ မိသားစုတွေ အတွက်လည်း စီစဉ်ပေးရင်း ဝမ်းနည်း ဝမ်းသာ စိတ်နဲ့ ထွက်ခဲ့ရတယ်.... လွယ်လားဆိုတော့ မလွယ်ကူခဲ့ပါဘူး...

ရည်မှန်းချက်တွေ အကောင်အထည်ဖော်ချင်တဲ့ စိတ် သားလေးအတွက် အကောင်းဆုံးတွေပဲ ပေးချင်တဲ့ စိတ်ကြောင့် လင်မယားနှစ်ယောက်လုံးရဲ့ ဘဝအစကနေ ပြန်စရမယ် ပြန်ကြိုးစားရမယ်ဆိုတာ သိပေမယ့် ဒီမလွယ်ကူတဲ့ second life ကို ယုံကြည်မှုရှိရှိနဲ့ ပြန်စဖို့ထွက်ခဲ့ပါတယ်...

❣️Germany 🇩🇪 ကို ဘာလို့ ပြောင်းရွှေ့ဖို့ရွေးချယ်ခဲ့လဲ???
❣️ဘယ်လို plan တွေ ချခဲ့ရတယ်.... ဘာတွေ step back လုပ်ပြီးမှ ဘယ်လို forward လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ...
❣️Germany ရောက်ပြီး လုပ်ရတဲ့ step အသေးစိတ်တွေကို နောက်မှ အသေးစိတ်လေး sharing လေး လုပ်ပေးပါမယ်နော်....





#ပုံများစာသားများကိုကူးယူဖော်ပြခြင်းခွင့်မပြုပါ

ို့ရပါတယ်ရှင့်

#အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်💙

14/11/2024

ဒီ Page လေးရဲ့ အဓိကရည်ရွယ်ချက်က...

❣️သားသားလေးရဲ့ Memory လေးတွေ Family Memory လေးတွေ လုပ်ချင်တာရယ်....

နောက်တစ်ခုက...

❣️မိသားစုလိုက် Germany နိုင်ငံကို ပြောင်းမလာခင်အချိန်၊ ပြောင်းလာဖို့ လုပ်တဲ့အချိန် စီစဉ်ခဲ့ရတာတွေ နဲ့ ပြောင်းလာပြီးနောက် ဘာတွေ ကွဲပြားခြားနား သွားလဲဆိုတာတွေ၊ Pros & Cons တွေကို Just for Sharing လုပ်ချင်တာရယ်ကြောင့် ဒီ Page လေးကို လုပ်ရချင်းဖြစ်ပါတယ်...

(**သိသမျှ လုပ်ခဲ့သမျှတွေကိုသာမျှဝေခြင်း ဖြစ်ပါတယ်.... လိုအပ်ချက်များရှိပါကလည်း ချစ်တဲ့စိတ်နဲ့ ဖြည့်စွက် နားလည်ပေးစေချင်ပါတယ်။**)

ချစ်လို့ ခင်လို့ အားပေးလို့ရပါတယ်... အမုန်းမပွားပဲ ချစ်ခင်စိတ်တစ်ခုတည်းနဲ့သာ ကြည့်ပေးကြပါနော်...

* မကြာမီမှာလည်း Youtube Video လေးတွေ လုပ်သွားဖို့ရှိလို့ အားပေးကြပါဦးရှင့် 💗

#ပုံများစာသားများကိုကူးယူဖော်ပြခြင်းခွင့်မပြုပါ

ို့ရပါတယ်ရှင့်

#အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်💙

Adresse

Munich

Telefon

+959255702340

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von 𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚 erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an 𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚 senden:

Teilen

Kategorie