Youth Revolution

Youth Revolution စစ်အစိုးရ ဆန့်ကျင်ရေး
Anti-Regime Impossible is Nothing

ပုလောမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့်  ပြည်သူ ၁၀ ဦး အစုလိုက် အပြုံလိုက် သေဆုံး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူမ...
26/07/2025

ပုလောမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး အစုလိုက် အပြုံလိုက် သေဆုံး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ဗုံးကျဲသတ်ဖြတ် စစ်ရာဇဝတ်မှုကျူးလွန်

ရန်ကုန်၊ ဇူလိုင် ၂၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး အစုလိုက် အပြုံလိုက် သေဆုံးသွားပြီး အဆိုပါ တိုက်ခိုက်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ဗုံးကျဲသတ်ဖြတ် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီတပ်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာရှိ နေအိမ် ၁ လုံးပေါ်သို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက် ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိသူများကို ကူညီကယ်ဆယ်မှု ဆောင်ရွက်နေစဉ်အတွင်း ပါဒစက်တော်ရာ တောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်မှုကြောင့် အဆိုပါနေအိမ်သို့ပင် ထပ်မံကျရောက် ပေါက်ကွဲပြီး နောက်ထပ် ပြည်သူ ၉ ဦး သေဆုံးပြီး ၃ ဦး ထပ်မံ ထိခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးခဲ့သည့် အရပ်သား ပြည်သူများသည် လက်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားလျက်ရှသည့် တိုက်ပွဲ အခြေအနေကြောင့် ခရီးဆက်နိုင်ခြင်း မရှိပဲ နီးစပ်ရာ ကျေးရွာတွင် ဝင်ရောက်တည်းခိုနေသည့် အပြစ်မဲ့ ပြည်သူများသာ ဖြစ်ကြောင်း သိရှိရသည်။

"ညဘက်ကြီး တိုက်ပွဲလည်း ဖြစ်နေတာ မဟုတ်ဘဲ စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာကို ဦးတည်တိုက် ခိုက်တာပါ။ အိမ်ရှင်အပါ ခရီးသွားပြည်သူတွေ သေဆုံးပါတယ်။ အမှန်က အခု သေဆုံးသွားတဲ့ ပြည်သူတွေက ခရီးတထောက်နားတဲ့ ပြည်သူတွေပါ။ ဒေသခံတွေလည်း မဟုတ်ကြဘူး။ သူတို့ကို ဦးတည်တိုက်ခိုက်တာက တကယ့်ကို လူမဆန်တဲ့လုပ်ရပ်လို့ ပြောလို့ရတယ်။ ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းတွေ စနစ်တကျ တူးဖို့နဲ့ ထုတ်ပြန်ချက်ကို တိတိကျကျလိုက်နာပေးဖို့ပဲ မေတ္တာရပ်ခံပါတယ်ဗျ" ဟု မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံကရှင်းပြသည်။

ယမန်နေ့ည စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူ ၁၀ ဦးကို ယနေ့ သဂြိုလ်ရန် လုပ်ဆောင်နေကြောင်း၊ ပြည်သူကို ရန်သူသဖွယ် သဘောထားနေသည့် စစ်ကောင်စီတပ်သည် လက်နက်ကိုင်နှင့် လက်နက်မဲ့ပြည်သူကိုပင် ခွဲခြားခြင်း မရှိတော့ဘဲ တရားလက်လွတ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပုလောမြို့နယ်အတွင်းတွင် စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနိုင်ကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများကို စနစ်တကျ တူးထားရန် အရေးကြီးကြောင်း၊ ထို့အပြင် တိုက်ပွဲ ဧရိယာအတွင်းရှိ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံး ထွက်ခွာရန် တော်လှန်ရေးတပ်များက ထပ်မံ တိုက်တွန်းနှိုးဆော်ထားသည်။

နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ ...
26/07/2025

နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် တံတားဦးမြို့နယ် အတွင်းမှ နွားထိုးကြီးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများက စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် မျက်ရှုရွာ ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"ဒီနေ့ နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သားတွေက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာ ပြည်သူ ၆ ဦးသေဆုံးတယ်။ အသက်မပြည့်တဲ့ ကလေး ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးတယ်။ ဒဏ်ရာရတာက ၆ ဦးရှိတယ်။ တံတားဦးမြို့နယ်က ထိုးလာတဲ့ စစ်ကြောင်းက တိုက်ခိုက်သွားတာပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မန္တလေးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် မဲနှိုက်ပွဲများ ပြုလုပ်ပြီး လူငယ်များအားလုံး ဗလာမပါသော စစ်မှုထမ်း မဲများပေါ...
25/07/2025

မန္တလေးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် မဲနှိုက်ပွဲများ ပြုလုပ်ပြီး လူငယ်များအားလုံး ဗလာမပါသော စစ်မှုထမ်း မဲများပေါက်

ရန်ကုန်၊ ဇူလိုင် ၂၃

မန္တလေးမြို့ပေါ်ရှိ မြို့နယ်များတွင် လူငယ်များကို စစ်မှုထမ်းအလှည့်ကျ တာဝန်ထမ်းဆောင်ရမည့် ကာလသတ်မှတ်သော မဲနှိုက်ပွဲများ ယမန်နေ့တွင် ပြုလုပ်ခဲ့ပြီး လူငယ်များအားလုံး ဗလာမပါသော စစ်မှုထမ်းရမည့် မဲများပေါက်ကြကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ မန္တလေးရှိ အောင်မြေသာစံမြို့နယ် အပါအဝင် မြို့နယ်အများစုတွင် စစ်မှုထမ်းရမည့် မဲနှိုက်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ မဲနှိုက်ရာတွင် လူငယ်များကို စစ်မှုထမ်းရမည့်ကာလ သတ်မှတ်သော မဲနှိုက်ပွဲများသာဖြစ်ပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များမှာ ဗလာမပါသော စစ်မှုထမ်းမဲများ ပေါက်ကြကြောင်း သိရှိရသည်။

"ဗလာမပါဘူးဆိုတာက မဲနှိုက်ရမယ့် လူငယ်တွေအားလုံး စောစော တာဝန်ထမ်းရမယ့်သူနဲ့ နောက်ကျ တာဝန်ထမ်းရမယ့်သူ ဆိုပြီး အချိန်ကာလသတ်မှတ်တာပေါ့။ တချို့ တစ်အိမ်တည်း လူငယ် ၂ ဦး တစ်ပြိုင်နက်တည်း စစ်မှုထမ်း တစ်ပတ်စဉ်တည်းသွားဖို့ မဲပေါက်တာတွေပါရှိတယ်။ မိဘတွေက ကိုယ်စားသွားနှိုက်ပေးကြတာ" ဟု အောင်မြေသာစံမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။

အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအားလုံးကို မဲနှိုက်ခိုင်းခြင်းဖြစ်ရာ ကျန်းမာရေးမကောင်းမွန်သူများ၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသူများ၊ ပညာသင်ကြား တက္ကသိုလ်တက်နေသူများ၊ အလုပ်သမားများ အားလုံးကို စစ်မှုထမ်းရန် အချိန်ကာလများ သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။

"အမှတ်စဉ်တွေနဲ့ မဲပေါက်ကြတာ။ ဥပမာ- တချို့လူငယ်တွေက ဩဂုတ်လထဲမှာဆိုရင် တချို့တွေက စက်တင်ဘာလထဲမှာပေါ့။ ပြီးတော့ စစ်မှုထမ်းရမည့် အချိန်ကာလတွေကို စာရင်းမှတ်ပြီး မိဘက သဘောတူညီကြောင်း လက်မှတ်ထိုးခိုင်းတယ်။" ဟု မဲပေါက်သော လူငယ်တစ်ဦး၏ ဖခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မဲနှိုက်ပွဲများတွင် ထူးခြားချက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၏ သားများ၊ မီးသတ်၊ ကြက်ခြေနီ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ သားများ၊ငွေကြေးချမ်းသာသော လုပ်ငန်းရှင် စီးပွားရေးသမားများ၏ သားများ မပါဝင်ဘဲ သာမန်ဝင်ငွေနည်းနှင့် လူလတ်တန်းစားမိသားစုများမှ လူငယ်များသာ မဲနှိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဧရာ၀တီတိုင်းကျောင်းကုန်းမြို့နယ်မှ စစ်မှုထမ်းဆင့်ခေါ်ရေး ဆွေးနွေးပွဲ။

ပုလောတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို ဦးတည် တိုက်ခိုက်နေ၍ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး၊ စစ်စခန်းအ...
25/07/2025

ပုလောတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို ဦးတည် တိုက်ခိုက်နေ၍ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး၊ စစ်စခန်းအနီး နေထိုင်သော ပြည်သူများ အမြန်ဆုံး ထွက်ခွာပေးရန် PDF က အသိပေး

ရန်ကုန်၊ ဇူလိုင် ၂၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အရပ်သား ပြည်သူများကို ဦးတည် တိုက်ခိုက်နေ၍ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ မဟာမိတ်တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်သွားလျက်ရှိပြီး စစ်တပ်က ကြည်း၊ ရေ၊ လေ အသုံးပြု တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီ တပ်စခန်းများအနီး နေထိုင်သော ပြည်သူများ အနေဖြင့် နေအိမ်များမှ ချက်ချင်း ထွက်ခွာ၍ လုံခြုံသည့် နေရာများသို့ အလျင်အမြန် တိမ်းရှောင်ကြရန်နှင့် နေအိမ်များ အတွင်း ပိတ်မိနေပါက ကျည်ကွယ်မျက်ကွယ်နေရာများတွင် တတ်နိုင်သလောက် လုံခြုံစွာနေထိုင်ကြရန် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ပြောဆိုထားသည်။

"ပလမြို့ အပါအဝင် ပလမြို့ အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတာပါ။ စစ်ကောင်စီဘက်က အခုအချိန်ထိ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် အထိ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရေတပ်နဲ့ အထိုင်တပ်ရင်းတွေကလည်း လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်နေတာတွေရှိတယ်။ စစ်တပ်က ပြည်သူတွေကို ဦးတည် တိုက်ခိုက်နေလို့ ပြည်သူ ၁၀ ဦး ဝန်းကျင် ထိခိုက်သေဆုံးတာ ရှိပါတယ်" ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ခရီးသွား ပြည်သူများအနေဖြင့်လည်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၏ မြိတ်-ပုလော လမ်းပိုင်းကို အသုံးပြု၍ ခရီးသွားလာခြင်း လုံးဝမပြုလုပ်ရန် တိုက်တွန်းထားပြီး နောက်ထပ် ထုတ်ပြန်ချက် မထုတ်ပြန်မီ အချိန်ထိ မြိတ်-ပုလော လမ်းပိုင်းကို အသုံးပြုခြင်းကို အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ကြောင်း အတိုင်း ထပ်မံတက်လာသော စစ်သင်္ဘောများက အင်ဒေါင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၂ လုံးပြာကျ၊ ကေ...
22/07/2025

ဧရာဝတီမြစ်ကြောင်း အတိုင်း ထပ်မံတက်လာသော စစ်သင်္ဘောများက အင်ဒေါင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၂ လုံးပြာကျ၊ ကော့ကရိတ် ထီးသဲလယ် အထက်တန်းကျောင်းကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇူလိုင် ၂၂

မန္တလေးတိုင်း၊ ဝက်လက်မြို့နယ်တွင် ဧရာဝတီမြစ်ကြောင်း အတိုင်း ထပ်မံတက်လာသော စစ်သင်္ဘောများက အင်ဒေါင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၂ လုံးပြာကျခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် မန္တလေးမြို့မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော အုပ်စုက ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာအနီး ရောက်ရှိစဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် အင်ဒေါင်းရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ နေအိမ် ၂ လုံး မီးလောင် ပြာကျခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော အုပ်စုသည် ထုံးကြီးရွာအနီး ရောက်ရှိနေပြီး ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးမှ ထွက်ခွာလာခဲ့သည့် စစ်သင်္ဘော အုပ်စုသည်လည်း လက်ရှိချိန်တွင် တကောင်းမြို့အနီးရောက်ရှိနေကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရှိရသည်။

"ဒီနေ့ မန္တလေးကနေ တက်လာတဲ့ စစ်ခွေး သင်္ဘော ၃ စီးက ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာ မြောက်ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တာ အင်ဒေါင်းရွာက နေအိမ် ၂ လုံးပြာကျ၁တယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး။ အခုသင်္ဘောတွေက ထုံးကြီးရွာနားကိုရောက်နေတယ်။ ၁၇ ရက်နေ့က သင်္ဘောတွေကတော့ တကောင်းမြို့နားကို ရောက်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်" ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ထီးသဲလယ် အထက်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကျောင်းအဆောက်အအုံများ၊ အားကစားခန်းမ၊ အိမ်သာနှင့် ကျောင်းဈေးဆိုင်ငယ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ ထီးသဲလယ် အထက်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျောင်းအဆောက်အအုံများ၊ အားကစားခန်းမ၊ အိမ်သာနှင့် ကျောင်းဈေးဆိုင်ငယ်များ ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းအနီးရှိ လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်ရေး ပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ အဆောက်အဦးများ၊ ကလေးများ စာသင်ကြားနေသည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများသို့ စစ်ရေးပစ်မှတ်ထား၍ မကြာခဏ ဗုံးကျဲ တိုက်ခိုက်လျက်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ အကြမ်းဖက် လုပ်ရပ်များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်နှင့် ထိခိုက်သည့် ပြည်သူ့လူထုများ အတွက် အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တောင်းဆိုထားသည်။

အင်းစိန်ထောင်တွင် စစ်တပ်စစ်ကြောရေး၏ ညှဉ်းပန်းနှိပ်စက်ခဲ့သော ဒဏ်ရာများဖြင့် ကွယ်လွန်သူ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို...
22/07/2025

အင်းစိန်ထောင်တွင် စစ်တပ်စစ်ကြောရေး၏ ညှဉ်းပန်းနှိပ်စက်ခဲ့သော ဒဏ်ရာများဖြင့် ကွယ်လွန်သူ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ယနေ့ နံနက်ပိုင်း ရေဝေးသုဿာန်တွင် သဂြိုလ်မည်

ရန်ကုန်၊ ဇူလိုင် ၂၂

အင်းစိန်အကျဉ်းထောင်တွင် အကြမ်းဖက် စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်ခဲ့သော ဒဏ်ရာများဖြင့် ဆေးကုသခွင့်မရရှိဘဲ ကွယ်လွန်ခဲ့သူ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ယနေ့ နံနက်ပိုင်း သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်အတွင်း ကွယ်လွန်ခဲ့သော မဝတ်ရည်အောင် ကို ဇူလိုင်လ ၂၁ ရက်နေ့တွင် အကျဉ်းဦးစီးဌာနက ထောင်လွတ်မိန့် ထုတ်ပေးခဲ့ပြီး မိသား စုထံသို့ အလောင်းပြန်ပေးခဲ့ကြောင်း၊ ထို့ ကြောင့် ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရေဝေးသုဿန်တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသူ၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ် အမှု ဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်မှာ စစ်တပ်၏ စစ်ကြောရေးတွင် နှိပ်စက်ညှင်းပန်းမှုခံခဲ့ရသည့်အပြင် အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသခွင့်မရခဲ့သဖြင့် ကျဆုံးခဲ့ရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သော မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၁၄ ရက်နေ့တွင် အခြားကျောင်းသား ၅ ဦးနှင့်အတူ ကျောက် တံတားမြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး စစ်တပ်က စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ် စက်ခဲ့ကြောင်း၊ ယင်းနောက် ဦးခေါင်းအတွင်းဒဏ်ရာရရှိခဲ့ကာ ထောင်အတွင်း လုံလောက်သော ဆေးကုခွင့် မရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက မဝတ်ရည်အောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ် စုစု ပေါင်းထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်မှာ ကျန်း မာ ရေးအခြေအနေဆိုးဝါးလာသည့်တိုင် အကျဉ်းဦးစီးဌာနက လုံလောက်သည့် ဆေးဝါးကုသခွင့်ကို မပေးခဲ့ဘဲ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ရရှိခဲ့သော ဦးခေါင်းအတွင်းဒဏ်ရာဖြင့်ပင် အသက် ၂၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ တရားမဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး ချီတက်လမ်းလျှောက် ဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြ...
20/07/2025

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ တရားမဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး ချီတက်လမ်းလျှောက် ဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
#စစ်အာဏာသိမ်း #တရားမဲ့ #ရွေးကောက်ပွဲ #ချီတက် #ဆန္ဒပြပွဲ

❐ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာများဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်း၌ ကျဆုံ...
20/07/2025

❐ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာများဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်း၌ ကျဆုံး။

‌ဇူလိုင် ၂၀၊ ၂၀၂၅။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်သည် စစ်ကြောရေးအတွင်း စစ်ကောင်စီတပ်၏ နှိပ်စက်ဒဏ်ရာများကြောင့် လေးနှစ်နီးပါးအကြာ၌ အကျဉ်းထောင်တွင်း ကျဆုံးသွားခဲ့ပြီဖြစ်သည်။

မ၀တ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းဆီးခံရပြီး မတရား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံထားရပြီး စစ်ကြောရေးအတွင်းလည်း ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသည်။

၂၀၂၂၊ ဧပြီလ (၂၄) ရက်နေ့တွင် အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့လည်းကောင်း၊ ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ လည်းကောင်း ရွှေ့ပြောင်းခံခဲ့ရသည်။

ဒိုက်ဦးထောင်မှ အင်းစိန်‌ထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် စစ်ကြောရေးတွင်း နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် ဦးနှောင်အကျိတ်တည်ဒဏ်ရာဖြင့် (၂၂) နာရီကြာခန့် သတိလစ်သွားခဲ့သေးသည်။

ထို့နောက် မဝတ်ရည်အောင်ကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသခဲ့သော်လည်း ဒဏ်ရာအခံကြောင့် မကြာခဏ တက်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်ကာ အရေးပေါ်အခြေအနေအထိ ဖြစ်ပေါ်ခံစားခဲ့ရသည်။

ထို့နောက် ယ‌နေ့ ဇူလိုင်လ (၂၀) ရက်တွင် အဆိုပါ‌ဒဏ်ရာများဖြင့်ပင် အင်းစိန်ထောင်တွင်း၌ ကျဆုံးသွားပြီဖြစ်ကြောင်း နီးစပ်သူများက အတည်ပြုထားပြီး မဝတ်ရည်အောင်သည် ကျဆုံးချိန်တွင် အသက် (၂၅) နှစ်သာ ရှိသေးသည်။

- မင်းဘုန်း (စာတည်း - မောင်ဘိုး)

#စစ်ကြောရေးအတွင်းနှိပ်စက်ဒဏ်ရာများ #မဝတ်ရည်အောင် #ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ #အလုပ်အမှုဆောင် #မဝတ်ရည်အောင် #ထောင်တွင်းကျဆုံး
#ဆီသို့

-----

Subscribe to us on;

Telegram >>> https://t.me/towardsweeklynews

SoundCloud >>> https://soundcloud.com/towards-podcast

YouTube >>> https://www.youtube.com/-Towards-Media

Website >>> http://towardsmedia.info

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဇာတိမြို့ကို စစ်တပ်ဗုံးကြဲDVBမကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက စာသင်ကျောင်း ၁ ကျောင်းကိ...
19/07/2025

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဇာတိမြို့ကို စစ်တပ်ဗုံးကြဲ
DVB
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက စာသင်ကျောင်း ၁ ကျောင်းကို ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင်၊ ဘုရားစေတီနဲ့ သိမ်အဆောက်အဦတွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “နတ်မောက်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကံသာရွာကို လေကြောင်းတိုက်ခိုက်ခံရတာပါ။ ပြည်သူထိခိုက်တာမရှိဘူး။ စာသင်ကျောင်းဆောင်နဲ့ တခြားဘာသာရေးအဆောက်အဦတချို့ ထိခိုက်ပျက်စီးတာရှိတယ်လို့တော့ သိရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) တွေ အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
#နတ်မောက် #ပါရာမိုတာ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက စာသင်ကျောင်း ၁ ကျောင်းကို ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင....

အာဇာနည်နေ့တွင် PDF တပ်ရင်းများ ချီတက်အလေးပြုDVBဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျင်းပအလေးပြုခဲ့...
19/07/2025

အာဇာနည်နေ့တွင် PDF တပ်ရင်းများ ချီတက်အလေးပြု
DVB
ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျင်းပအလေးပြုခဲ့တယ်လို့ Loikaw Local PDF တပ်ရင်းနဲ့ SOF တပ်ရင်း ၂၊ တပ်ခွဲ ၂ တို့ဆီက သိရပါတယ်။
တပ်ရင်းတွေတည်ရှိရာ တောတွင်းတနေရာမှာပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုတာ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တွန်းလှန်ရင်းကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကိုအလေးပြုတာ၊ နွေဦးတော်လှန်ရေး ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခဲ့တယ်လို့ သိရပါတယ်။
#အာဇာနည်နေ့
https://www.dvb.no/post/715281

ကလေးမြို့ တစ်နေရာတွင် အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုပြုလုပ်ရန်ကုန်၊ ဇူလိုင် ၁၈ကလေးမြို့ တစ်နေရာတွင် ကလေးမြို့လူထုတိုက်...
18/07/2025

ကလေးမြို့ တစ်နေရာတွင် အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၈

ကလေးမြို့ တစ်နေရာတွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်း၊ ကလေးမြို့ဒေသပြည်သူများနှင့်အတူ အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု တရပ်ကိုပြုလုပ်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်တွင် ခလရ ၅၃ တပ်ရင်းမှ စစ်သား ၂ ဦးက သေနတ် ၂ လက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်ရန်ကုန်၊ ဇူလိုင် ၁၆ပဲခူးတို...
17/07/2025

ပေါက်ခေါင်းမြို့နယ်တွင် ခလရ ၅၃ တပ်ရင်းမှ စစ်သား ၂ ဦးက သေနတ် ၂ လက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၁၆

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ခလရ ၅၃ တပ်ရင်းမှ စစ်သား ၂ ဦး သေနတ် ၂ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ ပေါက်ခေါင်းမြို့နယ်၊ ခလရ ၅၃ တပ်ရင်းမှ စစ်သား ၂ ဦးက လက်နက် ခဲယမ်း အပြည့်အစုံဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်းထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်သား ၂ ဦးက ၎င်းတို့ ကိုင်ဆောင်သည့် MA-4 သေနတ် ၁ လက်၊ MA-3 သေနတ် လက်၊ 5.56 ကျည် ၃၈၄ တောင့်၊ 40mm ဗုံးသီး ၁၆ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဘောက် ၈ ဘောက်တို့ကို ယူဆောင်လာခဲ့သည်။

အလင်းဝင်လာသူ စစ်သား ၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးပြီး ဂုဏ်ပြုဆုငွေ ငွေကျပ်သိန်း ၇၀ ချီးမြှင့်ကြောင်း၊ ပြည်သူများကလည်း ငွေကျပ် ၁၀ သိန်းတို့ဖြင့် ထပ်မံဂုဏ်ပြုချီးမြှင့်ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ကပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်သားများအနေဖြင့် လက်နက်နှင့်တကွ အလင်း ဝင်ရောက်လာပါက ကြိုဆိုမည်ဖြစ်ပြီး ထိုက်တန်စွာ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အသိ ပေးနှိုးဆော်ထားသည်။

Adresse

Schönau Am Königssee

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Youth Revolution erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen