Pio-Digital

Pio-Digital Creative Agency

AI ကို ဘယ်လိုအကျိုးရှိရှိသုံးမလဲ ?? ဆိုတာ ဒီဘက်ခေတ်မှာ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ အထူးသဖြင့် Marke...
22/11/2025

AI ကို ဘယ်လိုအကျိုးရှိရှိသုံးမလဲ ?? ဆိုတာ ဒီဘက်ခေတ်မှာ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ အထူးသဖြင့် Marketing နယ်ပယ်မှာပေါ့ … 🤖
AI က သုံးတတ်ရင် တကယ်ကို အစွမ်းထက်တဲ့ လက်နက်တစ်ခုဖြစ်သလို သူ့ရဲ့ အားနည်းချက်လေးတွေကို သိထားရင် ပိုပြီး ထိထိရောက်ရောက် အသုံးပြုနိုင်မှာပါ။ Marketing မှာဆို AI ကို သုံးလို့ရတဲ့ နယ်ပယ်တွေအများကြီးရှိတာကြောင့် တကယ်ကို အားကိုးရတဲ့ လက်နက်တစ်ခုပေါ့။

💫 ဘယ်လိုနေရာတွေမှာ အကျိုးရှိရှိ အသုံးချနိုင်မလဲဆိုရင်တော့ …

📽️ AI နဲ့ Video Commercial လေးတွေကို လုပ်လာကြတာကို သိကြမှာပါ။ ဒီနေရာမှာ AI Celebrity တွေကို အသုံးပြုထားတာကြောင့် အရင်က များပြားလွန်းတဲ့ Commercial Video တစ်ခုရိုက်ဖို့အတွက် သရုပ်ဆောင်ခ၊ Location ခ၊ Production Cost တွေကို လျှော့ချနိုင်မယ်။ Prompt ကောင်းကောင်းပေးတတ်မယ်ဆိုရင် Audience ကို ချပြဖို့အတွက် Video ကောင်းကောင်းတစ်ပုဒ်ထွက်လာနိုင်ပါတယ်။

❌ ဒါပေမယ့်လည်း AI Video တွေမှာက Consistency အားနည်းပြီး Emotion မပါတာကြောင့် တကယ့် Human Power တွေကို အသုံးပြုပြီး Production ပြုလုပ်ထားတဲ့ Video Commercial တွေနဲ့ယှဉ်ရင်တော့ အရသာ တစ်ခုခုလိုအပ်နေသလိုတော့ ဖြစ်နေပါသေးတယ်။

👗 Local Clothing Brand တွေဆိုရင်လည်း ကိုယ့်ရဲ့ အင်္ကျီလေးတွေကို AI Model မျိုးစုံနဲ့ try-on outfit photo လေးတွေ ထုတ်လို့ရနေတာကြောင့် Startup Brand လေးတွေအတွက်ဆိုရင်လည်း တကယ်ကို အဆင်ပြေပါတယ်။

❌ ဒါပေမဲ့ AI ကနေ ထွက်လာတဲ့ ပုံတွေ၊ Video တွေက တစ်ခါတလေကျရင် Generic ဖြစ်လွန်းတာကြောင့် AI က အနုပညာလက်ရာစစ်စစ်ကို တကယ်မဖန်တီးနိုင်သေးပါဘူး။ ✅ ဒါကြောင့် အမြဲတမ်း လူသားဆန်တဲ့ စိတ်ကူးစိတ်သန်းနဲ့ ထပ်ဖြည့်ပေးဖို့တော့ လိုအပ်တာပေါ့။

⚠️ AI ရဲ့ အကူအညီကနေ ရရှိလာတဲ့ Campaign Idea တွေ၊ Marketing Idea တွေကို လူတွေရဲ့ Emotion တွေကို ပေါင်းစပ်လိုက်ပြီးတော့ ပိုထိရောက်တဲ့ Campaign တွေကိုလည်း ဖန်တီးနိုင်မယ့်အပြင် ကိုယ့်ရဲ့ Marketing Skill ကိုလည်း ပိုပြီးတော့ မြှင့်တင်လာနိုင်မှာပါ။

• ဒါကြောင့် AI ကို အသုံးချတယ်ဆိုတာ အလုပ်တစ်ခုလုံးကို AI ကိုလုပ်ခိုင်းလိုက်တာမျိုးမဟုတ်ဘဲ လူကလုပ်ရတဲ့အလုပ်တွေကို ပိုပြီးမြန်ဆန်လွယ်ကူအောင်လုပ်ပြီး လူတွေနဲ့ ထိတွေ့ရမယ့်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်ရမယ့် အလုပ်တွေမှာ ပိုပြီး အချိန်ပေးနိုင်အောင် လုပ်တာမျိုးပါပဲ။ ဒါဆိုရင် သင်ကရော Marketing အတွက် AI ကို အသုံးချပြီး ဘယ်လိုအရာတွေကို လုပ်ပြီးပြီလဲ … ❓

Email : [email protected]
Phone : +959254217277
Address : No.42, Dhama Seintar St, Tamwe Tsp, Yangon.

-Digital

Address

No. 42, Dhama Seintar Street, Tamwe Tsp, Yangon
Ranchi
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959254217277

Website

https://www.tiktok.com/@pio.digital.myanmar, https://www.instagram.com/piodigitalm

Alerts

Be the first to know and let us send you an email when Pio-Digital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share