Zoland Voice TV

Zoland Voice TV Zoland Voice TV Official Page.
(1)

Official Youtube Channel
https://youtube.com/

Podcast: Zoland Voice Radio
:


31/12/2025
30/12/2025

ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်

https://www.youtube.com/watch?v=-pboEWJjYaw

အဓမ္မသရဖူဆောင်းပွဲ - ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလော၊ အဓမ္မသရဖူဆောင်းပွဲလော၂၀၂၅ ခုနှစ်၊ ဒီဇင...
26/12/2025

အဓမ္မသရဖူဆောင်းပွဲ - ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ

ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလော၊ အဓမ္မသရဖူဆောင်းပွဲလော

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် မြန်မာ့အထွေထွေရွေးကောက်ပွဲသည် အရှေ့တောင်အာရှ၏ နိုင်ငံရေးသမိုင်းတွင် အရေးပါသော အချိုးအကွေ့တစ်ခု ဖြစ်လာဖွယ်ရှိသည်။ “ရွေးကောက်ပွဲ”ဟု အမည်ပေးထားသော်လည်း လက်တွေ့ကျစွာ​၊ အရှိကိုအရှိတိုင်း (literally) ရေးသားဖော်ပြမည်ဆိုရင် ၎င်းသည် “အီလက်ရှင် ဟု ခေါ်သည့် ရွေးကောက်ပွဲ” မဟုတ်ပါ ဤဖြစ်စဥ် (event) ပွဲသည် ဒီမိုကရေစီစနစ်သို ပြန်လည်ကူးပြောင်းခြင်း (Democratic Transition) မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ အာဏာရှင်စနစ်ကို အတင်းအဓမ္မတရားဝင်စေခြင်း (သိုမဟုတ်) “မတရားမှုကို နန်းတင်ခြင်း" (Coronation of Coercion) သက်သက်သာ ဖြစ်သည်။​
အထူးသဖြင့် စစ်ခေါင်းဆောင်များအတွက် ဤပွဲသည် ပြည်သူလူထု၏ ဆန္ဒသဘောထားကို ထင်ဟပ်စေရန် ရည်ရွယ်သည့် “ရွေးကောက်ပွဲ” မဟုတ်ဘဲ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် နေ့စဥ်ရက်စက်စွာ ပြည်သူများကို သတ်ဖြတ်သွေးစွန်းမှုများကို တရားဝင်မှု (Legitimacy) ရစေရန်၊ အထူးသဖြင့် နောက်ကြောင်းပြန်အရေးယူမှုမှ ကင်းလွတ်ခွင့်ရစေရန် ရည်ရွယ်သည့် “ပြစ်သွေးဆေးကြောပွဲ” တစ်ခုဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများထံမှ အသိအမှတ်ပြုမှု ရခြင်းဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ပြည်သူများအပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူခြင်းမလိုသည့် (Impunity) နိုင်ငံရေးထွက်ပေါက် (Exit Strategy) အဖြစ် အသုံးချရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထိုအပြင် ရှေးပဒေသရာဇ်ခေတ်ကကျင့်သုံးခဲ့သော “သေလျှင်မြေကြီးရှင်လျှင်ရွှေထီး” “ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်သည်” ဟူသည့် ထိခိုက်မှုများလွန်းသည့် နိုင်ငံရေးယဥ်ကျေးမှု အစဥ်အလာသည် “၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသည် မဲမသမာမှုရှိသည်” ဟူသော မဟုတ်မှန်သည့်စွပ်စွဲချက်ဖြင့် သန်းငါးဆယ်သောပြည်သူများ၏ရွေးချယ်တင်မြှောက်သည့် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးအကျင်းကျခြင်းဖြင့် ရှင်သန်နေခြင်းဖြစ်သည်။ အကျိုးအဆက်အဖြစ် မြန်မာပြည်သူများအတွက်မူ ၁၉၅၈- ၁၉၈၈ အထိ နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့ကာ အရှေ့တောင်အာရှတွင် အချမ်းသာဆုံးတိုင်းပြည်မှ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည််ဖြစ်စေခဲ့သည့် ဗိုလ်ချုပ်နေဝင်း-သမ္မတကြီးနေဝင်း-ဥက္ကဌကြီးဦးနေဝင်း၏ ဇတ်လမ်းဟောင်းကို ဇတ်ကောင် လူသစ်များဖြင့်အစားထိုးကာ၊ နောက်ထပ်မျိုးဆက်တစ်သက်သာ အာဏာရှင်အမျိုးများး၏ အုပ်ချုပ်မှုအောက်တွင် ပြည်လည်ရောက်ရှိသွားစေမည့် ထောင်ချောက်ကြီး ဖြစ်သည်။

တရားဝင်မှု ကင်းမဲ့ခြင်းနှင့် ဖွဲစည်းပုံဆိုင်ရာ အကြပ်အတည်း
ဤရွေးကောက်ပွဲသည် စတင်ကတည်းက တရားဝင်မှု (Legitimacy) လုံးဝ မရှိပေ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လက်နက်အားကိုးဖြင့် ဖျက်သိမ်းခဲ့သော စစ်တပ်သည် ယခုအခါ ၎င်းတိုစိတ်ကြိုက် ရေးဆွဲထားသော ဥပဒေများဖြင့် ရလဒ်ကို ကြိုတင်ပုံဖော်နေသည်။ ၂၀၂၃ ခုနှစ်တွင် စစ်တပ်မှ တရားမဝင်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ သည် အတိုက်အခံပါတီကြီးများ၊ အထူးသဖြင့် လူထုထောက်ခံမှု အများဆုံးရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ကို နိုင်ငံရေးမြေပုံမှ ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသော "ကွပ်မျက်မှု ဥပဒေ" ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် ထောင်ဒဏ်ကျခံနေရသော ခေါင်းဆောင်များကို ပါတီမှ ထုတ်ပယ်ရန် ပြဋ္ဌာန်းချက်သည် ဒီမိုကရေစီအင်အားစုများကို ခေါင်းမဖော်နိုင်စေရန် ရည်ရွယ်သည်။ ရလဒ်အနေဖြင့် NLD အပါအဝင် ပါတီပေါင်း (၄၀) ကျော် ဖျက်သိမ်းခံခဲ့ရပြီး၊ ယခုရွေးကောက်ပွဲတွင် စစ်တပ်၏ လက်ဝေခံ USDP နှင့် မဟာမိတ်ပါတီငယ်များသာ ယှဉ်ပြိုင်ခွင့် ရှိတော့သည်။

ရွေးကောက်ပွဲစနစ် ပြောင်းလဲခြင်း (PR စနစ်၏ ထောင်ချောက်)
ယခင် ကျင့်သုံးခဲ့သော FPTP စနစ်မှ အချိုးကျကိုယ်စားပြုစနစ် (PR) သို ပြောင်းလဲခြင်းသည် စစ်တပ်၏ အာဏာတည်မြဲရေးအတွက် သင်္ချာနည်းကျ တွက်ချက်ထားသော လှည့်ကွက်ဖြစ်သည်။ စစ်တပ်အစုအဖွဲ (၂၅%) နှင့် USDP တို ပေါင်းစပ်လိုက်ပါက၊ ပြည်သူလူထု၏ ထောက်ခံမှု မရရှိဘဲနှင့် ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Constitutional Engineering) ကို အသုံးချကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် သမ္မတ ဖြစ်လာရန် လမ်းခင်းထားသည်။

အကြောက်တရားဖြင့် တည်ဆောက်သော မဲရုံများ၊ ယခုရွေးကောက်ပွဲကို "သေနတ်ပြောင်းဝအောက်မှ မဲပေးပွဲ" ဟု ခေါ်ဆိုခြင်းသည် တင်စားခြင်...
26/12/2025

အကြောက်တရားဖြင့် တည်ဆောက်သော မဲရုံများ၊

ယခုရွေးကောက်ပွဲကို "သေနတ်ပြောင်းဝအောက်မှ မဲပေးပွဲ" ဟု ခေါ်ဆိုခြင်းသည် တင်စားခြင်း သက်သက်မဟုတ်ပေ။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သော ရွေးကောက်ပွဲ လုံခြုံရေးဥပဒေ သည် ပြည်သူလူထု၏ ငြင်းဆန်ပိုင်ခွင့်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်သည်။

သပိတ်မှောက်မှုကို ရာဇဝတ်မှုပြုခြင်း - မဲမပေးရန် လှုဆော်ခြင်း၊
ရွေးကောက်ပွဲကို ဝေဖန်ခြင်း ပြုလုပ်သူများကို ထောင်ဒဏ် (၃) နှစ်မှ (၁၀) နှစ်အထိ ချမှတ်နိုင်ပြီး၊ သေဒဏ် (Death Penalty) အထိ ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
စစ်မြေပြင်မှ မဲရုံများ - နိုင်ငံ၏ မြိုနယ်ထက်ဝက်ခန့် (၄၀% ကျော်) တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ဘဲ စစ်ပွဲများ ဖြစ်ပွားနေချိန်တွင် ရွေးကောက်ပွဲ ကျင်းပခြင်းသည် လက်တွေ့မကျသော စိတ်ကူးယဉ်မှုသာ ဖြစ်သည်။
သွေးစွန်းသော စားပွဲတော် - ကြံရာပါများနှင့် တရားစီရင်ချက်
ဤရွေးကောက်ပွဲတွင် အားပေးပါဝင်ပတ်သက်သူများနှင့်ပတ်သက်သောထူးခြားသည့် အချက်မှာ သူတိုကို စစ်တပ်မှ အတင်းအဓမ္မခြိမ်းခြောက်ကာ ဤအတုအယောင်ရွေးကောက်ပွဲကို ဝင်ခိုင်းသည်မဟုတ်ပါ​။​ သူတိုသည် ဤအတုအယောက်ရွေးကောက်ပွဲမှာ ပါဝင်နိုင်ရန်အတွက် တက်ကြွစွာကြိုးစားပမ်းစားပါဝင်နေခြင်းဖြစ်သည်။​အမှန်စင်စစ် သူတိုသည် ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် ပါဝင်နေခြင်း မဟုတ်ဘဲ၊ ရာဇဝတ်မှုကြီး တစ်ခုတွင် ကြံရာပါ (Accomplice) အဖြစ် ပါဝင်နေခြင်း ဖြစ်သည်။

သွေးဖြင့် ခင်းကျင်းထားသော စားပွဲဝိုင်း (The Feast of Blood)
စစ်အာဏာရှင်ကို သရဖူဆောင်းပေးမည့် ဤရွေးကောက်ပွဲသည် မဲရုံတစ်ခု မဟုတ်ပါ။ ၎င်းသည် ကိုယ့်လူမျိုး၊​ကိုယ့်ပြည်သူများကို သွေးအေးအေးဖြင့် သတ်ဖြတ်နေသော အကျင့်ပျက်စစ်သားများနှင့် အတူကျင်းပသည့် "စားပွဲရုံ" ဖြစ်သည်။ ဤပွဲတော်တွင် သူတို သောက်သုံးနေရသည်မှာ ရိုးရာဝိုင်အရက် မဟုတ်ဘဲ သောင်းနှင့်ချီသော မိခင်များ၊ ဖခင်များနှင့် ကလေးငယ်များ၏ "မျက်ရည်များ" ကို သောက်သုံးနေခြင်း ဖြစ်သည်။ သူတို၏ ပန်းကန်ပြားပေါ်တွင် တည်ခင်းထားသည်မှာ အစားအစာ မဟုတ်ဘဲ မကွေးတိုင်း၊ မြောက်ခင်ရန်းကျေးရွာ ကဲ့သိုသော အညာကျေးလက်ဒေသများတွင် မင်းအောင်လှိင်၏ တပ်သားများက သစ်ပင်တွင် ချည်နှောင်၍ အရှင်လတ်လတ် မီးရှိသတ်ဖြတ်ခဲ့သော လူငယ်များ၊ ရက်စက်စွာ အပိုင်းပိုင်း ခုတ်ထစ်ခံခဲ့ရသော (Mutilated) အပြစ်မဲ့ ပြည်သူများ၏ "အသားစများ" သာ ဖြစ်သည်။ သူတို ထိုင်ချင်နေသော ကုလားထိုင်များသည် လွှတ်တော် အဆောက်အဦးမှ ပရိဘောဂများ မဟုတ်ဘဲ စစ်ကိုင်း၊ မကွေး၊ ချင်းတောင်နှင့် တိုင်းရင်းသား ဒေသအသီးသီးရှိ ကျေးရွာများ၊ တောင်တန်းများပေါ်တွင် မီးရှိဖျက်ဆီးခံလိုက်ရသော ပြည်သူတို၏ အိမ်ရာများမှ "မီးသွေးတုံးများ" ဖြစ်သည်။

သမိုင်း၏ ခုံရုံး (The Inevitable Tribunal)
ယနေ့တွင် သူတိုသည် စစ်တပ်၏ အတုအယောင်အစိုးရတွင် နေရာရကောင်း ရနိုင်ပါသည်။ တစ်သီးစား ခေတ်ပျက်စီးပွားရေးအခွင့်အရေးတစ်ချိုရနိုင်ပါသည်။ သိုသော် သမိုင်းသည် ရှည်လျားသော မှတ်ဉာဏ်ရှိသည်။ သူတိုသည် နောင်တစ်ချိန်တွင် "ပြည်သူ့လွှတ်တော်" တွင် မဟုတ်ဘဲ၊ သူတို၏ ကိုးကွယ်ရာစစ် ခေါင်းဆောင်များနှင့်အတူ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (Tribunals) များနှင့် ပြည်သူ့တရားစီရင်ရေး ခုံရုံးများတွင် တရားခံအဖြစ် နေရာယူရရန် ကံပါလာပြီး ဖြစ်သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) တွင် ပါဝင်ပတ်သက်သူတိုင်းသည် တာဝန်ခံမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

နိဂုံး - သမိုင်း၏ စီရင်ချက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် အခမ်းအနားသည် ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲ (Election) မဟုတ်ဘဲ၊ အဓမ္မနည်းဖြင့် အာဏာတည်မြဲရေး ကြိုးပမ်းမှု (Coronation of Coercion) သာ ဖြစ်သည်။ အတိုက်အခံများကို ဖယ်ရှားခြင်း (Exclusion)၊ မဲဆန္ဒရှင်များကို ခြိမ်းခြောက်ခြင်း (Intimidation) နှင့် ရွေးကောက်ပွဲစနစ်ကို ခြယ်လှယ်ခြင်း (Manipulation) တိုဖြင့် တည်ဆောက်ထားသော ဤရလဒ်သည် တိုင်းပြည် တည်ငြိမ်မှုကို ဆောင်ကြဉ်းနိုင်မည် မဟုတ်ပေ။

"ဆေးမဖြစ်ရင် နေပါ၊ ဘေးမဖြစ်ပါစေနှင့်" ဟူသော စကားရပ်သည် ယခုအချိန်တွင် လူတိုင်းအတွက် အလွန် အရေးကြီးသည်။ အကယ်၍ သင်သည် လက်ရှိနိုင်ငံရေအခြေအနေရ အမှန်တရားအတွက်၊ ​အများပြည်သူအကျိုးအတွက် ရဲဝံ့စွာပေးဆပ်သူများနည်းတူပေးဆပ်နိုင်လျှင် တော်လှန်ပြည်သူများမှ သင့်ကိုဝမ်းသာစွာ ကြိုဆိုနေမည်ဖြစ်သည်။ ထိုသိုမဆောင်ရွက်နိုင်လျှင်လည်း မိမိရှိသည့်နေရာဘဝကို ကောင်းမွန်စွာက်အသက်ရှင်ခြင်းဖြင့် မိမိနှင့် မိမိသက်တိုင်သော သူများအတွက် အကျိုးပြုနိင်ပါသေးသည်။​ သိုရာတွင် "သမိုင်းသည် အလွန်ရှည်လျားသော မှတ်ညဏ်ရှိသည် " (History has a long memory) ဟူသော သတိပေးချက်အတိုင်း၊ ဤရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများသည် ပြည်သူများကိုအာဏာရှင်စနစ်အောက်သို သွတ်သွင်းရာတွင် ကြံရာပါများအဖြစ် မှတ်တမ်းဝင်ကျန်ရစ်မည် ဖြစ်သည်။ ဤ အတုယောင်"လုပ်ဇာတ်" တွင် ပါဝင်ကပြမည့်အစား၊ မှန်ကန်သော သမိုင်းဘက်တော်သားများ အဖြစ် ရပ်တည်ကြရန် လိုအပ်ကြောင်း မေတ္တာဖြင့် တိုက်တွန်းအပ်ပါသည်။

Zomiaဒေသကြီးအတွင်းက တောင်ပေါ်နေချင်းလူမျိုးစု၏ ခုခံတော်လှန်မှု မှတ်တမ်း 🎬24FMကနေ နောက်ထပ် ပြသသွားဖို့ရှိတာကတော့ ၂၀၂၁ခုနစ...
21/12/2025

Zomiaဒေသကြီးအတွင်းက တောင်ပေါ်နေချင်းလူမျိုးစု၏ ခုခံတော်လှန်မှု မှတ်တမ်း 🎬

24FMကနေ နောက်ထပ် ပြသသွားဖို့ရှိတာကတော့ ၂၀၂၁ခုနစ်၊

စစ်အာဏာသိမ်းခြင်းဖြစ်စဥ်မှအစပြု၍ အရှေ့တောင်အာရှ Zomiaဒေသ

ကြီးအတွင်းရှိ တောင်ပေါ်နေဌာနေချင်းလူမျိုးစုတို့၏ ၂၁ရာစု

ခုခံတော်လှန်မှုဖြစ်စဥ်အား ရိုက်ကူးတင်ဆက်ထားသည့်

မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်မှာ

- မြန်မာပြည်နှင့် စစ်အာဏာသိမ်းခြင်းဖြစ်စဥ်များ

- အာဏာသိမ်းဖြစ်စဥ်နှင့်အတူ အာဏာရှင်ခုခံတော်လှန်ရေးလှုပ်ရှားမှု
များ

- ချင်းလူမျိုးစု၏ ၂၁ရာစုထဲက တော်လှန်ရေးခရီးလမ်း (ZFU/ PDF-Zoland ပေါ်ပေါက်လာခြင်း)

- တော်လှန်ရေး၏ ရည်ရွယ်ချက်နှင့် ဦးတည်ရာ

- တော်လှန်သူတို့၏ စကားသံ၊ နေ့စဥ်ဘဝထဲက အစိပ်အပိုင်းတချို့နှင့် အနာဂတ်မျှော်မှန်းချက်များ

စသည့် အကြောင်းအရာများအားဖြင့် မတရားဖိနှိပ်

အုပ်ချုပ်မှုများအပေါ် Zomiaတောင်ပေါ်နေ ဌာနေလူမျိုးစုများ၏ အစဥ်တစိုက် ခုခံတုန့်ပြန်နေမှုများအား ထုတ်ဖော်မှတ်တမ်းတင်ဖော်ပြထားပါတယ်။

🎟️ရုပ်ရှင်လက်မှတ်တစောင်ကို 5 - USD ကျသင့်မှာဖြစ်ပြီးတော့

NUG Pay, SDB Bankများအပြင် နိုင်ငံတကာငွေပေးချေမှုနည်းလမ်းမျိုးစုံ

ဖြင့် 24FM Page Messenger မှာ ဝယ်ယူလို့ရနေပါပြီ။

လက်မှတ်ဝယ်ဖို့ Link: 👇
https://www.24framesmozart.com/movies/the-chin-resistance-defying-tyranny-in-zomia

အ​သေးစိတ်အချက်အလက်​တွေနဲ့ လက်မှတ်ဝယ်ယူတဲ့အခါ အခက်အခဲတစုံတရာရှိ​နေရင်လည်း 24FM Page Chatbox မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်။


Zomiaဒေသကြီးအတွင်းက တောင်ပေါ်နေချင်းလူမျိုးစု၏ ခုခံတော်လှန်မှု မှတ်တမ်း 🎬

24FMကနေ နောက်ထပ် ပြသသွားဖို့ရှိတာကတော့ ၂၀၂၁ခုနစ်၊ စစ်အာဏာသိမ်းခြင်းဖြစ်စဥ်မှအစပြု၍ အရှေ့တောင်အာရှ Zomiaဒေသကြီးအတွင်းရှိ တောင်ပေါ်နေဌာနေချင်းလူမျိုးစုတို့၏ ၂၁ရာစု ခုခံတော် လှန်မှုဖြစ်စဥ်အား ရိုက်ကူးတင်ဆက်ထားသည့် မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်မှာ

- မြန်မာပြည်နှင့် စစ်အာဏာသိမ်းခြင်းဖြစ်စဥ်များ
- အာဏာသိမ်းဖြစ်စဥ်နှင့်အတူ အာဏာရှင်ခုခံတော်လှန်ရေးလှုပ်ရှားမှုများ
- ချင်းလူမျိုးစု၏ ၂၁ရာစုထဲက တော်လှန်ရေးခရီးလမ်း (ZFU/ PDF-Zoland ပေါ်ပေါက်လာခြင်း)
- တော်လှန်ရေး၏ ရည်ရွယ်ချက်နှင့် ဦးတည်ရာ
- တော်လှန်သူတို့၏ စကားသံ၊ နေ့စဥ်ဘဝထဲက အစိပ်အပိုင်းတချို့နှင့် အနာဂတ်မျှော်မှန်းချက်များ
စသည့် အကြောင်းအရာများအားဖြင့် မတရားဖိနှိပ်
အုပ်ချုပ်မှုများအပေါ် Zomiaတောင်ပေါ်နေ ဌာနေလူမျိုးစုများ၏ အစဥ်တစိုက် ခုခံတုန့်ပြန်နေမှုများအား ထုတ်ဖော်မှတ်တမ်းတင်ဖော်ပြထားပါတယ်။

🎟️ရုပ်ရှင်လက်မှတ်တစောင်ကို 5 - USD ကျသင့်မှာဖြစ်ပြီးတော့ NUG Pay, SDB Bankများအပြင် နိုင်ငံတကာငွေပေးချေမှုနည်းလမ်းမျိုးစုံဖြင့် 24FM Page Messenger မှာ ဝယ်ယူလို့ရနေပါပြီ။

အ​သေးစိတ်အချက်အလက်​တွေနဲ့ လက်မှတ်ဝယ်ယူတဲ့အခါ အခက်အခဲတစုံတရာရှိ​နေရင်လည်း 24FM Page Chatbox မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်။


21/12/2025

ရတနာအားမာန် စကားဝိုင်း အစီအစဉ်။
ကံစမ်းမဲလက်မှတ်ကို Page မှဝယ်ယူနိုင်ပါသည်။

ဆရာခွန်းဘီတူး(KNDF ဉက္ကဠ)၊
ဆရာမင်းသား(KNDF ဒုစစ်ရေးချုပ်)၊
ခူးဒယ်နီရယ်(ကရင်နီ ဒုကာကွယ်ရေး ဝန်ကြီး)၊
ကိုထက်မြတ်(CDM ဗိုလ်ကြီး)၊
မနုရင်(အနုပညာရှင်)နှင့်
မညဏ်ညဏ်(အစီအစဉ်မှူး)

တော်လှန်ပြည်သူများ KNDF ကို
ဝန်းရံဖို ရတနာအားမာန်လက်မှတ်များကိုဝယ်ယူကြပါစို

20/12/2025

FUNDRAISING EVENT FOR OPERATION CB (DECEMBER,19,2025)
To Donate:
🇺🇸 US Zelle: (943)900-2534
🇬🇸 Australia: PayDay (043)110-2837
🇳🇴Norway: Vipps #91719286
🇩🇰 Denmark 45-22827766
🇬🇧U.K (England): Mr. Suan Bawmkhai - NatWest Bank 49549731
🇲🇾Malaysia: Thinzar 011-28079274
🇮🇷 India: Gpay (91) 690-952-0801
🇲🇨 Singapore: PMK 96691073
🇰🇷 Korea: Hana Bank - Htann Za Khat 39891030195507
🇱🇹 NUG Pay: Chinbrotherhood*NUG.PAY

THE CHIN RESISTANCE IN ZOMIA — Documentary Filmဒီတစ်ပတ် Sunday (21, Dec 2025) နေ့ပြပြီးနော်။ Documentary Video ဝင်ကြည့်ဖ...
19/12/2025

THE CHIN RESISTANCE IN ZOMIA — Documentary Film

ဒီတစ်ပတ် Sunday (21, Dec 2025) နေ့ပြပြီးနော်။

Documentary Video ဝင်ကြည့်ဖို့ အကောင့်တစ်ခုဖွင့်ဖို့လိုအပ်ပါတယ်။

Acc ဖွင့်ပြီးသွားရင် Ticket ဝယ်ဖို့ အတွက် payment ကိုတော့

Website ထဲကနေ Admin တွေဆီဆက်သွယ်ပြီးဝယ်ယူလို့ရပါတယ်။

Acc ဖွင့်ဖို့ Link: 👇👇👇

https://www.24framesmozart.com/auth/sign-up

Acc ဖွင့်ဖို့အတွက်ပုံတစ်ပုံချင်းစီဝင်ကြည့်ပေးပါနော်။

တစ်ခုခုအဆင်မပြေတာရှိရင် Page ကနေလည်းလာမေးလို့ရတယ်။

📅 ထုတ်လွှင့်မည့်ရက် - ဒီဇင်ဘာ ၂၁၊ ၂၀၂၅
🎬 Platform - https://www.24framesmozart.com/auth/sign-up
🎟 Ticket – $5

Genre: Documentary Film/ War / Historical / Culture
Movie Length: 1 hour
Producer: Kenton Linn & Tele
Directed by Tele

16/12/2025

ပြည်သူ့မေတ္တာ သိန်း (၅၅၀၀) ကံစမ်းမဲဖွင့်ပွဲ အခမ်းအနား

14/12/2025

THE CHIN RESISTANCE IN ZOMIA — Documentary Film - Trailer

၂၁ ရက်နေ့ 24 FM ကနေပြသပါပြီ။

21, Dec (Sunday) in 24 FM pan ki en thei ding hi.

07/12/2025

စစ်ဘေးရှောင်ပြည်သူများအား ဆေးဝါးနှင့် စားနပ်ရိက္ခာ ကူညီထောက်ပံ့နိုင်ရန် အတွက်
NLD OC International Malaysia ရုံးအဖွဲ့မှ အဋ္ဌမ အကြိမ် စီစဥ်ကျင်းပသည့်
"နွေဦးသစ္စာ"
ကံစမ်းမဲ ဆုမဲဖွင့်ပွဲ အခမ်းအနား

06/12/2025

IVE: Fundraising Event for Operation CB
- ချင်းညီနောင်အတွက် ရံပုံငွေရှာဖွေပွဲ (12/5/2025)

https://www.youtube.com/watch?v=56NgjsUZP5M
=================
To Donate:
🇺🇸 US Zelle: (443) 459-7105
🇬🇸 Australia: PayDay (043)110-2837
🇳🇴Norway: Vipps #91719286
🇩🇰 Denmark 45-22827766
🇬🇧U.K (England): Mr. Suan Bawmkhai - NatWest Bank 49549731
🇲🇾Malaysia: Thinzar 011-28079274
🇮🇷 India: Gpay (91) 690-952-0801
🇲🇨 Singapore: PMK 96691073
🇰🇷 Korea: Hana Bank - Htann Za Khat 39891030195507
🇱🇹 NUG Pay: Chinbrotherhood*NUG.PAY

Adresse

Stengærdet 28
Esbjerg
6705

Underretninger

Vær den første til at vide, og lad os sende dig en email, når Zoland Voice TV sender nyheder og tilbud. Din e-mail-adresse vil ikke blive brugt til andre formål, og du kan til enhver tid afmelde dig.

Kontakt Virksomheden

Send en besked til Zoland Voice TV:

Del