MyanHealth

MyanHealth MyanHealth makes social media a place for health education, not misinformation. We make social media a place for health education, not misinformation.

10/07/2025

MyanChef Episode-1 “ရွှေဖရုံသီးနှင့် အာဟာရပြည့်ဝသော ဟင်းတစ်ခွက်ချက်ပြုတ်နည်း” 🎃🥣

ဒီနေ့ပြသသွားမဲ့ Episode-1မှာတော့ ကလေးငယ်တွေအတွက် အာဟာရပြည့်ဝတဲ့ "ရွှေဖရုံသီးနှင့် အစာအနှစ်များ"
(Pumpkin & Rich Mashes)ချက်ပြုတ်နည်းကို ပြသထားပါတယ်။

ဒါကြောင့် Baby လေးတို့အတွက် အာဟာရပြည့်ဝဖို့ အခုပဲ Videoလေးကို အဆုံးထိကြည့်လိုက်ရအောင်နော်! 💖

📺 MyanChef အစီအစဉ်များကို MyanHealth ရဲ့ page နှင့် Youtube Channel, Tik Tok Channelများမှလည်းဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်လို့ Liked & Followed လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်။

YouTube Channel Link 👉 https://youtube.com/-health?si=joWppPrsp2ZjfTFj

TikTok Acc Link 👉 https://www.tiktok.com/?_t=ZS-8xp4hy6XfWC&_r=1

#မေမေ့မေတ္တာဟင်း #မိခင်နှင့်ကလေး #အာဟာရ

ဆံပင်ကျွတ်ခြင်းရဲ့ အဓိကအကြောင်းရင်းများနှင့် သတိထားသင့်သော ကျန်းမာရေးဆိုင်ရာ လက္ခဏာများ!!🤔ဆံပင်ကျွတ်ခြင်းဆိုတာ လူအများစု...
09/07/2025

ဆံပင်ကျွတ်ခြင်းရဲ့ အဓိကအကြောင်းရင်းများနှင့် သတိထားသင့်သော ကျန်းမာရေးဆိုင်ရာ လက္ခဏာများ!!🤔

ဆံပင်ကျွတ်ခြင်းဆိုတာ လူအများစု ကြုံတွေ့ရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို ဆံပင်ကျွတ်တာက ပုံမှန်ဖြစ်စဉ်ဖြစ်ပေမယ့် ပုံမှန်ထက်ပိုပြီး သိသိသာသာ ကျွတ်လာပြီဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးပြဿနာတစ်ခုခုကို ဖော်ပြနေနိုင်ပါတယ်။

ဒါကြောင့် ဆံပင်ကျွတ်ခြင်းကနေ ဘာတွေဖော်ပြနိုင်လဲဆိုတာ MyanHealth ကနေ ဝေမျှပေးလိုက်ပါတယ်နော်။

ဆံပင်ကျွတ်ခြင်း၏ ဖြစ်နိုင်ခြေ အကြောင်းရင်းများ။

🤦 စိတ်ဖိစီးမှုများခြင်း
ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သော စိတ်ဖိစီးမှုများ (ဥပမာ- ရောဂါဝေဒနာ ခံစားရခြင်း၊ ခွဲစိတ်မှု ပြုလုပ်ရခြင်း၊ စိတ်ဖိစီးစရာ အခြေအနေများ) က ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

🥗 အာဟာရချို့တဲ့ခြင်း
သံဓာတ် (Iron)၊ ဗီတာမင် D၊ ဇင့် (Zinc)၊ ဗီတာမင် B ကဲ့သို့သော အရေးကြီး အာဟာရဓာတ်များ ချို့တဲ့ခြင်းက ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

🩸ဟော်မုန်းပြောင်းလဲမှုများ
ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးပြီးချိန်၊ သိုင်းရွိုက်ဂလင်း (Thyroid) ပြဿနာများ၊ သွေးဆုံးခြင်းတို့လို ဟော်မုန်းအပြောင်းအလဲများက ဆံပင်ကျွတ်နှုန်းကို များပြားစေနိုင်ပါတယ်။

👪 မျိုးရိုးလိုက်ခြင်း
အမျိုးသား၊ အမျိုးသမီး ဆံပင်ကျွတ်ခြင်း (Androgenetic Alopecia) လို့ခေါ်တဲ့ မျိုးရိုးလိုက် ဆံပင်ကျွတ်ခြင်းဟာ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

🧑‍⚕️ ကျန်းမာရေးပြဿနာများ
ကိုယ်ခံအားစနစ်နဲ့ သက်ဆိုင်တဲ့ ရောဂါများ၊ အရေပြားရောဂါများ နှင့် အချို့သော ဆေးဝါးများ သုံးစွဲခြင်းကလည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

💆ဆံပင်ထိန်းသိမ်းမှု ပုံစံ မှားယွင်းခြင်း
အပူပေးစက်များ (Hair Dryer)နှင့် ဆံပင်ဖြောင့်စက်များ အလွန်အကျွံသုံးခြင်း၊ ဆံပင်ကို တင်းတင်းစည်းနှောင်ခြင်း၊ ပြင်းအားများသော ဓာတုပစ္စည်းများ ပါဝင်သည့် ဆံပင် ဆိုးဆေး၊ ခေါင်းလျှော်ရည်များ အသုံးပြုခြင်းတို့ကလည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ?🧑‍⚕️
ဆံပင်ကျွတ်တာက ရုတ်တရက် သိသိသာသာ ဖြစ်လာရင်၊ သို့မဟုတ် ဆံပင်ကျွတ်တာနဲ့အတူ တခြားကိုယ်ခန္ဓာပြောင်းလဲမှုတွေ (ဥပမာ- ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်အလေးချိန်ပြောင်းလဲတာ) တွေ တွဲဖြစ်လာရင်တော့ ဆရာဝန် (သို့မဟုတ် အရေပြားဆရာဝန်) နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြောင်းရင်းကို ရှာဖွေ ကုသသင့်ပါတယ်ရှင်။

ကျန်းမာပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်နိုင်ကြပါစေ!

#ကျန်းမာရေးဗဟုသုတ #ဆံပင်ကျွတ်ခြင်း #အာဟာရ #ဟော်မုန်း #စိတ်ဖိစီးမှု #ကျန်းမာရေးအသိပညာပေး #ဆံပင်ကျန်းမာရေး

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ မင်္ဂလာဆုတောင်း 🌕🌝ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ တွင် ကိုယ်စိတ်နှစ်ဖြာ ကျန...
09/07/2025

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ မင်္ဂလာဆုတောင်း 🌕

🌝ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း MyanHealth မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်။🙏

ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပထမဆုံး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူခဲ့သော အခါသမယဖြစ်ပြီး၊ သံဃာတော်များ ဝါဆိုခြင်း (ဝါတွင်းကာလ) ကို စတင်သော မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။

ဒါကြောင့် မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရင်း ဘေးရန်အပေါင်းမှ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ထပ်လောင်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ! 🙏

#ဝါဆိုလပြည့် #ဓမ္မစကြာအခါတော်နေ့

အရွယ်ရောက်ပြီးသူများအတွက် တစ်နေ့တာ အိပ်စက်သင့်သည့် အချိန်ပမာဏ ဘယ်လောက်လိုအပ်သလဲ?😴နေ့စဉ်ဘဝမှာ အိပ်ချိန်အပြည့်အဝရဖို့ ဘယ်လ...
08/07/2025

အရွယ်ရောက်ပြီးသူများအတွက် တစ်နေ့တာ အိပ်စက်သင့်သည့် အချိန်ပမာဏ ဘယ်လောက်လိုအပ်သလဲ?😴

နေ့စဉ်ဘဝမှာ အိပ်ချိန်အပြည့်အဝရဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ အားလုံးသိကြပါတယ်။ ဒါဆို အရွယ်ရောက်ပြီးသူတစ်ဦးအနေနဲ့ တစ်နေ့တာ ဘယ်နှစ်နာရီ အိပ်စက်သင့်သလဲဆိုတာကိုရော တိတိကျကျ သိပြီးပြီလား။ MyanHealth ကနေ အကြံပြုချက်များနဲ့အတူ မျှဝေပေးလိုက်ပါတယ်ရှင်။

အရွယ်ရောက်ပြီးသူများအတွက် အကြံပြုထားသော အိပ်ချိန်နာရီ
ကျန်းမာရေးပညာရှင်များ၏ အကြံပြုချက်များအရ အသက် ၁၈ နှစ်မှ ၆၄ နှစ် အရွယ်ရောက်ပြီးသူများအတွက် တစ်နေ့လျှင် ၇ နာရီမှ ၉ နာရီအထိ ပုံမှန်အိပ်စက်ရန် လိုအပ်ပါတယ်။ အချို့သူများအတွက် ၆ နာရီ သို့မဟုတ် ၁၀ နာရီခန့် လိုအပ်နိုင်သော်လည်း၊ ပျမ်းမျှအားဖြင့် ၇ နာရီမှ ၉ နာရီအတွင်း အိပ်စက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

“လုံလောက်စွာ အိပ်စက်ခြင်း၏ အရေးပါပုံ”
1️⃣ ခန္ဓာကိုယ် ပြန်လည်အားဖြည့်ခြင်း။
တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများမှ ခန္ဓာကိုယ်နှင့် စိတ်ကို ပြန်လည်အားဖြည့်ပေးပါတယ်။

2️⃣ကိုယ်ခံအားကောင်းမွန်စေခြင်း။
ကိုယ်ခံအားစနစ်ကို သန်မာစေပြီး ရောဂါများကို ခုခံနိုင်စွမ်း မြှင့်တင်ပေးပါတယ်။

3️⃣ဦးနှောက်စွမ်းဆောင်ရည် တိုးတက်ခြင်း။
မှတ်ဥာဏ်၊ အာရုံစူးစိုက်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို ကောင်းမွန်စေပါတယ်။

4️⃣စိတ်ခံစားချက် တည်ငြိမ်ခြင်း။
စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချပေးပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

“အိပ်ချိန်မလုံလောက်ခြင်း၏ ဆိုးကျိုးများ”
တစ်နေ့လျှင် ၇ နာရီအောက် နည်းပြီး အိပ်စက်ခြင်းသည် နှလုံးရောဂါ၊ ဆီးချို၊ အဝလွန်ခြင်း၊ စိတ်ကျန်းမာရေးပြဿနာများနှင့် မတော်တဆမှုများ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။

ဒါကြောင့် သင့်ရဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် ညတိုင်း လုံလောက်တဲ့ အိပ်စက်ချိန်ကို ဦးစားပေးဖို့ MyanHealth က တိုက်တွန်းလိုက်ပါတယ်ရှင်။

#ကျန်းမာရေးဗဟုသုတ #အိပ်စက်ခြင်း #အိပ်ချိန် #ကျန်းမာရေးအသိပညာပေး

မင်္ဂလာပါ MyanHealth ပရိသတ်ကြီးတို့ရေ! 🙏MyanHealth ကနေ ကျန်းမာရေးဗဟုသုတတွေကို ပိုမိုကျယ်ပြန့်စွာ မျှဝေနိုင်ဖို့အတွက် Tik...
07/07/2025

မင်္ဂလာပါ MyanHealth ပရိသတ်ကြီးတို့ရေ! 🙏

MyanHealth ကနေ ကျန်းမာရေးဗဟုသုတတွေကို ပိုမိုကျယ်ပြန့်စွာ မျှဝေနိုင်ဖို့အတွက် TikTok နဲ့ YouTube Platform တို့ အပေါ်မှာပါ ကျန်းမာရေးဗဟုသုတများကို မျှဝေပေးလျက်ရှိပါတယ်ရှင်။

ဗဟုသုတရဖွယ် လွယ်ကူတဲ့ အိမ်တွင်းကျန်းမာရေးကုသနည်းလမ်းတွေ၊ အာဟာရဆိုင်ရာ အချက်အလက်တွေနဲ့ ကျန်းမာရေးဗဟုသုတ သတင်းအချက်အလက်အစုံအလင်ကို မြန်ဆန်လွယ်ကူစွာ သိရှိနိုင်ဖို့အတွက် MyanHealth ရဲ့ TikTok Channel နဲ့ YouTube Channel တွေကို အခုပဲ Follow နဲ့ Subscribe လုပ်ထားလိုက်ရအောင်နော်။

အောက်ပါ Link တွေကနေတဆင့် ဝင်ရောက်ကြည့်ရှုပြီး အားပေးနိုင်ပါတယ်ရှင်။

TikTok Acc Link 👉 https://www.tiktok.com/?_t=ZS-8xp4hy6XfWC&_r=1

YouTube Channel Link 👉 https://youtube.com/-health?si=joWppPrsp2ZjfTFj

ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် MyanHealth နဲ့အတူ လက်တွဲလျှောက်လှမ်းလိုက်ပါ! 💪

#ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးအသိပညာပေး

သေးငယ်တဲ့ ရောဂါပိုးဝင်ခြင်းတွေကို အိမ်မှာပဲ ဘယ်လိုကုသကြမလဲ? 🩹🏡နေ့စဉ်ဘဝမှာ ဖြစ်တတ်တဲ့ အသေးစား ပိုးဝင်မှုလေးတွေအတွက် ဆေးရု...
06/07/2025

သေးငယ်တဲ့ ရောဂါပိုးဝင်ခြင်းတွေကို အိမ်မှာပဲ ဘယ်လိုကုသကြမလဲ? 🩹🏡

နေ့စဉ်ဘဝမှာ ဖြစ်တတ်တဲ့ အသေးစား ပိုးဝင်မှုလေးတွေအတွက် ဆေးရုံ၊ ဆေးခန်း ချက်ချင်းမသွားနိုင်သေးရင် အိမ်မှာပဲ ဂရုစိုက်ကုသနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို MyanHealth ကနေ အတိုချုပ်မျှဝေပေးလိုက်ပါတယ်။

၁။ ဒဏ်ရာကို သန့်ရှင်းအောင်ထားပါ။ ဆပ်ပြာနဲ့ရေ သုံးပြီး ညင်သာစွာ ဆေးကြောပါ။ ဆေးကြောပြီးပါက ပိုးသတ်ဆေးရည်ဖြင့် သန့်စင်ပါ။

၂။ ဒဏ်ရာသန့်စင်ပြီးပါက ပိုးသတ်လိမ်းဆေး (Antibiotic Ointment) ကို လိမ်းပေးပါ။

၃။ ဒဏ်ရာကို ပက်တီး(သို့) ပလာစတာနဲ့ သေချာစီးထားပါ။

၄။နာကျင်၊ ရောင်ရမ်းပါက (၁၅-၂၀ မိနစ်ခန့်)ရေနွေးကပ်ခြင်း ဖြင့် သက်သာစေနိုင်ပါတယ်။

၅။ အကိုက်အခဲပျောက်ဆေး သောက်ပါ။ နာကျင်မှု (သို့) ဖျားနာပါက Paracetamol (သို့) Ibuprofen ဆေးညွှန်းအတိုင်း သောက်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
အောက်ပါလက္ခဏာတွေ တွေ့ရင် ချက်ချင်း ဆရာဝန်နဲ့ ပြသပါ။

အဖျားကြီးခြင်း (38°C / 100.4°F နှင့်အထက်)
ဒဏ်ရာမှ ပြည် (သို့) အနံ့ဆိုးထွက်ခြင်း
နီရဲရောင်ရမ်းမှု ကျယ်ပြန့်လာခြင်း သို့မဟုတ် ပိုနာလာခြင်း
ဒဏ်ရာတစ်ဝိုက်တွင် အနီရောင်အကြောင်းများ ပေါ်လာခြင်း
၂-၃ ရက်အတွင်း ဒဏ်ရာအခြေအနေ မသက်သာဘဲ ပိုဆိုးလာခြင်း။

ဒီလို ကျန်းမာရေးဗဟုသုတတွေ အမြဲတမ်း ဝေမျှပေးမှာဖြစ်လို့ MyanHealth ကို Liked & Follow လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။

#ကျန်းမာရေးဗဟုသုတ #အိမ်တွင်းကုထုံး #ရောဂါပိုးဝင်ခြင်း #ဒဏ်ရာပြုစုခြင်း

🎃 ဖရုံသီးရဲ့ အာဟာရဓာတ်များနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ။မင်္ဂလာပါ MyanChef ပရိသတ်ကြီးတို့ရေ! 👋ကျန်းမာရေးအတွက် ကောင်း...
04/07/2025

🎃 ဖရုံသီးရဲ့ အာဟာရဓာတ်များနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ။

မင်္ဂလာပါ MyanChef ပရိသတ်ကြီးတို့ရေ! 👋

ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အရသာရှိတဲ့ ဖရုံသီးရဲ့ အာဟာရတန်ဖိုးတွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို MyanChef ကနေ ဝေမျှပေးလိုက်ပါတယ်နော်။

ဖရုံသီးရဲ့ အာဟာရဓာတ်များနှင့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဗီတာမင် A (ဘီတာကယ်ရိုတင်း) - မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

၂။ ဗီတာမင် C - ကိုယ်ခံအားကို တိုးတက်စေကာ ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။

၃။ ဗီတာမင် E - ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပြီး ဆဲလ်များကို ကာကွယ်ပေးပါတယ်။

၄။ အမျှင်ဓာတ် (Fiber) - အစာချေဖျက်မှုကို အထောက်အကူပြုပြီး အဆာခံစေပါတယ်။

၅။ ပိုတက်ဆီယမ် - သွေးဖိအားကို ထိန်းညှိပေးဖို့ ကူညီပေးပါတယ်။

၆။ သံဓာတ် (Iron) - ကျန်းမာသော သွေးလည်ပတ်မှုနှင့် အောက်ဆီဂျင်သယ်ပို့မှုကို အထောက်အကူပြုပါတယ်။

၇။ မဂ္ဂနီဆီယမ် (Mg) - ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများစွာအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

ဒါကြောင့် ကလေးငယ်တွေရဲ့ ကျန်းမာဖွံ့ဖြိုးရေးအတွက် ဖရုံသီးကို ဟင်းလျာအမျိုးမျိုးမှာ ထည့်သွင်းချက်ပြုတ်ပေးဖို့ MyanChef က တိုက်တွန်းလိုက်ပါတယ်နော်။

#ဖရုံသီး #အာဟာရဓာတ် #ကျန်းမာရေး #ကလေးအာဟာရ #ဗီတာမင် #မေမေ့မေတ္တာဟင်းတစ်ခွက်

သွေးလွန်တုပ်ကွေးကြောင့်သေဆုံးရတဲ့ကလေး ၇ ဦးထက်မနည်းရှိလာဇူလိုင် ၃MyanHealth ယခုလပိုင်းအတွင်း မြန်မာနိုင်ငံမှာ ကလေးငယ်တွေ...
03/07/2025

သွေးလွန်တုပ်ကွေးကြောင့်သေဆုံးရတဲ့ကလေး ၇ ဦးထက်မနည်းရှိလာ

ဇူလိုင် ၃
MyanHealth

ယခုလပိုင်းအတွင်း မြန်မာနိုင်ငံမှာ ကလေးငယ်တွေ ဖျားနာသူများလာပြီး သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များလာတယ်လို့ သိရပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအနေနဲ့ဆိုရင် လက်ရှိ၂၀၂၅ ခုနှစ်ရဲ့ ဇန်နဝါရီလမှ ဇွန်လအတွင်းမှာပင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူပေါင်း ၁၀၀၀ ကျော်လောက် ရှိထားပြီး ကလေး ၇ ဦးထက်မနည်း သေဆုံးမှု ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြေပြင်လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးခဲ့ရတဲ့ကလေးတွေကတော့ ရန်ကုန်တိုင်း ၊ မွန်ပြည်နယ်၊ တနင်္သါရီတိုင်းဒေသကြီးတို့က ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ သွေးလွန်တုပ်ကွေး ရောဂါနဲ့ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သူတွေထဲမှာ ရောဂါ ပြင်းထန်အဆင့် ၄ သတ်မှတ်ချက်နဲ့ဆေးရုံရောက်ရှိခဲ့သူတွေများလာသလို ကလေးအများစုမှာဆိုရင် သွေးသွင်းရတဲ့အထိပင်ရှိခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ သိရပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါနဲ့သေဆုံးခဲ့ရတဲ့ကလေးအများစုဟာ ရောဂါဖြစ်ပွားမှုကို သိရှိမှုနောက်ကျပြီးမှ ဆေးရုံကိုရောက်ရှိလာတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ သွေးလွန်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားမှုများပြားနေတဲ့ အသက်အရွယ်တွေကတော့ ကလေးလသားကလေးကနေ ၁၅ နှစ်အတွင်းအရွယ်တွေဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ မိုးတွင်းရောက်တိုင်း Aedes လို့ခေါ်တဲ့ခြင်ကျား
ကနေတဆင့် ကူးစက်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနူန်းက ကလေးငယ်တွေမှာ ကူးစက်မှု ပိုပြီး မြင့်တက်လာလေ့ရှိပါတယ်။

ယခုရက်ပိုင်းမှာပင် ကလေးငယ်တွေ ကိုယ်ပူပြီး ဖျားနာကြတဲ့အတွက် ဆေးရုံ ဆေးခန်းတွေမှာ ကုသမှုခံယူရမှုတွေ များလာပြီး သွေးလွန်တုပ်ကွေး ရောဂါကူးစက်ခံထားရသူတွေလည်း စစ်ဆေးတွေ့ ရှိနေရတာဖြစ် တယ်လို့သိရပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါဟာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေမှာ ဖြစ်ပွားခဲ့မယ်ဆိုရင် အချိန်မီကုသခြင်းမရှိတဲ့အခါ နဲ့ မကုသနိုင်တဲ့အခါမျိုးမှာ ရောဂါကပိုဆိုးလာပြီး နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားအောင်လို့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို ခြင်ကျားကိုက်ခံရမှုမရှိစေရေး အထူးဂရုစိုက်ဖို့ လိုအပ်သလို သွေးလွန်တုပ်ကွေးရောဂါအဖြစ်သံသယရှိပါကလည်း နီးစပ်ရာဆေးရုံ၊ဆေးခန်းကိုအမြန်ဆုံးပြသဖို့ အရေးကြီးလှပါတယ်။


#သွေးလွန်တုပ်ကွေး
#မိုးရာသီ
#ရောဂါဖြစ်ပွားသူများလာ

02/07/2025

မေမေ့မေတ္တာနဲ့ ကလေးငယ်တွေအတွက် အာဟာရပြည့်ဝပြီး စားရလွယ်ကူတဲ့ ဟင်းလျာလေးတွေကို ကိုယ်တိုင်ချက်ပြုတ်ပေးချင်တဲ့ မေမေတို့အတွက်
မြန်ချက် - MyanChef အစီအစဉ်ကို အပတ် စဉ် ကြာသပတေးနေ့ နှင့် တနင်္ဂနွေနေ့ မနက် ၁၀ နာရီ တိုင်း MyanChef ရဲ့ Facebook, YouTube, TikTok အပြင် myanhealth.org website မှာ ဝင်ရောက်ကြည့်ရှူ့လို့ရပါတယ်ရှင်။

ဒီအစီအစဉ်မှာ သားသားမီးမီးလေးတွေ ကြိုက်နှစ်သက်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းလျာချက်ပြုတ်နည်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ ဘယ်လိုစိတ်ဝင်စားစရာ ဟင်းလျာတွေ ပါဝင်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

MyanChef နဲ့အတူ သင့်ကလေးအတွက် အကောင်းဆုံးအာဟာရတွေကို ဖန်တီးလိုက်ပါ! 💖

#မေမေ့မေတ္တာဟင်းတစ်ခွက် #ကလေးအာဟာရ #ကျန်းမာရေးချက်ပြုတ်နည်း #မိခင်များအတွက် #မိခင်နှင့်ကလေး #အာဟာရ

နေ့စဉ်ဈေးဝယ်ထွက်နေတဲ့ အိမ်ရှင်မများအတွက် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ဝယ်ယူရာတွင် အထောက်အကူဖြစ်စေရန် ရန်ကုန...
02/07/2025

နေ့စဉ်ဈေးဝယ်ထွက်နေတဲ့ အိမ်ရှင်မများအတွက် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ဝယ်ယူရာတွင် အထောက်အကူဖြစ်စေရန် ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးမှ (၁.၇.၂၀၂၅)ရက်နေ့အတွက် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်အချို့ရဲ့ ဈေးနှုန်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင်။

#ဈေးနှုန်း #နေ့စဉ်ဈေးနှုန်း #သီရိမင်္ဂလာဈေး #ရန်ကုန်ဈေးနှုန်း #အိမ်ရှင်မ #စျေးဝယ်လမ်းညွှန် #သစ်သီး #ဟင်းသီးဟင်းရွက်

သင်မသိသေးသော ဒိန်ချဉ်၏ကျန်းမာရေး အကျိုးကျေးဇူးများ။နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်း...
01/07/2025

သင်မသိသေးသော ဒိန်ချဉ်၏ကျန်းမာရေး အကျိုးကျေးဇူးများ။

နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တဲ့ ဒိန်ချဉ်အကြောင်းကို သင်သိပါသလား။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ပြည့်ဝပြီး အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယား (Probiotics) တွေ ပါဝင်တဲ့ ဒိန်ချဉ်ဟာ ဘယ်လိုအကျိုးကျေးဇူးတွေပေးလဲဆိုတာ MyanHealth ကနေ ဝေမျှပေးလိုက်ပါတယ်။

ဒိန်ချဉ်နဲ့ကျန်းမာရေး။

ဒိန်ချဉ်ဟာ အသားဓါတ်၊ ကယ်လ်ဆီယမ်ဓါတ်၊ ဗီတာမင်ဘီ၊ ပိုတက်ဆီယမ်၊ ဖော့စ်ဖောရပ်နဲ့ အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

ဒိန်ချဉ်ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ။

1️⃣အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယား (Probiotics) တွေကြောင့် ဒိန်ချဉ်စားခြင်းအားဖြင့် အစာကြေလွယ်ခြင်း၊ အစာခြေလမ်းကြောင်းယောင်ယမ်းမှုကို သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးကို ရနိုင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကို ပုံမှန်အခြေအနေတွေအပြင် ဝမ်းလျှောဝမ်းပျက်တဲ့အခြေအနေတွေမှာပါ စားသုံးပေးသင့်ပါတယ်။

2️⃣ ဒိန်ချဉ်မှာပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖောရပ်ဓါတ်တွေက အရိုးနဲ့သွားတွေကို သန်မာစေတာကြောင့် အရိုးပွခြင်းကို သက်သာစေနိုင်ပါတယ်။

3️⃣ ဒိန်ချဉ်မှာပါတဲ့ Probiotics တွေဟာ အူလမ်းကြောင်းအတွက် အကျိုးရှိစေရုံသာမက ကိုယ်ခံစွမ်းအားစနစ်ကိုပါ ပြုပြင်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကောင်းစေနိုင်တဲ့အပြင် မိမိကိုယ်ခံစွမ်းအားက မိမိခန္ဓာကိုယ်ကို ပြန်လည်တိုက်ထုတ်တဲ့ အခြေအနေတွေကိုပါ သက်သာစေနိုင်ပါတယ်။

4️⃣ ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးဖိအားကို ညီမျှစေပြီး သင့်နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။

5️⃣ နောက်ဆုံးအနေနဲ့ကတော့ ဒိန်ချဉ်ဟာ အသားဓါတ်ပါဝင်မှု မြင့်မားတဲ့အတွက် အဆာခံစေနိုင်ပါတယ်။ ဒါ့အပြင် Probiotics ကလည်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ချိန်ညှိပေးတဲ့အတွက် ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာလည်း အထောက်အကူပြုပေးနိုင်ပါတယ်။

ဒါကြောင့် ဒိန်ချဉ်ဟာ ဖျော်ရည်အနေနဲ့ ဒီတိုင်းသောက်တာဖြစ်စေ၊ အခြားအသီးအနှံ/ ဟင်းသီးဟင်းရွက်တွေနဲ့ ရောနယ်ပြီး ထမင်းအစားထိုးစားသောက်တာဖြစ်စေ၊ အေးခဲထားပြီး မုန့်ပဲသရေစာ အနေနဲ့ စားသုံးတာဖြစ်စေ စားသုံးသင့်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒိန်ချဉ်ကို စားသုံးတဲ့အခါ အတတ်နိုင်ဆုံး သကြားမထည့်ပဲ သဘာဝအတိုင်း ဒါမှမဟုတ် ဆားအနည်းငယ်သာ ထည့်စားဖို့တော့ လိုအပ်ပါတယ်။ ပြီးတော့ နို့ကိုမတည့်တဲ့သူတွေကတော့ ဒိန်ချဉ်ကို မတည့်တာမျိုး ဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်။ ဒိန်ချဉ်ဟာ ကျန်းမာတဲ့ အစားအသောက်ဖြစ်ပေမယ့် ကယ်လိုရီပါဝင်နေသေးတာကြောင့် အလွန်အကျွံစားသောက်ခြင်းတော့ မပြုသင့်ပါဘူး။
#ဒိန်ချဉ် #ကျန်းမာရေး #အူလမ်းကြောင်းကျန်းမာရေး #ကိုယ်ခံအား #အာဟာရ

“အအေးမိ၊ ချောင်းဆိုးနှာစေးအတွက် အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ထိရောက်တဲ့ သဘာဝကုထုံးများ”မင်္ဂလာပါ MyanHealth ပရိသတ်က...
30/06/2025

“အအေးမိ၊ ချောင်းဆိုးနှာစေးအတွက် အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ထိရောက်တဲ့ သဘာဝကုထုံးများ”

မင်္ဂလာပါ MyanHealth ပရိသတ်ကြီးတို့ရေ! 🙏

အအေးမိ၊ ချောင်းဆိုးနှာစေးအတွက် အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ထိရောက်တဲ့ သဘာဝကုထုံးလေးတွေကို MyanHealth က ဝေမျှပေးလိုက်ပါတယ်။

ပျားရည် - လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းကို သက်သာစေပါသည်။ (အသက်တစ်နှစ်အောက် ကလေးငယ်များအား မတိုက်ရ)

ဂျင်း - ရောင်ရမ်းမှုကျစေပြီး ချောင်းဆိုး၊ လည်ချောင်းနာကို သက်သာစေပါသည်။ ဂျင်းလက်ဖက်ရည် သို့မဟုတ် ဂျင်းအစိမ်းဝါးစားနိုင်ပါသည်။

နနွင်း - ရောင်ရမ်းမှုကျစေသော ဂုဏ်သတ္တိရှိပြီး ချောင်းဆိုးသက်သာရန် နွားနို့နွေးနွေးနှင့် ရောသောက်နိုင်ပါသည်။

ကြက်သွန်ဖြူ - ကိုယ်ခံအားမြှင့်တင်ပေးပြီး အအေးမိ၊ တုပ်ကွေးလက္ခဏာများကို ကာကွယ်ပေးပါသည်။

ဆားရည်ဖြင့် ပလုပ်ကျင်းခြင်း - လည်ချောင်းနာခြင်းကို သက်သာစေပြီး ချွဲများကို ပျော်ဝင်စေပါသည်။

ရေနွေးငွေ့ ရှူခြင်း - နှာခေါင်းပိတ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းကို သက်သာစေပါသည်။

အရေးကြီးမှတ်ချက်: ရောဂါလက္ခဏာများ မသက်သာဘဲ တစ်ပတ်ကျော်ကြာ ဆက်လက်ဖြစ်ပွားခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်း၊ ပြင်းထန်သော လက္ခဏာများ (ဖျားခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း) တွဲပါလာပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးပညာရှင်နှင့် အချိန်မီတိုင်ပင်ဆွေးနွေးရန် အထူးအရေးကြီးပါတယ်။

ကျန်းမာရေးဗဟုသုတများအတွက် MyanHealth ရဲ့ Page ကို Like & Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။

#ချောင်းဆိုးနှာစေး #အိမ်သုံးကုထုံး #ပြည်တွင်းရိုးရာ #ကျန်းမာရေးဗဟုသုတ #သဘာဝဆေးနည်း #အအေးမိ

Address

Yangon

Alerts

Be the first to know and let us send you an email when MyanHealth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MyanHealth:

Share